မျက်စိအားဆေး

မျက်စိအားဆေး ထိုင်းနိုင်ငံကိုယ်ပိုင်ထုတ်လုပ်သောစက်ရုံမှရောင်းချသည်
ဆက်သွယ်ရန် 0647975910

အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ စတင်ဖြစ်ပေါ်ပြီး ပူလောင်ခြင်း၊ နာကျင်ခြင်းတွေ စတင်ခံစားရပြီဆိုရင်... ငှက်ပျောစိမ်းကို ရှ...
09/12/2025

အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ စတင်ဖြစ်ပေါ်ပြီး ပူလောင်ခြင်း၊ နာကျင်ခြင်းတွေ စတင်ခံစားရပြီဆိုရင်... ငှက်ပျောစိမ်းကို ရှာပါ။
ငှက်ပျောစိမ်းကို ဓားဖြင့် လှီးဖြတ်လိုက်ပါ။

ဖြတ်ထားသော နေရာမှ ထွက်လာသော အစေးကို ယူပါ။

ထိုအစေးကို အရည်ကြည်ဖုများ ပေါ်နေသော ဒဏ်ရာပေါ် တိုက်ရိုက် လိမ်းပေးပါ။

ငှက်ပျောစိမ်းအစေး လိမ်းပြီးနောက် ချက်ချင်း အေးမြသွားစေခြင်း ကို ခံစားရပါလိမ့်မယ်။

ထိုအစေးကို မကြာခဏ ထပ်ခါတလဲလဲ လိမ်းပေးခြင်းဖြင့် အနာဟာ စုစည်းတင်းမာလာပြီး မယုံနိုင်လောက်အောင် လျင်မြန်စွာ ခြောက်သွေ့ကာ အဖတ်လန် သွားစေနိုင်ပါတယ်။

ဒီနည်းလမ်းကို ကိုယ်တိုင်ရော၊ ရောဂါဖြစ်ဖူးသူတွေကိုပါ စမ်းသပ်အောင်မြင်ပြီး ဖြစ်ပါတယ်ရှင်။

- yoyocooking



#ကျန်းမာရေး #သဘာဝဆေးနည်း #ရေယုန် #ရေယုံမီးလျှံ #ငှက်ပျောစိမ်း #အစေးကုထုံး

 #ဆီးချိုနှင့်အိုမီဂါ3ငါးကြီးဆီသောက်ခြင်း၏ရလဒ်များ🐟 သွေးမတိုးစေရန်ထိန်းညှိပေးသည်🐟 အသဲအဆီဖုံးခြင်းကိုကာကွယ်ပေးသည် 🐟 သွေးက...
01/12/2025

#ဆီးချိုနှင့်အိုမီဂါ3
ငါးကြီးဆီသောက်ခြင်း၏ရလဒ်များ
🐟 သွေးမတိုးစေရန်ထိန်းညှိပေးသည်
🐟 အသဲအဆီဖုံးခြင်းကိုကာကွယ်ပေးသည်
🐟 သွေးကြောကျဉ်း သွေးကြောပိတ်စို့ခြင်းသက်သာပျောက်ကင်းစေသည်
🐟 နှလုံးရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့အပြင် နှလုံးကိုအားဖြည့်ပေးသည်
🐟 အာရုံကြောစနစ်ကိုအားဖြည့်ပေးသည့်အပြင် ဦးနှောက်ကောင်းစေပြီး ဥာဏ်ရည်တိုးစေသည်မျက်လုံးကိုအဟာရဖြည့်ပေးသည်
🐟အရိုးအဆစ်ရောင်ခြင်းလျှော့ချပေးသည်

Credit to Original Writer ...

***ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ*** Save ထားပါ🥰​ဆောင်းရာသီရောက်ပြီဆိုတာနဲ့ အေးချမ်းတဲ့ရာသီဥတုကို ခံစားရ...
30/11/2025

***ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ*** Save ထားပါ🥰

​ဆောင်းရာသီရောက်ပြီဆိုတာနဲ့ အေးချမ်းတဲ့ရာသီဥတုကို ခံစားရင်း ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ ❄️☃️

​အထူးသဖြင့် ဆောင်းတွင်းမှာ ကိုယ်မထင်မှတ်ထားတဲ့ ကျန်းမာရေးပြဿနာလေးတွေ ဝင်လာတတ်ပါတယ်။ ဒါကြောင့် ဒီဆောင်းကာလမှာ မဖြစ်မနေ သတိထားရမယ့် ရောဂါ (၅) မျိုးနဲ့ ကာကွယ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 👇

​(၁) နှလုံးကျန်းမာရေးကို ပိုဂရုစိုက်ပါ ❤️
++++++++
အေးတဲ့အချိန်မှာ သွေးကြောတွေကျုံ့ပြီး နှလုံးက အလုပ်ပိုလုပ်ရပါတယ်။ ဒါကြောင့် -

​မနက်ခင်း စောလွန်းတဲ့အချိန်ထက် နေစထွက်ချိန်မှ လမ်းလျှောက်ထွက်ပါ။

​မနက်စာနဲ့ ညစာကို အလွန်အကျွံ မစားဘဲ ဆင်ခြင်စားသုံးပါ။

​(၂) ရင်ကြပ်ရောဂါ သတိပြုပါ 🌬️
++++++++
အေးပြီးခြောက်သွေ့တဲ့လေက အသက်ရှူလမ်းကြောင်းကို တင်းကြပ်စေပါတယ်။

​မီးခိုးငွေ့တွေကို ရှောင်ပါ။

​အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ ပုံမှန်လျှော်ဖွပ်လဲလှယ်ပေးပါ။

​(၃) အရေပြား ယားယံခြင်းအတွက် 🧴
++++++++++
အသားပတ်ပြီး ယားယံတာမျိုး မဖြစ်ရအောင် -

​ဆီများတဲ့ လမ်းဘေးစာတွေကို ရှောင်ပါ။

​ရေနွေးကြမ်းနဲ့ ထန်းလျက် တွဲဖက်စားသုံးပေးပါ။

​သံလွင်ဆီ (သို့) အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

​(၄) အရိုးအဆစ် ကိုက်ခဲခြင်း 🦴
++++++++++
အေးလာရင် အဆစ်အမြစ် ကိုက်တတ်သူတွေအတွက် -

​အဝတ်အစားကို နွေးနွေးထွေးထွေး ဝတ်ဆင်ပါ။

​သွေးပူလေ့ကျင့်ခန်း လုပ်ပါ။

​နေပူစာလှုံပေးခြင်းက အကောင်းဆုံး ဆေးတစ်လက်ပါပဲ။

​(၅) နှာပိတ်၊ အအေးမိခြင်း 🤧
+++++++++++++
နှာပိတ်တာ၊ ချောင်းဆိုးတာတွေအတွက် -

​လေဝင်လေထွက်ကောင်းအောင် နေပါ။

​ရေများများသောက်ပြီး အာဟာရပြည့်အောင် စားပါ။

​ဂျင်းပြုတ်ရည် (သို့) သစ်ကြံပိုးခေါက်မှုန့်ထည့်ထားတဲ့ လက်ဖက်ရည် ပူပူလေး သောက်ပေးပါ။

​ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ဒီအချက်လေးတွေကို လိုက်နာပြီး ပျော်ရွှင်စရာ ဆောင်းရာသီလေးကို ဖြတ်သန်းကြစို့နော်။ 🥰

​မိမိချစ်ရတဲ့သူတွေ ကျန်းမာစေဖို့ ဒီပို့စ်လေးကို Share လုပ်ပြီး သတိပေးလိုက်ပါဦး

များသောအားဖြင့် "ခြေအိတ်ဝတ်ပြီး အိပ်ရင် ပူလွန်းနေမလား" လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တရုတ်ရိုးရာ ဆေးပညာအရ ညအိပ်ရာဝင်ခါနီး ...
21/11/2025

များသောအားဖြင့် "ခြေအိတ်ဝတ်ပြီး အိပ်ရင် ပူလွန်းနေမလား" လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တရုတ်ရိုးရာ ဆေးပညာအရ ညအိပ်ရာဝင်ခါနီး ခြေအိတ်ဝတ်ခြင်းဟာ "ယန်စွမ်းအင်ကို ထိန်းထားခြင်း" နဲ့ "ခန္ဓာကိုယ်ထဲ အအေးဓာတ် ဝင်ရောက်မှုကို တားဆီးကာကွယ်ခြင်း" အတွက် အလွန်ကောင်းမွန်တဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။
❄️ အထူးသဖြင့် ဒီလိုလက္ခဏာတွေ ခံစားနေရသူတွေအတွက် ပိုအရေးကြီးပါတယ်
• လက်ဖျား၊ ခြေဖျားတွေ အေးစက်ပြီး အိပ်မပျော်သူများ
• ညဘက် မကြာခဏ နိုးတတ်သူများ
• မနက်ခင်း နိုးထချိန်မှာ မလန်းဆန်းဘဲ ပင်ပန်းနွမ်းနယ်နေသူများ
• မနက်ပိုင်း အိပ်ရာထချိန်မှာ အဆစ်အမြစ် သို့မဟုတ် ခါးကိုက်ခဲသူများ
ဒီအချက်တွေဟာ ခန္ဓာကိုယ်ရဲ့ အပူစွမ်းအင် မလုံလောက်တဲ့ "ယန်ဓာတ် ချို့တဲ့ခြင်း"အခြေအနေနဲ့ မကြာခဏ ဆက်စပ်နေပါတယ်။ အထူးသဖြင့် "လေကြောင်းလမ်းကြောင်း တွေရဲ့ ဆုံရာနေရာ" ဖြစ်တဲ့ ခြေထောက်တွေမှာ ပိုမိုခံစားရလေ့ရှိပါတယ်။
🌿 ညအိပ်ရာဝင်တိုင်း ခြေအိတ်ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးများ
1. သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း
• → ခြေဖျားလက်ဖျား အေးစက်ခြင်းနဲ့ ထုံကျဉ်ခြင်းတို့ကို သက်သာစေပါတယ်။
2. အိပ်စက်ခြင်းကို ပိုမိုနက်ရှိုင်းစေခြင်း
• → ခန္ဓာကိုယ် နွေးထွေးပြီး စိတ်ပေါ့ပါး၊ အပန်းပြေစေတာကြောင့်ပါ။
3. ကျောက်ကပ်စွမ်းအင်ကို အားဖြည့်ပေးခြင်း
• → ကျောက်ကပ် လေကြောင်းလမ်းကြောင်းဟာ ခြေဖဝါးကနေ စတင်တာကြောင့် ဖြစ်ပါတယ်။
4. ဆံခြည်မျှင် သွေးကြောလေးတွေထဲက ဖိအားကို လျှော့ချပေးခြင်း
• → ညအချိန်မှာ နှလုံးက ပိုမိုပင်ပန်းစွာ လုပ်ဆောင်ရတာကို လျော့ပါးစေပါတယ်။
💬 အကြံပြုချက်
"ခြေအိတ်တွေကို ဝါဂွမ်း ဒါမှမဟုတ် နူးညံ့တဲ့ မျက်နှာသုတ်ပုဝါသား တွေထဲကနေ ရွေးချယ်ပါ။ မတင်းကျပ်လွန်းစေဖို့ အရေးကြီးပြီး သန့်ရှင်းရေးအတွက် ညတိုင်း လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။"
လက်ဖျား၊ ခြေဖျားတွေ မကြာခဏ အေးနေတတ်ရင် ဒီညကစပြီး စမ်းကြည့်လိုက်ပါ။ ရိုးရှင်းတဲ့ နွေးထွေးမှုက ထင်ထားတာထက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ် ❤️
#သွန်းရတီ #သတင်း #ကျန်းမာရေး #တရုတ်ဆေးပညာ #အိပ်စက်ခြင်း #ခြေအိတ် #လက်ဖျားခြေဖျားအေးခြင်း

အိမ်မှာရှိတဲ့ဩဇာရွက်က ရောဂါအတွက် ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင...
05/11/2025

အိမ်မှာရှိတဲ့ဩဇာရွက်က ရောဂါအတွက်
ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...
မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်...
ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်...
အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။
အေးကွ ...
ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့...
ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့..
စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ...
ခေတ်ကလည်း မတူဘူးမို့လား..?
ဒို့ခေတ် ဒို့အခါတုန်းက
ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်...
သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို...
တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း
မလွယ်ကူဘူးလေ...
ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ
ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က
ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ...
ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ...
ခု ငါ့တူကြီးပြောမှပဲ...
အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....
သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့...
အတော်စွမ်းပါလား မောင်ရေ...
အမှန်ပဲ ဖိုးလေးရေ...
ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက
သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။
အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်..
စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။
(ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)
အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့....
ဩဇာပင်နဲ့ပတ်သက်ပြီး ...
ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက်
အသုံးပြုနိုင်ကြောင်း...
အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား
မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...
ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ...
ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...
ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ...
ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့
ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း...
ဖော်ပြထားတယ် ဖိုးလေးရေ...
တယ်ဟုတ်ပါလား ကွ...
ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က
အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..
မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ...
တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်!
ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့...
ဩဇာသီး အခြောက်လာခူးတာဆိုတော့...
မဟုတ်မှလွဲ ...
ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး
ဖိုးလေးက မေးလာတာကြောင့်...
အမှန်ပဲပေါ့ဖိုးလေးရေ....
မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ...
ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်
မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့...
ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ!
ဟ...
အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး
ဖိုးလေးက မေးပြန်တာကြောင့်...
အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ...
အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ...
ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!
အလားလား တယ်စွမ်းပါလား ဟ...
ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!


ချစ်ခြင်းမေတ္တာဖြင့်...
👤လယ်တွင်းသား
(ပန်းလောင်မြေ)

မနက်အိပ်ယာထလို့ မောပန်းနွမ်းနယ်နေရင်၊ ငိုက်မျဉ်းနေရင် ဒီနည်းလမ်းကို စမ်းကြည့်ပါ။- ခရမ်းကစော့သီး ၁၀ လုံးကို ထု၍ အနည်းငယ်က...
29/10/2025

မနက်အိပ်ယာထလို့ မောပန်းနွမ်းနယ်နေရင်၊ ငိုက်မျဉ်းနေရင် ဒီနည်းလမ်းကို စမ်းကြည့်ပါ။
- ခရမ်းကစော့သီး ၁၀ လုံးကို ထု၍ အနည်းငယ်ကွဲအောင်
လုပ်ပါ။
- ရေနွေးပူပူထဲတွင်စိမ်ပြီး သံပုရာရည်အနည်းငယ် ထည့်ပါ။
- မနက်စာမစားမီ သောက်ပါ။
- လန်းဆန်းပြီး တက်ကြွလာပါမည်။

​ခရမ်းကစော့သီး ၏ အကျိုးအာနိသင်များ....
• ​သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။
• ​ကိုလက်စထရောကို လျှော့ချပေးသည်။
• ​သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။
• ​အစာအိမ်အနာကို ကုသပေးသည်။
• ​အသည်း၊ ကျောက်ကပ်နှင့် သွေးကို အားဖြည့်ပေးသည်။
• ​ဓာတုကုထုံးကြောင့် ကျောက်ကပ်ကို အဆိပ်အတောက်
ဖြစ်စေခြင်းမှ ကာကွယ်ပေးသည်။
​ပုံမှန်သောက်သုံးခြင်းဖြင့် သဘာဝအတိုင်း ကျန်းမာရေးကောင်းမွန်စေပါသည်။

MON SOUNG

🍀ထူးဆန်းသော ခန္ဓာကိုယ် လက္ခဏ များ(၁)လက်တုန်ခြင်း - သွေးတွင်းသကြားဓါတ်လျော့နည်းနေပါတယ်(၂)အိပ်ပျော်ပြီးနောက် ပင်ပန်နွမ်းနယ...
25/10/2025

🍀ထူးဆန်းသော ခန္ဓာကိုယ် လက္ခဏ များ

(၁)လက်တုန်ခြင်း - သွေးတွင်းသကြားဓါတ်
လျော့နည်းနေပါတယ်

(၂)အိပ်ပျော်ပြီးနောက် ပင်ပန်နွမ်းနယ်ခြင်း-အိပ်ပျော်နေစဥ် အသက်ရှူကျပ်ခြင်း
လုံလောက်သော အောက်စီဂိင်မရခြင်း

(၃)အိပ်ယာထစဥ်ပါးစပ်နံ့ နံသော အနံ့ရခြင်း-
အာရုံကြောပြသာနာ ဖြစ်နေတာပါ

(၄)အိပ်ယာထချိန် ပါးစပ်ခါးသောအရသာ-
အက်စစ်ပြန်တက်ခြင်း - over floating
ဖြစ်ရခြင်း

(၅)အိပ်ချိန် သွားကြိတ်ခြင်း- စိတ်ဖိစီးမူ စိုးရိမ်စိတ် များခြက်းကြောင့် ဖြစ်ရတာပါ

(၆)မျက်ခွံလှူပ်ခြင်း-သတ္တုဓါတ်မညီမျှခြင်းကြေင့်ဖြစ်ရတာပါ

(၇)လက်ဖျားအေးရခြင်း- သိုင်းရွှိုက်ပြသာနာ ဖြစ်နေပြီ သတိပေးချက်

မန့်အားလုံးမပြန်နိုင်တာခွက့်လွှတ်ပါ

ချစ်တဲ့ ကေခိုင်
#ကျန်းမာရေးဗဟုသုတရကြပါစေ
ေးပါတယ်

* မော်ရီယာမင်း (Moriamin) ထိုးရင် တကယ် အားရှိလား။ လူသိများတဲ့ အားဆေးအကြောင်း -နေမကောင်းဖြစ်တာနဲ့၊ နည်းနည်းအားနည်းတာနဲ့ '...
21/10/2025

* မော်ရီယာမင်း (Moriamin) ထိုးရင် တကယ် အားရှိလား။ လူသိများတဲ့ အားဆေးအကြောင်း

-နေမကောင်းဖြစ်တာနဲ့၊ နည်းနည်းအားနည်းတာနဲ့ 'မော်ရီယာမင်းလေး တစ်လုံးလောက် သွင်းလိုက်ရင် အားရှိသွားမှာ' ဆိုပြီး ပြောနေကြတာ မကြာခဏ ကြားဖူးကြမှာပါ...
လူတော်တော်များများက Moriamin ကို အားရှိစေတဲ့ တန်ခိုးထူးတဲ့ အားဆေးတစ်မျိုးလို့ ထင်နေကြပါတယ်။ တကယ်ပဲ အားနည်းတိုင်း ဒီဆေးကို သွင်းဖို့ လိုအပ်သလား၊ ထိုးလိုက်ရင် တကယ်ပဲ အားရှိရဲ့လားဆိုတာကို ဒီနေ့ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

💡 မော်ရီယာမင်း (Moriamin) ဆိုတာ ဘာလဲ?
Moriamin ဆိုတာ တကယ်တော့ အားဆေး (Energy Booster) စစ်စစ် မဟုတ်ပါဘူး။ သူက 'အမိုင်နိုအက်စစ် (Amino Acids)' လို့ခေါ်တဲ့ အာဟာရဓာတ်တွေ အဓိကပါဝင်တဲ့ ဆေးရည်တစ်မျိုးပါ။
အမိုင်နိုအက်စစ်ဆိုတာ ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်တည်ဆောက်ပေးတဲ့ အခြေခံအုတ်မြစ်လေးတွေပါပဲ။ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ၊ ဟော်မုန်းတွေ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

✅ ဘယ်လိုအချိန်တွေမှာ မော်ရီယာမင်းကို တကယ်လိုအပ်လဲ?
ဆရာဝန်တွေက ဒီဆေးရည်ကို အောက်ပါအခြေအနေတွေမှာ အဓိက အသုံးပြုလေ့ရှိပါတယ်-
* အစာ လုံးဝ မစားနိုင်တဲ့ လူမမာတွေ: ခွဲစိတ်မှုကြီးကြီးမားမားလုပ်ထားလို့၊ အစာမျိုပြွန်မှာ ပြဿနာရှိလို့ စားသောက်လို့မရတဲ့ သူတွေကို အာဟာရဓာတ်တိုက်ရိုက်ရအောင် သွေးကြောကနေ သွင်းပေးရပါတယ်။
* အာဟာရစုပ်ယူမှုအားနည်းတဲ့ ရောဂါရှိသူတွေ: အူလမ်းကြောင်းရောဂါတချို့ကြောင့် စားလိုက်တဲ့အစာကနေ အာဟာရကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါမျိုးမှာ သုံးပါတယ်။
* ပြင်းထန်စွာ အာဟာရချို့တဲ့နေသူတွေ: အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ် အလွန်အမင်းနည်းနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ အရေးပေါ်သုံးရပါတယ်။

❓ ဒါဆို မော်ရီယာမင်းထိုးရင် အားရှိလား?
ဒီမေးခွန်းရဲ့အဖြေကတော့ "ထင်သလောက်မဟုတ်ဘူး" လို့ပြောချင်ပါတယ်။
ပုံမှန်အတိုင်း အစားအသောက်စားနိုင်တဲ့သူတစ်ယောက် နည်းနည်းအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာအတွက် Moriamin သွင်းလိုက်တဲ့အခါ...
* စိတ်ပိုင်းဆိုင်ရာအာနိသင် (Placebo Effect): "ဆေးသွင်းလိုက်ပြီ၊ အားရှိတော့မယ်" ဆိုတဲ့ စိတ်ကြောင့် တကယ်ပဲ လန်းဆန်းသွားသလို ခံစားရတာဖြစ်ပါတယ်။
* ရေဓာတ်ဖြည့်တင်းခြင်း: ဆေးပုလင်းချိတ်တဲ့အခါ Moriamin ဆေးရည်အပြင် Dextrose (သကြားရည်)၊ Saline (ဆားရည်) တွေပါ ရောစပ်ထားတာမို့ ခန္ဓာကိုယ်မှာ ရေဓာတ်ပြန်ပြည့်သွားပြီး လန်းဆန်းလာတာ ဖြစ်ပါတယ်။

⚠️ မလိုအပ်ဘဲ ဆေးသွင်းခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ?

* ပိုးဝင်နိုင်ခြေ: အသားကိုအပ်နဲ့ဖောက်ရတာမို့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပစ္စည်းသန့်ရှင်းမှု အားနည်းရင် ပိုးဝင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

* ဓာတ်မတည့်ခြင်း (Allergic Reaction): ဆေးနဲ့ဓာတ်မတည့်ရင် အသက်ရှူကျပ်တာ၊ အနီစက်တွေထွက်တာတွေကနေ ပြင်းထန်တဲ့၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။

* ကိုယ်တွင်းအင်္ဂါများ ဝန်ပိခြင်း: အထူးသဖြင့် နှလုံး၊ အသည်း၊ ကျောက်ကပ်ရောဂါအခံရှိသူတွေမှာ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ များသွားတာကြောင့် ရောဂါပိုဆိုးစေနိုင်ပါတယ်။

* ငွေကုန်ကြေးကျများခြင်း: တကယ်တမ်း အာဟာရပြည့်ဝတဲ့ အစားအစာ (ဥပမာ- ကြက်ဥပြုတ်တစ်လုံး၊ နွားနို့တစ်ခွက်) စားလိုက်တာက ပိုပြီး စိတ်ချရသလို ငွေကုန်သက်သာစေပါတယ်။

🚫 အထူးသတိပြု ရှောင်ကြဉ်သင့်သူများ
-အောက်မှာဖော်ပြထားတဲ့ ရောဂါအခံရှိသူတွေအတွက်ဆိုရင် မော်ရီယာမင်းသွင်းတာဟာ "အားရှိ" စေတာထက် "ဒုက္ခရောက်" စေနိုင်ပါတယ်။
* ကျောက်ကပ်ရောဂါအခံရှိသူများ
ကျောက်ကပ်ဟာ ခန္ဓာကိုယ်က မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ထုတ်ပေးရပါတယ်။ မော်ရီယာမင်းမှာပါတဲ့ ပရိုတင်းဓာတ် (အမိုင်နိုအက်စစ်) တွေက အညစ်အကြေးတွေပိုထွက်စေပြီး အားနည်းနေတဲ့ ကျောက်ကပ်ကို ဝန်ပိစေပါတယ်။ ဒါဟာ ကျောက်ကပ်ကို ပိုပြီးပျက်စီးစေနိုင်ပါတယ်။

* နှလုံးရောဂါအခံရှိသူများ
ဆေးပုလင်းချိတ်လိုက်တဲ့အခါ သွေးကြောထဲကို ရေဓာတ်တွေ အများကြီး ရုတ်တရက်ရောက်လာပါတယ်။ နှလုံးအားနည်းနေတဲ့သူတွေမှာ ဒီပိုလျှံလာတဲ့ရေတွေကို နှလုံးက မညှစ်ထုတ်နိုင်တော့ဘဲ အဆုတ်ထဲရေဝင်တာ၊ ဖောရောင်တာတွေဖြစ်ပြီး အသက်ရှူကျပ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

* အသည်းရောဂါအခံရှိသူများ
အသည်းမကောင်းတဲ့သူ (ဥပမာ - အသည်းခြောက်နေသူ) ကို မော်ရီယာမင်းသွင်းလိုက်ရင် အသည်းက အလုပ်မလုပ်နိုင်တော့ဘဲ အဆိပ်အတောက်တွေဦးနှောက်ထဲရောက်ပြီး သတိလစ်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် သင့်မှာ ဒီလိုရောဂါအခံတွေရှိနေရင် "အားနည်းတယ်" ဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ ဆေးသွင်းဖို့ လုံးဝမစဉ်းစားသင့်ပါဘူး။

👨‍⚕️ အကြံပြုချက်
နိဂုံးချုပ်ရရင်တော့ မော်ရီယာမင်းဟာ အရေးပေါ်လိုအပ်တဲ့လူတွေအတွက် အာဟာရဖြည့်ဆေးကောင်းတစ်ခုဖြစ်ပေမယ့်၊ လူတိုင်းအတွက် အားရှိအောင် ထိုးရတဲ့ "အားဆေး" မဟုတ်ပါဘူး။
တကယ်လို့ သင် အားနည်းနေတယ်၊ နွမ်းနယ်နေတယ်လို့ ခံစားရရင်...
* အာဟာရပြည့်ဝအောင် စားပါ (အသား၊ ငါး၊ ဥ၊ ပဲ၊ ဟင်းသီးဟင်းရွက်)။
* ရေများများသောက်ပါ။
* အိပ်ရေးဝအောင် အိပ်ပါ။
* ဒါတွေလုပ်တာတောင် မသက်သာရင် အားနည်းရတဲ့ အကြောင်းရင်းမှန်ကို သိနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပါ။
ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး တကယ်လိုအပ်တယ်လို့ ညွှန်ကြားမှသာ ဆေးသွင်းကုသမှုကို ခံယူသင့်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ အတွေ့အကြုံလေးတွေ၊ အမြင်လေးတွေကိုလည်း comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။
ကျန်းမာရေးနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ အသိပညာတွေအတွက် Dr. Ye page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

#မော်ရီယာမင်း #အားဆေး #ဆေးပုလင်းချိတ်ခြင်း #ကျန်းမာရေးဗဟုသုတ #မှန်ကန်သောကျန်းမာရေးအသိ

သွားပိုးပေါက်ခြင်းနှင့် သွားကိုက်ခြင်းအတွက် မာလကာရွက်၏ အစွမ်းကလေးရော လူကြီးပါမကျန် ကြုံတွေ့ရတတ်တဲ့ သွားပိုးပေါက်တာနဲ့ သွ...
21/10/2025

သွားပိုးပေါက်ခြင်းနှင့် သွားကိုက်ခြင်းအတွက် မာလကာရွက်၏ အစွမ်း

ကလေးရော လူကြီးပါမကျန် ကြုံတွေ့ရတတ်တဲ့ သွားပိုးပေါက်တာနဲ့ သွားကိုက်ဝေဒနာဟာ တကယ်ကို ခံရခက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ညဉ့်နက်သန်းခေါင်အချိန်တွေမှာ ကိုက်ခဲတတ်တာကြောင့် ဆေးခန်းသွားဖို့လည်း အဆင်မပြေနိုင်ပါဘူး။

ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး။ သင့်ပတ်ဝန်းကျင်မှာ မာလကာပင်ရှိရုံနဲ့ ဒီဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ပြုလုပ်နည်း

၁။ မာလကာရွက် ခပ်ရင့်ရင့် ၁၀ ရွက်ခန့်ကို ခူးဆွတ်ပါ။ ၂။ အရွက်များကို ရေစင်အောင် ဆေးကြောပါ။ ၃။ အိုးတစ်လုံးထဲတွင် အရွက်များနှင့်အတူ ရေတစ်မတ်ခွက်ခန့် ထည့်ပြီး ပွက်ပွက်ဆူသည်အထိ ပြုတ်ပါ။ ၄။ အဖန်ရောင်ရည် ရလာပါက မီးဖိုပေါ်မှ ချပြီး ခွက်ထဲသို့ ရေစစ်ထည့်ပါ။ ၅။ ထို့နောက် အရည်ကို အအေးခံထားပါ။ ၆။ ရေနွေးနွေးလေး အနေအထားရပါက ပါးစပ်ထဲထည့်၍ အာလုတ်ကျင်းပေးပါ။

အကြံပြုချက်

သွားကိုက်ဝေဒနာ မဖြစ်သေးသော်လည်း သွားပိုးပေါက်များ ရှိနေပါက သွားကိုက်ခြင်း၊ သွားနာခြင်းမှ ကင်းဝေးစေရန် မာလကာရွက်ပြုတ်ရည်ဖြင့် မကြာခဏ ကြိုတင်၍ အာလုတ်ကျင်းပေးနိုင်ပါသည်။

ဤနည်းလမ်းတွင် ဆားကို ထည့်ရန် မလိုအပ်ဘဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။



သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြော...
21/10/2025

သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။

သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

* အမြင်အာရုံဝေဝါးခြင်း

* မူးဝေခြင်း

* သွေးခြေဥလွယ်ခြင်း

* ရာသီသွေးအဆင်းများခြင်း

* ခေါင်းကိုက်ခြင်း

* သွေးပေါင်ချိန်တက်ခြင်း

* အရေပြားယားယံခြင်း

* အားအင်မရှိ နုံးချိခြင်း

* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_

၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏.

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊
#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုများ

#ကျန်းမာရေး

အူလမ်းကြောင်းထဲမှာ နှစ်ရှည်လများ ကျန်ရှိနေတဲ့ အဆီနဲ့ အညစ်အကြေးတွေကြောင့် ဗိုက်ပူတာ၊ အသားအရေ မကြည်လင်တာတွေ ဖြစ်လာနိုင်ပါတ...
19/10/2025

အူလမ်းကြောင်းထဲမှာ နှစ်ရှည်လများ ကျန်ရှိနေတဲ့ အဆီနဲ့ အညစ်အကြေးတွေကြောင့် ဗိုက်ပူတာ၊ အသားအရေ မကြည်လင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီနေ့မှာတော့ သင်္ဘောသီး အစိမ်း ရဲ့ သဘာဝ အင်ဇိုင်းစွမ်းအားကို အသုံးပြုပြီး အူကို ညင်သာစွာ ဆေးကြောပေးမယ့် မနက်ခင်း ဖျော်ရည်တစ်မျိုးကို မျှဝေပေးချင်ပါတယ်။ Papain ဓာတ်က အဆီတွေကို ချေဖျက်ပေးပြီး ဆွမ်းမွှေးရွက်ရဲ့ မွှေးရနံ့နဲ့ ပေါင်းစပ်ထားလို့ သောက်ရတာလည်း လွယ်ကူပါတယ်။
🍵 အူလမ်းကြောင်းမှ အဆီများကို ဆေးကြောပေးသည့် သင်္ဘောလက်ဖက်ရည် ဖျော်နည်း
ပါဝင်ပစ္စည်းများ
• သင်္ဘောသီး အစိမ်း အစိတ်လေးများ လှီးထားသည် - ၁/၄ လုံး (သို့) ၅၀-၇၀ ဂရမ်
• ပန်းကုံးရွက် (သို့) ဆွမ်းမွှေးရွက် - ၂-၃ ရွက်
• ရေသန့် - ၅၀၀ မီလီလီတာ
• ပျားရည်စစ်စစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံပရာသီး (သို့) ရှောက်သီး - ၁/၂ လုံး
ပြုလုပ်နည်း
၁။ သင်္ဘောသီးကို အခွံနွှာ၊ အတုံးလေးများ လှီးဖြတ်၍ သန့်စင်အောင် ဆေးပါ။
၂။ သင်္ဘောသီး အစိမ်းတုံးများနှင့် ပန်းကုံးရွက်/ဆွမ်းမွှေးရွက်တို့ကို အိုးထဲထည့်ကာ ရေသန့် ထည့်ပါ။
၃။ မီးနူးနူးဖြင့် စုစုပေါင်း ၁၀-၁၅ မိနစ်ခန့် ဆူပွက်လာသည်အထိ တည်ပါ။
၄။ အရည်ကို ဇကာဖြင့် စစ်ယူပြီး နွေးလာသည်အထိ အအေးခံပါ။
၅။ ပျားရည်နှင့် သံပရာရည် (သို့မဟုတ်) ရှောက်ရည်ကို ထည့်ပြီး သမအောင် မွှေပေးပါ။
၆။ နံနက်စာ မစားမီ အစာအိမ်ထဲ လုံးဝမဝင်ခင် အချိန်တွင် နွေးနွေးလေး ဖြည်းဖြည်းချင်း သောက်သုံးပါ။
ရရှိမည့် အကျိုးကျေးဇူးများ
• Papain စွမ်းအား: သင်္ဘောသီးအစိမ်းရှိ Papain (ပက်ပိန်) အင်ဇိုင်းသည် စားသုံးထားသော ပရိုတင်းနှင့် အဆီများကို လျင်မြန်စွာ ချေဖျက်ပေး၍ အူလမ်းကြောင်းထဲတွင် အညစ်အကြေးများ ကျန်ရှိခြင်းကို လျှော့ချပေးသည်။
• အစာခြေစနစ် အားကောင်း: အစာခြေစနစ် လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေသည်။
• အရသာနှင့် အားဖြည့်: သံပရာ/ရှောက်ရည်နှင့် ပျားရည်တို့က ခံတွင်းလိုက်စေပြီး ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးသည်။


ဆီးကျောက်တည်ရောဂါရှိသူများအတွက် ဆောင်ရန်/ ရှောင်ရန်များ ==================== #ဆောင်ရန်• ရေများများသောက်ပါ။ ရေကို သန့်စင်...
17/10/2025

ဆီးကျောက်တည်ရောဂါရှိသူများအတွက် ဆောင်ရန်/ ရှောင်ရန်များ
====================
#ဆောင်ရန်
• ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို့မဟုတ်) ကျိုချက်ပြီးမှ သောက်ပါ။

• ဗီတာမင် အေကြွယ်ဝသော အဝါရောင်အသီးအနှံ (ဥပမာ - သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ) များကို မကြာခဏ စားပါ။

• အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် (ဥပမာ - ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်) များကိုစားပါ။

• အသား၊ ငါးတို့ကို ပုံမှန်သင့်တင့်စွာ စားပါ။

• ဗီတာမင် စီ ကြွယ်ဝသည့် အရည်ရွှမ်းပြီး ချဉ်သောအသီး ( ဥပမာ - သံပရာသီး၊ ရှောက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး) များကို စားပါ။

• နွားနို့၊ ဒိန်ချဉ်တို့ကို ပုံမှန် သောက်ပါ။

• သွားနှင့် ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။

• နေ့စဉ် လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် (၃ဝ) ခန့် ပြုလုပ်ပါ။

#ရှောင်ရန်
• ဝမ်းတွင်း ကလီစာနှင့် အနီရောင်ရှိသော အသားများ (ဥပမာ - ဝက်သား၊ အမဲသား) စားသုံးခြင်းကို ရှောင်ပါ။

• အငန်ဓာတ်များသော အစားအစာများ (ဥပမာ - ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်) တို့ကို လျှော့စားပါ။

• အချိုဓာတ်များသည့် အချိုရည်၊ ဂလူးကို့စ်၊ သကြား၊ အချိုမှုန့် စသည်တို့ကို ရှောင်ပါ။

• ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။

• အရက်၊ ဆေးလိပ်၊ ကွမ်း ဖြတ်ပါ။

• တညင်းသီး လုံးဝ မစားရပါ။

#မေတ္တာဖြင့် #ပြန်လည်မျှဝေသည် #ကျန်းမာရေး #ဗဟုသုတ

ที่อยู่

229
Chiang Rai
57100

เบอร์โทรศัพท์

+66647975910

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မျက်စိအားဆေးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง မျက်စိအားဆေး:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram