Eat with Seng Food Blog

Happy New Year everyone🥳🎆💕နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝကြပ...
01/01/2026

Happy New Year everyone🥳🎆💕

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်..🙏🏼

နှစ်သစ်မှာလည်း ဒီထက်မက ပိုပြီးလှူဒါန်းနိုင်တဲ့ လက်တစ်စုံဖြစ်အောင် ကြိုးစားသွားပါဦးမယ်💕

ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ အယောက် ၁၀၀ စာ လှူဒါန်းဖြစ်တာလေးပါ..🙏🏼

31/12/2025

🍾New Year မှာ ရှယ်ပလန်နဲ့သောက်လို့ရမယ့် ဆိုဂျူစပ်နည်းအဖြာဖြာနဲ့ မာလာအကင်သုပ်လုပ်စားမယ်..🍉🍸

မနက်ဖြန် New Year ညမှာ စပျစ်သီး၁၂လုံး စားရဖို့အရေး မြို့ပတ်ရှာလိုက်ရတာ နောက်ဆုံးတစ်ဆိုင်မှာတွေ့တော့ အပျော်လွန်ပြီးပြေးဝယ...
30/12/2025

မနက်ဖြန် New Year ညမှာ စပျစ်သီး၁၂လုံး စားရဖို့အရေး မြို့ပတ်ရှာလိုက်ရတာ နောက်ဆုံးတစ်ဆိုင်မှာတွေ့တော့ အပျော်လွန်ပြီးပြေးဝယ်…🫢

အခုပြန်ကြည့်တော့မှ တစ်လုံးတစ်လုံးနည်းတာကြီးမဟုတ်.. အဲ့ ၁၂လုံးကို ၁မိနစ်အတွင်းစားရရင်လည်း လည်မြိုနင်ဖို့ပဲရှိတယ်..🫠🫵🏼

#စပျစ်သီးဂယက်

30/12/2025

ဘန်ကောက်ရောက်ရင် စားခဲ့သင့်တဲ့ နာမည်ကြီး Banthat Thong လမ်းက ထိုင်းဆိုင်..🍜💛

📍Yelo Osha

အခုချိန်ဆို ခေါင်ရိုင်က ပန်းခင်းလှလှလေးတွေကြားဓာတ်ပုံရိုက်.. ကော်ဖီဆိုင်လေးမှာထိုင်ပြီး တအားလှလို့ကောင်းတဲ့အချိန်..🥰🌺 ဘန...
29/12/2025

အခုချိန်ဆို ခေါင်ရိုင်က ပန်းခင်းလှလှလေးတွေကြားဓာတ်ပုံရိုက်.. ကော်ဖီဆိုင်လေးမှာထိုင်ပြီး တအားလှလို့ကောင်းတဲ့အချိန်..🥰🌺

ဘန်ကောက်ကနေ ၂နာရီ- ၃နာရီလောက်ပဲ သွားရတာဆိုတော့ အလုပ်ပိတ်ရက်တွေမှာ ကားနဲ့ ရထားနဲ့ ထသွားလိုက်ရုံပဲ.. 🚘

ဒါကတော့ ခေါင်ရိုင်ရောက်ရင် ဘယ်မှာတည်းရမလဲ၊ ဘယ်သွားလည်ရမလဲဆိုတဲ့သူတွေအတွက် ဒီနေရာလေးတွေ သွားခဲ့ကြည့်..✨🏕️

1. Khao Yai Art Tree Resort - Little Switzerland လို့တင်စားကြတဲ့ ဓာတ်ပုံရိုက်လို့တအားလှတဲ့နေရာလေး 🇨🇭
2. Hokkaido Flower Park - ရောင်စုံပန်းခင်းကြီးထဲ ဓာတ်ပုံတစ်ဝကြီးရိုက်ရင်း ဂျပန်ဝတ်စုံလေးတွေနဲ့လည်း ရိုက်လို့ရတယ် 🌸
3. Bucolic Cafe - တောင်တန်းကြီးကို နောက်ခံထားတဲ့အလှနဲ့ သိုးလေးတွေ mini zoo လေးပါရှိတဲ့ ကော်ဖီဆိုင် ☕️
4. Toscana Valley - European စတိုင် အဆောက်အအုံတွေနဲ့ ညနေခင်းတအားလှ
5. Primo Piazza - Europe vibe လေးကိုမှ တောင်ပေါ်မှာ သိုးလေးတွေပါ အစာကျွေးလို့ရတယ် 🐑
6. Ban Tha Chang Spring - စမ်းချောင်းလေးမှာ kayaking လှော်ရင်း experience အသစ်လေးနဲ့ မိုက်တဲ့နေရာ.. 🛶
7. Kaidang Kitchen - Ban Tha Chang ဘေးကဆိုင်လေး ကြက်ကင်တအားကောင်း အိပြီးမွှေးနေရော 🍗
8. Cafe Portofino - Toscana Valley ထဲက ရေကန်ဘေးကဆိုင်လေး၊ ထိုင်လို့ကောင်းပေမယ့် အစားအသောက်သိပ်မကြိုက်ဖူး🍹
9. Glamping Hill Khao Yai - ခေါင်ရိုင်ရောက်ရင် ဒီလို Dome နဲ့ တည်းပြီး ညဖက် မူကထလေးပါ စားခဲ့♨️
10. Greatland Glamping - အခန်းက mountain view နဲ့ အဆင်ပြေပေမယ့် နေရာကချောင်ကျပြီး သီးသန့်လေးဖြစ်နေတာ။

ခေါင်ရိုင်ရောက်ရင် ဘယ်နေရာလေးတွေ သွားကြသေးလဲ..🐑🌸

Vietnam က ဓာတ်ပုံဆရာနဲ့တွေ့မှပဲ တစ်သက်မှာတစ်ခါမှ မပိန်ဖူးတဲ့ body မျိုးရတော့တယ်.. လက်မောင်းရိုးလေးကအသက်🤣အဲ့လောက်ကြီးကျ.....
29/12/2025

Vietnam က ဓာတ်ပုံဆရာနဲ့တွေ့မှပဲ တစ်သက်မှာတစ်ခါမှ မပိန်ဖူးတဲ့ body မျိုးရတော့တယ်.. လက်မောင်းရိုးလေးကအသက်🤣

အဲ့လောက်ကြီးကျ..🥹

28/12/2025

ဘန်ကောက် က အတန်ဆုံး ၅၉ဘတ်တန် ခေါက်ဆွဲဆိုင်..♨️

📍 LE MONG RAMEN

လသာတရုတ်တန်းရောက်ရင် မစားမဖြစ် စားခဲ့သင့်တဲ့ ဆိုင်လေးတွေ..♨️😋၁ယောက်ကို ဘတ်ဂျက် ၃သောင်းလောက်ရှိရင်ကို မုန့်ကောင်းကောင်းပတ...
27/12/2025

လသာတရုတ်တန်းရောက်ရင် မစားမဖြစ် စားခဲ့သင့်တဲ့ ဆိုင်လေးတွေ..♨️😋

၁ယောက်ကို ဘတ်ဂျက် ၃သောင်းလောက်ရှိရင်ကို မုန့်ကောင်းကောင်းပတ်စားလို့ရပြီ..😉

📍ထိမိပွင့်ထွက်မယ့် ၁၉ လမ်းထိပ်က ရွှေဖူးလေး အမဲလုံးစွပ်ပြုတ်

📍၁၉ လမ်းက နာမည်ကြီး တိုဟူးနွေးပူပူလေး

📍 ၁၈ လမ်း ဂဏန်းကော်ကြော်/ ဆာတေး နဲ့ ဖက်ထုပ်

📍၁၈လမ်းထိပ် ဖက်တီးခေါက်ဆွဲ

📍တရုတ်တန်းရဲ့ နာမည်ကျော် ဘောဂဆီချက်

📍၁၇ လမ်းထိပ်က ဝက်သားတုတ်ထိုးဆိုင် (ကိုဆံရှည်/ လူကလေး)

📍လမ်း ၂၀ ဘုံကျောင်းဘေးက နို့ဆီဘူးလေးနဲ့ရောင်းတဲ့ ကြက်ဥနို့ပေါင်းနဲ့ ကွေကာအုပ်

📍အာဗွီး အော်ကွေ့ကြည်၊ ဝက်သားလိပ်၊ ကောက်ညှင်းထုပ်

📍၂၁လမ်းထိပ် ရာစုသစ် ပဲပေါင်းအေးအေး

📍၁၉လမ်း နန်းချယ်ရီက မာလာဟင်းမွှေးမွှေးလေးရယ်

📍နောက်ဆုံးပိတ်ကတော့ ၁၉ လမ်းဝိုင်းလွတ်တဲ့ဆိုင်မှာသာ ဝင်ထိုင်ပြီး အဆင်ငမ်း အဲ ရှယ်သောက်ခဲ့လိုက်တော့..🫢🥂

တရုတ်တန်းရောက်ရင် တခြားဘယ်ဆိုင်လေးတွေ စားဖြစ်ကြသေးလဲ??✨

#၁၉လမ်း

Ramen ၁ပွဲ ၅၉ ဘတ်တဲ့..🍜 တန်ပါတယ်ဆိုတဲ့ဆိုင်တောင် ဒီလောက်တန်တာ မတွေ့သေးဖူး..🫢Tonkotsu Ramen ဆို ဝက်ရိုးပြုတ်ရည်ဆိမ့်ဆိမ့်...
26/12/2025

Ramen ၁ပွဲ ၅၉ ဘတ်တဲ့..🍜 တန်ပါတယ်ဆိုတဲ့ဆိုင်တောင် ဒီလောက်တန်တာ မတွေ့သေးဖူး..🫢

Tonkotsu Ramen ဆို ဝက်ရိုးပြုတ်ရည်ဆိမ့်ဆိမ့် မွှေးမွှေးလေးနဲ့ တအားသောက်လို့ကောင်း.. ဒီထဲမှာ ဝက်သားပြားနဲ့ ကြက်ဥခြမ်း ၂ခုပါတယ်..

ဥတွေ အသားပြားတွေ add on ထပ်ထည့်ရင်တောင် ၁၀-၂၀ ပဲ..

ကိုယ့်အကြိုက် Gyoza 🥟 တို့ Chicken Karrage🍗 တွေတောင် ၄၉ ဘတ် - ၅၉ ဘတ်ပဲရှိတယ်..

အဲ့တာကိုမှ Ramen နဲ့ Side dish ကို Set menu အတွဲလိုက်ယူရင် 99 ဘတ်နဲ့ ပိုသက်သာသေးတယ်..

ဖက်ထုပ်ကတော့ အပြင်သားကြွပ်ကြွပ်လေးနဲ့ အထဲမှာ အဆာပလာတော့အပြည့်ပါတယ်..🥟

Chicken Karrage က လုံးဝ ဖေးဗရိတ်.. juicy ဖြစ်ပြီး နူးအိနေတာ စားလို့ကောင်း..💕

ဆိုင်ခွဲက ၁၀ ဆိုင်လောက်ရှိတော့ ကိုယ်နဲ့နီးစပ်ရာဆိုင် သွားစားရုံပဲ..😉 Seng အခုသွားစားတာက Sukhumvit လမ်းမပေါ် Bang Chak BTS နားကဆိုင်ခွဲပါ..

📍 LE MONG RAMEN

25/12/2025

မျက်နှာလောက်ကြီးတဲ့ ၄ယောက်စာ ကြက်ဆင်ဒံပေါက်ဗန်းကြီး သွားစားမယ်..😋♨️

📍 “Alinga Express - King Power“

#ဒံပေါက်

ဗီယက်နမ်မှာ ပင်လယ်စာတွေကို စျေးပေါပေါနဲ့ စားချင်ရင် Vung Tau သာသွား..🦪🦐 Hanoi, Sapa, Ho Chi Minh တွေမှာ စားလို့တန်တယ်ဆို...
24/12/2025

ဗီယက်နမ်မှာ ပင်လယ်စာတွေကို စျေးပေါပေါနဲ့ စားချင်ရင် Vung Tau သာသွား..🦪🦐

Hanoi, Sapa, Ho Chi Minh တွေမှာ စားလို့တန်တယ်ဆိုတာထက်ကို ပိုတန်တာ..💯

Vung Tau က တကယ့် underrated နေရာလေး..
ကမ်းခြေမြို့လေးဆိုတော့ ပင်လယ်စာတွေတအားပေါပြီး စျေးကလည်းသက်သာနေရော..
ကမ်းခြေမှာ ပင်လယ်စာ သွားစားနေရတဲ့ vibe မျိုး.. 🏝️

Oyster ကို Luxury food အနေနဲ့ စားခဲ့သမျှ ဒီရောက်မှ Oyster အကြီးကြီးတွေ ၁၀ ခုပါတာမှ ဒေါင် ၅သောင်း (မြန်မာငွေ ၈၀၀၀ လောက်) နဲ့တစ်ဝကြီးစားရတာမျိုး..🫢

ရေဘဝဲအကိတ်ကြီးတွေ ၊ ငါးကင်အကောင်လိုက်ကြီးတွေလည်း ၁ကောင်မှ ၁သိန်း

မီးသွေးဖိုလေးနဲ့ လတ်လတ်ဆတ်ဆတ်ကင်ပေးတဲ့ ပုစွန်ကင်တွေဆို မွှေးမွှေးလေးနဲ့ စားလို့တအားကောင်း..♨️

Vung Tau ရောက်ရင်တော့ ပင်လယ်စာ အထူးသဖြင့် Oyster ကြီးတွေသာ ရှယ်ဆွဲခဲ့..😋🦪

သွားမယ်ဆိုရင် တစ်လမ်းလုံးပင်လယ်စာအစုံရောင်းတဲ့ “Chợ hải sản vũng tàu” လမ်းက အကောင်းဆုံးပဲ..

23/12/2025

ကန်တော်လေး လမ်း၉၀က ရှမ်းလက်ရာစစ်စစ်ရတဲ့ တိုဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲဆိုင်..♨️😋

📍ဒို့ရှမ်းလေး

#ရှမ်းခေါက်ဆွဲ

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eat with Sengผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Eat with Seng:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram