Michael Kyaw Kyaw

Michael Kyaw Kyaw ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Michael Kyaw Kyaw, Ramkhamhaeng Soi 3/1, Bangkok.
(1)

06/04/2026

🌟MKK Page ရဲ့ အလုပ်အရှုပ်ဆုံး
ပြသနာ အများဆုံး 90 Days အတွက် Post ပါ
အရင်းနှီးဆုံး တချို့ Customer တွေနဲ့လည်း မိတ်ပျက်ရတယ်

အဓိက ပြသနာတွေနဲ့ ဖြေရှင်းမဲ့ နည်းလမ်းတွေကို
တခါတည်းရေးပေးပါမယ်

‼️No-1
90 Days ပုံမှန်ထုနေကြ Customer တိုင်းကို
ရက်မပြည့်ခင် တပါတ်အလို
တရက်ကို လူ 150 လောက် ကြိုတင်
အကြောင်းကြားပေးရတယ် -
တိတိကျကျ ပြန်မဖြေသူက ပုံမှန် အမြဲ
လူ 50 လောက် ရှိတယိ -2/3 ကြိမ် သွားသတိပေးနေရတယ်
ငွေလည်း စိုက်ပေးရတယ်
စာရွက် ပြန်ပို့ပီးရင်လည်း တချို့သူတွေကို ငွေ အကြိမ်ကြိမ်ပြန်တောင်းနေရပါတယ်
🟪ဒီပြသနာဖြေရှင်းဖို့ အတွက် နည်းလမ်းက
ရက်မပြည့်ခင် 1ပါတ် အလို တကြိမ်ပဲ လာရောက် သတိပေးပါမယ်-လာသတိပေးပီး 3ရက်အတွင်း ငွေသွင်းလာတဲ့သူတွေကိုပဲ 90 Days မပြည့်ခင် တရက်ကြိူပီးရုံးတင်ပေးပါမယ်-7ရက်ပြည့်ခါနီးမှ ကွက်တိငွေလာသွင်းသူတွေကို
ငွေပြန်အမ်းပေးမှာပါ

‼️No-2
MKK Page က အကြောင်းကြားရင် အားလုံးကို တိတိကျကျ
အကြောင်းကြားပေးတာပါ
နံမည်ရော Passport နံပါတ်ပါ တွဲပီး တဦးချင်းသေချာရေးပေးတာပါ
🟪ဒါကြောင့် ငွေလွှဲစလစ်ပုံ ပို့ပြီးတာနဲ့ မည်သူမည်ဝါအတွက် ထည့်တယ်ဆိုတာ
နာမည်လေးရေးပေးပါ ခင်ဗျာ

‼️No-3
ဆက်လုပ်ဖြစ်/မလုပ်ဖြစ် ဒီ 2ခုတောင်
တိတိကျကျလေး
စာပြန်ရမအားတဲ့ ခပ်ချေချေ
Customer တွေ အတွက်ပါ
🟪တကြိမ်သာ လာရောက်သတိပေးမှာ ဖြစ်တဲ့ အတွက်
အချိန်မှီ ငွေမသွင်းလာတာ/အချိန်မှီ
စာမပြန်တဲ့သူတွေကို
စာရင်းထဲက ဖျက်ပေးသွားပါမယ်ခင်ဗျာ

‼️No-4
-Visa သက်တန်း သေနေတဲ့ စာအုပ်တွေ
-Visa စာမျက်နှာအောက်ဘက်မှာ
Passport နံပါတ် ပါအောင် ရိုက်မပို့ထားတဲ့
စာအုပ်တွေ 90 days ထုပေးမရတော့ပါ
ဒီလူတွေဆို ကျတော် အသေးစိတ်ရေးပီးပြန်တောင်းထားပါတယ် -2ရက်အတွင်းရိုက်ပို့လာပေးရပါမယ်
🟪Visaသက်တမ်းတိုးထားတဲ့နေရာကို
စာမျက်နှာ2ဘက်လုံးအပြည့်ပါအောင်ရိုက်ပြီး
ပုံပြန်ပို့လာပေးရပါမယ်ခင်ဗျာ
ပုံပို့ပြီးတာနဲ့ ပုံအောက်မှာ
Passport နာမည်-ရေးပေးပါ ခင်ဗျာ

‼️No-5
MKK Page က 90 Days တရက်ကို လူ 200 လောက်
ပုံမှန်ရုံးတင်ရပါတယ်
ရုံးက ထုပီးလို့ ပြန်ထွက်လာတဲ့ အထဲမှာ မပါလာတဲ့သူ
ပုံမှန် 4/5 ယောက် အမြဲရှိပါတယ်
🟪ဒီ 4/5 ယောက်ကို စာရွက် ပြန်မရမချင်း ရုံးကို
အမြဲ သတိပေးပီး ပြန်တောင်းပေးဖို့က ကိုကျော်
တာဝန်ပါ
ဒီကြားထဲမှာ ရက်ကျော်သွားတာတို့ / လမ်းမှာ တခုခုစစ်ဆေးခံထိလို့ ပြသနာ တစုံတရာရှိပါကလည်း
အပြည့်အဝ တာဝန်ယူပေးပါတယ်

နိဂုံးချုပ်ပြောရရင်
ကျတော် လိုချင်တဲ့ပုံစံ အသေးစိတ်ရေးပေးပီးပီ
ဒီအတိုင်းပြည့်စုံတဲ့သူတွေကို 3လတကြိမ် ပုံမှန်
အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်
အကြောင်းကြားပေးသွားမှာပါ
Data ကို တကြိမ်တည်း အပီးတောင်းပီး
သိမ်းဆည်းပေးသွားမှာဖြစ်လို့ ပုံတွေ
အကြိမ်ကြိမ်ပြန်ပို့ရတဲ့
စိတ်ရှုပ်စရာတွေ မရှိတော့ခြင်း-
ရက်ကျော်ခ ကုန်မှာစိတ်ပူစရာမလိုတော့ခြင်း
90 Days package 1နှစ်စာယူပီး
12 လလုံး စိတ်ပူစရာမလိုတော့ခြင်း ဆိုတဲ့
ကိုကျော်ပေးချင်တဲ့ Service ကို အပြည့်အဝ
ရယူခံစားနိုင်မှာပါ

Michael Kyaw Kyaw
6/4/2026

05/04/2026

31/3/2026 လူဟောင်းသက်တန်းတိုးသမားတွေ အတွက် Post ပါ

စာအုပ်ထဲ Visa သက်တန်း
31/3/2027 ထိ ထည့်ပေးပီးစီး ✅

ပထမအသုတ် Visa ထည့်ပီးတဲ့ စာအုပ် =368 အုပ်
280 အားလုံး ပို့ဆောင်ပီးစီး ✅

ဒုတိယအသုတ် Visa ထည့်ပီးတဲ့ စာအုပ်=475 အုပ်
Data အားလုံး ဒီနေ့ Sundayမှာ အကုန်သိမ်းဆည်းပီးပါပီ
ဒီညကစပီး ကိုကျော်ကိုယ်တိုင် စတင်အကြောင်းကြားပါတော့မယ်

စာတိုက်Ems/Bolt/Grab နဲ့ ပို့ပေးလို့ရပါတယ်
အပြင်မှာ ကိုယ်တိုင်လာယူချင်လည်းရပါတယ်
မိမိစိတ်ကြိုက်တခုရွေးပေးပါခင်ဗျာ💙

နာမည်/ဖုန်းနံပါတ်/မိမိတို့ အိမ်လိပ်စာ အပြည့်အစုံ/အခန်းနံပါတ်
မြို့နယ် code အသေးစိတ် ကြိုတင်ပြင်ဆင်ထားပေးကြပါခင်ဗျာ

6/4/2026
7/4/2026
ဒီ၂ရက်လုံး ရုံးမှာ ပီးသမျှ စာအုပ်အားလုံးကိုပို့ဆောင်ပါမယ်

MKK တရုံးလုံး 8ရက်နေ့ ခရီးတရက်ထွက်ပါမယ်
9 ရက်ညနေ ဘန်ကောကိပြန်ရောက်ပါမယ်
10 ရက်နေ့တသုတ် လူသစ်ဘတိသမားတွေ Workpermit Card ထုတ်ဖို့ ရုံး3 ရုံးကို လူခွဲပီးစောင့်ထုတ်ပေးရပါမယ်

12 ရက်နေ့ကစပီး Page ကစာအဝင်အထွက်တွေ ကိုကျော်ကိုယ်တိုင်စစ်ပီး ပြန်ပေးပါတော့မယ်

တချို့ကိစ္စတွေက ကလေးတွေလည်း မေးခွန်းပေါင်းစုံကြားမှာ စာဖြေရင်းလည်ထွက်နေတာ ကျတော်လည်း
အဲ့ထက်အရေးကြီးတာတွေရှင်းနေရတော့ သေချာ မကြည့်ပေးနိုင်ပါဘူး

Good Night ပါ
စာအုပ်ရတဲ့သူတွေ ဒီည စအကြောင်းကြားပါတော့မယ်

Michael Kyaw Kyaw
5/4/2026

MKK Page ကို နာရီဝက် တကြိမ်ရောက်လာတဲ့စာအိတ်တွေပါစာအိတ်ပို့တဲ့သူတွေကလည်း စာအိတ်ရောက်တာနဲ့ ချက်ချင်း အကြောင်းပြန်စေချင်တယ်...
31/03/2026

MKK Page ကို နာရီဝက် တကြိမ်ရောက်လာတဲ့စာအိတ်တွေပါ

စာအိတ်ပို့တဲ့သူတွေကလည်း စာအိတ်ရောက်တာနဲ့ ချက်ချင်း အကြောင်းပြန်စေချင်တယ်

MKK Page ရဲ့ ထုံးစံကလည်း စာအိတ်တအိတ်ချင်းကို
စနစ်တကျ ဖောက်ပီး အထဲက ပါတာတခုချင်းစီ သေချာ
ဖြန့်ရိုက်ပီးမှ အကြောင်းပြန်ပေးတော့ ကြာနေတာပါ

တချို့ဆို မှတ်ပုံတင်အစစ်တွေ ပါလာတယ်
တချို့ဆို ရည်းစားဆီပို့မို့စာတွေ ညှပ်ပါလာတယ်
တချို့ဆို အကြွေးစာရင်းတွေ ပါလာတယ်

အပိုပါလာတဲ့ ပစ္စည်းမှနိသမျှ သေချာ သိမ်းပေးထားပါတယ်
ဒါကြောင့် ကျတော်တို့ကိုလည်း အချိန်ခဏပေးဖို့လိုပါတယ်

ခင်ဗျားတို့ကလည်း စာအိတ်လေးရောက်မရောက်တချက်လေး စစ်ပေးရတာ ခက်နေလို့လားဆိုပီး တအားဟောက်ချင်တဲ့ ညီလေး/ အကိုကြီးတွေ သိစေဖို့ ရေးတင်ပေးတာပါ

ညီမလေးတွေကတော့ ကိုကျော် အကျိုးအကြောင်းပြောရင်
ပြေလည်ကြပါတယ်

ဒါပါပဲ ခင်ဗျာ

အစက်လေးချလိုက်ရင် မကြောက်ကြပါနဲ့နော် 😊
29/03/2026

အစက်လေးချလိုက်ရင် မကြောက်ကြပါနဲ့နော် 😊

28/03/2026

31/3/2026 လူဟောင်းသက်တန်းတိုးသမားတွေ အတွက် Post ပါ

သက်တန်းတိုးစုစုပေါင်း စာရင်းလာတင်ထားသူ=1456ယောက်

💛No-1-အဆင့်
ဘိုင်လတ် ကမ်ခေါ တရွက်
100 ငွေချေ တရွက်
ဒီ2 ရွက်ရတဲ့အဆင့်ဆို ကျတော် ကျသင့်ငွေ တိတိကျကျ တွက်ပေးပီး ကျန်ငွေ အကြေကောက်နေပါပီ
အကြေမပေးနိုင်သေးရင်တောင် အနည်းဆုံး 3000 လောက်ဖြစ်ဖြစ်အရင်သွင်းထားပါ
ပီးရင် လက်ကျန်ငွေကို ဘယ်နေ့သွင်းမယ်ဆိုတာ တိတိကျကျ ရေးပေးထားပါခင်ဗျာ
ဒါမှ ကျတော် ဆက်လုပ်ပေးထားမှာပါ

🖤No-2-အဆင့်
ငွေအကြေရှင်းပီးသူတွေကို ငွေလက်ခံရရှိကြောင်း
စာပြန်ပီး စာအုပ်ပို့ရမဲ့လိပ်စာအတိအကျ ကျတော်ကိုယ်တိုင် အသေးစိတ်ရေးပေးပါတယ်
ဒီအဆင့်ထိရောက်တဲ့သူတွေဆို စာအုပ်ထဲ Visa သက်တန်း
31/3/2027 ထိ ထည့်ပေးရပါပီ
လက်ရှိ Visa ထည့်ပီးတဲ့ စာအုပ် =368 အုပ်
ငွေအကြေချေပီးတဲ့သူတွေဆို 29 ရက်နေ့ကစပီး
စာအုပ်တွေ ပြန်ပို့ပါတော့မယ်
ထုံးစံအတိုင်း Data တွေ စနစ်တကျ သိမ်းဆည်းပီးမှ
ပြန်ပို့ပေးမှာပါ
ဆေးရုံကဒ်ရသူတွေဆို သေချာကဒ်လောင်းပီးမှ ပြန်ပေးမှာပါ -မိမိလက်ထဲရောက်ပီဆို သေချာသိမ်းဆည်းပေးပါခင်ဗျာ

💙No-3 အဆင့်
ငွေအကြေချေပီးတဲ့သူတွေကို
Workpermit ဘိုင်အနုမတ်ထွက်လာတဲ့ အချိန်
Pdf file နဲ့ ပို့တာပဲ ဖြစ်ဖြစ် -passport စာအုပ် ပြန်ပို့ရင်းနဲ့ပဲဖြစ်ဖြစ် သေချာ Print ထုတ်ပေးလိုက်မှာပါ

No-1 အဆင့်
ပထမဆုံး ရတဲ့ စာရွက်စာတန်းပို့တာရယ်
ကျန်ငွေအသေးစိတ်တွက်ပေးတဲ့ ဇယားရယ်

No-2 အဆင့်
ငွေစစ်ပီးငွေလက်ခံရရှိကြောင်းစာပြန်တာရယ်
ကျတော်တဦးတည်း လုပ်ပေးတာပါ

ဒါကြောင့်ကိုကျော် ကိုယ်တိုင် စျေးတွက်ပီး ကျန်ငွေကောက်ပီဆို သေချာလေးစစ်ပေးကြပါ
အချိန်မှီလည်း ငွေသွင်းပေးကြပါခင်ဗျာ
အကြေ မသွင်းနိုင်လည်း အကျိုးအကြောင်းလေး စာပြန်ပေးထားကြပါ

MKK page က ညီလေးတွေလည်း တအားပင်ပမ်းကြပါတယ် -ရုံးပေါင်းစုံလည်းပြေးနေရတော့ လူတွေလည်း မျော့မျော့ပဲ ကျန်ပါတော့တယ်

ကိုကျော်လည်း နားရက်တရက်မှ မယူပဲ
မနက် 7:00 ကနေ ည11:00 ထိ တောက်လျောက်Runနေတာ 6 လရှိပါပီ
စိတ်တအားလောနေပီး တချို့ဖုန်းတွေဖြေတဲ့အချိန်
လေသံမာသွားမိရင်လည်း ဒီကနေပဲ တောင်းပန်ပါတယ်

ဒီည အတွက် အဆင့်1 ကို လူ 100 အကြွေးတောင်းမယ်

အဆင့်-2 အတွက် ငွေသွင်းလာသူ လူ 100 ကို စစ်ထုတ်ပီး စာအုပ်တောင်းပါတော့မယ်

Good Night
Michael Kyaw Kyaw ပါ

28/3/2026
8:00

27/03/2026

လူဟောင်း သက်တန်းတိုးသမားတွေကို
MKK Page မှာ ဘယ်လို Run ပေးနေလဲဆိုတာ
မနက်ဖြန် အသေးစိတ်ရေးပေးပါမယ်
သေချာ စောင့်ဖတ်ပေးကြပါ ခင်ဗျာ

♨️လူသစ်ဘတ် ငွေအကြေချေပီးသူတွေအတွက်လက်ဗွေနှိပ် ရက်ချိန်း 6ကြိမ်မြောက်နောက်ဆုံးအကြိမ် ‼️31-3-2026 (အင်္ဂါနေ့) (3လပိုင်း)လက...
26/03/2026

♨️လူသစ်ဘတ် ငွေအကြေချေပီးသူတွေအတွက်
လက်ဗွေနှိပ် ရက်ချိန်း 6ကြိမ်မြောက်
နောက်ဆုံးအကြိမ် ‼️

31-3-2026 (အင်္ဂါနေ့) (3လပိုင်း)
လက်ဗွေနှိပ်ဖို့ လက်ကျန်လူ 10 ယောက်
နံပါတ် ယူထားပေးပါတယ် ခင်ဗျာ

ဒီတကြိမ်နောက်ဆုံးအနေနဲ့ Cb ကနေ
လှမ်းအကြောင်းကြားပေးပါမည်ခင်ဗျာ

11/12/2026 မှာ Workpermit သက်တန်းကုန်မဲ့  လူသစ်ဘတ်သမားများ Workpermit Card ထုတ်ပီးပါက သူဌေးပြောင်းကျန့်ခေါက် လုပ်လိုရပါပ...
26/03/2026

11/12/2026 မှာ Workpermit သက်တန်းကုန်မဲ့ လူသစ်ဘတ်သမားများ
Workpermit Card ထုတ်ပီးပါက သူဌေးပြောင်းကျန့်ခေါက် လုပ်လိုရပါပီ

‼️ကျန့်အော်တမျိုးတည်းထုတ်ချင်ပါက=600
ကိုကျော်နဲ့ ဘတ်ရိုက်ထားသောသူများကိုသာ ထုတ်ပေးပါမည်
လိုအပ်သော အရာများ
🌟စာအုပ်ရှိသောသူများ
Passport ရှေ့စာမျက်နှာပုံပို့လာပေးရန်
💢စာအုပ်မရှိပါက
ဘိုင်အနုမတ်စာရွက်(wp)ပုံပို့လာပေးရန်

Passport စာအုပ်ထဲ visa မချိန်းရသေးသူများ
မိမိတို့ နံပါတ် / နံမည် သေချာ ရေးလာပေးရန်
ဘတ်ရိုက်ထားသော ဘိုင်အနုမတ်စာရွက်(wp) ပုံပို့လာပေးရန်
ကျန်တာ ဘာမှ မလိုပါ

သူဌေးအသစ်ကို ပြောင်းချင်ပါကလည်း
မိမိတို့ သူဌေးအချက်အလက် ပြည့်စုံအောင် ပို့လာပေးပါက ပြောင်းပေးလို့ရပါတယ်
🔔သူဌေးပြောင်းကျန့်ခေါက်=2000

သိရှိလိုသည်များကို မေးမြန်းလိုပါက
Michael Kyaw Kyaw (page)ရဲ့ Cb တွင်လည်း စာပိုမေးမြန်းနိုင်သလို

☎️ရုံးချိန် မနက်8:30 မှ ည​နေ 6:30 အတွင်းသာ
ဖုန်းဆက် မေးမြန်းနိုင်ပါသည်

ဆက်သွယ်ရန်
Ph= 099-207-5488
Ph=099-046-8424

ထိုင်းတောမောင်းရုံးပိတ်ရက်တွေပါရုံးပိတ်ရက်တွေနဲ့ ကပ်ပီး လုပ်စရာရှိတာတွေ ကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါ
26/03/2026

ထိုင်းတောမောင်းရုံးပိတ်ရက်တွေပါ
ရုံးပိတ်ရက်တွေနဲ့ ကပ်ပီး
လုပ်စရာရှိတာတွေ ကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါ

31/3/2026 သက်တမ်းတိုး လူဟောင်းများ ထဲမှာ Style Number(3) နဲ့Style Number (6) ကျန်းမာရေးအာမခံ 1နှစ်ယူထားသူများထဲမှ စုစုပေ...
21/03/2026

31/3/2026 သက်တမ်းတိုး လူဟောင်းများ ထဲမှာ
Style Number(3) နဲ့
Style Number (6)
ကျန်းမာရေးအာမခံ 1နှစ်ယူထားသူများထဲမှ
စုစုပေါင်း 168 ယောက်
သွေးစစ်ရက်ချိန်းရထားပါတယ်
တဦးချင်းစီ အသေးစိတ် Cb ကနေ ကြိုတင်ချိန်းပေးပီးသားပါ

🌟Visa ထည့်ဖို့ အတွက် စာအုပ်ကြိုတင်ပေးထားခဲ့ချင်သူတွေလည်း တခါတည်း ပေးခဲ့လို့ရပါတယ်ခင်ဗျာ


နေ့ရက်=22-3-2026 (တနင်္ဂနွေ့နေ့)
အချိန် = မနက် 6:30 နာရီ အတိ ရောက်ရန်❗️
Location - Rajavithi Hospital
🔥လူတအားများလို့ အချိန်မှီ လာပေးပါရန်

ဆေးရုံရောက်ရင် ဆက်သွယ်ရန်
Michael Kyaw Kyaw
📞Ph-099 2075 488
📞Ph-099 0468 424

ဆေးရုံလာမည့်နေ့ မဖြစ်မနေ ယူဆောင်လာရမည့် အရာများ
Passport ရှိသောသူများ
မိမိတို့ Passport စာအုပ်အစစ်တစ်မျိုးတည်း ယူခဲ့ပေးရန်
ကျန်တဲ့စာရွက်စာတမ်းအားလုံး ကျွန်တော်တို့ Print ထုတ်ခဲ့ပေးမှာပါ

ဆေးရုံ =Location

https://maps.app.goo.gl/UYyYuRERYo2UYsNX6?g_st=i

ဒီဆေးရုံမှာပဲ ဆေးစစ်ရမှာဖြစ်ပီး
ရောဂါတခုခု ပြသချင်ပါကလည်း ဒီဆေးရုံမှာပဲ လာရောက်ကုသရမှာ ဖြစ်ပါသည်ခင်ဗျာ

20/03/2026

ပန်းရောင်ကဒ် ရက်ချိန်းအသစ်

27/3/2026 Appointment လူဦးရေ=70
ရထားပါသည်

ပန်းရောင်ကဒ်ထုတ်လိုမဲ့ 2သုတ်
13/2/2027 မှာ Visa +Workpermit ကုန်မဲ့သူများ
11/12/2026 မှာ Workpermit သက်တန်းကုန်မဲ့သူများ

ကိုကျော်နဲ့ ဘတ်ရိုက်ထားသောသူများကိုသာ
အရင်ထုတ်ပေးပါမည်
ရုံးသို့ လူတခေါက် မဖြစ်မနေလိုက်ရပါမည်

လိုအပ်သော အရာများ
🌟စာအုပ်ရှိသောသူများ
Passport ရှေ့စာမျက်နှာပုံပို့လာပေးရန်
💢စာအုပ်မရှိပါက
ဘိုင်အနုမတ်စာရွက်(wp)ပုံပို့လာပေးရန်

Passport စာအုပ်ထဲ visa မချိန်းရသေးသူများ
မိမိတို့ နံပါတ် / နံမည် သေချာ ရေးလာပေးရန်
ဘတ်ရိုက်ထားသော ဘိုင်အနုမတ်စာရွက်(wp) ပုံပို့လာပေးရန်
ကျန်တာ ဘာမှ မလိုပါ

ကုန်ကျစရိတ်
(ကုန်ကျစရိတ်=1000 ဘတ်) ကျသင့်ပါမည်
တခါတည်း ငွေကြေချေပေးရပါမည်

ခုထဲက ကြိူတင်ပီး
စာရင်းလာပေးသွင်းလို့ရပါပီခင်ဗျာ
ညီမလေးများ
စာရင်းပေးသွင်းရမည့် လိုတိုရှင်းပုံစံ
နမူနာရေးပေးပါမည်

ပန်းရောင်ကဒ် ထုတ်ချင်လို့ပါရှင့် /ခင်ဗျာ
ဒီစာ ပို့ပီးတာနဲ့ မိမိတို့ အချက်အလက် တခုခု ပုံပို့လိုက်ရင် ရပါပီ
မိတ်ဆွေတို့ရဲ့ အချက်အလက် တခုခု သိတာနဲ့
ကျန်တဲ့ Data အားလုံး ကျတော်တို့ မှာ အကုန်ရှိပါတယ်

ကျတော်တို့ စစ်ဆေးပီးတာနဲ့ စရန်ငွေထည့်ပေးရမဲ့ဘဏ်ပို့ပေးပါမည်

Michael Kyaw Kyaw နဲ့ ကလေးမှီခိုဘတ် တင်ထားသော မိဘများလည်း ကလေးတွေပါ တခါတည်းထုတ်လို့ရပါမည်

5နှစ်အောက် ကလေး=ထော်လော် စမ်ပက် ရပါမည်
5နှစ်အထက် ကလေး=ပန်းရောင်ကဒ် ရပါမည်

17/03/2026

Ci ရက်ချိန်း
New Appointment ရက်ချိန်းများ

28/3/2026
Total=47ယောက် 🔆
ရက်ချိန်းပေးပီး=33ယောက် ✅
10 ယောက် =ခရူကျန်🌟

3/4/2026
Total=21ယောက် ခရူကျန်🌟

8/4/2026
Total=10ယောက် ခရူကျန်🌟

12/3/2026
Total=30ယောက် ခရူကျန်🌟

သိရှိလိုသည်များကို မေးမြန်းလိုပါက
Michael Kyaw Kyaw (page)ရဲ့ Cb တွင်လည်း စာပိုမေးမြန်းနိုင်သလို

☎️ရုံးချိန် မနက်8:30 မှ ည​နေ 6:30 အတွင်းသာ
ဖုန်းဆက် မေးမြန်းနိုင်ပါသည်

ဆက်သွယ်ရန်
Ph= 099-207-5488
Ph=099-046-8424

ที่อยู่

Ramkhamhaeng Soi 3/1
Bangkok
10250

เบอร์โทรศัพท์

+66831980205

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Michael Kyaw Kyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram