20/02/2026
🧠 စိတ်ဖိစီးမှု (Stress) — မမြင်ရပေမယ့် လျစ်လျူရှုလို့မရတဲ့ ကျန်းမာရေးပြဿနာ
အလုပ်အကိုင်ဖိအား၊ မိသားစုတာဝန်၊ လူမှုဘဝအခက်အခဲတွေကြောင့်
စိတ်ဖိစီးနေတာကို လူအများစုက “ပင်ပန်းနေတာပါ” လို့ပဲ ထင်တတ်ကြပါတယ်။
ဒါပေမယ့် ကြာရှည်လာတဲ့ စိတ်ဖိစီးမှုက ရောဂါအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
⚠️ စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာများ
အောက်ပါအချက်တွေ မကြာခဏ ဖြစ်နေတယ်ဆိုရင် သတိထားဖို့လိုပါတယ်—
•အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်း
•ခေါင်းကိုက်၊ လည်ပင်းနာ၊ ကိုယ်လက်ကိုက်ခဲခြင်း
•စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ခြင်း
•အလုပ်၊ လူမှုဘဝအပေါ် စိတ်မဝင်စားတော့ခြင်း
•နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမဝသလိုခံစားရခြင်း
👉 ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်နဲ့ စိတ်က ပေးနေတဲ့ အရေးပေါ်အချက်ပေးစာ ဖြစ်ပါတယ်။
🩺 စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ရင် ဘာတွေဖြစ်နိုင်ပါသလဲ?
•သွေးတိုး၊ ဆီးချိုလို ရောဂါတွေ ပိုဆိုးလာနိုင်ပါတယ်။
•နှလုံးရောဂါ၊ လေဖြတ် အန္တရာယ်တိုးလာနိုင်ပါတယ်။
•Depression၊ Anxiety disorder တွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။
•ကိုယ့်ကျန်းမာရေးသာမက မိသားစု၊ အလုပ်အကိုင်ပါ ထိခိုက်နိုင်ပါတယ်။
•စိတ်ကျန်းမာရေးသည် ကိုယ်ခန္ဓာကျန်းမာရေး
နည်းတူအရေးကြီးပါတယ်။
🌿 စိတ်ဖိစီးမှုကို လျော့ချဖို့ လက်တွေ့ကျနည်းလမ်းများ
•ပုံမှန် အိပ်ေရးဝဝအိပ်ပါ။
•တစ်နေ့နည်းနည်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
•ဖုန်း၊ Social mediaအသံုးပြုခြင်း အချိန်လျော့ပါ။
•စိတ်ထဲမှာထားမထားဘဲ ယုံကြည်ရတဲ့သူတစ်ယောက်နဲ့ ရင်ဖွင့်ပါ။
•လက္ခဏာတွေ ကြာလာရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပါဆွေးနွေးပါ။
💬 သိထားပါ — စိတ်ဖိစီးမှုကို ကုသလို့ရပါတယ်
ရှက်စရာမဟုတ်ပါဘူး၊ ပျော့ညံ့စရာလည်း မဟုတ်ပါဘူး။
သိထားခြင်းက ကာကွယ်နိုင်ဖို့ အစပါပဲ။
📌 ဒီစာကို ကိုယ့်အတွက်ပါ၊ မိသားစုအတွက်ပါ၊ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ မျှဝေပေးလိုက်ပါနော်။
knowledge & Caring yourself family environment #