ELLIE You’ve arrived — perfectly timed, and you are safe now 💚🌙
(3)

ဒီ Limited Love Reading လေးက Ellie လက်ခံရင်းနဲ့ လက်လွန်ကြက်သွန် April ပထမအပတ်အထိ Fully booked ဖြစ်သွားပါပြီနော် ☺️ တကယ်လ...
19/02/2026

ဒီ Limited Love Reading လေးက Ellie လက်ခံရင်းနဲ့ လက်လွန်ကြက်သွန် April ပထမအပတ်အထိ Fully booked ဖြစ်သွားပါပြီနော် ☺️ တကယ်လို့ အချိန်စောင့်နိုင်တယ်ဆိုရင် Ellie အနည်းငယ် ထပ်ပြီး လက်ခံပေးပါဦးမယ် 🩵 နောက်လကျရင် အိမ်ပြောင်းရမှာမို့ပါ။ ဒါပြီးရင်တော့ Career Reading ဖက်ကို ဆက်တော့မှာမို့ အချစ်ရေးအတွက် လိုချင်ရင် အခုလာခဲ့ပါနော် 🫶🏻✨

🌊 သူ့ကို မြင်တွေ့ဆဲပါ..။လူချင်းဆုံတာမျိုး မဟုတ်ဘူးနော်။ နှစ်ယောက်သား အပြင်မှာ မဆုံဖြစ်ကြတာဖြင့် သုံးနှစ်တောင်ရှိပြီ။ ဒါပ...
18/02/2026

🌊 သူ့ကို မြင်တွေ့ဆဲပါ..။

လူချင်းဆုံတာမျိုး မဟုတ်ဘူးနော်။ နှစ်ယောက်သား အပြင်မှာ မဆုံဖြစ်ကြတာဖြင့် သုံးနှစ်တောင်ရှိပြီ။ ဒါပေမဲ့ တိုက်ဆိုင်လာတိုင်း သူ့အကြောင်း ခေါင်းထဲပေါ်လာနေတုန်း။ လူအုပ်ကြားထဲက ရယ်သံသဲ့သဲ့မှာ၊ အရပ်ရှည်ရှည် ပုခုံးမြင့်မြင့်နဲ့ သူစိမ်းတယောက် ဖြတ်ခနဲ အမြင်အာရုံထဲ ဝင်လာတိုင်းမှာ 'သူများလား' လို့ ထင်မိနေတုန်း။ ဦးနှောက်က ဒါသူမဟုတ်ဘူးဆိုတာကို ဝေခွဲမရနိုင်ခင် စက္ကန့်ပိုင်းလေးအတွင်းမှာ၊ ခလေးငယ်လေးတစ်ယောက်လို လှိုက်ခနဲ စိတ်လှုပ်ရှား ရင်ခုန်မိနေတုန်း။ နောက်ပြီးတာနဲ့ တဆက်တည်း ထပ်ဝင်လာတဲ့ ကြေကွဲမှု၊ နာကျင်မှု။ နောက်ဆုံးမှာ ပြန်မလိုချင်တော့တဲ့ ထုံကျဥ်မှု။ ဒါတွေက ခြေလက်တွေမရှိတော့ပေမဲ့ ရှိနေတုန်းပဲလို့ ခံစားရတဲ့ 'Phantom Limb Syndrome' တခုနဲ့ တူကောင်းတူပါလိမ့်မယ်။

သူ့ကို ထားရစ်ခဲ့နိုင်လို့ လူတွေ ဂုဏ်ပြုကြတယ်။ “သူမရှိတာက ပိုကောင်းပါတယ်”ပေါ့။ သူတို့ မမှားပါဘူး။ ဒါပေမဲ့ လက်တွေ့ဆန်တယ်ဆိုတာ အချစ်နဲ့ပတ်သက်ရင် ကျွန်မရင်းနှီးတဲ့ ဘာသာစကားမဟုတ်ခဲ့ပါဘူး။ သူ့ကို ဆုံးရှုံးရခြင်းက နက်ရှိုင်းသောအနာ ဖြစ်ခဲ့တယ်။ သူက အင်မတန်တော်တဲ့သူမို့လို့ မဟုတ်ဘူး။ အစားထိုး မရနိုင်လောက်အောင်လည်း ကောင်းမပေးခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို အဆုံးအစမဲ့ ချစ်ခဲ့တယ်။ ဘယ်သူမှ မမြင်တတ်ခဲ့တဲ့ သူ့ရဲ့နှလုံးသားထဲက တံခါးတချပ်ကို ကျွန်မပိုင်သမျှအားနဲ့ အစွမ်းကုန် လွတ်မြောက်ခွင့်ပေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့.. နောက်ဆုံးမှာ စိတ်ပျက်အားလျော့စွာပဲ အပြင်က ကျွန်မပြန်သော့ပိတ်ခဲ့ပါတယ်။

🌊 လွမ်းတဲ့ဝေဒနာ ကျန်ရစ်ပေမဲ့ အခုအထိ အမှတ်အရမိဆုံးကတော့ မောပန်းနွမ်းနယ်မှုတွေပါ။ ဟုတ်တယ်..။ နှစ်ကာလတွေအတောအတွင်း သိပ်ပင်ပန်းခဲ့တယ်။ အိပ်လိုက်ရုံနဲ့ အမောပြေသွားမယ့် အားအင်ကုန်ခမ်းတာမျိုး မဟုတ်ဘူး။ အရိုးထဲထိ စိမ့်ဝင်နေတဲ့ နွမ်းနယ်မှုမျိုး။

သူ မရှင်သန်ဖြစ်လိုက်တဲ့ ဘဝတွေအတွက် အဆိပ်အတောက်တွေ စစ်ထုတ်ပေးတဲ့ "ရေစစ်" တခုဖြစ်နေမှန်း မသိခဲ့ရိုးအမှန်ပါ။ သူအိမ်ပြန်ရောက်လာတိုင်း တလောကလုံးနဲ့ တိုက်ခိုက်လာသမျှ ဒဏ်ရာတွေ ပါလာတတ်တယ်။ သူ့အလုပ်ကလူတွေကို စိတ်ဆိုးတာတွေ၊ သူငယ်ချင်းတွေကို မနာလိုတာ၊ သူ့ကိုယ်သူ သာမန်လူတစ်ယောက်အဖြစ် နေသွားရမှာ ကြောက်တဲ့စိတ်တွေ.. အဲဒီ Anxiety တွေကို ကတ္တရာစေးလို မဲနက်ပူလောင်နေအောင် သယ်လာပြီး ကျွန်မရင်ဘတ်ထဲ လောင်းချတော့တာပဲ။ အဲဒါတွေကို ဖက်တွယ်ထားရတယ်။ သူခံနိုင်ရည်ရှိသွားအောင် ချော့တခါခြောက်တလှည့် ပြန်ပြီး ဖြေဖျောက်ပေးခဲ့တယ်။

သူ့ရဲ့ နာကျင်မှုတွေ၊ စိတ်မလုံခြုံခြင်းတွေကို လူစားထိုး ဝါးမျိုပေးခဲ့တာပေါ့။ မနက်မိုးလင်းတာနဲ့ သူ့ခေါင်းကိုက်စရာတွေကို အစားထိုး ဝင်ကိုက်ပေးတယ်။ သူငိုရမယ့်အစား ရေချိုးခန်းထဲမှာ အစားဝင်ငိုပေးခဲ့တယ်။ အဲဒီတုန်းက သူမှသူ၊ သူကလွဲရင် မမြင်တတ်ခဲ့ပါ။ အဆင်မပြေတာကြီး ကျွန်မလည်းသိတာပေါ့။ ဒါပေမဲ့ လူတွေမမြင်ထားတဲ့ နောက်ဆယ်နှစ်ကြာရင် ဖြစ်လာမယ့်သူ့ကို အထင်အရှား မြင်ခဲ့တယ်။ ရဲရင့်တဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ သူဖြစ်ချင်တာတွေ ဖြစ်လာဖို့ ခေါင်းမာမာနဲ့ ကြိုးစားနေတဲ့သူ။ ရွှေရောင်တောက်ပနေတဲ့ သူ့ရဲ့ Potential ကို မြင်ခဲ့တာပါ။

🌊 “သူ့ကို ကျွန်မကလွဲပြီး ဘယ််သူမှ ဒီလောက်မချစ်ပေးခဲ့ပါ”။ သူပြောလေ့ရှိတဲ့စကား၊ အဲတာ အမှန်ပါပဲ။ သူ့ရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေကိုပဲ ကွက်ပြီး ပုံကြီးချဲ့မြင်ခဲ့တယ်။ စိတ်အားပေးခဲ့တယ်။ သူ့စိတ်နဲ့ အသက်ရှင်တယ်။ သူ့ယုံကြည်ချက် သူ့ဘဝတည်ဆောက်ဖို့ဟာ ကျွန်မရဲ့ တစ်ခုတည်းသော ဘဝတာဝန်ကြီး ဖြစ်ခဲ့တယ်။ ဒီအချစ်ဇာတ်လမ်းရဲ့ ဇာတ်သိမ်းခန်းက အော်ဟစ်သောင်းကျန်းမှုတွေနဲ့ မပြီးဆုံးခဲ့ပါဘူး။ ရေလိုပါပဲ.. အစကတည်းက သူ့သဘောကျ အလိုက်သင့် စီးဆင်းခဲ့ကြတာကိုး။ အဆင်ပြေအောင် နေပေးတယ်၊ ပုံစံခွက်ထဲ ဝင်ဆံ့အောင် အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲပေးတယ်။

အဲဒီနေ့က အင်္ဂါနေ့၊ မိုးတွေရွာနေပါတယ်။ ညစာသွားစားကြဖို့ ချိန်းထားပေမဲ့ သူနောက်ကျနေပြန်ပြီ။ သူဆိုင်ထဲကိုဝင်လာတော့ မိုးနံ့တွေရယ်၊ ဆင်ခြေတွေရယ်။ တောင်းပန်စကား တစ်ခွန်းမှ မဆိုဘူး။ လမ်းပိတ်တဲ့အကြောင်း၊ လောကကြီးကပဲ သူ့ကို ဒုက္ခပေးဖို့ ကြံစည်နေသလိုလို အကြောင်းပြချက်တွေ တရစပ် ပြောနေတော့တာပဲ။

ကျွန်မ သူ့ကို ကြည့်လိုက်တယ်။ ပုံမှန်ဆို စိတ်ကပျော့သွားပြီး "ရပါတယ်၊ လက်ဖက်ရည် မှာပေးမယ်နော်၊ အဆင်ပြေသွားမှာပါ"လို့ ပြောမိမှာ။ ဒါပေမဲ့ အဲဒီညက သူ့ကိုကြည့်လိုက်တဲ့အချိန်မှာ မြင်နေကျ ပုံရိပ်ယောင်ကြီး အက်ကွဲ ပျက်စီးသွားတယ်။ သုံးနှစ်တာမှာ ပထမဦးဆုံး သူ့ကို သူစိမ်းတယောက်လို ခံစားလိုက်ရတာပဲ။ ထင့်ကနဲ သိလိုက်တယ်။ ကျွန်မ လက်လျော့လိုက်ပြီ ထင်ပါတယ်။ နောက်ဆုံးမှာ ဒီအချစ်ရေးမှာ မှော်အစွမ်းတွေ ပြယ်သွားပြီ။

🌊 သူ့ရဲ့ Potential ကိုလည်း မမြင်တော့ဘူး။ ကျွန်မတယောက်ထဲ မိုးသဲထဲ ဒီဆိုင်ကိုဘယ်လိုလာသလဲ။ ဗိုက်ဆာနေလား၊ မဆာလားဆိုတာတောင် ဂရုမစိုက်တဲ့ အမျိုးသားတစ်ယောက်ကိုပဲ မြင်တော့တယ်။ သွားပြီ..။ အခန်းထဲမှာ လွှမ်းမိုးထားတဲ့ တိတ်ဆိတ်မှုက နားစည်ကွဲမတတ်ပါ။ ဆည်ကျိုးသွားတဲ့ အသံလိုမျိုး။ ဒါပေမဲ့ ရေတွေ လျှံကျလာတာ မဟုတ်ဘဲ ရေတွေခဲသွားတာ။ ခန္ဓာကိုယ်ထဲက သွေးတွေက ရေခဲမှတ်ကို ရောက်သွားသလိုပါ။ လုံးဝဥဿုံ ပြတ်စဲခြင်းမှာ အသံတခုသာရှိမယ်ဆိုရင် ဒီအသံပဲနေမှာ။

“ကိုပြောတာ ကြားရဲ့လား" သူက စိတ်မရှည်ပဲနဲ့ မေးတယ်။ "ကြားပါတယ်..." ကျွန်မအသံ ကျွန်မပြန်ကြားရတာတောင် စိမ်းနေတယ်။

“အင်း.. ကောင်းကောင်း ကြားပါတယ်"

ဒေါသထွက်နေတာ မဟုတ်ဘူး။ ဒေါသဖြစ်ဖို့က အပူဓာတ် လိုသေးတယ်လေ။ ကျွန်မနှလုံးသားဟာ အခု ရေခဲမှတ်မှာ။

လမ်းခွဲမယ်ပြောတော့ သူငိုတယ်။ တောင်းပန်တယ်။ နောင်တတွေရပြီ။ ပြောင်းလဲပါ့မယ်၊ ဖြစ်စေချင်တဲ့ လူပုံစံမျိုး ဖြစ်အောင် ကြိုးစားပါ့မယ်တဲ့။ “သူလုပ်နိုင်တယ်၊ အချိန်လေးပဲ နည်းနည်းပေးပါ" ဆိုပြီး လက်ကိုဆွဲပြီး ရှိုက်ငိုတယ်။ အဲဒီစကား ကြားတော့မှ ကျွန်မနှလုံးသား စပြီးတော့ ကြေကွဲပါတယ်။ လမ်းခွဲရလို့ ဝမ်းနည်းတာ မဟုတ်ဘူး။ သူပြောတာတွေက အမှန်တရား ဖြစ်နေလို့ ဝမ်းနည်းမိတာ။

သူ တကယ်ပဲ အဲဒီလိုလူမျိုး ဖြစ်လာနိုင်ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် မြင်တာကိုး။ အခုထိလည်း ယုံကြည်နေတုန်းပဲ။ ဝမ်းနည်းစရာကောင်းတာက သူညံ့လို့ မဟုတ်ဘူး။ သူ့ကို ပွေ့ချီပြီးခေါ်သွားမှ သူက လိုက်မယ့်သဘော ဖြစ်နေတာ။ ကျွန်မက ပင်ပန်းအားလျော့ခဲ့ပြီ။ ရှေ့လျှောက် ဆက်ရှင်သန်ဖို့ဆိုရင် လူနှစ်ယောက်စာ မသယ်နိုင်တော့ဘူးလေ။

🌊 “ကို လုပ်နိုင်မယ်ဆိုတာ ချစ်သိပါတယ်..." တိုးတိုးလေး ပြောလိုက်တယ်။ သူ့လက်ထဲက လက်ကို ရုန်းထွက်လိုက်တယ်။ "ဒါပေမဲ့ အကြာကြီး စောင့်ခဲ့ပြီးပြီ၊ မသေချာတဲ့ အရာတခုအတွက် အဲဒီအချိန်ထိ မစောင့်နိုင်တော့ဘူး”။ အဲ့တာပါပဲ။ ပြီးတာနဲ့ နှလုံးသားတံခါးကို ပိတ်ချလိုက်တော့တယ်။

အချိန်တော်တော်ကြာအထိ ဘဝထဲကနေ သူထွက်မသွားခဲ့ပါဘူး။ ပြန်လာဖို့ ကြိုးစားတယ်။ ကျွန်မစိတ်ကို ကောင်းကောင်းသိတဲ့ လူတယောက်အနေနဲ့ သူကြေကွဲနေကြောင်း သနားအောင်လို့ အခါခါပြောတယ်။ တစ်ဘဝလုံးအတွက် ရည်မှန်းထားတဲ့အကြောင်း သူပြောတယ်။ ဟော.. မိုးဟာ မျှော်တုန်းမှာမလာပဲ အခုမှ အလျှံအပယ်ရွာတော့မယ်တဲ့လား။

ကျွန်မကို အရည်ပျော်အောင်လို့ ကြိုးစားနေတာပါ။ သူ့အကြောင်း ကောင်းကောင်းသိတာပေါ့။ သူကျွန်မဆီကို ပြန်လာချင်တာ မဟုတ်ပါဘူး။ သူ့အတွက် ရှင်သန်ပေးမယ့် လူတယောက်ကို ပြန်လိုချင်ရုံပါ။ သူလိုချင်တာ မရနိုင်တာ သေချာသွားတော့ “နှလုံးသားမရှိတဲ့သူ”လို့ သမုတ်တယ်။ “ကဲ ခက်လိုက်တဲ့ကို”။ ဒီလောက် ပျော့ပြောင်းနူးညံ့တဲ့၊ မျက်ရည်လွယ်တဲ့ကျွန်မတယောက် ခံစားချက်မရှိသလို သူ့ကိုကြည့်နေတာ ဘာကြောင့်လဲ သူနားမလည်နိုင်ပါဘူး။ နားလည်ဖို့လည်း အစီအစဥ် ရှိပုံမရဘူး။

🌊 အခုဆိုရင် သုံးနှစ်တောင် ရှိလုပြီ။ အိမ်ခန်းလေးက တိတ်ဆိတ်ငြိမ်သက်လို့။ အေးချင်မှတော့ အေးချမ်းမယ်၊ ဒါပေမဲ့ မပူတော့တာ အသေအချာပါ။ မုန်တိုင်းကြီးပြီးသွားတဲ့ မြို့ငယ်လေးတခုလို ပြန်လည်တည်ဆောက်ဆဲ တဝက်တပျက် အဆောက်အဦးတွေ၊ အသစ်စက်စက် လှတပတ အိမ်ကြီးတွေ၊ ကြိုကြားကြိုကြား ရှင်းလင်းဖို့မနိုင်သေးတဲ့ အပြိုအပျက်တွေနဲ့ ကျွန်မပြန်လည် သက်ဝင်လှုပ်ရှားနေပါပြီ။

ဒါပေမဲ့ မိုးရွာတဲ့ အင်္ဂါနေ့ညတွေဆိုရင် ပြတင်းပေါက်နားမှာထိုင်ပြီး ရောက်တတ်ရာရာ တွေးမိတုန်းပါ။

“အကယ်၍များ..” ပေါ့။

သူသာ အချိန်မနှောင်းခင်မှာ ပိုအားထုတ်ခဲ့မယ်ဆိုရင်..
ကျွန်မသာ နောက်ဆုံးတခေါက် ထပ်ပြီးခွင့်လွှတ်ပေးခဲ့မယ်ဆိုရင်..
သူ့ရဲ့အကောင်းဆုံး version တခု အမှန်တကယ် ဖြစ်လာခဲ့တယ်ဆိုရင်..
ကျွန်မရဲ့အချိန်တွေကိုသာ တခြားအရာတခုမှာ ရင်းနှီးမြုပ်နှံခဲ့မယ်ဆိုရင်..
ဆိုရင်..
ဆိုရင်

ထားခဲ့သူနဲ့ ကျန်ခဲ့သူ ဘယ်သူကပိုပြီးတော့ နာကျင်ရတယ် ထင်ပါသလဲ? ကျန်ခဲ့တဲ့သူက သူ့အနားမှာ နေစေချင်တဲ့စိတ်တခုပဲရှိပြီး အနားမှာ နေပျော်အောင်လို့ ဘယ်လိုမှ အားမထုတ်နေခဲ့ဘူးဆိုရင်ရော..? နားလည်ပေးတာတွေကို ရပိုင်ခွင့်တခုလို သဘောထားပြီးတော့ ဘယ်တော့မှ စိတ်အလိုမကျ၊ ပိုပိုပြီး တောင်းဆိုမှုများလာရင်ရော..? တချို့သော ကျောခိုင်းခြင်းတွေဟာ မမြင်သင့် မမြင်နိုင်တော့လို့ မျက်နှာလွှဲလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

🌊 ကျွန်မ လွတ်မြောက်ခဲ့ပါပြီ။ ဒါပေမဲ့ တခါတလေတော့လည်း.. ဖြစ်မလာခဲ့တဲ့(ဖြစ်လာချင်ခဲ့တဲ့) အနာဂတ်အတွက် သက်ပြင်းချမိတုန်းပါပဲ။

အခုဆိုရင် သူဟာ ဆစ်ခနဲ နာကျင်ရတဲ့ စက္ကန့်ပိုင်းဝေဒနာလေးထက် မပိုတော့ပါဘူး။ သူ့ကြောင့် ကျွန်မကိုကျွန်မ ပိုတန်ဖိုးထားရမယ် သိလာတယ်။ အတ္တဆန်သင့်တာ ဆန်ဖို့ နားလည်လာတယ်။

ပြန်မသွားဖို့ သေချာပြီဆိုပေမဲ့၊ ဘဝမှာ အရေးပါခဲ့တဲ့ Chapter တခုဖြစ်လို့ အကြောင်းတိုက်ဆိုင်လာတိုင်းမှာ ဖြစ်ခဲ့နိုင်တာတွေ အများကြီးမှာ အတွေးနယ်ချဲ့မိတုန်းပါ။

-

Hi guys ✨ Pisces season ကနေ ကြိုဆိုပါတယ်။ ဒီတခေါက် personality traits တွေပဲ ရေးမနေချင်တော့လို့ Pisces တွေအတော်များများ ကြုံဖူး ခံစားဖူးလောက်မယ့် perspective နဲ့ story တခု စမ်းရေးကြည့်တာပါ။ အမှားပါရင် ဖြည့်ကြည့်ပေးနော် 🫶🏻

Happy Birthday to all Pisces babies! 🩵

Glass 5 & 6 🥂✨
15/02/2026

Glass 5 & 6 🥂✨

Glass 3 & 4 🥂✨
15/02/2026

Glass 3 & 4 🥂✨

Hold stop 🙅🏻‍♀️ အခု Pick-a-glass အတွက် မရွေးရသေးဘူးဆိုရင် အရင်ဦးဆုံး Ellie page ထဲမှာ Original post ဆီကို အရင်သွားနော်။ ...
15/02/2026

Hold stop 🙅🏻‍♀️

အခု Pick-a-glass အတွက် မရွေးရသေးဘူးဆိုရင် အရင်ဦးဆုံး Ellie page ထဲမှာ Original post ဆီကို အရင်သွားနော်။ တကယ်လို့ ရွေးချယ်ပြီးပြီဆိုရင် သေချာလေး Imagine လုပ်ပြီးတော့ ဖတ်လို့ရပါပြီ 🥂


🍸 Glass Two

အရာရာ ဝေဝေဝါးဝါး.. ဝိုးတဝါး.. ရီဝေဝေ..။

ဖန်ခွက်ထဲက အရည်တွေကို စိုက်ကြည့်လွန်းအားကြီးလို့ ပတ်ဝန်းကျင်တခုလုံး Blurred ဖြစ်ကုန်တဲ့အထိ။ ခွက်က ခွက်တောင်မဟုတ်တော့..။ ဖန်သား အစအနတွေက မြင်ကွင်းထဲ တဖြည်းဖြည်းချင်း ရစ်လုံးလာပြီး ဖန်လုံးကြီးတလုံး ဖြစ်လာတယ်။

🍸 ကိုယ်က ဒီဖန်လုံးကြီးထဲမှာ။ ဒီဖန်လုံးကြီးက ကိုယ့်ပတ်ချာလည်ကို ဝိုင်းရံလို့ထား..။ စကြဝဠာက ဖန်သားပကတိ၊ ပြေးစရာမြေမရှိ။ အတွေးမှာ ပိတ်မိလာနေပြီ။

လက်ချောင်းဟာ ဖန်ခွက်ထဲက အရည်တွေကို ဝဲကတော့တခုထက်မြန်အောင် လှည့်နေတယ်။ မြန်သထက် ပိုမြန်လာတယ်။ အသံထက်.. အလင်းလျင်ထက်..။ ကိုယ် ဒီမှာ မရှိနေတော့ဘူး။ စိတ်အလျင်နဲ့ ပစ္စုပ္ပန်ကနေ အနာဂတ်ဆီ အချိန်ခရီးသွားနေပြီ။

အနီးနီးကပ်က လူတွေက ဆံပင်တွေ ပိုရှည်လာတယ်။ အရောင်အသွေး ပိုတောက်ပြောင်လာတယ်။ ပိုချမ်းသာ ကြွယ်ဝ ပြည့်စုံလာကြတယ်။ ကိုယ်က အရင်အတိုင်း.. ပကတိအတိုင်း.. ငုတ်တုတ်လေး။ တိတ်တိတ်ကလေး။ သေးသေးကလေး..။

🍸 ဦးနှောက်ဟာ ဂဏန်းပေါင်းစက်တလုံးလို အလုပ်စလုပ်တော့တယ်။ “အကယ်၍များ”ဆိုတဲ့.. ဖြစ်နိုင်ချေတွေ ထောင်သောင်းချီ တွက်ချက်တယ်။

“ငါ စကားမှားပြောမိရင် ဘယ်လိုလုပ်မလဲ?” “သူတို့မရှိတော့ရင် ဒုက္ခပါပဲ” “ငါ ကျရှုံးရင်တော့ သွားပြီ”

ဒီလိုနဲ့ ကိုယ့်ရဲ့နေရပ်လိပ်စာက “ဖြစ်မလာသေးတဲ့၊ (အို.. ဖြစ်လာမယ်တောင် မသေချာတဲ့) အပျက်အစီးပုံတွေကြားထဲ ပြောင်းရွှေ့သွားတော့တယ်။ ကြိုတင်တွက်ချက်မှုတွေ၊ စိတ်ကူးယဥ်ဇာတ်လမ်းတွေမှာ ချာချာလည်အောင် မူးနေပါပြီ။

အဲ့တာ ဘာဖြစ်လို့လဲ? သေလောက်အောင် စိတ်ပူပန်နေလိုက်ရင်၊ တကိုယ်လုံးက ကြွက်သားတွေအားလုံး တောင့်တင်းထားလိုက်ရင်၊ ဆိုးရွားတဲ့လောကဓံတွေကို ကြိုတားနိုင်မယ်လို့ ယုံနေတာလား? အခု လူက ခုံပေါ်မှာ အကျအနေ ထိုင်နေပေမဲ့ စိတ်က မာရသွန်ပြေးထားတဲ့လူတယောက်လို ပင်ပန်း ပစ်လဲချင်နေပြီ။

🍸 ဟိတ်! သတိဝင်ပါတော့။ အခုချက်ချင်း။

စိုးရိမ်တာနဲ့ ကြိုတင်ကာကွယ်တာနှစ်ခု ရောထွေးပြီး သောက်လို့မရဘူး။ သူတို့က တူမလိုလိုနဲ့ တခုက ကျန်းမာရေးကို အင်မတန်ထိခိုက်စေတယ်။ Anxiety တွေတက်၊ ခေါင်းထဲမှာ အရှုံးတွေ နာကျင်စရာတွေနဲ့ ကြိုပြီး ရင်းနှီးထားလိုက်ရင် တကယ်ဖြစ်လာတဲ့အခါ ပိုသက်သာမယ်လို့ အထင်မှားနေတာ။ အဲ့တာကို ရပ်မှရမယ်။

ဖြစ်ကိုဖြစ်လာမှာက တားမရဘူးဆိုတာ ကိုယ်အသိဆုံး။ တချို့အရာတွေက တကယ်ဖြစ်မလာခင် ကိုယ့်စိတ်ကို ညှည်းပန်းမိနေတာပဲ။ ဒါလည်း ကိုယ်ကောင်းကောင်းသိတယ်။

🍸 အမှောင်ထုကို ဖြတ်ရတာမှာလည်း လောကဟာ မှောင်တယ်။ မနက်ခင်း အလင်းချင်းချင်းကြီးမှာလည်း မျက်လုံးစုံမှိတ်ထားလို့ မလင်းလက်လာဘူးဆို မိအေးနှစ်ခါ နာတာပေါ့။ ဖန်ခွက်ကို သေချာပြန်ကြည့်။ ရေဟာ ရေပဲ။ ဒီရေဟာ မနစ်မွန်းစေဘူး။ ကြည်လင်နေတယ်။ ငြိမ်သက်နေတယ်။ ခွက်ထဲမှာ မုန်တိုင်းမရှိဘူး။ မုန်တိုင်းဟာ ကိုယ့်ခေါင်းထဲမှာ ဖန်တီးထားတဲ့ အတုအယောင်..။

ကြိုတင်ကာကွယ်တာ ကောင်းပါတယ်။ လောလောဆယ်တော့ ပစ္စုပ္ပန်က ပျော်ပွဲရွှင်ပွဲထဲကို ပြန်လာခဲ့။ ဒီမှာ လုံခြုံတယ်။ အခု ရနေတဲ့ ကံကောင်းခြင်းတွေကို မြင်အောင်ကြည့်။ ဒါတွေကို ခံစားသက်ဝင်မယ်၊ တန်ဖိုးထားရမယ်၊ ကြာရှည်ခံအောင် ထိန်းရမယ်။

နောက်ငါးနှစ်မှာ နေပူမှာကြောက်နေရင် အခုလုပ်ရမှာက အရိပ်ရမယ့်အပင်ကို မျိုးစေ့ချဖို့ပဲ။ ရှင်းရှင်းလေးမှာ ချာချာမလည်ပါနဲ့။

Hold stop 🙅🏻‍♀️ အခု Pick-a-glass အတွက် မရွေးရသေးဘူးဆိုရင် အရင်ဦးဆုံး Ellie page ထဲမှာ Original post ဆီကို အရင်သွားနော်။ ...
15/02/2026

Hold stop 🙅🏻‍♀️

အခု Pick-a-glass အတွက် မရွေးရသေးဘူးဆိုရင် အရင်ဦးဆုံး Ellie page ထဲမှာ Original post ဆီကို အရင်သွားနော်။ တကယ်လို့ ရွေးချယ်ပြီးပြီဆိုရင် သေချာလေး Imagine လုပ်ပြီးတော့ ဖတ်လို့ရပါပြီ 🥂


🍸 Glass One

အခန်းကြီးတခုလုံးက တဖြည်းဖြည်းချင်း ချာချာလည် နေသလိုပဲ..။ မူးနေပြီလား? သောက်ထားတာကြောင့်တော့ မဟုတ်လောက်ဘူး။ လက်ထဲကိုင်ထားတဲ့ ခွက်ရဲ့အလေးချိန်က တအားကို လေးလံလွန်းနေတယ်။ ဖန်ခွက်ထဲက အရည်တွေက ခွက်ရဲ့နှုတ်ခမ်းစပ်နားအထိ ပြည့်လျှံလုမတတ်..။ နည်းနည်းလောက် တုန်ခါလိုက်တာနဲ့ surface tension က လွတ်ထွက်ပြီး ဖြောက်ခနဲ ဖိတ်ကျတော့မယောင်။ မီးရောင်တွေက မျက်လုံး စူးလှပါတယ်။ ဘေးနားက ရယ်သံတွေကလည်း နီးလာလိုက်၊ ဝေးသွားလိုက်.. ရေအောက်ကြမ်းပြင်ကနေ ကြားနေရသလို ဝိုးတဝါး ဆန်လွန်းလှတယ်။

🍸 ခန္ဓာကိုယ်ဟာ တောင့်ခဲနေတယ်။ ကျောက်ရုပ်လို.. ရေခဲတုံးတတုံးလို။ ရီဝေဝေလေးပေမဲ့ ဟန်မပျက် Control တခုအောက်မှာ ရှိနေတုန်းပဲ။

အသက်ကို ပြင်းပြင်းရှူလိုက်မိတာနဲ့၊ တလက်မလောက်လေး တင်းထားတဲ့ပုခုံးကြောကို နည်းနည်းလျှော့လိုက်တာနဲ့၊ မသိမသာလေး အပြုံးပျက်သွားတာနဲ့.. ဒီအရည်တွေက ရေတံခွန်တခုလို ဖန်ခွက်ထဲကနေ လိမ့်ဆင်းကျလာတော့မလို။ ကမ္ဘာကြီးတခုလုံး ကိုယ့်ကြောင့် ပေစင်ညစ်ပတ်သွားတော့မလို..။

🍸 အကုန်လုံး ပျော်ရွှင် ရွေ့လျားနေတဲ့ ခန်းမကြီးထဲမှာ မလှုပ်မယှက်ရပ်နေတဲ့ လူတဦးသာရှိတယ်။ အဲ့တာက ကိုယ်။

ဘာဖြစ်လို့လဲ? မျက်နှာကျက်ကြီး ပြိုကျမလာအောင်လို့ မျက်လုံးတွေနဲ့ ထောက်ထားရတယ်။ ဒီဖန်ခွက်ကို လက်ကနေချလိုက်တာနဲ့ စက္ကန့်မခြား၊ ဒီပျော်ပွဲရွှင်ပွဲကြီး ရုတ်တရက်ပြီးသွားမှာ ကြောက်နေတယ်။ အပြင်ပန်းမှာ ရွှင်လန်းထားပေမဲ့ ဘာတခုကိုမှ မဖိတ်စင်၊ မမှားယွင်းအောင် ထမ်းထားရတဲ့ ပုခုံးတွေက သိပ်ကိုပင်ပန်းလွန်းလှပြီ။

🍸 လာပါ။ အဲ့ခွက်ကို အခု ချလိုက်စမ်းပါ။

လက်တွေ မငြိမ်သက်နေတာ အားနည်းလို့မဟုတ်ဘူး။ ခွက်က သိပ်လေးလို့လည်းမဟုတ်။ မဆိုင်တာတွေကို အများကြီး ထမ်းထားတာ ကြာလို့ တဆတ်ဆတ် တုန်ရီနေတာ။ မှားနေပြီ.. အချစ်ဆိုတာက ပင်ပန်းဆင်းရဲခံရတဲ့ အလုပ်တခု မဟုတ်ဘူး။ ဘာအမှားတခုမှ မလုပ်မှ၊ နည်းနည်းလေးတောင် ရှုပ်ပွမနေတော့မှ ကိုယ့်ကိုအရေးထားမယ်၊ အရေးပါမယ် ထင်နေတာလား?

🍸 အကြည့်ကိုလွှဲချလိုက်။ ကြမ်းပြင်ကို ခဏလေး စောင်းငဲ့ကြည့်။ တွေ့ရဲ့လား?

အခန်းဟာ ဟိုတစဒီတစ ပေကျံနေပြီးသား..။ လူတိုင်းလူတိုင်း သူတို့အင်္ကျီတွေမှာ အစွန်းအထင်းတွေနဲ့၊ သောက်စရာ စားစရာတွေ ဖိတ်စင်နေကြတာပဲ။ ဒါပေမဲ့ သူတို့ ဒီအတွက် အာရုံမရှိဘူး။ လှိုက်လှိုက်မောမော ရယ်နေကြတုန်းပဲ။ သူတို့ အချစ်ခံနေကြတုန်း၊ အရေးပါနေကြတုန်းပဲ။

🍸 တကယ်တော့ ဒီဖန်ခွက်ထဲက အရည်တွေကို ကိုယ်ကလွဲရင် ဘယ်သူမှ စောင့်ကြည့်မနေဘူး..။

ချစ်တဲ့သူတွေက ကိုယ့်ဆီက ပြီးပြည့်စုံမှုကို မမျှော်လင့်နေကြဘူး။ ဖြစ်တည်မှု အစစ်အမှန်တခုကိုပဲ ကျေကျေနပ်နပ်ကြီး လက်ခံဖို့ အသင့်ရှိနေကြတယ်။ အို.. မဟုတ်တာ၊ ကိုယ့်ကို ကျောက်ရုပ်ကြီးတရုပ်လို အလှပြမနေစေချင်ပါဘူး။ သူတို့နဲ့အတူတူ ပျော်ရွှင်စေချင်တာ။ သူတို့နဲ့ celebrate လုပ်စေချင်တာ။ သူတို့နဲ့အတူတူ ဘဝကို ဖြတ်သန်း ရှင်သန်စေချင်တာ။

🍸 Perfectionism ဆိုတာ အသုံးမတတ်ဘူးဆို အထီးကျန်စရာအကောင်းဆုံး ယစ်မူးစေတဲ့အရာ။

ဘာဖြစ်လဲ? တခါတလေ လူသားဆန်လိုက်။ တခါတလေ ပရမ်းပတာဆန်လိုက်။ တခါတလေ ဖန်ခွက်ကိုချပြီး စိတ်လွတ်လက်လွတ် ဝင်ကလိုက်..။ အခုပဲ တင်းထားတဲ့ ပုခုံးကြောတွေကို ဖြေလျှော့ချလိုက်..။

✨ မေ့ဖို့အတွက် သောက်ကြတယ်။ အမှတ်ရဖို့ သောက်ကြတယ်။ စကားပြောကောင်းဖို့ သောက်ကြတယ်။ဒီတနင်္ဂနွေညမှာတော့ ကျွန်မတို့ “မေ့”ထားတ...
15/02/2026

✨ မေ့ဖို့အတွက် သောက်ကြတယ်။ အမှတ်ရဖို့ သောက်ကြတယ်။ စကားပြောကောင်းဖို့ သောက်ကြတယ်။

ဒီတနင်္ဂနွေညမှာတော့ ကျွန်မတို့ “မေ့”ထားတဲ့အရာတစ်ခုကို “အမှတ်ရ”ဖို့အတွက်နဲ့ ကျွန်မတို့ကိုယ်ကျွန်မတို့ “စကားပြန်ပြော”ကြဖို့ ခွက်ကိုမြောက်ကြပါမယ်။

ဒီတခေါက်အဖြေဟာ တည့်တည့်မဟုတ်ပဲ ရီဝေဝေဆန်ပါမယ်။ (နား)အဝင်ခါးပေမဲ့ လိုအပ်သောအနွေးဓာတ်ကို ရမှာပါ။

🍸 one
🍸 two
🍸 three
🍸 four
🍸 five
🍸 six

စိတ်ထဲကို Calling ဖြစ်နေတဲ့ ဖန်ခွက်လေးတခွက်ကို ယူလိုက်ပါ။ Post အောက်မှာ Comment ပေးပါ 🍸

ခဏနေရင် အဖြေနဲ့အတူ Ellie ပြန်လာခဲ့ပါမယ်။

Happy Valentine's Day 🕊️🌿🩵
14/02/2026

Happy Valentine's Day 🕊️🌿🩵

Internship ရှာနေတဲ့သူလေးတွေ- အလုပ်မလျောက်ရသေးရင် ဒီ Symbol ကို ညာဘက် လက်ဖဝါး လက်ကောက်ဝတ်မှာ ရေးပြီး အလုပ်လျောက်လွှာတင်ပါ...
13/02/2026

Internship ရှာနေတဲ့သူလေးတွေ
- အလုပ်မလျောက်ရသေးရင် ဒီ Symbol ကို ညာဘက် လက်ဖဝါး လက်ကောက်ဝတ်မှာ ရေးပြီး အလုပ်လျောက်လွှာတင်ပါ။
- အလုပ်လျောက်လွှာတင်ပြီး interview စောင့်နေတဲ့ သူတွေကတော့ ဘယ်ဘက်လက် လက်ဖဝါး လက်ကောက်ဝတ်မှာ ဆွဲပေးပါ ။

Symbol ကိုကြည့်ပြီး သတိရတိုင်း နှုတ်ကနေ

"I communicate with clarity and confidence, securing an internship that aligns with my highest path." လို့ရွတ်ပေးပါနော် 🗝️

Hey guyss ✨ Ellie အချစ်ရေးအတွက် သီးသန့် Limited Reading လက်ခံပေးပါမယ် 🫶🏻အချစ်ရေးအတွက် ဆိုပေမဲ့လို့ Single Reading က တစ်က...
12/02/2026

Hey guyss ✨ Ellie အချစ်ရေးအတွက် သီးသန့် Limited Reading လက်ခံပေးပါမယ် 🫶🏻

အချစ်ရေးအတွက် ဆိုပေမဲ့လို့ Single Reading က တစ်ကိုယ်စာ တစ်သက်တာ ပြီးပြည့်စုံတဲ့ Personal Reading ဖြစ်ပြီးတော့၊

Relationship Reading ကတော့ လက်ရှိအချစ်ရေး အိမ်ထောင်ရေးအတွက် သိထားရမှာတွေ အကုန်ပါမယ့် Reading ပါ။ ဒါမို့လို့ ကိုယ့်အကြောင်းတွေပါ ပိုသိချင်တယ်ဆိုရင် Reading နှစ်ခုလုံးယူမယ်ဆိုရင်လည်း ရပါတယ်။

ဘယ်လိုအချက်တွေ အသေးစိတ်ပါဝင်မလဲဆိုတာ ပုံတစ်ပုံချင်းစီအောက်မှာ ထောက်ကြည့်ပေးပါနော် 🕊️

တချို့အခါတွေက ဘယ်သူမှားလို့ ဘာမှားလို့ရယ်မှ မဟုတ်၊ သက်သက်ကို ခက်ခဲကြတာတွေ ရှိတယ်။ လိုအပ်လို့ အနစ်နာခံကြရတာ၊ တမင်ကို မလွယ...
12/02/2026

တချို့အခါတွေက ဘယ်သူမှားလို့ ဘာမှားလို့ရယ်မှ မဟုတ်၊ သက်သက်ကို ခက်ခဲကြတာတွေ ရှိတယ်။ လိုအပ်လို့ အနစ်နာခံကြရတာ၊ တမင်ကို မလွယ်ကူကြရတာတွေ ရှိတယ်။

အဲဒီလို အခိုက်အတန့်တွေမှာ အနာဂတ်ကို မျှော်ကြည့်ရပါတယ် 🕊️

သူနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တာသိပေမဲ့ အခုသူ့ကို စာအရမ်းပို့ချင်နေတယ်။ အဲဒီ လွမ်းတဲ့စိတ်ကိုဖြောက်ပြီး ပူလောင်တဲ့ အချစ်ရေးကြီးက လွန်မြောက်ပြီး ပျော်ရွှင်သာယာနေတဲ့ အနာဂတ်က ကိုယ့်ကိုကိုယ် မြင်ကြည့်ပါ။

မိသားစုအတွက်၊ နောင်ရေးအတွက် ပင်ပန်းတဲ့အလုပ်တွေ လုပ်နေတယ်၊ မကျက်ချင်တဲ့ စာတွေကြိတ်မှိတ်ကျက်နေရတယ်။ တချိန်မှာ ဒီအားထုတ်မှုတွေကနေ အသီးအပွင့်တွေ ခံစားနေရပြီဖြစ်တဲ့ လူတွေအားကျနေရတဲ့၊ ချစ်တဲ့သူတွေကို ပေးကမ်းနိုင်နေတဲ့ ကိုယ့်ကိုကိုယ် မြင်ယောင်ကြည့်ပါ။

အချိန်တချို့ဟာ အကြောင်းရှိလို့ဖြစ်စေ၊ အကြောင်းမဲ့ဖြစ်စေ ပြောင်းလဲမရပဲ ခက်ခဲကြရတယ်။ ဒီအခါတွေမှာ ပြောင်းလို့ရနိုင်တာ တစ်ခုရှိပါတယ်။

အဲဒါကတော့ Ellie တို့ရဲ့ ရှုထောင့် Perspective ပါ 🌿

"တကယ်တမ်း လိုချင်တဲ့ဘဝက" 🌿
11/02/2026

"တကယ်တမ်း လိုချင်တဲ့ဘဝက" 🌿

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+959770717893

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ELLIEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง ELLIE:

แนะนำ

แชร์