Andrea ▪️Founder of "Healing with Andrea"
▪️Empathetic Mental Health Counselling Your journey towards healing is our mission.

Welcome to ‘Andrea’ – the personal page of the founder behind ‘Healing with Andrea,’ your trusted space for counseling services and mental well-being digital contents in Myanmar. Reunited with our original page, we’re here to continue offering compassionate support and free counseling sessions to nurture mental health across our community. Dive into a wealth of digital content, from insightful articles to engaging videos and reels, all designed to enlighten and empower for your mental well-being. Join us as we foster growth, healing, and empowerment. Together, let’s create a brighter tomorrow.

အိပ်မက်တစ်ခုကို လက်လွှတ်ရတာဖြစ်ဖြစ်၊ ကျရှုံးမှုတစ်ခုခုကို ရင်ဆိုင်လိုက်ရတာဖြစ်ဖြစ်၊ လူတစ်ယောက် ကိုယ့်ကို ခွဲခွာသွားတာဖြစ...
08/11/2025

အိပ်မက်တစ်ခုကို လက်လွှတ်ရတာဖြစ်ဖြစ်၊ ကျရှုံးမှုတစ်ခုခုကို ရင်ဆိုင်လိုက်ရတာဖြစ်ဖြစ်၊ လူတစ်ယောက် ကိုယ့်ကို ခွဲခွာသွားတာဖြစ်ဖြစ်… ဒီကရလာတဲ့ နာကျင်မှုဟာ အစကတည်းကကို ကိုယ့်ဆီ လေးလံမှုတွေ သယ်ဆောင်လာပြီး ဖြစ်တယ်။

ဒီလေးလံမှုတွေကြားမှာ ကိုယ့်ကိုယ်ကို ထပ်ပြီး အပြစ်တင်နေမိတာတွေ ရှိနိုင်တယ်။
◼️“နင်ဒါတောင် မသိမိခဲ့ဘူးလား”
◼️“နင်ဟာ အသုံးမကျခဲ့ဘူး” စတာတွေလည်း ပါနိုင်သလို
◼️“ဘာလို့ ငါ အကောင်းဆုံး ဂရုမစိုက်မိခဲ့တာလဲ၊
◼️ “ဘာလို့ ငါ ဒီထက်ပိုမလုပ်ပေးမိခဲ့တာလဲ”… စတာတွေလည်း ပါဝင်နိုင်တယ်။

ဒီတော့ အပြစ်တင်မှုတွေရော၊ should’ve done ဆိုတဲ့ လုပ်ခဲ့သင့်တာပေါ့၊ ဖြစ်ခဲ့သင့်တာပေါ့ ဆိုတဲ့ စကားတွေရောပေါ့။ ဒီအရာတွေက နေ့ရက်တိုင်းလိုလိုမှာ ခေါင်းထဲ နေရာအပြည့်ယူရင်း ဒုတိယတစ်ကြိမ် ကိုယ့်ကို ထပ်မံနာကျင်စေပြန်တယ်။

ဒီလို ခံစားချက်တွေကို သယ်ဆောင်နေသမျှ ကိုယ်ဟာ ဒီအတိတ်တွေ၊ စွန့်လွှတ်ခဲ့ရမှုတွေ၊ ဖြစ်ပျက်ခဲ့ရမှုတွေထဲက မထွက်ခွာနိုင်ဘူး။ Guilt တွေကို သယ်ဆောင်နေခြင်းဟာ ကိုယ့်ကို အတိတ်တွေထဲက မလွတ်မြောက် စေသလို လက်ရှိကိုလည်း မလွတ်လပ်စေဘူး။

ဆုံးရှုံးမှုတွေ၊ အဖြစ်အပျက်တွေဟာ သူ့ဟာနဲ့သူ နာကျင်နေခဲ့ပြီး ဖြစ်တယ်။ ဒီအပေါ် ထပ်ပြီး အပြစ်တင်မှုတွေ၊ ဝေဖန်မှုတွေလုပ်နေခြင်းဟာ ဘာနဲ့တူလဲဆိုရင် -
🔲 ပင်ပန်းနေပြီးသားသူတစ်ယောက်ကို အလေးအပင်တွေ ထပ်ထမ်းပိုးခိုင်းသလိုပဲ။
🔲 ဒဏ်ရာရှိပြီးသားနေရာလေးကို ဆေးမလိမ်းပဲ ထပ်နာအောင် အပ်နဲ့ အကြိမ်ကြိမ် ဆွနေသလိုပဲ။

ကုစားနိုင်မှုတွေ၊ ကျော်ဖြတ်သွားနိုင်မှုတွေဆိုတာ ကိုယ့်အတွင်းထဲမှာ ကိုယ့်ကိုယ်ကို ထပ်မံနာကျင်စေနေတဲ့ အတွေးတွေကို အလုပ်လုပ်ရတာပါပဲ။

🌱ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့ သူငယ်ချင်းဆိုရင်ရော နာကျင်နေနှင့်သား ဒီသူငယ်ချင်းကို ထပ်အပြစ်တင်တွေတင်ရင်း ထပ်မံဒဏ်ရာတွေပေးဖြစ်ဦး မလားလေ…

နာကျင်မှုတွေအပေါ် ပူဆွေးတမ်းတခြင်းတွေဟာ သဘာဝကျသလို ဆုံးရှံးသွားတဲ့ တချို့သောအရာတွေကို ပြန်လည်တည်ဆောက်ရတာရော၊ ကိုယ့်ကိုယ်ကို အနားပေးရတာရောဟာ အမှန်လိုအပ်ပါတယ်။ ကိုယ်ဟာလည်း ဒီလိုအနားယူခြင်းတွေ၊ ကုစားခြင်းတွေ၊ ရှေ့ဆက်ခြင်းတွေ (သို့) ထပ်မံပျော်ရွှင်နိုင်ဖို့ရာတွေနဲ့ ထိုက်တန်ပါတယ်။

တချို့သော သင်ခန်းစာတွေဟာ သူ့ဟာနဲ့သူ နာကျင်ပြီးသားဖြစ်နေတာမို့ ဒီအပေါ် နောက်ထပ်တစ်ကြိမ် နာကျင်မှုမတိုးစေဖို့ ဂရုစိုက်ပေးနိုင်ပါတယ်။

နာကျင်မှုဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းတစ်ခုအတွက် ကိုယ့်တစ်ဘဝလုံးကို လဲလှယ်၊ အပြစ်ပေးနေဖို့ရာတော့ မဟုတ်ပါဘူး။

🌱 ဒါ့ကြောင့် နာကျင်မှုတွေအပေါ် ငြင်သာမှုနဲ့ ဆက်ဆံနိုင်ပါစေ။

မေတ္တာဖြင့်
Andrea



✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

08/11/2025

📌“သွားပြီး ပုံချမိတယ်”

🔲 အလုပ်မှာ boss က ကိုယ့် performance နဲ့ပတ်သက်ပြီးပြောလိုက်တဲ့အပေါ် စိတ်ထဲ ကသိကအောက် အတော်ဖြစ်သွားတယ်။ အိမ်ရောက်တော့ အိမ်သားတွေကို ပုံချပြောဆိုမိတာတွေရှိမယ်။

🔲 ကိုယ်ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အရာတွေက ကိုယ့်အတွက် ဖိစီးမှု ပိုစေတယ်။ ဒီတော့ ကိုယ့်ချစ်သူအပေါ် အမြဲလိုလို ပြဿနာတွေရှာ စိတ်ဆိုးတာတွေလုပ်တယ်။

🔲 အိမ်မှာ အိမ်ထောင်ဖက် ကိုယ့်ရဲ့အလုပ်ရှုပ်မှုတွေကိို နည်းနည်းလေးမှ မကူသလို ခံစားရတယ်။ ဒီတော့ ကလေးတွေက ဒါလေးလုပ်ပေးပါဦးပြောတဲ့အခါ “ငါ့ကိုကျ နည်းနည်းမှ မကူညီပေးကြပဲ အလုပ်လာရှုပ်ကြတယ်” ဆိုပြီး အော်မိ၊ ဆူပူမိတာတွေရှိမယ်။

🔲 အိမ်မှာ အမြဲပြဿနာတွေကို ကြုံနေရတတ်တယ်။ကျောင်းကိုရောက်တဲ့အခါ ဒီဒေါသတွေ၊ ဒီမကျေနပ်ချက်တွေက တခြားသောသူတွေအပေါ် ပုံချမိပြီး ခဏခဏ ရန်ဖြစ်တတ်တယ်… စသဖြင့်ပေါ့။

ကိုယ့်ရဲ့ uncomfortable emotions တွေကို တစ်ဘက်သောသူတစ်ယောက်အပေါ် transferring လုပ်လိုက်တာ၊ ကိုယ့်ခံစားချက်တွေကို တခြားနေရာဆီ displace လုပ်လိုက်တာကို ဆိုလိုပါတယ်။ ဒီခံစားချက်တွေဆိုတာ ဒေါသဖြစ်ချင်ဖြစ်မယ်။ နာကျင်မှု ဖြစ်ချင်ဖြစ်မယ်။ မကျေနပ်စိတ်တွေ ဖြစ်ချင်ဖြစ်မယ်။ ဒီလိုမျိုး “displeasure” နှစ်မြို့စရာမဖြစ်နေတဲ့ ခံစားချက်တွေကို တခြားတစ်နေရာရာကို အစားထိုးပုံအောလိုက်တာမျိုးပေါ့။

အစားထိုးပုံချလိုက်မိတဲ့နေရာတွေဆိုတာ ကိုယ့်အတွက် လုံခြုံတယ်ခံစားရတဲ့နေရာ (သို့) ဘာမှ သိပ်ပြန်မလုပ်တဲ့နေရာတွေကိုတော့ များသောအားဖြင့်တော့ အစားထိုးတတ်ကြတယ်။ ကိုယ့်ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့ ခံစားချက်တွေကို ဖြေလျော့ချင်တာဖြစ်တဲ့အတွက် လုံခြုံရပြီး ကိုယ့်ကို အပြစ်တင်နိုင်ဖို့ မများတဲ့နေရာတွေမှာ လုပ်မိတတ်ကြတယ်။ (Safe or Less Threatening Target ပေါ့။)

ဒါဟာ Defense Mechanism တစ်မျိုးဖြစ်တယ်။ ဒီ Defense Mechanism ဟာ ဘာကို လုပ်ဆောင်စေလိုက်လဲဆိုရင်
📍“ ခံစားချက်ရဲ့အနောက် အပျက်သဘောဆောင်တဲ့ တန်ပြန်သက်ရောက်မှုတွေရဲ့ ဖြစ်နိုင်ချေတွေကို လျှော့ချတဲ့အနေနဲ့ တစ်နေရာမှာ ကိုယ့်ခံစားချက်တွေကို ဖော်ထုတ်ခွင့်ပြုပေးလိုက်ခြင်းပဲဖြစ်ပါတယ်။”

ကိုယ့်ရဲ့ မကျေနပ်မှု ဒေါတွေနဲ့ပက်သက်ပြီး ကိုယ့်ကို အမှန်တကယ် ဖိစီးမှုဖြစ်စေတဲ့ လူ၊ အခြေအနေ စတဲ့ original stress ဆီ တိုက်ရိုက်သက်ရောက်လို့ မရတဲ့အခါမှာ ဒီနည်းလမ်းကို သုံးမိလေ့ရှိတတ်ကြပါတယ်။

ဒါ့ကြောင့် ကိုယ်ဟာ ကိုယ့်ဘဝထဲမှာ ခံစားချက်တွေ၊ မကျေနပ်ချက်တွေနဲ့ပက်သက်လို့ “Unhealthy Displacement” တွေကို လုပ်ဆောင်နေမိတယ်ဆိုရင် ဒီအခြေအနေတွေကို သတိရှိဖို့၊ သတိထားမိဖို့၊ ပြန်လည်ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။

မဆိုင်သောသူတွေ၊ အခြေအနေတွေဆီ ဦးတည်မိရင်း နောက်ဆက်တွဲဖြစ်လာနိုင်မယ့် နာကျင်မှုတွေ၊ ရလဒ်တွေကို ရင်ဆိုင်ရမယ့်အစား ကိုယ့်ခံစားချက်တွေအပေါ် healthy coping နဲ့ဖြေရှင်းဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ ဥပမာ - gym သွားတာလား၊ yoga လား၊ ရင်ဖွင့်ပြောဆိုတာလား၊ journaling လား ၊ ကိုယ့်စိတ်လေးကို ပြန်တည်ငြိမ်စေမယ့် activity လေးတွေလား စသဖြင့်ပေါ့။

🌱 မဆိုင်သောနေရာတွေဆီ ကိုယ့်ခံစားချက်တွေအတွက် သွားပုံချမိမယ့်အစား သတိရှိစွာနဲ့ ကိုယ့်ရဲ့ဦးတည်မှုတွေကို ရွေးချယ်နိုင်ပါစေ။

မေတ္တာဖြင့်
Andrea



✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

🌅 မနက် အာရုဏ်နေထွက်ချိန်တိုင်းကဘဝမှာ အသစ်စတင်ခြင်းတွေရှိနေသေးတယ်ဆိုတာသတိလေးရစေနိုင်ပါတယ်။☁️ မွန်းတည့်ကောင်းကင်ရဲ့ တိမ်စိ...
08/11/2025

🌅 မနက် အာရုဏ်နေထွက်ချိန်တိုင်းက
ဘဝမှာ အသစ်စတင်ခြင်းတွေ
ရှိနေသေးတယ်ဆိုတာ
သတိလေးရစေနိုင်ပါတယ်။

☁️ မွန်းတည့်ကောင်းကင်ရဲ့ တိမ်စိုင်တွေကလည်း
ဘဝမှာ ကိုယ့်ကိုယ်ကို
ပြောင်းလဲခွင့်ပေးဖို့ လိုအပ်တယ်ဆိုတာ
သတိလေးရစေနိုင်ပါတယ်။

🌆 ညနေ ဆည်းဆာနေဝင်ချိန်တိုင်းက
ဘဝမှာ လိုအပ်တဲ့လက်လွှတ်ခြင်းတွေလည်း
ရှိနိုင်တယ်ဆိုတာ
သတိလေးရစေနိုင်ပါတယ်။

ဘဝရဲ့ ဒီနေ့တစ်ရက်ဆိုတာ
အသစ်စတင်ခြင်း၊ လက်လွှတ်ခြင်း၊
ပြောင်းလဲခြင်း စတဲ့ အတွေ့အကြုံတွေအားလုံး
ပေါင်းစည်းထားခြင်းပဲ ဖြစ်ပါတယ်။

ဒီ အတွေ့အကြုံတိုင်းမှာ
ကိုယ့်ကိုကိုယ် အကောင်းဆုံး
နားလည်ပေးနိုင်ပါစေ။

မေတ္တာဖြင့်
Andrea





✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

07/11/2025

🌱Emotional Intelligence ဆိုတာကိုက -

Personal setting ရော၊ Professional setting ရောမှာ ကိုယ့်ရဲ့ ခံစားချက်တွေရော၊ တစ်ဘက်ရဲ့ခံစားချက်တွေရောအပေါ် နားလည်၊ စီမံ၊ ကိုင်တွယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကနေ ဆက်ဆံရေးတွေကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိ၊ ထိန်းသိမ်း (သို့) တည်ဆောက်နိုင်ခြင်းလို့ပဲ ဆိုလိုက်ချင်တယ်။

ဒီအရာအပေါ် လေ့ကျင့်ကိုင်တွယ်မှုအားကောင်းတဲ့အခါ တုံ့ပြန်မှုတွေကို စဉ်းစားဆင်ခြင်သေချာမှုမပါပဲ ရုတ်ချည်းလုပ်ဆောင်ဖို့ရာမှာ အားလျော့သွားနိုင်တယ်လို့ ဆိုရမယ်။

ကိုယ့်အပေါ် လူတစ်ယောက်က အဆင်မပြေတဲ့ပုံစံဆက်ဆံနေရင်တောင် -

◽️ဒါဟာ သူ့စိတ်နဲ့ သူနဲ့ကြား ဖြစ်နေတဲ့ ဆက်ဆံရေးကို မြင်နိုင်တယ်။
◽️သူကိုယ်တိုင် self-aware ဘယ်လောက်ဖြစ်လဲဆိုတာကို သတိချပ်နိုင်တယ်။
◽️သူကိုယ်တိုင်ရဲ့စိတ်ခံစားချက်ဆိုင်ရာ emotional capacity ကို သတိထားမိနိုင်တယ်။
◽️ တစုံတယောက်ရဲ့ သူတို့စိတ်ထဲကအရာတွေ၊ ပြုမူဆောင်ရွက်ပုံတွေဟာ ကိုယ့်ရဲ့ တန်ဖိုးတွေ၊ အစစ် အမှန်ရှိနေတဲ့ ရည်ရွယ်ချက်တွေနဲ့ အရည်အသွေးကို မထိခိုက်မသက်ရောက်စေဘူးဆိုတာ ကိုယ်တိုင်လည်း သတိချပ်နိုင်တယ်။

🌱 ဒီလိုသတိထားမိခြင်းဟာ reactive မဟုတ်တဲ့ responsive mindset ရော၊ ဆင်ခြင်သုံးသပ်မှုပါတဲ့ လုပ်ရပ်တွေနဲ့ သတိရှိသောတုံပြန်မှုတွေအတွက် ကိုယ့်တန်ဖိုးတွေ၊ စာနာမှုတွေကိုအခြေခံပြီး မှန်ကန်သောလမ်းညွှန်ပြသမှုကို ပေးစွမ်းနိုင်ပါတယ်။

မေတ္တာဖြင့်
Andrea

🌿🌸 “ဒီပန်းပွင့်လေးက သင့်အတွက်ပါ။ သင့်ရဲ့နေ့ရက်လေးကို အနည်းငယ် ပိုမိုပေါ့ပါးသွားစေဖို့ ရည်ရွယ်ပါတယ်။”ဒီရက်ပိုင်း ကိုယ့်ရဲ...
07/11/2025

🌿🌸 “ဒီပန်းပွင့်လေးက သင့်အတွက်ပါ။
သင့်ရဲ့နေ့ရက်လေးကို အနည်းငယ် ပိုမိုပေါ့ပါးသွားစေဖို့ ရည်ရွယ်ပါတယ်။”

ဒီရက်ပိုင်း ကိုယ့်ရဲ့ဘဝက နည်းနည်း လေးလံမှုတချို့ရှိခဲ့သေးသလား ❓
▪️အတွေးများပြီး စိတ်ပင်ပန်းနေခဲ့တာလား?
▪️အရာအားလုံးကို ပြိုကွဲမသွားအောင် တစ်ယောက်တည်း ထိန်းချုပ်ထားဖို့ ကြိုးစားနေခဲ့တာလား?
▪️ဒါမှမဟုတ် အသက်ရှူဖို့ ခဏတာ အချိန်လေးပဲ လိုချင်နေခဲ့တာလား?

တခါတရံ ဒီလို ခံစားမှုမျိုးဖြစ်ပေါ်လာတယ်ဆိုရင်လည်း အဆင်ပြေပါတယ်နော်။ ကျွန်မတို့ အားလုံးရဲ့ ဘဝတွေမှာ မကြာခဏဆိုသလို ဒီလိုဖိအားတွေအောက် ရောက်ရှိကြရပါတယ်။

✨ ဒီ လေးလံမှုလေးကို ခေတ္တခဏလေးပဲ ချကြည့်စေချင်ပါတယ် မိနစ်ပိုင်းလေးပဲဖြစ်ဖြစ်ပေါ့ ✨

ဒါကြောင့်မို့လို့ ဒီမက်ဆေ့ချ်၊ ဒီပန်းပွင့်လေးဟာ သင့်အတွက် ခေတ္တရပ်နားခြင်း (Little Pause) တစ်ခုရဲ့ reminder လေးဖြစ်စေချင်ပါတယ်။

ကြုံတွေ့နေရသမျှ ပြဿနာအားလုံးကို ဒီနေ့တစ်ရက်တည်း၊ တစ်ချိန်တည်း၊ ချက်ချင်း ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ ဒါ့ကြောင့်တစ်ခါတလေမှာ ခဏတာငြိမ်းချမ်းမှုလေး တစ်ခုခုကို သတိထားမိလိုက်ပြီး ကိုယ့်ရဲ့ စိတ်ကို ခဏတာ ပျော့ပျောင်းစေဖို့ ခွင့်ပြုလိုက်တာမျိုးဟာ လုံလောက်ပါတယ်။

ဒီ ငြိမ်းချမ်းမှုလေးဆိုတာ...
✨ပြတင်းပေါက်ကနေ ဝင်ရောက်လာတဲ့ နေရောင်ခြည်လေးတစ်စင်း
✨ ကော်ဖီနံ့သင်းသင်းလေး
✨ ချစ်ခင်ရင်းနှီးရတဲ့သူရဲ့ ရယ်မောစကားပြောသံလေး
✨ ကိုယ့်အိမ်မှာမွေးထားတဲ့ တိလေးရဲ့ လှုပ်ရှားမှုပုံစံလေး
✨ ကိုယ့်စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းလေး
✨ ဒါမှမဟုတ် ကိုယ့်ဘေးကိုကြည့်လိုက်ရင် စိမ်းစိုနေတဲ့ သစ်ရွက်လေးတွေ…
အစရှိတဲ့ ကိုယ့်အနားက ကြည်နူးစရာအခိုက်အတန့်အသေးအဖွဲလေးအပေါ် သတိထားမိလိုက်ခြင်းကို ဆိုလိုပါတယ်။

ဒါတွေအားလုံးဟာ ကျွန်မတို့အတွက် သူ့အတိုင်း လှပပေးနေတဲ့ ပန်းပွင့်လေးတွေပါပဲ။ စိတ်ကျန်းမာအဆင်ပြေမှုအတွက် ဒီလို သေးငယ်ပြီး အပြုသဘောဆောင်တဲ့ အခိုက်အတန့် တွေကို သတိပြုပေးခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချရာမှာ အရေးပါပါတယ်။

ဒါကြောင့် ဒီနေ့ ကိုယ့်ရဲ့စိတ်က လေးလံလွန်းတယ်လို့ ခံစားရရင် ခဏတဖြုတ်လောက် ဘေးပတ်ဝန်းကျင်က သေးငယ်တဲ့ အရာတွေကို သတိပြုကြည့်လိုက်ပါ။ အဲဒီအရာတွေက သင့်ကို ရှေ့ဆက်ဖို့ ခွန်အားဖြည့် ပေးနေတဲ့ ကုစားမှုလေးတွေ ဖြစ်ပါတယ်။

သင့်ရဲ့ ဒီနေ့ကို အနည်းငယ် ပိုမိုပေါ့ပါးသွားစေခဲ့တဲ့ သေးငယ်တဲ့ အရာလေးတစ်ခုက ဘာများဖြစ်မလဲ… Comment မှာ မျှဝေပေးခဲ့ပါဦးနော် 🌸🌿

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။




06/11/2025

Take things personally - အခြေအနေတစ်ခု (သို့) တခြားသောလူတစ်ယောက်ရဲ့ စကားလုံး၊ အပြုအမူတစ်ခုခုကို ကိုယ့်အတွင်းထဲမှာ အဓိပ္ပာယ်ဖွင့် interpret လုပ်ရင်း ကိုယ်နဲ့ ဆိုင်တဲ့အရာအဖြစ်ယူလိုက်တာလို့ ဆိုလိုချင်တယ်။ တခြားသူရဲ့ ယူဆမှု၊ ပြဿနာ၊ ခံစားမှု စတာတွေအပေါ် “ကိုယ်နဲ့ဆိုင်လား၊ ကိုယ့်ရဲ့အမှားလား” စသဖြင့် မှတ်ယူမိတာမျိုး…

တစ်ဘက်ရဲ့ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်က ကိုယ်ထင်သလိုမဟုတ်နေသည့်တိုင် ကိုယ်နဲ့ဆိုင်တဲ့အရာအဖြစ် အဓိပ္ပာယ်ဖွင့်တာမျိုးကို ဆိုလိုချင်ပါတယ်။

ဥပမာ -
◼️သူငယ်ချင်းတစ်ယောက်ယောက်က reply ကြာတဲ့အခါ “သူ ငါ့ကို လျစ်လျူရှုတာပဲ။”
◼️ကိုယ့် Boss က meeting ထဲမှာ မျက်နှာမသာမယာဖြစ်နေတယ်။ ဒီအခါ “သူ ငါလုပ်ထားတဲ့အလုပ်တွေ မကြိုက်လို့ထင်တယ်”
◼️ကိုယ့်ဘေးကလူက တိတ်ဆိတ်နေတယ်။ “ ငါ တစ်ခုခု အမှားလုပ်ထားလို့ ဖြစ်မယ်” စသဖြင့် ပေါ့။

ဒါဟာ -
◼️ ကိုယ့်ရဲ့ ကိုယ်ပိုင် own filters and mental program တွေအပေါ် အခြေပြုရင်း အဓိပ္ပာယ်ကို ရှာဖွေခြင်း၊
◼️ “You will see what you are ready to see and dismiss the rest.” တခြားသောအကြောင်းအရင်းတွေကို ဖယ်ချန်ပြီး ကိုယ်မြင်ဖို့ရည်ရွယ်နေတဲ့အပိုင်းကိုပဲ မြင်လိုက်မိတဲ့သဘောလို့ ဆိုချင်တယ်။

(ဒါဟာ အမှားမဟုတ်ပါဘူး။ ဒါဟာ ဦးနှောက်သဘောတရားအရကိုက ရင်းနှီးတဲ့အရာတွေအပေါ် ဘယ်လိုအလုပ်လုပ်လဲ ဆိုတာပါပဲ။)

Own filters ဆိုတာက လူတွေနဲ့ ပတ်ဝန်းကျင်ကို ကိုယ်ဘယ်လိုရှုမြင်၊ နားလည်လဲ ဆိုတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် lens ပဲ။ နားလည်ရှုမြင်မှုတွေဆိုတာဟာ အတိတ်အတွေ့အကြုံတွေအပေါ် အခြေပြုထားတယ်။ ယဉ်ကျေးမှုဆိုင်ရာတွေနဲ့ တန်ဖိုးတွေအပေါ် အခြေပြုထားတယ်။ ယုံကြည်မှုဆိုင်ရာ Own beliefs and biases တွေအပေါ်လည်း အခြေပြုထားနိုင်တယ်။ နောက် ခံစားချက်နဲ့ memories အပေါ် အခြေပြုထားတယ်။
Mental Program ဆိုရာမှာတော့ ဆိုလိုချင်တာက အားမထုတ်နေသည့်တိုင် ကိုယ့်ရဲ့ internal မှာ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ တူညီသော အတွေးပုံစံတွေ၊ တူညီသော ခံစားမှုတွေနဲ့ လုပ်ရပ်တွေကို ရည်ညွှန်းပြောပြလိုခြင်းပါ။

🔲 Filters တွေက ကိုယ်ဘယ်လိုမြင်မှာလဲဆိုတာကို ပြတယ်။
🔲 အလိုအလျောက်ဖြစ်လာတဲ့အရာတွေကတော့ ကိုယ်ဘယ်လို react လုပ်မှာလဲ ဆိုတာကို ဖြစ်ပေါ်စေတယ်။
ဒီအခါ Take things personally ဆိုတာမျိုး ရှိလာနိုင်တယ်။

Personally ယူလိုက်တဲ့အခါ ကိုယ့်စိတ်ကိုလည်း သက်ရောက်တယ်။ ကိုယ့်ခံစားချက်တွေအပေါ်လည်း သက်ရောက်တယ်။ အချင်းချင်းကြား နားလည်မှုတွေလွဲချော်တယ်။ ကိုယ့်ကိုယ်ကို နှုတ်ထွက်လိုက်တာတွေ၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်အတိုင်း တစ်ဘက်အပေါ် defensive ဖြစ်တာတွေ၊ ဒါမှမဟုတ်လည်း အလွန်အကျွံရှင်းပြနေတာတွေ ရှိနိုင်တယ်။

📌 အမှန်တရားနဲ့ ကိုယ်ထင်နေတဲ့အခြေအနေတို့ကြား ဝေးကွာမှုတွေ၊ တင်းမာမှုတွေ ရှိနိုင်တယ်။

ဒါ့ကြောင့် Taking things personally အစား-
🌿 ဒါ ငါ့ကို ပြောတာလား (သို့) တခြား reasons တွေရောရှိနေနိုင်လား သေချာစစ်ဆေးပါ။

🌿 ကိုယ်ပိုင်ယူဆချက်တွေကို သတိမူပါ။ ဒါဟာ conflict တွေ၊ နားလည်မှုလွဲခြင်းတွေဖြစ်နိုင်လို့ လိုအပ်ခဲ့ရင် ရှင်းလင်းစွာ မေးပါ။

🌿 အမြဲတမ်းဟာ ကိုယ့်အကြောင်း မဟုတ်နေနိုင်တာ၊ ကိုယ်ထင်သလိုမဟုတ်နေနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားကြည့်ပေးပါ။

🌿 ကိုယ့်ကိုယ်ကို ချစ်ခင်တန်ဖိုးထားနိုင်ခြင်းဟာ ကိုယ့်ရဲ့ခိုင်မာတဲ့ shield လေးဖြစ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုထားပါ။

🌿 ကိုယ့်ကိုယ်ကိုအပေါ် personally ယူမိတဲ့အခါ ကိုယ့်ကိုယ်ကို ကြင်နာစိတ်ထားပါ။ “ငါ ဒီခံစားချက်လေး ဖြစ်သွားတာပဲ၊ ဒါဟာ လူတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိနိုင်တာမို့ ဒီခံစားမှုလေးရှိတတ်တာဟာလည်း အဆင်ပြေပါတယ်” ဆိုတာပါပဲ။

✨ကိုယ့်ခံစားချက်နဲ့ အတွေးတွေကို mindful ဖြစ်ခြင်းဖြင့် နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေ။✨

မေတ္တာဖြင့်
Andrea

🌱ခရီးအဆုံးတစ်ခုတည်းကသာ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး… ခရီးလမ်းကိုယ်တိုင်က အဓိပ္ပာယ်အပြည့်ပါပဲ။တောင်တက်ခရီးသွားကြသူတွေရဲ့ ရည်ရ...
06/11/2025

🌱ခရီးအဆုံးတစ်ခုတည်းကသာ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး… ခရီးလမ်းကိုယ်တိုင်က အဓိပ္ပာယ်အပြည့်ပါပဲ။

တောင်တက်ခရီးသွားကြသူတွေရဲ့ ရည်ရွယ်ချက်က တောင်ထိပ်ကိုရောက်ဖို့သက်သက်ပဲဆိုရင် အမြန်ရောက်အောင် တခြားနည်းစနစ်တစ်ခုခုနဲ့ သွားမှာပေါ့။
ဘာလို့ ဒီလိုမလုပ်ကြသလဲဆိုရင် တောင်တက်ခရီးရဲ့ တကယ့်အနှစ်သာရက အဖိုးတန်လို့ပါပဲ။

အဆုံးသတ်တစ်ခု၊ ရည်မှန်းချက်တစ်ခုကို ရောက်ရှိဖို့ ကြိုးစားရတဲ့ အားထုတ်မှုတိုင်းမှာ တန်ဖိုးရှိတဲ့အမှတ်ရစရာတွေ ထင်ကျန်ရစ်နေပါတယ်။

ဥပမာ ခရီးလမ်းတစ်လျှောက် -

▪️အခက်အခဲတွေကို ကိုယ် ဘယ်လို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တယ်…

▪️ကိုယ်ကိုယ်ကို ဆွဲထူနိုင်မယ့်နည်းကို ဘယ်လို တတ်မြောက်ခဲ့တယ်…

▪️ခရီးလမ်းမှာ စိတ်တူကိုယ်တူ မိတ်ဆွေသစ်တွေ ဘယ်လိုရခဲ့တယ်…

▪️ရည်ရွယ်ရာကို တစိုက််မတ်မတ်လျှောက်လှမ်းနေသည့်တိုင် အနားမှာရှိတဲ့အရာတွေကို ဘယ်လိုတန်ဖိုးထားတတ်ခဲ့တယ်…

အစရှိသဖြင့် အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ အများကြီးပါပဲ။ ဒီအတွေ့အကြုံတွေက ကျွန်မတို့ရဲ့ ဘဝတွေကို ပိုမိုပြည့်စုံ၊ အဓိပ္ပာယ်ရှိစေပါတယ်။

Healing and Growth ဆိုတာလည်း ဒီလိုပါပဲ။ အဆုံးသတ် အောင်နိုင်သွားဖို့ တစ်ခုတည်းတင် ရည်ရွယ်ချက်မဟုတ်ပါဘူး။ ဒီလမ်းတစ်လျှောက် ကိုယ်ဘယ်လို ကြိုးစားခဲ့သလဲ၊ ကုစားခဲ့သလဲ၊ ပြောင်းလဲလာခဲ့သလဲဆိုတာအားလုံးဟာလည်း အဓိပ္ပာယ်ရှိနေပါတယ်။

ဒါကြောင့် “ခရီးလမ်းရဲ့အဆုံးသတ်” တစ်ခုတည်းကိုသာ တန်ဖိုးထားမယ့်အစား ဒီနေ့ ကိုယ် ရင်ဆိုင်ကျော်လွှားနေရတဲ့ အခက်အခဲတိုင်း၊ ကိုယ်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတိုင်းကို တန်ဖိုးထားကြည့်နိုင်ပါတယ်။

🌱 ကျွန်မတို့ နေ့စဉ်ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ နာကျင်မှုတွေ၊ သင်ယူမှုတွေဟာပဲ ကျွန်မတို့ရဲ့အဖိုးမဖြတ်နိုင်တဲ့ အဓိပ္ပာယ်တွေ ဖြစ်နေလို့ပါပဲ။

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

🌱မောပန်းလာတဲ့ အခိုက်အတန့်တွေတခါတလေမှာ ဒေါသတွေဟာ အမုန်းတရားတွေကနေ လာတာမျိုး မဟုတ်ပဲ ပင်ပန်းမှုတွေ၊  မောပန်းခြင်းတွေ၊ အချိ...
05/11/2025

🌱မောပန်းလာတဲ့ အခိုက်အတန့်တွေ

တခါတလေမှာ ဒေါသတွေဟာ အမုန်းတရားတွေကနေ လာတာမျိုး မဟုတ်ပဲ ပင်ပန်းမှုတွေ၊ မောပန်းခြင်းတွေ၊ အချိန်ကြာမြင့်စွာ အရာအားလုံးကို တစ်ယောက်တည်း ထမ်းပိုးထားခြင်းတွေကနေ လာတာမျိုးလည်း ရှိနိုင်ပြန်တယ်။

တချို့အခြေအနေတွေဖြစ်တဲ့-
🔲 အမြဲတမ်းဖြည့်ဆည်းပေးနေရတဲ့ နေရာမျိုး၊
🔲 နားလည်ပေးနေရတဲ့ အခြေအနေမျိုး၊
🔲 ရှင်းပြနေရတဲ့ အခိုက်အတန့်တွေ ကြာရှည်လာသည့်တိုင် ကိုယ့်ကို နားမလည်နေဘူးလို့ ခံစားလာရတဲ့အခါ ဒီကနေတဆင့် ပြင်းထန်တဲ့ ခံစားချက် “ဒေါသတွေ” ပါဝင်လာမိတတ်ကြတယ်။

ကိုယ့်အတွင်းထဲက စကားတွေ၊ လိုအင်တွေ (သို့) ဖြစ်တည်နေတဲ့ အခြေအနေကို တစ်စုံတစ်ဦးက ကြားတယ်လို့မခံံစားလာရတဲ့အခါ ဖော်ပြမှုတွေမှာ ဒေါသတွေက ကြားခံဖြစ်လာတယ်။ (ဒါပေမယ့် မတူသောအခြေအနေအမျိုးမျိုးတော့ ရှိကြပါတယ်။ အခြေအနေအားလုံး မဆိုလိုပါ။)

မကျေမနပ်တဲ့ ခံစားချက်တွေတင်သာမကပဲ တခါတလေကျတော့လည်း မျက်ရည်တွေလည်း ရှိတတ်တယ်။ လေးပင်တဲ့ သက်ပြင်းချမှုတွေရော ရှိနေတတ်တယ်။ ဒီလိုအချိန် တမှေးလေး မှေးလိုက်တဲ့အချိန်လေးကသာ ကိုယ့်ကို သက်သာငြိမ်သက်စေသယောင် ခံစားမိလာတယ်။

Anger ရဲ့အနောက်မှာ အကြောင်းအရင်းတွေ ရှိနေတတ်ပါတယ်။
🔲 “ငါတစ်ယောက်တည်း သန်မာနေရမှုမှာ ပင်ပန်းနေပြီ။”
🔲 “ငါ အဆင်မပြေဘူးဆိုတာ မြင်ပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ငါလိုအပ်နေပြီ” စသဖြင့်ပေါ့။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ဒေါသဖြစ်တယ်လို့ ခံစားလာရတဲ့အခါ ဝေဖန်မှုတွေလုပ်မယ့်အစား ပြန်မေးကြည့်ပါ။
🔲 ဘယ်နေရာတွေမှာ ငါမောပန်းနေနေပြီလဲ?
🔲 ဘယ်လိုအခြေအနေကို အချိန်ကြာမြင့်စွာ ငါ့ကိုယ်ငါ လျစ်လျူရှု/သည်းခံထားသလို ဖြစ်နေပြီလဲ” စသဖြင့်ပေါ့။
တည်ငြိမ်အဆင်ပြေမှုဆိုတာ ဒေါသဆိုတာကို မခံစားရတာမျိုး မဟုတ်ပါဘူး။ ခံစားလာရတဲ့အချိန်မျိုးတွေမှာ ကိုယ့်ကိုယ်ကို နားထောင်ပေးပြီး လိုအပ်နေတာလေးကို နေရာပေးနိုင်ခြင်းပါ။ မလိုအပ်တဲ့ နောက်ထပ်သော consequences တွေ မဖြစ်အောင် ကာကွယ်နိုင်ခြင်းပါ။

တကယ်တော့ ဒေါသဆိုတာ -

ကိုယ်စောင့်ရှောက်ကြင်နာနိုင်ဖို့ရာ လိုအပ်လာတဲ့အစိတ်အပိုင်းလေးကို ကိုယ်မြင်လာနိုင်အောင် message လေး ပေးနေခြင်းပဲ ဖြစ်ပါတယ်။

ဒီ message လေးတွေကို နားထောင်ကြည့်ရအောင်…🌿✨

မေတ္တာဖြင့်
Andrea

05/11/2025

📌 Awareness Post ပါ။

အကျင့်ပါ အသားကျနေတဲ့ အတွေးတွေ၊ ယုံကြည်မှုဆိုင်ရာတွေ၊ နောက် ပြုမူမိနေတဲ့ အရာတွေဟာ “They are built over years” ကိုယ်နဲ့နှစ်ရှည်လများ အတူရှိနေခဲ့တာဖြစ်လို့ ဒါတွေကို ပြောင်းလဲဖို့ဆိုရင် အချိန်ပေးရတယ်။ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခွင့် ပြုရတယ်။ သိနေရုံနဲ့မပြီး ပြန် လေ့ကျင့်၊ အစားထိုးရတယ်။ လေ့ကျင့်ယူခြင်း၊ သတိရှိရှိနဲ့ ပြောင်းလဲယူရင်း အသားကျအောင် လုပ်ယူနိုင်မှုကသာ Relapse မဖြစ်အောင်၊ long lasting ဖြစ်အောင်၊ sustainable ဖြစ်အောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် Behavioral Change တွေသည် Counseling တွေမှာ အချိန်ယူပါတယ်။
အကျင့်တစ်ခုလိုဖြစ်နေတဲ့ pattern ဖြစ်နေတဲ့ အတွေး အပြုအမူတွေနဲ့ ကိုယ့်ကိုယ်ကိုပြောနေတဲ့ စကားတွေဟာလည်း ပြန်လည် သတိထားလေ့ကျင့်ယူရတဲ့အရာတွေဖြစ်ပါတယ်။ အသားကျနေတာတွေကို
🔲ပြန် unlearn လုပ်ဖို့၊ စွန်ခွာနိုင်ဖို့၊
🔲အသစ်တွေကို ပြန်လည် relearn လုပ်ဖို့၊ ကြိုးစားလေ့ကျင့်ဖို့၊
🔲 ကိုယ့်ကိုယ်ကို ဒီအသစ်သောအရာတွေအတွက် ခွင့်ပြုနိုင်ဖို့ဟာ Better Change တွေအတွက် လိုအပ်တဲ့အရာတွေပါပဲ။

“လက်ရှိဒါတွေကြုံနေရတယ်” ဆိုပေမယ့် ဒါတွေကို ဖြစ်ပေါ်လာအောင် ထောက်ပံံ့မှုပြုခဲ့တဲ့ အတွေ့အကြုံတွေ၊ ငယ်ဘဝဆိုင်ရာတွေ၊ Belief ကို ဖြစ်ပေါ်စေတဲ့ activating events တွေ၊ အသားတကျဖြစ်သွားတဲ့ repeated actions တွေ၊ Unconscious Project တွေ၊ Safety in knowing လို့ ဆိုနိုင်တဲ့ ရင်းနှီးပြီးသားအရာဟာ ကိုယ့်အတွက်လုံခြုံတယ်ခံစားရတဲ့ အခြေအနေတွေ စတာတွေဟာ layer by layer ရှိနေတယ်။

ကိုယ့်ကိုယ်ကို ရှာဖွေမှုကို ကောင်းကောင်းလုပ်ပြီး ကိုယ့်ကိုယ်ကို သတိရှိစွာနဲ့ ရရှိလာတဲ့ insight နဲ့အတူ ကိုယ့်ကိုယ်ကို စည်းကမ်းထား လိုအပ်တဲ့နေရာတွေကို ပြုပြင်၊ ပြောင်းလဲ၊ လေ့ကျင့်ယူခြင်းကသာ ကိုယ်တကယ်လိုချင်တဲ့ change ကို သွားနိုင်တာ ဖြစ်တယ်။

ဥပမာ ပြောရင် လူတစ်ယောက်ကို မစွန့်ခွာနိုင်ဘူးဆိုတဲ့နောက်မှာ အပေါ်ယံကြည့်သလို ကိုယ့်ကိုယ်ကို မချစ်တာ၊ သူမလုပ်နိုင်ဘူးဆိုတာမျိုး မဟုတ်ပဲ…
attachment ဆိုင်ရာတွေလား၊ trauma bonding လား၊ cognitive distortion ကြောင့်လား၊ familiarity effect ကြောင့်လား၊ နောက်ဆုံးဟိုတလောကရေးခဲ့သလို brain’s reward system စသဖြင့် အကြောင်းအရာပေါင်း များစွာ ရှိနေနိုင်တယ်။

ဒါ့ကြောင့် ဒီနေရာလေးမှာ awareness ပေးချင်တာက အတွေးတွေ၊ လုပ်ရပ်တွေ၊ ခံစားမှုတွေ၊ရွေးချယ်မှုတွေနဲ့ ဆိုင်နေတဲ့ ကုစားမှုတွေဟာ အပေါ်ယံရှပ်ကြည့်လို့ မရသလို quick change မဟုတ်ပါဘူးနော်။

Real Change တွေဟာ လေ့ကျင့်မှုရော၊ စိတ်ရှည်မှုရော၊ ခွင့်ပြုနိုင်မှုရော၊ တစိုက်မတ်မတ်ရှိမှုရော၊ အချိန်ပေးနိုင်မှုရော၊ တိုင်းတာမှုတွေရော လိုအပ်တယ် ဆိုတာလေးပါပဲ။

-Andrea

05/11/2025

ဘယ်တော့မှ မပြိုလဲရတာ၊
ဘာတွေကြုံကြုံ အချိန်တိုင်း သန်မာနေရမှာ…
စတာတွေဟာ Resilience သဘော မဟုတ်ပါဘူး။

Resilience ဆိုတာဟာ“လေးပင်မှု ထုထည်” ဘယ်လောက်ကို ထမ်းရွက်နိုင်လဲ ဆိုတာမဟုတ်ပဲ …

လေးလံမှုတွေကြားထဲ ဘယ်လောက်အထိ ကိုယ့်ကိုယ်ကို ငြင်သာစွာ ဆက်ဆံဂရုစိုက်ပေးနိုင်လဲ၊ အခက်အခဲတွေထဲမှာ ကိုယ့်ကိုယ်ကို ဘယ်လို သင်ခန်းစာယူ ရှေ့ဆက်နိုင်လဲ၊ ပြန်လည်ရုန်းထနိုင်လဲ၊ တိုးတက်မှုကို ဘယ်လို ရှာဖွေသွားနိုင်လဲ စတာတွေ ဖြစ်ပါတယ်။

Resilience အတွက် ကိုယ့်ကိုယ်ကို သတိထားမိခြင်း နဲ့ ခံစားချက်တွေကို ပြန်လည်ထိန်းညှိနိုင်မှုဟာလည်း အရေးကြီးပြန်တယ်။

🔳 သတိထားမိဖို့ဆိုရာမှာ -

“ငါဘာခံစားနေရလဲ၊ ငါဘာတွေတွေးမိနေလဲ၊ ငါ့ emotions တွေက ဘာလဲ၊ ငါဘယ်လိုတွေတုံ့ပြန်မိနေလဲ” ဆိုတာကို နားလည်ထားခြင်းပဲ။ သတိထားမိအောင် ကြိုးစားခြင်းပါပဲ။
ဒါတွေကို ကောင်းကောင်းနားလည်ထားမှုဟာ ဖြစ်နေတဲ့အခြေအနေအပေါ် “ငါဘာလုပ်ဖို့လိုမလဲ” ဆိုတဲ့ အဖြေအတွက် အထောက်အပံံ့ဖြစ်တယ်။

🔳 ပြန်လည်ထိန်းညှိနိုင်မှုဆိုရာမှာတော့ -

“ကိုယ် ဘာဖြစ်နေလဲ၊ ဘာ ခံစားနေရလဲ” ဆိုတာ ကိုယ်သိနေရုံနဲ့ မပြီးသေးပဲ ဘယ်လို ပြန်လည်ကိုင်တွယ် manage လုပ်မလဲဆိုတဲ့ regulation ပါပဲ။ ဒီနေရာမှာ ခံစားချက်တွေကို အသိအမှတ်ပြုပေးခြင်းတွေ၊ တည်ငြိမ် အဆင်ပြေမှုခံစားရအောင် လုပ်ဆောင်ရတဲ့ techniques လေးတွေ၊ လုံခြုံရတဲ့ရပ်ဝန်းမှာ ဒီခံစားချက်တွေကို အလုပ်လုပ်နိုင်အောင် professional help အကူအညီရယူတာမျိုးတွေ စတာတွေနဲ့ ပြန်လည်ဂရုစိုက်ကြရတာပါပဲ။

သတိထားမိခြင်းဆိုတာနဲ့ ဆက်စပ်ပြောချင်တာက
ကိုယ့်ရဲ့ စိတ်ရော၊ ခန္ဓာရောက ကိုယ့်ကိုပြောပြနေတဲ့ စကားတွေကို သတိမူနားထောင်သင့်ပါတယ်။ ခန္ဓာကိုယ်ရော၊ ခံစားချက်တွေရောက သူပင်ပန်းလာချိန်မှာ ကိုယ့်ကိုပြလာတဲ့ signs လေးတွေ ရှိတတ်တယ်။ ဒါဟာ သူ့ကိုနေရာလေးပေးဖို့၊ ပြန်လည်ဂရုစိုက်ဖို့ ပေးပို့လာတဲ့ သတင်းစကားတွေပါပဲ။

ဒီ message တွေကိုလျစ်လျူရှုတာထက် ကိုယ့်ကိုယ်ကို ကြင်နာစိတ်နဲ့ ပြန်လည် ဆက်ဆံဂရုစိုက်ပေးတာ၊ အချိန်ခဏလေးဖြစ်ဖြစ် ပြန်လည်အနားယူတာ၊ ကိုယ့်ကို ပြန်လည်အားဖြည့်နိုင်တဲ့ လူ၊ ရပ်ဝန်း (သို့) သဘာဝ စတဲ့ စတဲ့ ကိုယ့်အတွက်အားအင်ဖြစ်စေတဲ့အရာတွေနဲ့ ပြန်လည်ချိတ်ဆက်တာ စတာလေးတွေ လုပ်ဆောင်နိုင်ပါတယ်။

မေတ္တာဖြင့်
Andrea

04/11/2025

တန်ဆောင်တိုင်ချိန်ခါသမယမှာ အားလုံးပဲ ဘေးဘယာကင်းဝေး စိတ်ရောကိုယ်ပါ လုံခြုံချမ်းမြေ့ကြပါစေ 🪔🪔🪔

04/11/2025

‼️သတိချပ်စရာလေးတစ်ခုကို ပြောပြချင်ပါတယ်။

ခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ် mental health နဲ့ ပက်သက်တဲ့စာလေးတွေ၊ Psychological terms နဲ့ ပတ်သက်တဲ့အရာလေးတွေကို လေ့လာသိရှိနိုင်တယ်။ ဒါလေးတွေဟာ ကိုယ့်စိတ်ကို နားလည်နိုင်ဖို့၊ တုံ့ပြန်ပုံကို သတိထားနိုင်ဖို့၊ လိုအပ်တဲ့အကူအညီ ရှာဖွေနိုင်ဖို့၊ well-being ကို ဂရုစိုက်နိုင်ဖို့ရာ အသုံးဝင်ပါတယ်။

ဒါပေမဲ့ သတိထားဖို့လိုတာက -
ဒီစကားလုံးတွေဟာ မိသားစုထဲမှာ၊ ဆက်ဆံရေးတွေထဲမှာ တစ်ယောက်အပေါ်တစ်ယောက် စွပ်စွဲဖို့၊ label တပ်ဖို့အတွက် မဟုတ်ပါဘူး။

Awareness တွေတိုးတက်လာတာဟာ ကောင်းပါတယ်။ ကျေးဇူးတင်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်အဓိပ္ပာယ် နဲ့ context ကို careful မဖြစ်ပဲ နေ့စဉ်ဘဝ စကားတွေမှာ တစ်ယောက်အပေါ်တစ်ယောက် စွပ်စွဲအသုံးပြုမိကြတဲ့အခါ ဒါဟာ နားလည်မှု ပိုလွဲနိုင်တာတွေ၊ label တွေတပ်ပြီး စွပ်စွဲ အပြစ်တင်သလို ဖြစ်လာတာတွေ ဖြစ်ပေါ်လာနိုင်တယ်။

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် သတ်မှတ်နေကြတာတွေကနေ မလိုအပ်သော ခံစားချက်၊ နာကျင်မှုတွေကို ဖိိတ်ခေါ်နေသလိုပါပဲ။

🔲 သဘောမတူညီမှု “Disagreement” တွေရှိနေတတ်ကြခြင်းအပေါ် manipulate လုပ်နေတယ်လို့ မဆိုလိုနိုင်ဘူး။

🔲 မနှစ်မြို့တဲ့ခံစားချက်တွေအပေါ် abuse လုပ်ခံရပါတယ်လို့ သတ်မှတ်ပစ်လို့ မသင့်ဘူး။

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ မတူသော human experiences တွေ၊ မတူသော စည်းဘောင်တွေ၊ မတူသော မျှော်လင့်ချက်နဲ့ မကိုက်ညီသော ခံစားချက်တွေ ရှိနေတတ်ကြပါတယ်။

တစ်ယောက်အပေါ်တစ်ယောက်နားလည်နိုင်ဖို့ထက်
clinical terms တွေ၊ trauma terms တွေကို လွယ်လင့်တကူ အသုံးပြု လက်ညှိုးထိုးပြောဆိုလိုက်ခြင်းတွေဟာ တိုးတက်မှုရှိအောင် တစ်ယောက်နဲ့တစ်ယောက်ကြား ကြိုးစားရာ မဖြစ်တော့ပဲ
“ငါ့ကို ဒီလို စွပ်စွဲတယ်၊ သူက ဒါဖြစ်တယ်” ဆိုတာတွေနဲ့ ပိုနားလည်မှုလွဲစေနိုင်တယ်။ ဆက်ဆံရေးတွေကို ပိုဝေးကွာစေနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ပိုနာကျင်လာနိုင်တယ်။

ကိုယ်ပြောတဲ့စကားလုံးတွေကို သတိထားမိဖို့ဆိုရာမှာ ဒီလိုမျိုး psychological terms တွေကို daily conversation မှာ ထည့်သွင်းအသုံးပြုနေခြင်းအပေါ်မှာလည်း သတိချပ်ဖို့လိုအပ်ပါတယ်။

တစ်ယောက်အပေါ်တစ်ယောက်ပြောတဲ့ စကားလုံးတွေဟာ စွပ်စွဲနာကျင်စေဖို့ရာမဟုတ်ပဲ…
ဖြစ်နေတဲ့ ပြဿနာကို ရည်ရွယ်ချက်မှန်မှန်နဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရှာဖွေနိုင်ကြဖို့ပဲဖြစ်ပါတယ်။

-Andrea

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Andreaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Andrea:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram