09/02/2026
ဆေးခန်းကိုလူနာကရောက်လာတော့ တယောက်က ပွေ့လာတာ
ပွေ့လာတဲ့လူနာရှင်က ၂၆လောက်ရှိတဲ့ညီလေး
သူနဲ့လူနာနဲ့ဘာမှမတော်ဘူး
နောက်ကလိုက်လာတဲ့လူနာရှင်တေက ကို့လူနာအရင်းတွေ မေးတော့မှ သူတို့နဲ့လဲ ဘားမှမတော်
အိမ်နီးနားချင်းလဲမဟုတ်
လူနာက ကျနော်တို့ဒလရဲ့ ဟိုးဘက် လယ်ကွင်းတွေထဲ လယ်စောင့်တဲနဲ့ နေတာသူနဲ့သူ့မိန်းမနဲ့
နှစ်ယောက်ထဲ သားသမီးလဲမရှိ။
သူက လွန်ခဲ့တဲ့တပတ်ကမှလေဖြတ် ဆေးရုံတက် ၂ရက်နဲ့တောင်းပြီးဆင်း
ကုသမှုကမပြတ်သေး
မိန်းမက မျက်စိမမြင်
ဟ ဒုက္ခိတ ပျားတုတ်တယ်ဆိုတာမျိုး
ဆေးရုံက CT Result ကြည့်တော့ ဦးနှောက်သွေးကြောပေါက်တာ
ဖြစ်ထားတာကြီးတယ် ပြန်ကောင်းဖို့မလွယ်
ခုရောက်လာတာက သေးပေါက်လို့မရလို့
သေးမထွက်တာ
မနေ့ညထဲကပေါက်မရတာ
ခုညဆိုတော့ ၂၄နာရီကျော်နေပြီ
ဆီးခုံက ချက်တောင်ကျော်နေပြီ
ဘောလုံးကြီးလိုပဲ
လူနာက လူးပျံ အော်တောင်မအော်နိုင်တော့ဘူး😿😿
ဆီးပိုက်ယူ
လူနာရှင်တေကိုမထည့်ခင် မရရင်ဆေးရုံသွားရနိုင်ကြောင်းရှင်းပြ
စထည့်
ထင်တဲ့အတိုင်းပဲ ဆီးကြိတ်ပဲရောင်ပြီးခံနေလားမသိ
P***s ကို စောင်းလိုက် တည့်လိုက်အမျိုးမျိူးလုပ် တွန်းထည့်
မရဘူးလို့ လက်လျှော့ချင်လာချိန်
မရဘူး ရအောင်ထည့်မှရမှာ တယောက်ကလေဖြတ် တယောက်က အကန်း သားသမီးမရှိ
ဆင်းရဲတာမှ ချွတ်ခြုံကျ
ငါရမှ ရမှာ ဆိုတဲ့ စိတ်နဲ့ ပြန်ထည့်
ဆီးလမ်းကြောင်းတေထိကုန်မှာလဲ စိုးရိမ်
ချော့မော့ပြီးကြိုးစားထည့်တာ ၁၅မိနစ်လောက်ကြတယ်
ဖလွတ်ဆိုပြီးလျှောကနဲဝင်သွားတဲ့အသံက ချိုမြိန်တယ်
ဆီးတေဝေါကနဲထွက်လာတယ်
လူနာလဲ
အမလေးဆရာရယ်ဆိုပြီး ဗလုံးဗထွေးပြော
တချို့ကိစ္စတွေမှာ ကျနော်တို့ ဘယ်လောက်စိတ်ပင်ပန်းလဲ အခက်တွေ့လဲ အားစိုက်ရလဲ လူနာတွေမသိပါဘူး
ဒါပေမဲ့ဒီဘဝဆရာဝန်ဖြစ်ရတာကိုက ဒါတွေ လုပ်ဖို့ပါပဲ
ဆင်းရဲ ကူကယ်ရာမဲ့တဲ့လူနာတွေကို ကုနေလို့မချမ်းသာပါဘူး
ဒါပေမဲ့ ငါ လုပ်ပေးလိုက်နိုင်တယ်ဆိုတဲ့ စိတ်ကလေး
သူတို့အဆင်ပြေသွားတယ်ဆိုတဲ့စိတ်ကလေး
အဲ့ဒီ့အခိုက်အတန့်လေးတွေတော့ကျနော့်မှာ အများကြီး အများကြီး ❤️❤️❤️❤️
မေတ္တာဖြင့်
DRMKK