25/10/2025
Crystal လေးတစ်ခုရွေးလိုက်ပါ 🔮 (Pick A Crystal)
Short Message လေးဖြစ်လို့ မိမိအကြိုက်ဆုံး crystal (or) pile number ကြိုက်သလိုရွေးလို့ရပါတယ် ✨
✨ Pile 1
ဒီ Pile သမားလေးတွေ ဒီရက်ပိုင်းရဲ့ အမူအကျင့်လေးက shopping ထွက်နေရရင်ကိုပျော်နေတာမျိုးတွေ့ရတယ်
ကိုယ်လိုချင်တာတွေဝယ်ချင်တာတွေရဖို့လဲ ငွေအလုံအလောက်ရလာလိမ့်မယ်
ကိုယ့်လိုချင်ရင် manifest သာလုပ်လိုက် တကာ်ရလာလိမ့်မယ်
ဒီ Pile သမားလေးတွေက Comfort Zone နေရတာလဲ ကြိုက်ပုံပေါ်တယ်
Comfort Zone မှာနေနေတာက ကိုယ့်စိတ်အတွက်ပျော်ရွှင်ရပေမယ့် ကြာလာရင်တော့မကောင်းဘူးနော်
ဒီ pile သမားလေးတွေဒီတလော ခလုတ်တိုက်တတ်တယ်၊ခြေထောက်ကိုဂရုစိုက်ပါနော် ✨
ဘယ် Pile လေးတွေရွေးထားလဲကို comment မှာပြောသွားပေးပါအုန်းနော် ✨
✨ Pile 2
ဒီတလော Social Media သုံးတာလေးလျော့ပေးနော်
Social Media ကြောင့် စိတ်ဓာတ်ကျတာ၊မိမိကိုမိမိအားမရတာမျိုးဖြစ်နေတာလေးတွေ့ရတယ်
အလုပ်အကိုင်တွေအဆင်ပြေလာမယ်
အလုပ်မှာကိုယ့်စကားကအောင်လာတဲ့ပုံစံမျိုး၊အရေးပေးခံရတာမျိုးတွေ့ရတယ်
အချစ်ရေးမှာ မိမိ crush နဲ့စကားပြောကြည့်တာမျိုးလုပ်ကြည့်ပါ၊အရင်ကထက်ပိုအဆင်ပြေလာလိမ့်မယ်နော်
ဒီ pile သမားတွေ 9တို့0တို့အဲ့ဂဏန်းနှစ်လုံးရှောင်ပါနော်
မိမိအတွက်ကံမကောင်းစေတဲ့နံပါတ်လို့ပြောလို့ရပါတယ်
ဘယ် Pile လေးတွေရွေးထားလဲကို comment မှာပြောသွားပေးပါအုန်းနော် ✨
✨ Pile 3
ဒီ Pile သမားလေးတွေက ဒီရက်ပိုင်းက chill အရမ်းဖြစ်တယ်
ဘဝမှာလေ ဒီရက်ပိုင်းက စိတ်လွတ်ကိုယ်လွတ် သူ့ flow လေးနဲ့သူ Daily Routine ဖြတ်သန်းနေတာမျိုးလေးတွေ့ရတယ်
အလုပ်အကိုင်မှာလဲ အခုထက်ပို productive ဖြစ်လာမယ်
Self-Care တွေလုပ်ပြီး Me Time တွေအများကြီးယူဖြစ်လိမ့်မယ်
ခရီးထွက်ရတာမျိုးလဲတွေ့ရတယ်
အချစ်ရေးဘက်မှာဆိုလဲ အေးအေးဆေးဆေးဘဲ ဘာခံစားချက်မှသိပ်မရှိဘဲ ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ပုံမှာတွေ့ရတယ်
ဒီ Pile သမားလေးတွေအရမ်းကောင်းပါတယ်နော်
ဘယ် Pile လေးတွေရွေးထားလဲကို comment မှာပြောသွားပေးပါအုန်းနော် ✨