Min's Beauty Book Certified Counseling,Well Being,Parenting/Family Relationships,Domestic Violence Awareness. Youtube
https://youtube.com/
(1)

ပြီးခဲ့တဲ့ပိတ်ရက်တွေမှာ ဘာစာမှလာမတင်ဖြစ်ပါဘူးမတင်ဖြစ်ဘူးဆိုတာကလည်းကျွန်တော့်အမေကျန်းမာရေးကြောင့်ရယ်တခြား new businessတစ်...
19/04/2026

ပြီးခဲ့တဲ့ပိတ်ရက်တွေမှာ ဘာစာမှလာမတင်ဖြစ်ပါဘူး
မတင်ဖြစ်ဘူးဆိုတာကလည်း
ကျွန်တော့်အမေကျန်းမာရေးကြောင့်ရယ်
တခြား new businessတစ်ခုကိုစဖို့
ပြင်ဆင်နေတာကြောင့်ပါ
အမေ့ကို သက်ြန်တွင်း တရားစခန်းလိုက်ပို့ပြီး
အိမ်မှာ အိမ်ရှင်းရ တခြားကိစ္စလေးတွေလည်း
စီစဉ်နေရလို့ စာဖတ်သူတွေကို ပြစ်ထားသလို
ဖြစ်သွားရင် တောင်းပန်ရင်းနဲ့ပဲ
ဆက်ပြီး ပြစ်ထားပါရစေဦးနော်
အခုကနေစပြီး လာမယ့် August လကုန်အထိ
ကျွန်တော် Client လက်မခံတော့ကြောင်း
အသိလာပေးတာပါ
စာတွေတော့ ကြားထဲမှာလာလာတင်ပေးပါ့မယ်
Client ကတော့ လုံးဝလက်မခံပေးသေးပါဘူး
ကျွန်တော့်ရဲ့ နောက်ထပ်အလုပ်လေးကို
Set up လုပ်ပြီးရင် ပြန်လက်ခံပါမယ်
ဒီနေ့ဒီချိန်ထိ ကျွန်တော်နဲ့လက်တွဲအလုပ်လုပ်ပေးခဲ့တဲ့
Client အာလုံးကို ကျေးဇူးတင်လျက်ပါ

ကိုယ်ချစ်တဲ့သူအပေါ် စေတနာရှိဖို့လိုပါတယ်ဆရာမဂျူးပြောတဲ့ အချစ်စစ်အကြောင်း အင်တာဗျူးအတိုလေးတစ်ခုရှိတယ် အားလုံးကြည့်ဖူးကြမယ...
11/04/2026

ကိုယ်ချစ်တဲ့သူအပေါ် စေတနာရှိဖို့လိုပါတယ်

ဆရာမဂျူးပြောတဲ့ အချစ်စစ်အကြောင်း အင်တာဗျူး

အတိုလေးတစ်ခုရှိတယ် အားလုံးကြည့်ဖူးကြမယ်လို့

ထင်ပါတယ် "ကိုယ်မြတ်နိုးတဲ့အရာ ကိုယ်မြတ်နိုးတဲ့

လူကို စိတ်ချမ်းသာစေချင်တယ် ပျော်ရွှင်စေချင်တယ်

ကျန်းမာစေချင်တယ် အဲဒီ့အတွက်ကို ကိုယ်ကဘေးကနေ လိုအပ်တာလေးတွေ ဖြည့်ပေးရတာ အဲ့လိုဖြည့်ပေးလို့

ဟိုဘက်ကလူ ဝမ်းမြောက်ဝမ်းသာဖြစ်တယ်

သူ့ရဲ့ဘဝလေး ပြည့်စုံနေတယ်ဆိုရင်

ကိုယ်က ဒီဘက်ကကျေနပ်နေရတယ်

အဲ့ဒါက အချစ်စစ်ပဲ" တဲ့

ချစ်တယ်လို့ပြောပြီး မြတ်နိုးရတယ် တန်ဖိုးထားရတယ်လို့

ပြောပြီး အဲ့ဒီ လူအပေါ် စေတနာ မရှိဘူးဆိုရင်

ကိုယ်ချစ်တဲ့သူ အဆင်ပြေတာကို

မမြင်ချင်တာနဲ့ သဘောတရားကအတူတူပဲ

ချစ်တယ်ဆိုတဲ့အရာက intangible ဖြစ်ပေမယ့်

ချစ်တယ်ဆိုတဲ့အရာကို စေတနာနဲ့ tangible ဖြစ်အောင်

ဖော်ပြလို့ရပါတယ် သူ့ကို ကျွန်တော်ကဘယ်လိုချစ်တာ

ကျွန်မက ဘယ်လိုချစ်တာဆိုပြီး လူတကာကိုပတ်ပြောပြီး

သက်သေပြနေတာထက်စာရင် ကိုယ်ချစ်တဲ့သူ

ကိုယ်မြတ်နိုးတဲ့ သူအပေါ်မှာ စေတနာရှိပေးလိုက်တာက

ပိုပြီး သက်ရောက်မှုရှိစေပါတယ်

ဒါကြောင့် လူတွေ ပြောလေ့ရှိကြတာ

သူ့ဟာသူ ဘယ်လောက်ချမ်းသာ ချမ်းသာ

ကိုယ့်အပေါ် စေတနာမရှိရင် အလကားပဲတဲ့

ချစ်တယ်ဆိုတဲ့နေရာမှာ မတန့်သွားပဲ

ချစ်တယ် မြတ်နိုးတယ်ကနေ ထပ်ဆင့်

စေတနာပေါက်ဖွားလာဖို့လည်း လိုပါသေးတယ်

လူတစ်ယောက်အပေါ် စေတနာရှိဖို့ဆိုတာ

လွယ်တော့မလွယ်လှပါဘူး

ပြီးရင်ကိုယ်စေတနာရှိချင်တဲ့အပိုင်းပဲရှိပြီး

မရှိချင်တဲ့ အပိုင်းကျတော့ မရှိတာမျိုးကလည်း

အဓိပ္ပာယ်မရှိပါဘူး

ငယ်ငယ်က အဖေ့သူငယ်ချင်းတစ်ယောက်ရှိတယ်

သူက အဖေ့အပေါ်စေတနာရှိတယ်

အဖေ့အပေါ် only ပဲ

ပြီးရင် သူသွားသမျှ ktv ဘီယာဆိုင်

အရက်ဆိုင် အစုံခေါ်သွားတယ်

အကြိုက်သောက် အကြိုက်စား

စေတနာရှိတယ် အဖေက ငါ့ကို ပုံမှန်

ဝင်ငွေရမယ့်အလုပ်လေးတခုလောက်ရှိရင်

ပေးပါလို့ပြောရင် မသိချင်ယောင်ဆောင်နေတယ်

ဆိုင်တကာခေါ်သွားတယ် ကောင်းပေ့ဆိုတာတွေ

ကျွေးတယ် မွေးတယ် ဒါပေမယ့် ပိုက်ဆံတပြားမှမပေးဘူး

သူလိုက်ပို့လို့မှီရင် အိမ်ထိသူ့ကားနဲ့လိုက်ပို့တယ်

မမှီရင် လမ်းစရိတ်ပေးပြီး ပြန်ခိုင်းတယ်

အဖေကိုယ်တိုင်လည်း ပုံစံမကျတာပါပါတယ်

အဲ့လို စေတနာရှိပုံမျိုးကျတော့

ကိုယ်ချစ်တဲ့ခင်တဲ့လူကို အဆင်ပြေစေချင်တာမျိုးမဟုတ်ပဲ

ကိုယ့်လက်ဝေခံအနေနဲ့ပဲ မဟုတ်တဲ့နေရာတွေမှာ

စေတနာရှိတော့ တဖက်လူအတွက်လည်း

အဆင်မပြေဘူးပေါ့

အချစ်ဆိုတာ တဖက်လူကိုတကယ်ချစ်ရင်

ကိုယ်ချစ်တဲ့အဆင်ပြေစေချင်တယ်

စိတ်ချမ်းသာစေတယ်

အချစ်ဆိုတာ တဖက်လူထက် ကိုယ့်ကိုယ်ကိုယ်

ပိုချစ်နေရင် တဖက်လူကို ကိုယ့်လက်အောက်ကနေပဲ

သွားစေချင်နေတယ် ကိုယ်မရှိပဲ သူ့ဟာသူ

ရပ်တည်နေနိုင်တာမျိုး ဖြစ်ခွင့်မပေးဘူး

အချစ်က တကယ်ချစ်ရင် မေတ္တာစစ်ရင်

ဘာမှပြန်မမျှော်လင့်ကြတော့ဘူး

အသွားအပြန်မရှိလည်း ဒီအပေါ်မှာဖီလင်မရှိ‌ကြတော့ဘူး

အချစ်ဆိုတာ တဖက်တည်း ချစ်လို့ရလားဆိုရင်

ရတယ် မျှော်လင့်ချက်မထားရင်ပေါ့

ကျွန်တော်သာဆို personally အရ ပေါ့

တကိုယ်ရည်စာအတွေးပါ

ဆရာမဂျူးပြောတာထက်တောင်

ကိုယ်မြတ်နိုးတဲ့သူကို လုပ်ပေးချင်တယ်

ဖြစ်မြောက်စေချင်တယ်

ကိုယ့်ကိုကျေးဇူးမတင်လည်း ဖီလင်ဖြစ်မနေဘူး

ကိုယ်က သူ့ကို ချစ်လို့လုပ်ပေးတာဖြစ်တဲ့အတွက်

သူ့မှာတာဝန်မရှိဘူး ကိုယ့်မှာပဲ တာဝန်ရှိတယ်

ပြီးရင် မယောင်ရာဆီလူး စေတနာမျိုးမထားဘူး

ယောင်တဲ့နေရာပဲ ဆီလူးပြီး

သူ့ကို ဖြစ်မြောက်အောင် စေတနာထားမယ်

ကိုယ်စေတနာထားပေးလိုက်လို့

ကိုယ်မြတ်နိုးတဲ့သူလေး

လင်းလက်တောက်ပသွားမယ်ဆိုရင်

ကျွန်တော်ကတော့ ဘာမှပြန်မရလည်း

ပြုံးပြုံးကြီး ထိုင်ကြည့်နေဦးမှာ

ကျွန်တော်တို့က ချစ်တယ်ပြောတယ်

ကိုယ့်ချစ်တဲ့သူ ပျော်ရမှာထက်

ကိုယ်ပျော်မယ့်အရာကို ကိုယ်စိတ်ကျေနပ်မယ့်

အရာကို ဦးစားပေးနေကြတော့

ဒါက အချစ်စစ်မဟုတ်သေးဘူးလို့ပဲ

ယူဆရပါမယ် အချစ်စစ်မှာ

မျှော့်လင့်ချက်မရှိပဲ ကိုယ့်မြတ်နိုးတဲ့သူအပေါ်မှာ

စေတနာတွေ တပုံတပင်နဲ့ပါ

Counseling/Coaching session တွေအတွက်ကတော့

Message boxမှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်

Family , Relationship, Marriage, Mental care,

Personal Development စတဲ့အကြောင်းအရာတွေကို

ကျွန်တော်နဲ့ဆွေးနွေးမှုရယူနိုင်ပါတယ်

ကျွန်တော့်ရဲ့ Profile နဲ့ Skillတွေကို

Page ရဲ့ Pinned postတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်









#စေတနာ

Othello Syndrome"အထောက်အထားမရှိတဲ့ သံသယတွေက ကိုယ့်ရဲ့ Relationship ကို ဒဏ်ရာရနေ‌‌ စေပြီလား?"တနည်းအားဖြင့် Delusional dis...
10/04/2026

Othello Syndrome

"အထောက်အထားမရှိတဲ့ သံသယတွေက ကိုယ့်ရဲ့

Relationship ကို ဒဏ်ရာရနေ‌‌ စေပြီလား?"

တနည်းအားဖြင့် Delusional disorder လို့လည်းခေါ်နိုင်ပါတယ် မရှိတဲ့အရာတွေနဲ့ ကိုယ့်ပါတနာအပေါ်

မယုံမကြည်နဲ့ စွပ်စွဲတာမျိုးပါ

သာမန် အသေးအမွှား အပြုအမူလေးတွေကအစ

သူတို့အတွက်က စွပ်စွဲစရာကိစ္စကြီးတွေဖြစ်နေတာပါ

ဥပမာ ကိုယ့်ဟာကိုယ် ရေမွှေးလေးစွတ်မိလည်း

ဘယ်ကောင်မနဲ့ချိန်းထားလို့ ဒီလောက်လှချင်နေရတာလဲဆိုတဲ့ အပြောအဆို မျိုးတွေ

ဖုန်းမကိုင်မိတာမျိုး ဖုန်းမအားတာမျိုးဆိုရင်လည်း

ဘယ်ကောင်နဲ့ ပြောနေလို့လည်း ဆိုတဲ့

တဖက်ကို ရှင်းပြခွငိ့မပေးပဲ အတင်းစွပ်စွဲတားမျိုးပါ

အဆိုးဆုံး အခြေအနေကတော့

မလုပ်ထားတဲ့ ကိစ္စတစ်ခုကို အတင်း

ဝန်ခံခိုင်းတာမျိုးပါ

Othello syndrome ဖြစ်နေတဲ့ သူတွေက

အများစုကတော့ အမျိုးသားတွေပါ

အမျိုးသမီး အနည်းစုမှာလည်း ရှိတတ်ပါတယ်

အကြမ်းဖက်မှုတွေ အထိ ဖြစ်နိုင်ပါတယ်

ကိုယ့်ရဲ့ ထင်ယောင်ထင်မှား Delusional တွေက

ကိုယ့်ပါတနာအပေါ်မှာ သက်ရောက်မှုများလေလေ

နှစ်ယောက်ကြားက Trustဆိုတဲ့ ယုံကြည်မှုကပျက်လာတတ်ပါတယ်

ပြီးရင် မဟုတ်ပဲ စွပ်စွဲခံရတဲ့ တဖက်ကလည်း

ရွတ်လာတတ် ကန်လာတတ်ပါတယ်

ကိုယ့်မှာ Othello syndrome မျိုးရှိနေတယ်ဆိုရင်

ကိုယ့်ရဲ့ Past တွေ childhood တွေကို

ပြန်သွားကြည့်ဖို့လိုပါတယ်

ကိုယ့်အပေါ်မှာ ဘယ်သူမှမရှိဘူးလို့ဆိုပြီး

ဘုန်းကြီး တစ္ဆေမလုပ်ပါနဲ့

လိုအပ်ရင် Professional counseling လုပ်ရပါမယ်

ကျွန်တော်အမြဲပြောလေ့ရှိပါတယ်

ကိုယ့်ဟာကိုယ် ဆေးမြီးတို self-healingတွေ

လျှောက်မလုပ်ပါနဲ့ အချိန်ကြာပြီး အန္တရာယ်များပါတယ်

Professional counseling ယူပြီး တစခြင်းဆွဲထုတ်ပါ

တစခြင်းဆွဲထုတ်မှသာ ကိုယ်က ဘာကြောင့်

ဒါမျိုးဖြစ်နေတာလဲဆိုတဲ့ cause ကိုသိမှာပါ

ဖြစ်နိုင်တဲ့ Causes တွေက အများကြီးရှိပါတယ်

ကိုယ်က ဒါကို မသိပဲ အဖြေမရှာပဲ

တဖက်လူကို အကြောင်းမဲ့ စွပ်စွဲနေတယ်

စိတ်ဒဏ်ရာပေးနေတယ်ဆိုရင်

ကိုယ့်အပြင် စိတ်ဒဏ်ရာရတဲ့သူ

တစ်ယောက်ထပ်တိုးလာရုံပဲရှိပါမယ်

ဒီ Othello syndromeဖြစ်နိုင်တဲ့ Causesတွေထဲက

အဖြစ်နိုင်ဆုံးတစ်ခုကို ကျွန်တော်ပြောပြပါမယ်

ကိုယ့်ရဲ့ Low Self-esteem ကြောင့်ပါ

Low Self-esteem ဆိုတာ ဘယ်လိုလဲဆိုရင်

ငါက သူနဲ့မထိုက်တန်ပါဘူး

ငါ့ထက်သာတဲ့ သူနဲ့တွေ့ရင်

သူ ငါ့ကို ထားခဲ့မှာပါဆိုတဲ့ အတွေးကနေ

သံသယတွေက စတာပါပဲ

တခြား causesတွေဆိုရင် မူးယစ်ဆေးဝါးတွေကြောင့်ဖြစ်နိုင်တယ် ဦးနှောက်နဲ့အာရုံကြောရောဂါအခံရှိတဲ့သူတွေမှာလည်း

အခုလိုအခြေအမြစ်မရှိ သံသယလွန်ကဲတာမျိုး

တွဲဖြစ်တတ်ပါတယ်

ကိုယ့်ပါတနာက ဒါမျိုးဖြစ်နေရင် အပြစ်မတင်ပါနဲ့

ကုသဖို့သာ တိုက်တွန်းကြည့်ပါ

သူကိုယ်တိုင်က မကုသချင်ဘူး

ခေါင်းမာနေရင်တော့လည်း

လမ်းခွဲဖို့တော့ စဉ်းစားပေပေါ့နော်

ဆရာ့ရဲ့အကြံပေး အစီအစဉ်လေးက ထိရောက်မယ်ထင်ပါတယ် 😁

လူတွေက သူတို့ကို သူတို့ဆက်ဆံသလို ပြန်ဆက်ဆံပေးလိုက်ရင် နေမထိ ထိုင်မသာကြတော့ဘူးဆက်ဆံရေးတွေမှာ သူ့ဘက်ကိုယ့်ဘက်ဆိုတာရှိပါတယ်...
09/04/2026

လူတွေက သူတို့ကို သူတို့ဆက်ဆံသလို

ပြန်ဆက်ဆံပေးလိုက်ရင် နေမထိ ထိုင်မသာကြတော့ဘူး

ဆက်ဆံရေးတွေမှာ သူ့ဘက်ကိုယ့်ဘက်ဆိုတာရှိပါတယ်

ကိုယ့်ဘက်ချည်းပဲ ကြည့်နေမယ်ဆိုရင်

ဆက်ဆံရေးကောင်းတစ်ခုရဖို့မလွယ်ပါဘူး

ငါ့ကို ဘယ်သူမှမပေါင်းချင်ဘူးဆိုပြီး

Drama လုပ်နေတာထက် ငါ့မှာ ဘာ error ရှိနေလဲဆိုပြီး

တခါတလေ ကျရင်ပြန်ဆန်းစစ်သင့်ပါတယ်

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တယ်ဆိုတာက

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခိုင်းတာမျိုးမဟုတ်ပါဘူး

တချို့လူတွေက သူတို့လုပ်နေရရင်အကောင်းပါ

သူတို့ကို သူတို့ပုံစံပြန်လုပ်ရင်တော့

နေမထိ ထိုင်မသာကြပါဘူး

လူတိုင်းကတော့ perfect မဖြစ်ဘူးဆိုတာ မှန်ပေမယ့်

Perfect မဖြစ်တဲ့ကြားကနေ ဆက်ဆံရေးတွေ တည်ဆောက်ကြရတာပါ

ရာသီဉတုကပူပူ အခြေအနေတွေက မကောင်းရတဲ့ကြားမှာ

လူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ရတာ အင်မတန်ခက်ခဲပါတယ်

အသစ်တွေတည်ဆောက်ဖို့မပြောနဲ့ ရှိပြီးသား

ဆက်ဆံရေးတွေကိုတောင် မနည်းထိန်းသိမ်းနေရတဲ့

ကာလမျိုးပါ

လူတွေမှာ အထေ့အငေါ့ လုပ်တာလေးတွေရှိတတ်ကြတယ်

ကျွန်တော်ကျ ဒဲ့သမားဆိုတော့ ထေ့တာငေါ့တာမကြိုက်ဘူး

တခါတလေ အော် ရာသီဥတုကြောင့်

တခြားတခုခုကြောင့် စိတ်အဆင်မပြေလို့ပါဆိုပြီး

ဖြည့်တွေးပေးပေမယ့် ထေ့တာငေါ့တာ

အကြိမ်ကြိမ် ဖြစ်လာရင် ကျွန်တော်အဲ့ဒီလူနဲ့

ဆက်ဆံရေး ချဲလိုက်ပါတော့တယ်

မေးထူးခေါ်ပြောကလွဲပြီး ကျန်တာဆက်မလုပ်တော့ပါဘူး

လွန်လာရင်ပြန်ထေ့ပေးလိုက်ပါတယ်

အဲ့အခါကျ သူတို့က မခံနိုင်ကြပါဘူး

ကျွန်တော်က တော်ရုံ သူများကို ချိုးနှိမ်ရတာတွေ

အပြစ်ပြောရတာတွေ hate speech ပြောရတာတွေ

သိပ်အာသီသ မရှိဘူး ကိုယ့်ဟာကိုယ် လက်ဖက်ရည်

တခွက်ဖျော်ပြီး သီချင်းညည်းနေတတ်တဲ့လူစားမျိုး

ကိုယ်လုပ်ပေးနိုင်တာရှိရင် အကောင်းဆုံးလုပ်ပေးတယ်

ကျေးဇူးလည်း တင်မခံချင်ဘူး

ကျေးဇူးတင်ပေးစရာလည်းမလိုဘူးလို့သတ်မှတ်ထားတယ်

ကိုယ့်သဘောနဲ့ကိုယ်လုပ်ပေးတဲ့အရာတွေမှာ

တဖက်က ကျေးဇူးမတင်လို့ ဖီလင်တွေဖြစ်နေတဲ့ထဲ

ကျွန်တော်မပါဘူး ငါလုပ်ပေးနိုင်လို့ လုပ်ပေးလိုက်တယ်

ဒါပဲ ပြီးပြီ ကျန်တာဘာမှထပ်တွေးမနေဘူး

ကိုယ့်အပေါ် တခါကောင်းပေးရင် ဆယ်ခါကောင်းပေးရဖို့

ဝန်မလေးတဲ့သူမျိုး ကိုယ့်ပါးစပ်တစ်ပေါက်ကြောင့်

စကားတခွန်းကြောင့် သူတို့အဆင်ပြေသွားတာပဲလုပ်ပေးတယ်

သူငယ်ချင်းအပေါင်းအသင်းအပေါ် အရမ်းကာကွယ်ပေးတယ်

ထေ့လာငေါ့လာရင်တော့ ဒိုး

ဆက်မပေါင်းတော့ဘူး အာရုံနောက်လို့

ဘာမှမမျှော်လင့်ဘူးဆိုပေမယ့်

ကိုယ်လည်း သူကောင်းစားတာပဲမြင်ချင်ပေမယ့်

သူကျ ကိုယ်ကောင်းစားတာ မမြင်ချင်တဲ့သူနဲ့ကျ

အပေါင်းအသင်းမလုပ်ချင်ဘူး ခပ်ဝေးဝေးပဲနေတယ်

သိအောင်တော့ တခါလောက်တော့ ပြန်ထေ့ပေးလိုက်တယ်

နောက်ခါတွေ သောက်ရူးသောက်ပေါလိုပဲနေပြီး

ခပ်ခွာခွာနေလိုက်တယ်

အမုန်းမပွား အချင်းမများတော့ဘူး

ငယ်ငယ်ကတော့ ဒဲ့ဖြဲတဲ့အဖွဲ့ကပါ

မင်းဘာကောင်လဲ ငါဘာကောင်လဲဆိုပြီး

မျက်နှာချင်းဆိုင်ရှင်းရင်ရှင်း

မဟုတ်ရင်ကလော်တုတ်ဆဲပြီး

နာအောင်ပြောပစ်တာမျိုးတွေလုပ်ခဲ့ဖူးပါတယ်

အသက်ကြီးလာတော့ ကိုယ်နဲ့vibe မတူရင်

ခပ်ခွာခွာနေလိုက်တယ်

Problem solved က ဒါလေးပါပဲ

လူတိုင်း ဘဝမှာ first time & last timeလုပ်ဖြစ်ကြတဲ့ လုပ်ရပ်တွေ ရှိသလို့တွေ့ဖြစ်ကြတဲ့ လူတွေလည်းရှိပါလိမ့်မယ်နောက်ဘယ်တော့မှ...
08/04/2026

လူတိုင်း ဘဝမှာ first time & last time
လုပ်ဖြစ်ကြတဲ့ လုပ်ရပ်တွေ ရှိသလို့
တွေ့ဖြစ်ကြတဲ့ လူတွေလည်းရှိပါလိမ့်မယ်
နောက်ဘယ်တော့မှ ပြန်မဆုံချင်တဲ့ လူတွေရှိတယ်
ဥပမာ ဟိုနေ့ကပြောပြတဲ့ လူမှုရေးခေါင်းပါးတဲ့
သူမျိုးတွေပေါ့ ပြီးရင် လက်အောက်ငယ်သားကို
ထည့်မတွေးပေးတတ်တဲ့ လူမျိုးတွေကိုပါ
အဲ့လိုလူတွေနဲ့ အလုပ်လည်း တွဲမလုပ်ချင်သလို
နောက်လည်း မဆုံချင်ပါဘူး

လူတစ်ယောက် humble ဖြစ်ခြင်း မဖြစ်ခြင်းက
သူ့ထက်သာတဲ့ သူ့ထက်မြင့်တဲ့
လူအပေါ်ကို ဆက်ဆံတဲ့ပုံကိုကြည့်ပြီး
ဆုံးဖြတ်လို့မရပါဘူး သူ့ထက်နိမ့်ကျတဲ့
သူ့လောက်မှ အဆင်မပြေတဲ့ သူတွေအပေါ်
ဘယ်လို ဆက်ဆံလဲဆိုတာကို ကြည့်ပြီးမှပဲ
ဆုံးဖြတ်နိုင်ပါတယ် လူတိုင်းက ကိုယ့်ထက်သာတဲ့
သူဆိုရင်တော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ချိုချင်ကြတာပါပဲ
အကျိုးအမြတ်ရှိကောင်းရှိနိုင်တာကို

ကိုယ့်ထက်နိမ့်ကျတဲ့ သူတွေကိုကျတော့
လူတွေက တော်တန်ရုံ မချိုချင်ကြပါဘူး
ကျွန်တော်လည်း အရင်တုန်းက အဲ့လိုလူထဲပါဖူးတယ်
ဒါပေမယ့် တကယ့် လုပ်ငန်းခွင်ထဲဝင်လာရတဲ့အခါ
လူတွေနဲ့ နဖူးတွေ့ဒူးတွေ့ ဆက်ဆံလာရတဲ့အခါမှာ
ကိုယ့်ထက်သာတဲ့ လူတွေကိုပဲ ချိုနေလို့မရဘူးဆိုတာ
သိလာပါတယ် ပြီးတော့ လူတွေကိုက
ပေးကမ်းပြီး ပေါင်းလို့မရဘူးဆိုတာလည်း
သိလာပါတယ် ပေးကမ်းထားတိုင်း
ကိုယ့်လူ ဖြစ်မနေနိုင်ပါဘူး
ဘယ်လောက်ပေးကမ်းထားထား
ကိုယ်က မောက်မာနေတယ် စိတ်မမှန်ဘူးဆိုရင်
ကိုယ့်အနားမှာ ကြာကြာမနေကြပါဘူး
ပြီးတော့ ကမ္ဘာကြီးက ကိုယ့်ကို
ဗဟိုပြုပြီး လည်ပတ်နေတာမဟုတ်ပါဘူး

လူ့အကြောင်း ပေါင်းကြည့်မှ သိဆိုသလိုပဲ
တချို့လူတွေကိုက တခါပေါင်းပြီးရင်
တသက်လုံး ပေါင်းသင်းဆက်ဆံချင်စိတ်ရှိသလို
တချို့သူတွေကိုက တခါပေါင်းပြီးရင်
နောက်ဘယ်တော့မှ အဆက်ဆံလုပ်ချင်စိတ်မရှိတော့တဲ့အထိ
ဖြစ်ရတာတွေရှိပါတယ် အထူးသဖြင့် လက်အောက်ငယ်သားတွေအပေါ် မညှာတာ မကြည့်ရှူတဲ့သူတွေပါ
ကိုယ့်ထက်နိမ့်ကျတဲ့ သူတွေဆိုတာ
ကိုယ်လုပ်ရင် လုပ်သလို ခံစရမြဲပါ
ကိုယ်ဖိလို့ ရတဲ့သူဆိုတိုင်း
ဖိနေတာက ကိုယ့်ရဲ့ ကာရိုက်တာကို
ပုံဖော်နေတာနဲ့ အတူတူပါပဲ

ဘဝမှာ first time & last time
လုပ်ဖူးတဲ့အရာတွေ စမ်းသပ်ဖူးတဲ့
အရာတွေရှိလည်း နောင်တရနေတာထက်
Lesson learn သာလုပ်ပါ
ထို့နည်းလည်းကောင်း နောက်မပတ်သက်ချင်တော့တဲ့
လူတွေနဲ့ ကြုံလာခဲ့ရင်လည်း
သူတို့နဲ့ဘာလို့ ပတ်သက်မိခဲ့လဲဆိုပြီး
နောင်တရနေတာထက် သူတို့ပတ်သက်ခဲ့ရခြင်းအပေါ်မှာ
Lesson learn သာလုပ်ပါ

နောက်မပတ်သက်မိအောင် သာကြိုးစားပါ

ဒါပါပဲ

ကျွန်တော့်client တွေ ကျွန်တော့်ကို ထင်ကြတာကျွန်တော့်မှာ ဘာပြဿနာမှမရှိပဲ အေးချမ်းနေလိုက်တာမျိုးဆိုပြီးပေါ့ ရှိ‌ရင်လည်း ဆရ...
03/04/2026

ကျွန်တော့်client တွေ ကျွန်တော့်ကို ထင်ကြတာ

ကျွန်တော့်မှာ ဘာပြဿနာမှမရှိပဲ အေးချမ်းနေလိုက်တာမျိုးဆိုပြီးပေါ့

ရှိ‌ရင်လည်း ဆရာက သူများတွေကိုတောင်

ဖြေရှင်းပေးနေတာ ဆရာ့အတွက်တော့

အေးဆေးပါပဲလို့ ထင်တတ်ကြပါတယ်

နိုးပါနော် လုံးဝအမှားအကြီးစားကြီးပါ

ကျွန်တော်လည်း ပုထုဇဉ်ဖြစ်တဲ့အတွက်

ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိပါတယ်

ကိုယ်စလိုက်တဲ့ ပြဿနာတွေရှိသလို

ကိုယ့်ဟာကိုယ် အိမ်ထဲအေးအေးနေလည်း

ပြဿနာက ကိုယ့်ခေါင်းပေါ်တည့်တည့်ကျလာတာမျိုးတွေရှိပါတယ်

ဖြေရှင်းနိုင်တာတွေ handle လုပ်နိုင်တာတွေလည်း

ရှိခဲ့သလို တိုင်ပတ်နေတာမျိုးတွေလည်းရှိပါတယ်

တနေ့က သူငယ်ချင်းတစ်ယောက်နဲ့ပြောဖြစ်တဲ့

Conversation တစ်ခုကို ပြန်ပြောပြမယ်

သူငယ်ချင်းဆိုတာ အိတ်သွန်ဖာမှောက်ပေါင်းတဲ့

လက်၃ချောင်းမပြည့်တဲ့ထဲက တစ်ယောက်ပေါ့

အရွယ်တူ ဖြတ်သန်းရတာတွေတူ ခံစားရတဲ့

အခြေအနေတွေတူတော့ ဘာပြောဖြစ်လဲဆိုတော့

သူငယ်ချင်းရယ်လို့ ငါတို့ဘဝတွေက

ဘာလို့ ဖြောင့်ဖြောင့်တန်းတန်းတွေမရှိရတာလဲလို့

ငယ်ငယ်က မပြည့်စုံခဲ့ပေမယ့် ကလေးမို့လို့လားမသိ

သိပ်မပူပန်ခဲ့ရဘူးနော်လို့ အခုများ

ပူစရာတွေများပြီး တခါတလေကျရင်

ဘယ်ကစပူရမှန်းမသိပဲ တချို့ဟာတွေ

ဘေးကပ်ထားရတာရှိတယ်လို့

Relationshipမှာပူရ မိသားစုမှာပူရ

စီးပွားရေးမှာပူရနဲ့ ပူစရာတွေများလိုက်တာဟယ်

ဘဝကလည်း ဘာကြီးမှန်းလည်းမသိဘူးဆိုပြီး

ခဏနေတော့ တဟီဟီနဲ့ conversation အဆုံးသတ်လိုက်တယ် အသက်၃၀အရွယ်မှာ

ဆယ်ကျော်သက်တုန်းကလို ကလေးဘဝတုန်းကလိုတော့

အပူအပင်က မကင်းတော့တာအမှန်ပါ

ဒီအပူအပင်တွေကို ထိုင်ငြီးနေလို့လည်းမရတော့

တချို့‌ဟာတွေကို ချက်ချင်းလက်ငင်း

ထဖြေရှင်းရတာရှိသလို တချို့ဟာတွေကိုလည်း

ခဏဘေးကပ်ထားရတာရှိပါတယ်

ဘဝမှာကြုံရစုံရ လူတွေကြောင့်လည်းပါပါတယ်

ကိုယ်ကအေးအေးနေပေမယ့်လည်း

ပြဿနာတွေက ကိုယ့်ဆီတည့်တည့်ရောက်လာတယ်ဆိုတာ

ကိုယ်ပတ်သက်ရတဲ့ လူတွေကြောင့်လည်းပါပါလိမ့်မယ်

ကိုယ်ကအေးချမ်းရပေမယ့် ကိုယ်ပတ်သက်ရတဲ့

လူတွေက မအေးချမ်းတဲ့အခါ ကိုယ်လည်းမအေးချမ်းရတော့ပါဘူး တချို့ဟာတွေမှာလည်း မှိတ်ကြိတ်ခံရတာတွေရှိပါတယ် မှိတ်ကြိတ်ခံတယ်ဆိုတာက

ဒီအကြောင်းအရာတခုကို ဖြတ်ကျော်ရမယ်ဆိုတဲ့

သဘောနဲ့ပါ အပေါ်မှာ သူငယ်ချင်းနဲ့ပြောသလိုပဲ

ဘဝက သူများတွေလို ဖြောင့်တန်းမနေဘူး

အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိမနေဘူး

တချို့အရာတွေက သူများတွေအတွက်

တအားလွယ်ကူနေပေမယ့် ကိုယ့်အတွက်မှာ

အရမ်းခက်ခဲနေတာမျိုးတွေရှိပါတယ်

တခုခုဆို လူတကာပတ်မပြောတတ်တော့

ကိုယ့်ကိုဆို အဆင်ပြေအေးချမ်းတယ်လို့ပဲထင်ကြတာမျိုးပေါ့

လူပတ်ပြောရတာ ဝါသနာမပါတာလည်းဖြစ်ပါလိမ့်မယ်

တယောက်စ နှယောက်စကို ပြောဖြစ်ခဲ့ရင်တောင်မှ

သူ့ဘက် ကိုယ့်ဘက် ရယ် ကိုယ်လွန်တာရှိရင်လည်း

ထည့်ပြောဖြစ်ပါတယ် တချို့တွေကျ

လူတကာတော့ပတ်ပြောတယ်

သူတို့အမှန် သူတို့အကောင်း သူတို့ပန်းနုသွေး

တဖက်သူက လုံးဝအရိုင်းအစ်ုင်း

ဘယ်လိုသည်းခံထားရတာ

ဘယ်လိုနားလည်ပေးထားရတာမျိုးပေါ့

တခါတလေကျ ပိုက်ဆံရှာလို့ပင်ပန်းရတာထက်

ဒီလိုလူတွေကြောင့် ပင်ပန်းရတာနဲ့

ဘဝက အင်မတန်ခက်ခဲရတဲ့အချိန်တွေရှိပါတယ်

ထုတ်မပြောလို့သာ မသိကြတာပဲရှိပါလိမ့်မယ်

ကျွန်တော့်ကိုလည်း သိပ်အထင်မကြီးပါနဲ့

Human being ဆိုတဲ့အတိုင်း

ကျွန်တော်လည်း တခါတလေ တိုင်ပတ်နေတာမျိုးတွေရှိပါတယ်

လူဖြစ်နေဆဲကာလတွေမှာတော့

လူတယောက်မှာရှိသင့်ရှိထိုက်တဲ့

အပူအပင်တွေဆိုတာ ရှိနေဦးမှာပါ

အများကြီးမတွေးပါနဲ့ ကိုယ်တစ်ယောက်တည်း

ဖြစ်နေတာမဟုတ်ပါဘူး အဖော်တွေရှိနေပါသေးတယ်

ဖိုက်တင်းပေါ့

Give to GainRelationship တွေမှာ "Give to Gain " ဆိုတဲ့Concept တစ်ခုရှိတယ် Give ရဲ့အဓိပ္ပာယ်ကိုဒီမှာက ပိုက်ဆံလို့မသတ်မှတ်...
31/03/2026

Give to Gain

Relationship တွေမှာ "Give to Gain " ဆိုတဲ့

Concept တစ်ခုရှိတယ် Give ရဲ့အဓိပ္ပာယ်ကို

ဒီမှာက ပိုက်ဆံလို့မသတ်မှတ်ပါဘူး

ပေးတဲ့သူက အရှုံးသမား မဟုတ်ပါဘူး

Relationship တစ်ခုကို ဦးဆောင်နိုင်သူလို့သတ်မှတ်လို့ရပါတယ် ဦးဆောင်သူက ယောကျာ်းလည်းဖြစ်နိုင်တယ်

မိန်းမလည်းဖြစ်နိုင်တယ် ယောကျာ်းကပဲဦးဆောင်သူ

ဖြစ်နေရမယ်ဆ်ုတဲ့ Relationship Theory မရှိသလို

ကြီးတဲ့သူကပဲ ဦးဆောင်ရတာမျိုးလည်း မရှိပါဘူး

What to Give ?

ဘာတွေပေးဆပ်ကြမလဲ

ကျွန်တော့် တကိုယ်ရည်စာကို အရင်ပြောပြပါမယ်

ကျွန်တော့်မှာ ပိုက်ဆံရှိရင် ပိုက်ဆံပေးမယ်

အချိန်တွေရှိရင် အချိန်တွေ ပေးမယ်

ဒါတွေအပြင် ခများတို့အနေနဲ့

ဘာတွေ ပေးလို့ရမလဲဆိုတာကို

ကျွန်တော် ဝိုင်းစဉ်းပေးမယ်

Quality time : တဖက်လူက ပြောတာတွေကို အာရုံစိုက် အချိန်ပေးပြီး နားထောင်ပေးတာကလည်း

ပေးဆပ်ခြင်းတစ်မျိုးပါပဲ

တခါတလေ ကိုယ့်ကိုပဲ ပြောပြချင်တဲ့

အကြောင်းအရာတွေ သူတို့မှာရှိပါတယ်

ဒါကို ကိုယ်က မသိလိုက်မသိဖာသာ လုပ်ရင်

တဖက်လူအတွက် ခံစားရစေပါတယ်

Validation: တဖက်လူရဲ့ ကြိုးစားမှုကို အသိမှတ်ပြု ချီးမွှမ်းပေးတာမျိုးပါ ဒါမျိုးက Relationship တွေမှာ မေ့နေတတ်ပါတယ် ချီးကျူးစရာမလို အသိအမှတ်ပြုစရာမလိုဘူးလို့

ထက်ကြပါတယ် လိုကိုလိုပါတယ်နော်

လူတိုင်းက ကိုယ်နဲ့အနီးကပ်ဆုံးရှိတဲ့

လူဆီက အသိအမှတ်ပြုတာကိုခံချင်ကြပါတယ်

Space : တစ်ယောက်တည်း နေခွင့်ပေးခြင်းပါ

တနေ့တာမှာဖြစ်စေ တခါတလေမှာဖြစ်စေ

လူတွေက တယောက်တည်းနေချင်ကြတဲ့အခါတွေရှိပါတယ်

ကျွန်တော်ဆို noti သံတွေကို အရမ်းစိတ်အနှောက်အယှက်ဖြစ်တတ်တဲ့သူဆိုတော့ ဖုန်းတွေကို

Do not disturb လုပ်ထားပြီး

Tiktokတွေ Reelတွေ ကြည့်နေတာမျိုး

တခါတလေ YouTube က podcastတွေ

စာပေဟောပြောပွဲလိုဟာတွေ နားထောင်နေတာမျိုး

ဒါမျိုးတွေလုပ်တတ်ပါတယ်

ယောကျာ်းလေးတွေက တယောက်တည်း

နေချင်စိတ် ပိုများကြပါတယ်

တယောက်တည်းပဲနေပြီး ကိုယ့်ပါတနာကို

ဂရုမစိုက်တော့တာမျိုးထိဖြစ်မသွားအောင်လည်း

ထိန်းညှိဖို့လိုပါတယ်

Forgiveness : အမှားတွေကို ခွင့်လွှတ်ပေးခြင်း

Relationship တွေမှာ အမှားတွေကို ခွင့်လွှတ်ဖို့

လူတွေက ကြောက်ကြပါတယ် အမှားတွေ

လူတိုင်းက လုပ်ဖူးကြတယ်

တချို့ကမသိပဲမှားတယ် တချို့ကပိတ်မိနေပြီး

ဒီအမှားက ရုန်းမထွက်နိုင်လို့မှားနေတာမျိုးတွေရှိတယ်

သူကိုယ်တိုင်က မမှားချင်တော့ဘူး

ဒါပေမယ့် မှားမိနေတုန်းဖြစ်နေတယ်

တဖက်လူအတွက်လည်း ခွင့်လွှတ်ပေးရတယ်ဆိုတာ

မလွယ်ပါဘူး ခွင့်လွှတ်ပေးရင်းကနေ

ကိုယ့် Relationship ကို Gain ဖြစ်အောင်လုပ်နိုင်ရင်

ဆရာပါပဲ

ပေးတယ်ဆိုတဲ့နေရာမှာ သတိထားရမှာက

ကျွန်တော်တို့က တစ်ခုခုကို ပြန်လိုချင်လို့

ပေးတာမျိုးထက် ပိုကောင်းတဲ့

Relationship ကို ပိုင်ဆိုင်ချင်လို့

ပေးတယ်ဆိုရင်က ပိုပြီးတော့

Realistic ဖြစ်မယ်လို့ထင်ပါတယ်

ကိုယ်က အတ္တကို အခြေခံပြီး ပေးရင် အတ္တတွေပဲရမယ်

ကိုယ်က မေတ္တာကို အခြေခံပြီး ပေးရင် မေတ္တာတွေပြန်ရမယ်

တခါတလေကျရင် တဖက်လူက ကိုယ်ပေးတာတွေ

မရနေတာမျိုးလည်းဖြစ်တတ်တယ်

ကိုယ်ကဒါပေးချင်မယ့် သူက တခြားဟာ

လိုနေတာမျိုးလည်း ဖြစ်တတ်တော့

ပေးဆပ်ခြင်းတွေဟာ အပေးတည့်ဖို့လိုပါသေးတယ်

အပေးချော်နေတဲ့အခါ ထပ်တူမကျပဲ

Relationship တွေမှာ

ငါက ချည်းပေးနေရတယ်ဆိုတာမျိုးနဲ့

ချော်ထွက်လာတတ်ပါတယ်

နှစ်ဉီး နှစ်ဖက် ထပ်တူကျမှသာ

Gain ဆိုတဲ့ ရလဒ်ကောင်းတွေရလာမှာပါ

Relationship Coaching အတွက် လိုအပ်တယ်ဆိုရင်လည်း

ကျွန်တော့်ရဲ့ Message box ကို ဆက်သွယ်လို့ရပါတယ်

RSတိုင်း အနှောက်အယှက်ကင်းကင်းနဲ့ပျော်ရွှင်နိုင်ကြပါစေ

ချစ်ခြင်းမေတ္တာတွေက ကုန်သွားတတ်လား ?
25/03/2026

ချစ်ခြင်းမေတ္တာတွေက ကုန်သွားတတ်လား ?

ချစ်ခြင်းမေတ္တာတွေက ကုန်သွားတတ်လား?

ထုတ်ပေးစရာကုန်သွားတတ်တဲ့အခြေအနေမျိုးနဲ့ကြုံရတတ်တယ်
ဘယ်လိုအခြေအနေမျိုးတွေလဲဆိုတော့ သမီးရည်းစားချစ်သူအဖြစ်နဲ့
ဆက်သွားဖို့မသင့်တဲ့အခြေအနေမျိုးတွေပေါ့
သူငယ်ချင်းလို Friendshipလိုမျိုးဆိုရင်
ရင်ဘတ်ထဲကခံစားချက်တွေကို ထုတ်ပေးဖို့ရှိသေးတယ်
ထပ်မထုတ်ပေးတော့လည်း လုံလောက်တယ်လို့
ခံစားလို့ရနေပေမယ့် အဆင့်ထပ်တက်လိုက်တဲ့အခါမှာ
တဖက်သူအတွက်လည်း မလုံလောက်သလို
ကိုယ်လည်း ထပ်ထုတ်ပေးစရာမရှိတော့ဘူး
အဲ့အခြေအနေမှာ Relationshipက
ပျင်းစရာကောင်းလာတတ်တယ်

တချို့ Relationshipတွေက သမီးရည်းစားချစ်သူ
မဖြစ်သင့်ပဲ ချော်လဲရောထိုင်ချဖြစ်စေ
အနေနီးလို့ဖြစ်စေ တဖက်သူက သူ့ရဲ့Natural
Helping styleအရ ကူညီတတ်တာ careလုပ်တတ်တာကို
ကိုယ်က ကိုယ့်တစ်ယောက်တည်း ကွက်ပြီးလုပ်ပေးတယ်ထင်ပြီး
တဖက်သူ့အပေါ်မှာ Emotionally Dependဖြစ်သွား
ဟိုဘက်ကလည်း သူ့ခံစားချက်ကို သေချာနားမလည်ပဲ
ချောလဲရောထိုင်လုပ် အဲ့မှာတင် သံယောဇဥ်လိုလို
အနေနီးတာလိုလိုနဲ့ သမီးရည်းစားချစ်သူဖြစ်သွားကြရော

သူငယ်ချင်းမကျ ရည်းစားမကျ ဘဝတုန်းက
ဒီလူက ကိုယ့်ကို တအားဂရုစိုက်တယ်
ချစ်ပေးမယ်လို့ ထင်ခဲ့ရပေမယ့် တကယ်တမ်း
ချစ်သူဖြစ်သွားတော့ ဒီလူပေးတဲ့ခံစားချက်တွေက
enoughဖြစ်တယ်လို့မခံစားရတော့ဘူး
တစ်ဖက်သူကလည်း အချိန်ကာလတခုကြာတဲ့အခါမှာ
သူ့ဆီက ထပ်ထုတ်ပေးစရာမရှိတော့ဘူး
ထပ်ထုတ်ပေးစရာမရှိတော့ သူ့ပုံစံအတိုင်းပဲ
ဖာသိဖာသာနေလာတယ် အဲ့အခါကျ ကိုယ့်ကို
အရင်တုန်းကလို ဂရုမစိုက်တော့ပါလားဆိုပြီး
ဆိုက်ကိုဝင်ချလာရော

သူ့က ကိုယ့်ကို အချိန်မပေးနိုင်တော့ဘူးလို့ထင်လာတယ်
အဲ့အထင်ကမှားတယ် အဆင့်မတက်သင့်ပဲ
အဆင့်တက်လိုက်တဲ့အတွဲတွေမှာက ကာလတစ်ခုကိုရောက်ရင်
အချိန်မပေးချင်တော့ဘူး အချိန်မပေးနိုင်တာမဟုတ်ဘူး
ဒီလူဖြစ်နေလို့ကို အချိန်မပေးချင်တော့တာမျိုးပေါ့
အဲ့လိုအခြေအနေရောက်လာရင် ကိုယ်ကကောင်းကောင်း
သဘောပေါက်ဖို့တော့လိုပြီ အချိန်မပေးနိုင်တာမဟုတ်ဘူး
ငါမို့လို့ကို အချိန်မပေးချင်တော့တာ
သူပေးချင်တဲ့သူတွေကိုဆိုရင် သူ့အတွက်
အချိန်တွေကရှိနေတာပဲဆိုတာကို ကိုယ်ကသိရလိမ့်မယ့်

အကြောင်းအရင်း Basicအတန်းကနေ
intermediateကိုမတက်ပဲ advancedအတန်းကို
ခုန်တက်လိုက်သလိုပဲ သူနဲ့ကိုယ်က Basicမှာဆိုရင်
အတော်လေးအဆင်ပြေနေတယ် ကိုယ်ကintermediateတက်စရာမလိုဘူး သိပ်ချစ်တတ်တဲ့သူဆိုတော့ ကိုယ်အချစ်တွေကို
ထုတ်ပြတတ်တယ် ထုတ်ပြစရာလည်းလုံလုံလောက်ရှိတယ်
အဲ့တော့advancedကို
ခုန်တက်လို့ ရပေမယ့် သူကျတော့ Basicကနေ
Advancedကို ခုန်တက်လာတော့
သူသင်ခဲ့ရတဲ့ Basicကဟာတွေလည်းကုန်ရော
ထပ်ထုတ်စရာမရှိတော့ဘူး ကုန်ပြီ
အဲ့မှာတင် သူ့နဂိုပုံစံကပြန်ပေါ်လာရော
ကိုယ်ကအဲ့မှာ အလိုတွေမကျ ဖြစ်ချင်စိတ်တွေများ
ကိုယ့်စိတ်ကို ကိုယ့်ဟာကိုယ် ပြန်ဒုက္ခပေးနဲ့
Relationshipအပူတွေရပါလေရော

နောက်ပြီး လူတစ်ယောက်ကို Fixedလုပ်ချင်လို့မရဘူး
သူကလည်း သူ့ပုံစံတိုင်း ကြီးပြင်းလာတဲ့ဖြစ်တဲ့အတွက်
တစ်သက်လုံး အပြင်သွားရင် အဖေအမေကိုတောင်
ပြောမသွားတဲ့သူကို ကိုယ်နဲ့ကျမှ အသိပေးသွားပါလို့လုပ်လို့မရဘူး
အဖေအမေက တားနေရဲ့ဆေးလိပ်သောက်လာတဲ့သူ့ကို
ငါ့အတွက်ကြောင့်နဲ့ ဆေးလိပ်ဖြတ်ပါဆိုပြီး
အတင်းအကျပ် fixedလုပ်ချင်လို့မရဘူး
ကိုယ်နဲ့မတွေ့ခင်တည်းက ရှိခဲ့တဲ့ သူ့ရဲ့
existenceတွေကို လက်ခံပေးနိုင်ဖို့ကြိုးစားရမယ်
လူဆိုတာ ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြတာလေနော်
သူများကြိုက်တာကို လိုက်မလုပ်ပေးချင်ကြဘူး
ဒါက လူရဲ့သဘောပဲ

တချို့Relationshipတွေက ရှိနေတဲ့အနေအထားထက်
ထပ်မတက်ချင်နဲ့ ဒီအတိုင်းလေးက ကြည်နူးဖို့ကောင်းတယ်
သာယာဖို့ကောင်းတယ် Warmဖြစ်တယ်ဆိုတဲ့
ခံစားမှုမျိုးတွေကိုရစေတယ် တစ်ယောက်နဲ့တစ်ယောက်
ချုပ်နှောင်ထားတာတွေ မရှိဘူး
တစ်ယောက်ကိုတစ်ယောက်ကြောင့် မွန်းကျပ်စေတာတွေမရှိဘူး
အဲ့လိုမဟုတ်ပဲ အခြေမခိုင်သေးတဲ့အချိန်မှာ
ဟိုဘက်ကလူရဲ့Flowကို နားမလည်သေးတဲ့အချိန်မှာ
အဆင့်ထပ်တက်လိုက်တဲ့အခါမှာ
ချစ်ခြင်းမေတ္တာတွေက ထပ်ထုတ်ပေးစရာမရှိတော့ပဲ
ကုန်ဆုံးသွားတတ်ပါတယ်

Basicအတန်းကလူကို Intermediateမတက်ပဲ
Advancedတန်းကို အတင်းဆွဲမခေါ်ချင်ပါနဲ့
အခြေမခိုင်တဲ့အခါမှာ လုံလောက်တဲ့ခံစားချက်တွေ
ထပ်မထုတ်ပေးနိုင်တော့ပဲ ချစ်ခြင်းမေတ္တာဆိုတဲ့
ခံစားချက်တွေ ကုန်ဆုံးသွားတတ်ပါတယ်
ခံစားချက်တွေကိုလည်း မရောထွေးပစ်ပါနဲ့
တချို့ခံစားချက်တွေက ချစ်တယ်လို့ထင်ရပေမယ့်
တကယ်တမ်းကျတော့ ချစ်တာမဟုတ်ပါဘူး
သာယာတာတို့ မိန်းမောတို့ ခင်တွယ်တာတို့ဖြစ်နေတတ်ပါတယ်

ဒီတော့ ကိုယ့်ခံစားချက်တွေကို သေချာလေး
လေ့လာသုံးသပ်နိုင်ပြီဆိုမှ နောက်တစ်ဆင့်ကို
ထပ်တက်ဖို့ တိုက်တွနါးလိုက်ပါရစေ

ကိုယ့်ဘဝအတွက် Mindsetတွေပြောင်းလဲချင်တယ်
ပိတ်မိနေတဲ့အရာတွေကနေ ရုန်းထွက်ချင်တယ်
ရှေ့ဆက်လျှောက်ဖို့ခက်ခဲနေတယ်
Relationshipမျိုးစုံအတွက် အဖြေရှာချင်တယ်
ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင်
ကျွန်တော်နဲ့Private ssessionတွေမှာ
One on One သီးသန့်ဆွေးနွေးလို့ရပါတယ်
အသေးစိတ်ကိုmessage boxမှာမေးမြန်းနိုင်ပါတယ်

ဒါကတော့ Telegram channelလေးပါ

https://t.me/realtalkwithminthant

ချစ်တဲ့

(Min's Beauty Book)🖤




သိုးမည်းလေးတွေအတွက် ဒီစာလေးက အတွေးတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်လွန်ခဲ့တဲ့ ၃နှစ်က ရေးထားတဲ့စာလေးပါ
23/03/2026

သိုးမည်းလေးတွေအတွက် ဒီစာလေးက
အတွေးတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်
လွန်ခဲ့တဲ့ ၃နှစ်က ရေးထားတဲ့စာလေးပါ

မိသားစုကပေးသော Scapegoat syndromeအကြောင်း

ဒီScapegoat syndromeဆိုတာကြီးတာက
Narcissist family(အရင်ပို့စ်တွေမှာလည်းပြောခဲ့ဖူးပါတယ်)
တွေဆီကနေ ဆင်းသက်လာတယ်လို့ပဲ
အလွယ်ပြောရပါမယ် အသုံးအနှုန်းက နည်းနည်းနားလည်ဖို့ခက်တဲ့
အတွက် အလွယ်ဆုံး အရှင်းဆုံး စကားလုံးကိုထပ်ရှာကြည့်တော့
"black sheep" လုပ်ခံရခြင်းနဲ့အတူတူပါပဲ
မိသားစုထဲမှာ သိုးမဲဖြစ်နေတာမျိုးပေါ့
မိဘတွေ သူတို့ဟာသူတို့လင်မယားဆက်ဆံရေးအဆင်မပြေတာကလည်း
နင့်ကြောင့် အကြီးမက သူ့ကို မိဘတွေမချစ်တာလည်း နင့်ကြောင့်
စီးပွားရေး ကျသွားတာကလည်း နင့်ကြောင့်
နင်ဟာ ဂြိုလ်ကောင်မ နင်မွေးပြီးမှ အကုန်ပျက်ဆီးကုန်တယ်
မြန်မာအယူအဆနဲ့ဆိုရင် ခိုက်တယ်ဘာညာဆိုပြီး
ကိုယ့်ကလေးကို Scapegoatingလုပ်တာမျိုးတွေပေါ့

Asianမိဘတွေမှာ ဒါမျိုးလုပ်လေ့ရှိတယ်
အထူးသဖြင့် မြန်မာမိသားစုတွေမှာပေါ့ ကိုယ်မွေးလာတဲ့သားသမီးကို
Blessingလို့မသတ်မှတ်ပဲ ကိုယ့်ရဲ့အစစအရာရာအဆင်မပြေမှုတွေက
ဒီကလေးမွေးလာမှဖြစ်ရတယ်ဆိုပြီး scapegoatingလုပ်လေ့ရှိပါတယ် အင်မတန်ကိုကလေးတစ်ယောက်အတွက်ဆိုးရွားစေတဲ့
childhood traumaတွေရသွားနိုင်ပါတယ်
ရလည်းရသွားလေ့ရှိပါတယ် Scapegoate syndromeကို
ထပ်ရှင်းရရင် တစ်ဦးတစ်ယောက်သို့မဟုတ် တစ်ဦးတစ်ယောက်ပိုတဲ့
သူတွေက အထူးသဖြင့် မိသားစုက
ကိုယ့်ကို အပြစ်တင်တာ အရှက်ရအောင်လုပ်တာ
နင့်ကြောင့်ဆိုတာမျိုးတွေနဲ့ တောက်လျှောက်ထိုးနှက်တာမျိုးကို
Scapegoatingလုပ်တယ်လို့ခေါ်ပါတယ်
ကျောင်းတွင်းအကြမ်းဖက်တာတို့ဘာတို့နဲ့မတူပါဘူး

Termsတွေက နည်းနည်းခက်တော့ တတ်နိုင်သလောက်တော့
ဖတ်ရလွယ်အောင် ကျွန်တော်ရေးပေးထားပါတယ်
Scapegoating childrenတွေက
ဘယ်လောက်ထိ အခြေအနေဆိုးသွားနိုင်လဲဆိုရင်
လူသတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်
Scapegoatingအလုပ်ခံရလေ အဲ့ကလေးက
ပိုပြီး ဆိုးသွမ်းတဲ့ကလေးဖြစ်လာတတ်ပါတယ်
ချောင်ကပ်သွားတာမျိုး တယောက်တည်းကြိတ်ကြံနေတာမျိုး
ဒါမှမဟုတ်လည်း အရမ်းကိုactiveဖြစ်သွားပြီး
တစ်ခုခုဆို သောင်းကျန်းတာတွေ လက်ပါခြေပါဖြစ်တာတွေအထိရှိပါတယ်

Emotionallyအရရော Physicallyအရရော
အရမ်းကို reactiveဖြစ်သွားတတ်ပါတယ်
Highly sensitiveပေါ့ အထိမခံရွှေပန်းကန်ဖြစ်သွားတယ်
ထိတာနဲ့သောင်းကျန်းမယ် ထိတာနဲ့ငိုမယ် ဝမ်းနည်းမယ်
လူတွေအပေါ်မှာလည်း အမြင်မကြည်ဖြစ်လာတတ်တယ်
သူ့မိသားစုထဲကလူတွေလိုပဲလားလို့ထင်လာတတ်တယ်
လူတွေအပေါ်မှာသိပ်မယုံတော့သလို သူတို့ကိုအနည်းလေး
ကောင်းပြကြင်နာပြလိုက်ရင်လည်း မှီခိုသွားတတ်ကြတယ်
အဲ့လူကို ဆုံးရှုံးရမှာ ကြောက်သွားတတ်တယ်
စိတ်ဒဏ်ရာတွေက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်

Scapegoat syndromeအကြောင်းကို လေ့လာပြီးတဲ့နောက်မှာ
ကျွန်တော်တို့ကိုယ်တိုင်လည်း အဲ့တာမျိုးတွေလုပ်ခဲ့မိသလားဆိုပြီး
ကျွန်တော်အရမ်းလန့်သွားတယ် မိသားစုထဲကလူတစ်ယောက်ကို
ကိုယ်တွေရဲ့ပြဿနာပေါင်းစုံအတွက် pinထောက်ထားလိုက်တာမျိုး
ဘာတွေ​ကြုံလာကြုံလာ သူ့ကိုပဲလက်ညှိုးဝိုင်းထိုးကြတယ်
အားလုံးက နင့်ကြောင့် နင်ရှိနေလို့ ငါတို့ဒီလိုဖြစ်နေတာ
နင်မရှိတော့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စကားလုံးတွေနဲ့
scapegoatingလုပ်ခဲ့မိတာမှအခါခါပါပဲ

Scapegoating childrenတွေဟာ များသောအားဖြင့်
မိသားစုထဲမှာအသိအမှတ်အပြုမခံရပါဘူး
အတန်းထဲမှာ အဆင့်၁ရတယ်ဆိုရင် တခြားသူရရင်သာ
ဟယ်တော်လိုက်တာဘာညာနဲ့ အချီးကျူးခံရပေမယ့်
Scapegoating childrenတွေကိုဆိုရင်
မချီးကျူးတဲ့အပြင် ဒါလေးများလူတိုင်းလုပ်နိုင်နေတာကို
ဘာညာနဲ့ပုတ်ချလေ့ရှိပါတယ် မိသားစုအတွက် ဟင်းချက်ပေးထားရင်တောင် လက်ရာကလည်း ကောင်းနေရင်တောင်
သက်သက်မဲ့ အဲ့ကလေးချက်ထားတာမို့လို့
မျက်ကွယ်ပြုပြီး မချီးကျူးကြပါဘူး

Narcissist familyထဲလည်း ရောက်နေတယ်
Scapegoatingလည်း အလုပ်ခံနေရတယ်ဆိုရင်တော့
မင်းခံစားနေရတဲ့ Emotional damageတွေ
Physical damageတွေကို ဘယ်သူမှအဖက်မလုပ်ကြပါဘူး
မျက်ကွယ်ပြုထားကြပါတယ် တခြားကလေးခလုတ်တိုက်လို့
ချော်လဲလို့ သွေးထွက်သွားရင် ပျာပျာသလဲဂရုစိုက်ပေမယ့်
Scapegoating childrenတွေကိုဆိုရင်
နင်ဒါလေးတောင် သောက်သုံးမကျဘူးလား
အဖြစ်မရှိဘူးလားနဲ့ ထပ်ပြီးအပစ်ပြောပါတ
သူများနဲ့ရန်ဖြစ်လို့ ခံလာရရင်လည်း နင့်မှာလက်မပါခြေမပါဘူးလား
အဲ့လောက်တောင် နုံရအရလားဆိုပြီး ဆေးမထည့်ပေးတဲ့အပြင်
ထပ်ပြီး အရိုက်အနှက်အထုအထောင်းခံရပါသေးတယ်
ဒီHome settingထဲမှာတင်မကဘူး
အဲ့Scapegoatingလုပ်ခံရတာတွေက အိမ်ထောင်ကျသွားတာတို့
ဘာတို့အထိတောင် နောက်ကနေကပ်ပါလာနေတတ်ပါတယ်

အဓိက Scapegoating childrenဖြစ်လာရခြင်းတွေက
Gender,Birth orderနဲ့Personailty Traitsတွေကြောင့်ပဲ
အများဆုံးဖြစ်ရပါတယ် Gayတွေလည်းအများဆုံး
Scapegoateကိုခံစားရပါတယ် မိသားစုကိုအရှက်ခွဲတယ်
မျက်နှာအိုးမဲသုတ်တယ် နင့်ကြောင့် နင့်ကြောင့် နင့်ကြောင့်ဆိုတာတွေနဲ့
ထပ်တလဲလဲအပြောအခံရတွေရှိတတ်ပါတယ်
Birth orderတွေ Personality traitsတွေလည်း
ထိုနည်းလည်းကောင်းပါပဲ
R**e caseကနေ ရလာတဲ့ကလေးမျိုးတွေပေါ့
နင့်ကြောင့် ငါ့ဘဝပျက်ရတာ ကလေးအပေါ်မှာ
စိတ်ဒဏ်ရာတွေပုံချတာမျိုးတွေပေါ့

သားသမီးကို scapegoatingလုပ်တတ်တဲ့မိဘတွေက
သူတို့ကိုယ်တိုင်လည်း အဲ့လိုဖြစ်စဥ်တွေကိုခံစားဖူးပြီး
စိတ်ဒဏ်ရာတွေရှိခဲ့ဖူးပါလိမ့်မယ် Generation cycleကို
မရပ်ပစ်နိုင်တာပေါ့ ကိုယ်က toxicတွေရခဲ့အတ်ုင်း
ကိုယ့်သားသမီးကို Positive affirmationပေးရမယ့်အစား
Toxicတွေသယ်လာပြီး Toxicတွေပဲ ထပ်ပေးနေတာမျိုးပေါ့
စိတ်ဒဏ်ရာတွေက ကိုယ့်လက်ထဲမှာအဆုံးမသတ်နိုင်ဘူးဆိုရင်
နောက်generationတွေထိ ဆင့်ကဲဖြစ်ပွားတတ်ပါတယ်
Scapegoating childrenတွေဟာ ဘဝကိုသူများထက်ပိုပြီး
ရုန်းကန်ဖြတ်သန်းရပါတယ် ဘာလို့ဆို မိသားစုဆီပြေးငိုစရာမရှိလို့ပါ
မိသားစုကိုယ်တိုင်က သူတို့ကို scapegoateလုပ်တဲ့အတွက်
သူများထက် နှစ်ဆ ပိုပင်ပန်းရပါတယ်

Scapegoatတွေကို အဆုံးသတ်ဖို့ Healဖြစ်ဖို့ဆိုတာ
အချိန်အများကြီးလိုပါတယ် counseling တချိန် တနာရီလောက်
ပြောရုံနဲ့လည်းမရပါဘူး childhoodအကြောင်းတွေကို
ကိုယ်ကိုယ်တိုင်နားလာ်လာအောင်အများကြီးပြန်ပြောရမယ်
ကိုယ့်ရဲ့innerကို အေးချမ်းလာအောင် နားလည်လာအောင်
အချိန်ပေးပြီးလုပ်ယူရမယ် ကိုယ်ခံစားခဲ့ရတဲ့အတိုင်းအတာနဲ့လိုက်ပြီး
deep healingလုပ်ဖို့လိုအပ်ရင်လုပ်ရမယ်
အဓိက ကိုယ့်အတွက် emotionallyအရရော
physicallyအရရော safetyဖြစ်စေမယ့်
Relationshipတစ်ခုကို ရှာဖွေလာနိုင်တဲ့အခါ
တည်ဆောက်လာနိုင်တဲ့အခါမှာ ဒီscapegoatလုပ်ခံရခြင်းတွေကနေ
အပြီးတိုင် လွတ်မြောက်သွားနိုင်ပါတယ်

အပေါ်ကပြောပြခဲ့တဲ့အချက်တွေကိုပြန်checkလုပ်ပြီး
ကိုယ်က မိသားစုထဲမှာ scapegoatလုပ်ခံနေရလားသို့မဟုတ်
ကိုယ်ကိုယ်တိုင်က မိသားစုဝင်တစ်ယောက်ယောက်ကို
scapegoatလုပ်မိနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ
စိတ်ဒဏ်ရာတွေက အရေးကြီးပါတယ် မပေါ့ဆပါနဲ့

ကျွန်တော်ရဲ့ စာစုလေး ၃၂ပုဒ်မှာတဲ့
Ebookလေးကို ဝယ်ယူဖတ်ရှုချင်ရင်တော့
အောက်က Linkထဲဝင်ရောက်ဖတ်ရှုပြီးဝယ်ယူနိုင်ပါတယ်ဗျ

https://www.facebook.com/1661090587524063/posts/2941677966131979/

Well-being programလေးအကြောင်းသိချင်ရင်တော့
အောက်က Linkလေးထဲ ဝင်ဖတ်နိုင်ပါတယ်ဗျ

https://m.facebook.com/story.php?story_fbid=829744744779101&id=100032307486271

ကောင်းတာတွေမျှဝေရင်း ကောင်းတဲ့communityတစ်ခုမှာ
ရှင်သန် ဖြတ်သန်းချင်ရင်တော့
မြန်မာကျပ်ငွေ ၁၀၀၀၀တည်းနဲ့
Life timeဆွေးနွေးရင်ဖွင့်လို့ရမယ့်
Private gpလေးအကြောင်းကို
အောက်က Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.facebook.com/1661090587524063/posts/2892897401010036/

အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဖြစ်စေ
LGBTအရေးနဲ့ပတ်သက်လို့ဖြစ်စေ
တခြားrelationshipတွေအတွက်ဖြစ်စေ
Self-care,Self-Loveရှိတတ်ဖို့ဖြစ်စေ
စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်စေ
ပိတ်မိနေတဲ့အတွေးတွေကြောင့်
ကိုယ့်ဘဝတိုးတက်ရာတိုးတက်အကြောင်းအတွက်ဖြစ်စေ
ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင်
ကျွန်တော် serviceပေးနေတဲ့
private sessionတွေအကြောင်းကို
message boxမှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

ဒါကတော့ Telegram channelလေးပါ

https://t.me/realtalkwithminthant

ဒါကတော့ Viber Channel လေးပါ

https://invite.viber.com/?g2=AQAcNKqrA%2FYvDE%2FBuJ7Mlv4iaF6E%2B4joqrGS1iXxEQE8iuQqZjvfynQTnCUTL2RO

ချစ်တဲ့

(Min's Beauty Book)🖤







ပိုလည်းမပျော်ချင်ဘူး ပိုလည်းစိတ်မညစ်ချင်ဘူး(လွန်ခဲ့တဲ့ ၃နှစ်က ပို့စ်လေးပါ )
19/03/2026

ပိုလည်းမပျော်ချင်ဘူး ပိုလည်းစိတ်မညစ်ချင်ဘူး

(လွန်ခဲ့တဲ့ ၃နှစ်က ပို့စ်လေးပါ )

ပိုလဲမပျော်ချင်ဘူး ပိုလည်းစိတ်မညစ်ချင်ဘူး

တချို့နေ့ရက်လေးတွေက Stableဖြစ်လွန်းအားကြီးတော့
အဲ့လိုနေ့ရက်တွေ ကုန်ဆုံးသွားမှာတောင်ကြောက်မိပါတယ်
စာအုပ်တွေ တအားဖတ်ကောင်းတဲ့နေ့တွေရှိတယ်
စာတွေ အရမ်းရေးဖြစ်နေတဲ့နေ့တွေရှိတယ်
ရုပ်ရှင်တွေကြည့်ပြီး ကျေနပ်နေရတဲ့နေ့တွေရှိတယ်
Clientတွေနဲ့စကားပြောရပြီး စိတ်ကျေနပ်ရတဲ့နေ့တွေရှိတယ်
ချစ်တဲ့သူတွေနဲ့အတူရှိနေရလို့ ပျော်ရတဲ့နေ့တွေရှိတယ်

ဒီလိုနေ့ရက်တွေကို အမြဲပိုင်ဆိုင်ချင်တယ်
ငွေကြေးတန်ဖိုးအားဖြင့် ကြည့်မယ်ဆိုရင် ဘာတန်ဖိုးမှမရှိဘူး
ဒါပေမယ့် အဲ့လိုနေ့ရက်တွေကိုဖြတ်သန်းရတာကို
ကျွန်တော်က ပိုက်ဆံရတာထက်ပိုပျော်တတ်တဲ့လူစားမျိုး
ဆရာမနုနုရည်အင်းဝရဲ့ သူစိမ်းတွေကြားမှာ စာအုပ်ကိုဖတ်ရင်း
အဲ့တနေ့တည်းမှာတင် The Brotherhood of warဆိုတဲ့
ကိုရီးယားစစ်ကားတစ်ကားကို ထပ်ကြည့်လိုက်ရတယ်
အဲ့နေ့ကို တကယ်ကျေးဇူးတင်တာပဲ
ရုပ်ရှင်ကောင်းကောင်းတစ်ကားကြည့်ရရင်
စာအုပ်ကောင်းကောင်းတစ်အုပ်ဖတ်လိုက်ရရင်
တစိမ့်စိမ့်နဲ့ကို ခံစားလို့ကောင်းနေပြီး
အဲ့နေ့ရက်တွေကို တကယ်ကိုမကုန်ဆုံးချင်ပါဘူး

ပိုလည်းမပျော်ချင်ဘူး
ဘာလို့ဆို အခုပျော်နေရတဲ့ အပျော်တွေက တကယ်တန်ဖိုးရှိလို့
ဘာနဲ့မှကို မလဲချင်ပါဘူး ဘာနဲ့မှကိုအစားမထိုးချင်ဘူး
သူများကိုလည်း မထိခိုက်တဲ့အပြင်
ကိုယ့်ပျော်ရွှင်မှုအတွက်ကြောင့်နဲ့လည်း
ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်ဘူး
ငွေကုန်ကြေးကျတွေလည်း များမနေဘူး
စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေလည်းထိခိုက်မနေဘူး
ရုပ်ရှင်တကားကြည့်ရင်းရတဲ့ ပျော်ရွှင်မှုနဲ့
Clubမှာတညလုံးသွားကရင်းရတဲ့ ပျော်ရွှင်မှုက
ဘယ်ဟာက ပိုပျော်ဖို့ကောင်းလဲဆိုရင်
ဒုတိယတစ်ခုက ပိုပျော်ဖို့ကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်

ဒါပေမယ့် ကျွန်တော်က ပိုမပျော်ချင်ဘူး
ပိုပျော်ချင်ရင် ပိုပြီး ပင်ပန်းရတတ်တယ်ဆိုတာ ကျွန်တော်သိတယ်
တစ်နေကုန် လူ လေးငါးယောက်ရဲ့ အပူသောကတွေကို
နားထောင်ဖြေရှင်းပြီးမှ ရလာတဲ့ ပိုက်ဆံက တကယ်တန်ဖိုးရှိတယ်
အဲ့ပိုက်ဆံကိုလည်း ကျွန်တော်က တန်ဖိုးထားတယ်
အဲ့ပိုက်ဆံထဲက ဘုရားပန်းဝယ်ရင်ဝယ်တယ်
ဘုရားဆွမ်းတော်ကပ်ရင်ကပ်တယ်
ကျွန်တော့်မိသားစုထဲကလူတွေကို ဆေးဖိုးပေးရင်ပေးတယ်
ကျွန်တော်လည်းလိုတာသုံးတယ်စားတယ်ဝယ်တယ်

Clubမှာသွားသုံးပြီး ပျော်ဖို့ကြတော့ ကျွန်တော်စဥ်းစားသွားပြီး
လုံးဝ မသွားတာမျိုးတော့မဟုတ်ပါဘူး
သွားသင့်တဲ့အခါတွေ သုံးသင့်တဲ့အခါတွေမှာတော့
သွားပါတယ် သုံးပါတယ် ဒါပေမယ့် clubတို့ Barတို့ကို
သွားပြီးပျော်ရမယ်ဆိုတဲ့အစီအစဥ်က ကျွန်တော့်ရဲ့
Daily routineထဲမှာပါမနေပါဘူး
ပိုပျော်ရမှာသိသလို ပိုပင်ပန်းရမှာလည်းသိလို့ပါ
Clubတခါသွားရင် အောက်ထစ် အနိမ့်ဆုံး
ငွေ၅သောင်းကုန်ပါမယ် ဒါက အောက်ထစ်ပါ
အဲ့တာကို သုံးဖို့ ငွေပိုမရှိဘူးလားမဟုတ်ဘူး ရှိတယ်
ဒါပေမယ့် ကျွန်တော်မသုံးချင်တာ
ကိုယ်ရှာရတဲ့ပိုက်ဆံက ဘယ်လောက်အားစိုက်ထုတ်ပြီးမှ
ရလာတဲ့ပိုက်ဆံဆိုတာကို ကိုယ်ကိုယ်တိုင်အသိဆုံး
ရှင်းရှင်းပြောရင်ဖျာပေါ်က လွယ်လွယ်ရလာတဲ့ပိုက်ဆံလည်း
မဟုတ်တော့ အဲ့လောက်ငွေကို နေ့တဓူဝမပြောနဲ့
တစ်ပတ်တခါသုံးဖို့တောင်ကျွန်တော်အတော်လေးစဥ်းစားရတယ်

ပိုပျော်ချင်ရင် ပိုပင်ပန်းရမယ်ဆိုတာသိတယ်
သူများပိုက်ဆံနဲ့လည်း အအေးတစ်ခွက်တောင်မသောက်ချင်တဲ့
လူစားဆိုတော့ ညဘက်ဒီလိုလေး​ပျော်ရဖို့ကို
နေ့ဘက်မှာ ငါ့ရဲ့ရုပ်ရှင်ကြည့်ချိန် စာဖတ်ချိန်တွေကို
လျှော့ပြီး အလုပ်တွေအပင်ပန်းခံမလုပ်နိုင်ဘူးဆိုပြီး
ကိုယ်ပျော်နေကျနည်းနဲ့ ပုံမှန်တိုင်းပဲဆက်ပျော်နေချင်တဲ့
လူစားမျိုးထဲပါပါတယ် ပိုလည်းမပျော်ချင်ဘူး
ဒီပျော်ရွှင်မှုထက်လည်း လျော့မသွားချင်ဘူး
ဒီFlowလေးအတိုင်းပဲ သွားနေချင်တာ ကျွန်တော့်ရဲ့
တစ်ကိုယ်ရည်ဆန္ဒပဲ

ပိုပြီးလည်းစိတ်မညစ်ချင်ဘူး
ပုံမှန်Flowမှာတောင် စိတ်ညစ်စရာတွေကျွန်တော်တို့မှာရှိကြတယ်
ကိုယ့်အတွက်ကိုယ်မဟုတ်တောင် ဟို့လူ့အတွက်ပူရ
ဒီလူ့အတွက်ပူရနဲ့ အပူသောကတွေကိုယ်စီရှိကြတယ်
ဒီကြားထဲ မထင်မှတ်ထားတဲ့ ဒီလိုကာလတွေရင်ဆိုင်နေရတယ်
သတင်းဆိုးတွေတက်လာရင် Survivor guiltတွေခံစားရတယ်
ဒီတော့ ဒီ့ထက်ပိုပြီး စိတ်ညစ်မခံနိုင်သလို
စိတ်လည်းမညစ်ချင်တော့ဘူး

တစ်နေ့တစ်နေ့ Night lifeမှာသွားပြီး​ပျော်ပါးဖို့
လုံးပမ်းနေရတာမျိုး ဒီပျော်ပါးဖို့အတွက် လိုအပ်တဲ့
ငွေကြေးပမာဏကို အသည်းအသန်ရှာနေရတာမျိုး
ဒါမျိုးတွေနဲ့ ပိုပြီးစိတ်ညစ်မခံနိုင်ဘူး
Night Lifeမှာပျော်ပါးရင်းကနေ Addictedဖြစ်လာရင်
အဆင်မပြေဘူး ကိုယ့်အလုပ်ကိုထိခိုက်လာမယ်
လူမှု့ဆက်ဆံရေးတွေ ပျက်စီးလာမယ်
ကျန်းမာရေးဆိုးရွားလာမယ် အဲ့လိုသာဆိုရင်
အခုစိတ်ညစ်နေရတာတွေထက် ကျိန်းသေပေါက်
ပိုစိတ်ညစ်ရမှာအမှန်ပါပဲ

သူငယ်ချင်းနဲ့ clubသွားချင်လို့
ပိုက်ဆံလေးနည်းနည်းလောက်ချေးပါလားဆိုတော့
ကလေးတစ်ယောက်ကို မချေးနိုင်ဘူးညီလေးရေ
အဲ့လိုကိစ္စတွေအတွက် အကိုပိုက်ဆံမချေးဘူးလို့
တခါတည်းအပြတ်ပြောလိုက်မိတယ် ကိုယ့်ရဲ့Desireတွေ
wantတွေကြောင့် ပိုက်ဆံလာချေးပြီဆိုတည်းက
အဲ့ပိုက်ဆံက ပြန်မရဖို့ကများတော့
ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ညစ်လည်း မခံနိုင်တော့
တစ်ခါတည်းပဲ မိတ်ပျက်ရင်လည်း ပျက်ဟဆိုပြီး
အပြတ်သာပြောလိုက်ပါတယ်

နောက်တစ်ခုက ကျွန်တော့်ရဲ့အပျော်အပါးကြောင့်
ကျွန်တော့်အလုပ်ကို ထိခိုက်မှာကျွန်တော်က
သေအောင်ကြောက်တဲ့လူမျိုးထဲပါတယ်
ရံဖန်ရံခါ သူငယ်ချင်းတွေနဲ့သွားမူးရင်တောင်
သူများတွေက နောက်နေ့ကျ အရက်နာကျလို့မထနိုင်ဘူး
ကျွန်တော်က နောက်ရက်ကို အလုပ်ထလုပ်နေတဲ့လူစားမျိုး
မူးပြီးမှောက်နေရတာကို တညထက်ပိုပြီး မခံစားချင်ဘူး
တညခံစားပြီးရင်တော်ပြီ လုံလောက်ပြီ
Drugကတော့ ဝေးရော Drugသုံးပြီးပျော်တဲ့သူတွေတော့
ကျွန်တော့်ကိုဖြတ်ရိုက်ချင်နေလိမ့်မယ် ဘာလို့ဆို
ဗိုက်လည်းမဝဘူး အဝတ်အစားလိုမျိုးလည်း
မဝတ်လိုက်ရဘူးဆိုတော့ အဲ့တာကို ပိုက်ဆံအများကြီး
ပေးသုံးပြီးပျော်ဖို့ကို တကယ်လက်တွန့်ပါတယ်
အဲ့လိုမျိုး ပျော်လည်းမပျော်ချင်ပါဘူး

သာမန်ထက် စိတ်လွတ်ကိုယ်လွတ်ပိုပျော်ရမယ်မှန်တယ်
ဒါပေမယ့် သာမန်ထက် စိတ်ညစ်ရမယ့် ဖြစ်ရပ်တွေလည်း
ကြုံလာရမယ်ဆိုတာအမှန်ပါပဲ Night lifeက
ဥပမာ တစ်ခုအနေနဲ့ပြောပြတာပါ Night lifeမှာ
ပျော်နေကြတဲ့လူတိုင်းတော့ ပိုစိတ်ညစ်နေရတာမျိုးတော့
မဟုတ်ပါဘူး သူ့အနေအထားသူ့အတိုင်းအတာနဲ့သူပေါ့
အိမ်ကအဖွားပြောသလိုပေါ့ နင်တို့တွေဆန်မရှိပဲစောက်စားကြီးရင်
တစ်နေ့ဒုက္ခရောက်မယ် စိတ်ဆင်းရဲရမယ်ဆိုတာမျိုးပေါ့
အဲ့လိုနေရာမျိုးတွေက ခြစ်ကုတ်ပြီးသွားပျော်ရမယ့်
နေရာမျိုးမဟုတ်ပါဘူး ပိုလျှံမှသွားပျော်တာအကောင်းဆုံးပါ
ဒါမှ ပိုပြီးတော့စိတ်မညစ်ရမှာပါ

အခုလိုခေတ်ကာလကြီးမှာ
ကိုယ့်ထက်အခြေအနေဆိုးတဲ့လူတွေကို တွေ့နေမြင်နေရတာနဲ့တင်
ပိုပြီးလည်း မပျော်ချင်တော့သလို ပိုပြီးလည်းစိတ်မညစ်ချင်တော့တာ
အမှန်ပါ စိတ်ကိုရှင်းရှင်းထားတယ် လုပ်နိုင်တာကိုလုပ်ပေးပါ
လူတွေကို စိတ်တိုရတာ ပင်ပန်း ပျော်နေရတဲ့ အပျော်လေးတွေတောင်
ပျက်ဆီးသွားစေတော့ စိတ်ကိုခပ်ရှင်းရှင်းနဲ့ပဲ
ခပ်အေးအေး ပျော်နေကျပုံစံလေးကိုပဲပျက်မသွားအောင်
စိတ်ညစ်စရာတွေလည်း ထပ်တိုးမလာအောင်ပဲ
ကျန်ရှိနေတဲ့နေ့ရက်တွေမှာ ဒီပုံစံနဲ့ပဲ ဖြတ်သန်းနေမိပါတယ်

ခများတို့ရော

ကျွန်တော်ရဲ့ စာစုလေး ၃၂ပုဒ်မှာတဲ့
Ebookလေးကို ဝယ်ယူဖတ်ရှုချင်ရင်တော့
အောက်က Linkထဲဝင်ရောက်ဖတ်ရှုပြီးဝယ်ယူနိုင်ပါတယ်ဗျ

https://www.facebook.com/1661090587524063/posts/2941677966131979/

Well-being programလေးအကြောင်းသိချင်ရင်တော့
အောက်က Linkလေးထဲ ဝင်ဖတ်နိုင်ပါတယ်ဗျ

https://m.facebook.com/story.php?story_fbid=829744744779101&id=100032307486271

ကောင်းတာတွေမျှဝေရင်း ကောင်းတဲ့communityတစ်ခုမှာ
ရှင်သန် ဖြတ်သန်းချင်ရင်တော့
မြန်မာကျပ်ငွေ ၁၀၀၀၀တည်းနဲ့
Life timeဆွေးနွေးရင်ဖွင့်လို့ရမယ့်
Private gpလေးအကြောင်းကို
အောက်က Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.facebook.com/1661090587524063/posts/2892897401010036/

အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဖြစ်စေ
LGBTအရေးနဲ့ပတ်သက်လို့ဖြစ်စေ
တခြားrelationshipတွေအတွက်ဖြစ်စေ
Self-care,Self-Loveရှိတတ်ဖို့ဖြစ်စေ
စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်စေ
ပိတ်မိနေတဲ့အတွေးတွေကြောင့်
ကိုယ့်ဘဝတိုးတက်ရာတိုးတက်အကြောင်းအတွက်ဖြစ်စေ
ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင်
ကျွန်တော် serviceပေးနေတဲ့
private sessionတွေအကြောင်းကို
message boxမှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

ဒါကတော့ Telegram channelလေးပါ

https://t.me/realtalkwithminthant

ဒါကတော့ Viber Channel လေးပါ

https://invite.viber.com/?g2=AQAcNKqrA%2FYvDE%2FBuJ7Mlv4iaF6E%2B4joqrGS1iXxEQE8iuQqZjvfynQTnCUTL2RO

ချစ်တဲ့

(Min's Beauty Book)🖤






ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959756100371

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Min's Beauty Bookผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Min's Beauty Book:

แนะนำ

แชร์