Eat with Seng Food Blog

23/03/2026

စေးစေးထွေးထွေးလေးနဲ့ စားလို့ကောင်းတဲ့ မအူပင်ထမင်းပေါင်း ချက်စားမယ်.. ♨️😋

#မအူပင်ထမင်းပေါင်း

အိမ်မှာရှိတာလေးနဲ့ သုပ်စားဖြစ်တဲ့ အိမ်လွမ်းပြေနန်းကြီးသုပ်..✨🫕နန်းကြီးသုပ် အိမ်မှာလုပ်စားရင် ဒီလိုကြက်သားအနှစ်များများလေ...
19/03/2026

အိမ်မှာရှိတာလေးနဲ့ သုပ်စားဖြစ်တဲ့ အိမ်လွမ်းပြေနန်းကြီးသုပ်..✨🫕

နန်းကြီးသုပ် အိမ်မှာလုပ်စားရင် ဒီလိုကြက်သားအနှစ်များများလေးချက်ပြီး ပဲမှုန့်စေးစေးလေးနဲ့ သုပ်စားရတာအကြိုက်ဆုံးပဲ..😋♨️

အဓိကတော့ ကြက်သားအနှစ်လေးရယ်၊
ကြက်သွန်ဆီချက်မွှေးမွှေးလေးရယ်၊
စေးစေးပိုင်ပိုင်လေး သုပ်စားဖို့ ပဲမှုန့်များများနဲ့
ဂေါ်ဖီ၊ ကြက်သွန် နဲ့ နံနံပင် လိုသလောက်ထည့်ပြီး
ငရုတ်သီးစပ်စပ်လေးထည့်သုပ်ရင်ကို တော်တော်လေး အရသာရှိနေပြီ..❤️

ချက်နည်းလေးကိုတော့ နောက်ရက်တင်ပေးမယ်နော်..👀

#နန်းကြီးသုပ်

ဒီလို မာလာမောက်ချိုက် bowlကြီးနဲ့ကိုမှ ၁၈,၀၀၀ ကျပ်တည်းနဲ့ စားလို့ရတဲ့ဆိုင်..🔥🫕(၂သောင်းတန်ကူပွန် ၃ယောက်စာ   လေးပါတယ်နော်‼...
13/03/2026

ဒီလို မာလာမောက်ချိုက် bowlကြီးနဲ့ကိုမှ ၁၈,၀၀၀ ကျပ်တည်းနဲ့ စားလို့ရတဲ့ဆိုင်..🔥🫕

(၂သောင်းတန်ကူပွန် ၃ယောက်စာ လေးပါတယ်နော်‼️)

မာလာမောက်ချိုက်/ မာလာထန်စားတိုင်း ပန်းကန်ကိုင် ၃သောင်းအထက်ဖြစ်နေရင် ဒီမှာလာစား..🫢 ဒီမှာက ပန်းကန်ကိုင်ပြီး ခေါင်းခြောက်ခံ ရွေးစရာမလိုဘူး။ set menu ထဲက ကြက်/ ဝက်/ အမဲသား လက်ညှိုးထိုးရွေးပြီး မာလာမောက်ချိုက်စားမလား၊ ရှမ်းကောစားမလား ရွေးရုံမှ တကယ် ၁၈,၀၀၀ ပဲကျတာ..🔥

အရည်ဖိုးထပ်ပေးစရာမလိုဘဲ အသားလွှာ၊ အသားလုံးတွေကို ၁ယောက်စာကောင်းကောင်းစားလို့ရအောင်ထည့်ပေးထားတာ။ ၂ယောက်လောက်စားမယ်ဆို အသားတွေ add on ထည့်ပြီးသာစား အဲ့တာပိုတန်တယ် တကယ်..
၁ယောက် ၁သောင်းကျော်ကျော်နဲ့ မာလာထန် ဒိတ်လို့ရပြီ..😉

ဒီက မာလာမောက်ချိုက်က bone soup အရသာဆိမ့်ဆိမ့်မွှေးမွှေးနဲ့ မာလာထန်သုပ်ဆို မြေပဲနှစ်စေးစေးနဲ့ အရသာခပ်လေးလေး ငယ်ငယ်က စားနေကြ မာလာဟင်းနဲ့တောင် အရသာခပ်ဆင်ဆင်.. 🌶️

ဆိုင်က Garden vibe လေးနဲ့ ညနေခင်းဆို အပြင်ဝိုင်းတွေမှာ အေးဆေးထိုင်လို့ကောင်းတယ်။ မာလာအကင်ချောင်းတွေပါ ၁ချောင်း ၇၀၀ ကျပ်ကစပြီး ၃၅၀၀ ကျပ်ထိ အစုံရှိတာဆိုတော့ ဘျာလေးသောက် အမြည်းလေး စား။🍻
ဘျာက ဆိုင်မှာမရောင်းပေမယ့် ကိုယ့်ပုလင်းကို
ယူလာလို့ရတယ်။ bottle charges လည်းမရှိတဲ့အပြင် ရေခဲပါ ဖရီးပေးသေးတာ။ အဲ့လိုservice က ကောင်းတာ..👀

ဆိုင်က ရန်ကင်း ကျောက်ကုန်းနားမှာ ခြံနဲ့ဝန်းနဲ့ ဖွင့်ထားတဲ့ “Po Tay Toe Mao Cai” ဆိုင်လေး.. Seng ကတော့ သူ့ရဲ့ မာလာ bone soup လေးကြိုက်တာရယ်၊ မာလာအကင်နှပ်ထားတဲ့အရသာကြိုက်လို့ သွားစားဖြစ်တာ ခဏခဏပဲ..

Giveaway လေးက ၂သောင်းတန်ကူပွန် ၃ ယောက်စာပါ။ ဒီပိုစ့်ကို like & share ပြီး မဲပေါက်ရင် တူတူစားမယ့်သူကို comment မှာ mention ခေါ်ထားတဲ့ထဲက ၃ယောက်ကိုရွေးပြီး Let’s eat with Seng❣️Group မှာ ကြေညာပေးပါမယ်။💎

☎️ Phone - 09757586337 , 095061985
⏰Open Daily - 11:00 AM - 9:30 PM
📍 အမှတ်(၇)၊မဂ္ဂင်လမ်း၊(၁၄)ရပ်ကွက်၊ကျောက်ကုန်း၊ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ။
(ရန်ကင်းလမ်းနဲ့ ကျောက်ကုန်းလမ်းကြား)

ခုတလော ရန်ကုန်မှာ Single တွေကို ရည်းစားရှာပေးနေတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဆရာစံက Bar ...👀🔥 ကဲ...ကဲ...ခုထိ မစွံသေးတဲ့ Sing...
11/03/2026

ခုတလော ရန်ကုန်မှာ Single တွေကို ရည်းစားရှာပေးနေတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဆရာစံက Bar ...👀🔥

ကဲ...ကဲ...ခုထိ မစွံသေးတဲ့ Single ကောင်လေး ကောင်မလေး သူငယ်ချင်းတွေ အကုန်လုံးကို လက်ဆွဲခေါ်သွားပြီးအစွံထုတ်ရမယ့် Bar အသစ် တွေ့ပြီ..🤪🤪

တကယ်ကြီး စုံတွဲရှာပေးနေတာနော်...တပတ်ကို စနေ တစ်ရက်( ခု ဗုဒ္ဓဟူးပါ ထပ်တိုးတော့မယ်တဲ့) မှာ ဒီ Bar ကို လာသမျှ Single လေးတွေ အကုန်လုံးကို Single လက်ပတ်ပေးပတ်ပြီး စုံတွဲရှာပေးတာ။

အစီစဉ်က အရမ်းပျော်ဖို့ကောင်းသလို လူငယ်တွေ သူငယ်ချင်း အသစ်တွေအများကြီး ရတဲ့ ဆရာစံလမ်းပေါ်က Bar အသစ် စက်စက် အမိုက်စားကြီး။

ဒီ Bar ကို လိုတိုရှင်း ရီဗျူးပေးရရင်..

1️⃣ပထမဆုံး ထူးခြားတာက ဒီ Bar က အစားအသောက်တွေရဲ့ ဈေးနှုန်း က တော်တော်ကို တန်နေတာ။

အမြည်းပွဲတွေ ဘာမြည်းမြည်း ၅,၅၀၀ နဲ့ ၇,၇၀၀ ကျပ်တဲ့။

သောက်စရာ Cocktail တွေဆို ၅,၅၀၀ ပဲပေးရတယ်။🥳

ဘာလို့ အဲ့လောက်တန်နေတာလဲ မေးတော့ လူငယ်လေးတွေ၊ ဝန်ထမ်းလေးတွေ အားလုံးကို လာထိုင်စေချင်လို့တဲ့။ ဈေးကို တမင်သက်သက် လျှော့ပေးပြီး အားလုံးစားနိုင်တဲ့အမြည်းလေးတွေဖန်တီးထားတာတဲ့။

သောက်စရာ နာမည်တွေကလည်း ဆန်းတယ်။
"ကျွန်မက နှင်းဆီပါ ကိုကို" တို့ ၊
"ဆရာမကြီး" တို့၊
Missing but Not Missing ၊
"ဇွတ်အင်နိုးစန့်" တွေရော
"ဘယ်တော့မှ ထားမသွားဘူး" တွေရော သောက်စရာမှာရင် ဒါမျိုး အထာတပေါက်နဲ့ 🤪

2️⃣ဒုတိယ ထူးခြားတာက ဒီ Bar တစ်ခုလုံးက Graffiti Art တွေနဲ့ နံရံတိုင်း ဖန်တီးထားတာ။ ဓါတ်ပုံရိုက်ရင် ဂေါ်ထွက်နေမယ့် Bar မျိုး။ Harley Quinn တို့ Joker တို့ Movie Character တွေရော ၊ ဖွင့်ထားတဲ့ လူငယ်တွေ အကြိုက်ဆုံး စာတွေ၊ အရောင်တွေနဲ့ အနုပညာဆန်ဆန် ဖန်တီးထားတာ။ တကယ် မိုက်တယ်။

3️⃣ နောက်ဆုံး ထူးခြားတာက ဒီ Bar က ဆိုင်းဘုတ်မတပ်ထားတော့ အရမ်း လျှို့ဝှက်နေသလိုမျိုး။ ရှာရခက်တယ်။ ဒါပေမယ့် လူတိုင်းသိတဲ့ ဆရာစံလမ်း နဲ့ ကုက္ကိုင်းရေကူးကန် လမ်းထောင့်မှာတင်ပဲဆိုတော့ လာလို့ လွယ်မှာပါ။ အဲ့မှာ ဖွင့်ထားတဲ့ ဇော်ဂျီတီးဟောက်စ် ဝင်ပေါက်ကနေ ပထမထပ်ကို တက်လာရုံပဲ။

ဪ...ပြီးတော့ ဒီ Bar မှာ ကိုယ့်မွေးနေ့တို့၊ ချစ်သူလေးနဲ့ Anni တို့ ဘာတို့ အထိမ်းမှတ် တစ် Bar လုံးကို တိုက်ချင်ရင် စင်ပေါ်မှာ မိုက်နဲ့ ကြေညာပေးတယ်။ တစ် Bar လုံးကို တိုက်ခ ၃၆,၀၀၀ ပဲပေးရတယ်။ ဒါလည်း ပျော်စရာတမျိုးပဲ။😉

ရန်ကုန်က လူငယ်တွေ သွားဖို့ ဘက်ဂျက်ရော ပျော်စရာရော စုံတာ ဒီလို Bar မျိုး။

ရည်းစား စုံတွဲရှာပေးတဲ့ အစီစဉ်ကတော့ တပတ်ကို ဗုဒ္ဓဟူး နဲ့ စနေ နှစ်ရက် လုပ်ပေးမယ်တဲ့။ ဘယ်လိုရှာပေးတာလဲဆိုတဲ့ အသေးစိတ်ကိုတော့ သူတို့ page ထဲ ဝင်ကြည့်ကြည့်နော် 😉

ဖွင့်တဲ့သူတွေအားလုံးကလည်း လူငယ်တွေပဲ။ အဓိကက ဒီ Bar ကို လူငယ်တွေအားလုံး ကိုယ့်ဘက်ဂျက်လေးနဲ့ လာပျော်စေချင်တာတဲ့။

Bar တခုလုံးလည်း နေ့တိုင်း ပျော်ရအောင် ဖန်တီးပေးထားတယ်။ ဝန်ထမ်းလေးတွေကအစ အရမ်း တက်ကြွပြီး အကုန် ပေါ့ပေါ့ပါးပါး နွေးထွေးတယ်။

ဒီကာလကြီး စိတ်ပင်ပန်းစရာတွေများရင် ဒါမျိုး ဈေးတန်တန် ပျော်စရာ Bar တွေ သွားထိုင်ကြည့်။ နေ့တိုင်း ညနေ ၃ နာရီဆိုတာနဲ့ ဖွင့်တယ်။

The Missing Room 𝗯𝘆 𝗖𝗵𝗲𝗺𝗶𝘀𝘁𝗿𝘆 𝗖𝗼𝗰𝗸𝘁𝗮𝗶𝗹 𝗕𝗮𝗿 🪄

⏰ 𝟯 𝗣𝗠 - 𝟭𝟭 𝗣𝗠
☎️ 𝟬𝟵 𝟳𝟳𝟳 𝟯𝟬𝟬 𝟭𝟴𝟭
📍လိပ်စာ- အမှတ် ၄၄ 𝗔, ဆရာစံလမ်း နဲ့
ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

ခုတလော ပဲခေါက်ဆွဲတနေ့ကို ပွဲရာကျော်နဲ့ ဝက်ဝက်ကွဲပေါက်နေတဲ့ တာမွေက ကိုရီးယားစာဆိုင်သစ်..🥩♨️ဒီဆိုင်က ပဲခေါက်ဆွဲ ပေါက်ချက်က...
06/03/2026

ခုတလော ပဲခေါက်ဆွဲတနေ့ကို ပွဲရာကျော်နဲ့ ဝက်ဝက်ကွဲပေါက်နေတဲ့ တာမွေက ကိုရီးယားစာဆိုင်သစ်..🥩♨️

ဒီဆိုင်က ပဲခေါက်ဆွဲ ပေါက်ချက်က တနေ့ကို ပဲခေါက်ဆွဲ ပွဲရေ တစ်ရာနီးပါး ထွက်တယ်တဲ့။ ခေါက်ဆွဲတွေပါ ပြတ်ကုန်တဲ့ထိ လာစားကြတာ။

သူ့ပဲခေါက်ဆွဲကလည်း ကြည့်ဦး။ တစ်ပွဲကို ၁၆,၀၀၀ ပဲပေးရတယ်။ ဒါပေမယ့် လာချတော့ ကိုရီးယား စတီးပန်းကန်လုံးကြီးနဲ့အပြည့်လျှံပဲ။ ပဲအနှစ်တွေ၊ခေါက်ဆွဲအပြည့်နဲ့ကြက်သွန်နီ၊ဝက်သားလေးတွေပါတယ်။ အိထွေးနေအောင် နယ်စားရတဲ့ ဒီပဲခေါက်ဆွဲက အရသာ ပေါ့တာ ငံနေတာ ချိုနေတာမရှိဘူး။ အပိုလိုမရှိ တော်တော်လေး ကြိုက်ကြတယ်။

ဒီကိုရီးယားဆိုင်ရောက်ရင် အတန်ဆုံး က ဝက်သားကင်ပဲ။ သူ့ဆိုင်တွေက ဝက်သားကင် Set တွေနဲ့ နာမည်ကြီးလာတာ ခုဆို ၃ဆိုင်တောင် ဖြစ်သွားပြီ။

Seng တို့စားခဲ့တာက ၄ယောက်စာ Set ကြီးမှ ၅၅,၀၀၀ ပဲပေးရတယ်။ ဘာတွေပါလဲဆို .

👉ဝက်သုံးထပ်သား ၄ယောက်စာ
👉ကင်ချီဂျီဂဲ တစ်ပွဲ
👉ပဲငါးပိစွပ် တစ်ပွဲ
👉ကင်ချီထမင်းကြော် တစ်ပွဲ
👉ကိုရီးယား ထမင်းသုပ် တစ်ပွဲ
👉ဆလပ်သုပ် ၂ ပွဲ ဒါတွေအကုန်ပါတယ်။

ကိုရီးယားစာ တစ်ပွဲကို ၁၅,၀၀၀ လောက်ဖြစ်နေတဲ့အချိန်မှာ ဒါအကုန် ၅၅,၀၀၀ ဆိုတာ တော်တော်တန်တယ်။ ဝက်သားကင်တင်မက ကိုရီးယားစာတွေကို လူ ၄ယောက် အဝစားပဲ။

ပြီးတော့ သူ့ဆိုင်မှာ ကြက်ဥပေါင်း အိအိလေးလည်း နာမည်ကြီးတယ်။ Japchae လို့ခေါ်တဲ့ ဆန်ကြာဆံကြော်လည်း စားခဲ့။ ပွဲကြီးကိုမှ ၁၃,၀၀၀ ပဲပေးရတယ်။

ကိုရီးယား ကြက်ကြော် ဆို ၂ မျိုးတောင် ရှိတယ်။ ဆိုဂျူး နဲ့ ကစ်ချင်တဲ့သူတွေ သွားကြ။ Wine နဲ့ရောထားတဲ့ Highball အေးအေးလေးတွေလည်း သောက်လို့ရတယ်။ ဘီယာပါ ရသေးတယ်။

ပြီးတော့ အရမ်းမိုက်တာတခုက ခုအသစ်ဖွင့်ထားတဲ့ တာမွေဆိုင်သစ်က လုံးဝ Photo Spot အမိုက်စား။ ကိုရီးယား က ဆိုင်လေးရောက်သွားသလို table style တွေမျိုးစုံရှိတယ်။

ကိုယ်တွေက ကိုရီးယား ပိုဆန်ချင်လို့ တင်ပုလင်ခွေလေးထိုင်ရတဲ့ ဆိုင်အတွင်းဘက်က ဝိုင်းတွေ ယူခဲ့တယ်။ တကယ် အေးဆေး ထိုင်စား ၊လေပေါ၊ ဗိုက်တင်းကားနေရင်တောင် နံရံကိုမှီပြီး ဆက်ထိုင်နေလို့ကောင်းတဲ့ဆိုင်မျိုး။

ဝန်ထမ်းလေးတွေက အသစ်မို့ နည်းနည်းမလည်ဝယ်တာလေးကလွဲရင် အကုန် သဘောကောင်းကြတယ်။ မှာတာ ကြာရင် ကိုယ်တွေကတော့ မြန်မြန်လုပ်ပေးနော်လို့ ဂျီကျလိုက်တာပဲ။

တာမွေ ဦးချစ်မောင်အိမ်ရာအဆုံး ထွက်ပေါက်နားက Green Leaf Hotel ကြီးရဲ့ အောက်မှာ ဖွင့်ထားလို့ မြန်မြန်သွားစားလိုက်ကြဦးနော်။❤️😘

တခြားဆိုင်တွေဆို တောင်ဥက္ကလာနဲ့ မရမ်းကုန်းကျိုက်ဝိုင်းမှာလည်း ရှိသေးတယ်။ ဆိုင်နာမည်က "Gomar Kitchen" တဲ့။

🏠 𝗚𝗼𝗺𝗮𝗿 𝗞𝗶𝘁𝗰𝗵𝗲𝗻 (𝗨 𝗖𝗵𝗶𝘁 𝗠𝗮𝘂𝗻𝗴 𝗕𝗿𝗮𝗻𝗰𝗵 )
📍 လိပ်စာ - အမှတ် (𝗦-𝟮𝟳)၊ ဦးချစ်မောင်အိမ်ရာ၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ်။ (𝗚𝗿𝗲𝗲𝗻 𝗟𝗲𝗮𝗳 𝗛𝗼𝘁𝗲𝗹, 𝗚𝗿𝗼𝘂𝗻𝗱 𝗙𝗹𝗼𝗼𝗿)
⏰ ဆိုင်ဖွင့်ချိန် - 𝗘𝘃𝗲𝗿𝘆𝗱𝗮𝘆 𝟭𝟭:𝟯𝟬𝗔𝗠 ~ 𝟭𝟬:𝟬𝟬𝗣𝗠 (𝗹𝗮𝘀𝘁 𝗼𝗿𝗱𝗲𝗿 - 𝟬𝟵:𝟬𝟬𝗣𝗠)
☎️ဖုန်း - 𝟬𝟵𝟳𝟵𝟲𝟯𝟰𝟭𝟴𝟰𝟬

02/03/2026

Dimsum ၁ပေါင်း ၃၀ နဲ့ အမျိုးပေါင်း ၃၀ကျော်ရတဲ့ဆိုင်..🥟🥢

📍 Kaixin Dim Sum

゚viralシfypシ゚

ဘယ်အချိန်စားစား ရိုးမသွားတဲ့ထဲ ၃၆လမ်းက အခေါက်ကင်ထမင်းပေါင်းဆိုင်လည်းပါတယ်♨️🥩အခုလိုချိန်မှာ အလွမ်းဆုံးကတော့ အသီးအရွက် ကော...
28/02/2026

ဘယ်အချိန်စားစား ရိုးမသွားတဲ့ထဲ ၃၆လမ်းက အခေါက်ကင်ထမင်းပေါင်းဆိုင်လည်းပါတယ်♨️🥩

အခုလိုချိန်မှာ အလွမ်းဆုံးကတော့ အသီးအရွက် ကော်ရည်ပျစ်ပျစ်၊ ပဲငပိအချိုရည်ရွှဲရွှဲလေးဆမ်းပေးထားတဲ့ ရန်ကုန်ထမင်းပေါင်းပဲ..🤍

အဆီအသားမျှနေတဲ့အခေါက်ကင်ကို တဂျွပ်ဂျွပ်မြည်အောင်စား၊ အသားလုံးကြော်လေးပါဝါးပြီး တစ်ပွဲနဲ့မလောက်ရင် လိုက်ပွဲထပ်ထည့်စားရတဲ့ အရသာလေးက ဘာနဲ့မှလဲလို့မရ..

ထမင်းပေါင်းမစားချင်တဲ့နေ့ဆို ကြက်သွန်၊ဂေါ်ဖီ၊ ခရမ်းချဉ်သီးများများနဲ့ ချဉ်ငံစပ်လေးသုပ်ပေးထားတဲ့ ဝက်ခေါင်းသုပ်ကို ထမင်းဖြူလေးနဲ့ စားရတာလည်းမိုက်..🔥

အသားတွေက ကြက်သား၊ ဝက်သား၊ အခေါက်ကင်၊ ဘဲကင်နဲ့ပါရတယ်..

စျေးတွေကတော့ နောက်ဆုံးစားခဲ့တုန်းက အခေါက်ကင်ထမင်းပေါင်း ၁ပွဲ ၄၀၀၀ နဲ့ လိုက်ပွဲယူရင် ၁၀၀၀၊ အသုပ်တွေကတော့ ၁ပွဲ ၁သောင်းဝန်းကျင်တွေပဲ..

ဆိုင်လိပ်စာက ၃၆လမ်း အလယ်ဘလောက်က “နိုင်ဇော်ထမင်းပေါင်း” ဆိုတဲ့ဆိုင်လေး မနက် ၁၀နာရီလောက်ဆို စဖွင့်ပြီ..

#ထမင်းပေါင်း #အခေါက်ကင်

ဗိုလ်ဆွန်ပတ်လမ်းက ဝါဖြေ ရမ်ဇာန်မုန့်စျေးတန်းလေး စနေပြီနော်..♨️🍢ဒီမုန့်စျေးတန်းက တစ်နှစ်မှာတစ်ခါ အခုလို ဝါတွင်းတစ်လလုံးဆိ...
21/02/2026

ဗိုလ်ဆွန်ပတ်လမ်းက ဝါဖြေ ရမ်ဇာန်မုန့်စျေးတန်းလေး စနေပြီနော်..♨️🍢

ဒီမုန့်စျေးတန်းက တစ်နှစ်မှာတစ်ခါ အခုလို ဝါတွင်းတစ်လလုံးဆို လူကြိတ်ကြိတ်တိုးစည်နေကြ..

မုန့်စျေးတန်းတစ်လမ်းလုံးကလည်း မြင်မြင်သမျှစားချင်စရာလေးတွေ..
♨️လေပေါ်ဝဲ ပလာတာချပ်တွေ
♨️အမဲကြပ်၊ ဆိတ်သားကြပ်
♨️ပန်းသေးခေါက်ဆွဲ နဲ့ ဒံပေါက်
♨️ကြက်ကောင်လုံးပေါင်းအနှစ်များများနဲ့ အခါးမုရ်ကီး..
♨️ဗယာကြော်၊ အကြော်စုံ၊ ပဲသုပ်၊ ဟလင်မ် နဲ့ အချိုပွဲ တွေကတော့ မပါမဖြစ်..
♨️မလိုင်လုံးနဲ့ ပူတင်းဖတ်လေးတွေဆို ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်း

သွားမယ်ဆိုရင်တော့ ညနေ ၃-၄နာရီလောက်ကနေ ၆နာရီလောက်ထိက စုံစုံလင်လင်ရှိတယ်..

Sengတို့ ပုံမှန်သွားဖြစ်နေကြက သိမ်ဖြူ မြယာကုန်းလမ်းရယ်၊ မောင်ထော်လေး ဗိုလ်ဆွန်ပတ်လမ်းရယ်က အစားအသောက်ပိုစုံတယ် ခံစားရလို့… ရမ်ဇာန်မုန့်စျေးတန်းလေး တခြားဘယ်မှာရှိသေးလဲသိရင် ပြောသွားကြဦးနော်..📣

#ဗိုလ်ဆွန်ပတ်

လသာတရုတ်တန်းမှာ အခုချိန် မီးပုံးနီနီရဲရဲ၊ တရုတ်မုန့်အစုံနဲ့ နဂါးအကပြိုင်ပွဲတွေပါရှိတော့ လူစည်ချက်ပဲ..🏮🐉 တရုတ်တန်းမှာ ညနေ...
18/02/2026

လသာတရုတ်တန်းမှာ အခုချိန် မီးပုံးနီနီရဲရဲ၊ တရုတ်မုန့်အစုံနဲ့ နဂါးအကပြိုင်ပွဲတွေပါရှိတော့ လူစည်ချက်ပဲ..🏮🐉

တရုတ်တန်းမှာ ညနေခင်းမုန့်ပတ်စားပြီး စဉ့်အိုးတန်းလမ်းက တရုတ်ရိုးရာ ခြင်္သေ့နဲ့ နဂါးကတာလေးပါ ကြည့်ခဲ့လို့ရတယ်..🪭

တရုတ်တန်းရောက်ရင်မစားမဖြစ် legendary ဆိုင်လေးတွေထဲက - ၁၈လမ်း ဆာတေးနဲ့ဖက်ထုပ်၊ နန်းမြို့သူဖက်ထုပ်၊ နန်းချယ်ရီရဲ့ မာလာဟင်းနဲ့အကင်စုံ၊ စဉ့်အိုးတန်းလမ်းက boss family အအေးဆိုင်မှာထိုင်၊ ၁၈လမ်းထိပ်နားက အော်ကွေ့ကြည်နဲ့ ဝက်သားလိပ်ကလည်းရှယ်..
ကောက်ညှင်းထုပ်ကလည်း must-try နော်..👀

အခုချိန်မှာတော့ တရုတ်မုန့် အီကွေ့နဲ့ အန်ကူးတွေ၊ ရာသီပေါ်အသီးအနှံနဲ့ fancy ပုစုကရုမုန့်လေးတွေပါအစုံရှိလို့ လျှောက်လည်လို့ မုန့်ပတ်စားလို့ အကောင်းဆုံးအချိန်ပဲ..🏮🪅

#တရုတ်တန်း

ဟင်း ၁၂ မျိုးနဲ့ အရည်သောက်တစ်မျိုးအပါကိုမှ ဘတ် ၅၀တည်းနဲ့ အဝစားလို့ရတဲ့ အတန်ဆုံးဘူဖေးဆိုင်..♨️အကြိုက်ဆုံးကတော့ ဟင်းတွေကို...
17/02/2026

ဟင်း ၁၂ မျိုးနဲ့ အရည်သောက်တစ်မျိုးအပါကိုမှ ဘတ် ၅၀တည်းနဲ့ အဝစားလို့ရတဲ့ အတန်ဆုံးဘူဖေးဆိုင်..♨️

အကြိုက်ဆုံးကတော့ ဟင်းတွေကိုဗန်းလိုက်ကြီးစိတ်ကြိုက်ရွေးလို့ရအောင်ချပေးထားတာ.. ဟင်းတွေဆို ကြက်၊အသည်းအမြစ်၊ ဝက်၊အမဲ၊ ငါး၊ ပင်လယ်စာဂုံးချဉ်စပ်နဲ့ အသီးအရွက်တွေ အစုံပဲ..

Seng လို ဟင်းစားကြီးတဲ့သူဆို ထမင်းနဲနဲနဲ့ ဟင်းတွေချည်း ၄-၅မျိုးလောက် ထိုင်စားရတာကြိုက်တယ်.. စားရင်းနဲ့ ဆိုင်ရှင်တောင်မြတ်ရဲ့လား စိတ်ပူမိ..🫢

ထိုင်းဟင်းတွေဆိုပေမယ့် နည်းနည်းချိုတာကလွဲလို့ ကျန်တာစားလို့အဆင်ပြေတယ်.. ကဖောင်
ရယ်၊ ဂုံးချဉ်စပ်၊ မုယောနဲ့ sausage ၊ ငါးချိုကြော်၊ ငါးဖယ်နဲ့မျှစ်ချက်၊ အသဲအမြစ်နဲ့ အသီးအရွက် ၃မျိုးလောက်က စားလို့အဆင်ပြေတယ်..

ထမင်းဆိုလည်း အိုးလိုက်ကြီးချပေးထားတာ.. မဝမချင်း ထမပြန်နဲ့🫢 ဆိုင်ရှင်ကလည်း သဘောကောင်း ထည့်စားလို့ရတယ်နော် ဆိုတာကြီးပဲ..👀

ဒီဆိုင်က local တွေကြားထဲမှာ နာမည်ကြီးသလို foreigners တွေပါ တော်တော်လာစားကြတယ်..
ဆိုင်က မနက် ၆နာရီကနေ ညနေ ၃ နာရီထိပဲဖွင့်တော့ ဟင်းစုံစုံလင်လင်နဲ့ စားချင်ရင် နေ့လည်မတိုင်ခင်သွားစားနော်..♨️

📍 เฉลิมชัยข้าวแกงบุฟเฟ่ต์ 50 บาท
🕗 Open Daily - 6:00 AM to 3:00 PM (Monday Closed)
🏠 ถนน แยกราชดำริ, Lumphini, Pathum Wan, Bangkok 10330, Thailand (Lumphini ပန်းခြံဘေး)

#ထမင်းဟင်း #အဝစား

15/02/2026

၁သောင်းမကျော်ဘဲ အမဲသားနဲ့ပတ်သက်တာအစုံရတဲ့ ကျောက်မြောင်းထဲက ဒီဒီအမဲကင်..♨️🥩

#ကျားကွက်သစ် #အမဲကင် #အသုပ်

Valentine’s Day မှာ ဘာစားရမလဲလို့ လာမေးသောအခါ..😺🫵🏼
14/02/2026

Valentine’s Day မှာ ဘာစားရမလဲလို့ လာမေးသောအခါ..😺🫵🏼

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eat with Sengผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Eat with Seng:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram