14/09/2025
Natural History of Disease in Research
What is natural history of disease?
ရောဂါ တစ်ခု အစပျိုးတဲ့ အချိန်ကနေစပြီး ရောဂါ တစ်ခု ဖြစ်လာတဲ့အထိ ကြာချိန်ကို ခေါ်ပါတယ်. "How a disease evolves_from the very first biological changes to thw final outcome_ if it is left undetected and untreated."
ဥပမာ
TB ရောဂါ ဖြစ်ဖို့ ကြာချိန် ခန့်မှန်းမယ်ဆို complicated ဖြစ်ပေမယ့် ကိုယ့်ရဲ့ research က duration မသတ်မှတ်လို့မရပါဘူး. Latent/ sub clinical phase တွေမှာ weeks to 2 years လောက် TB ဖြစ်ဖို့ ကြာနိုင်သလို Clinical stage ကို ဘယ်တော့မှ မရောက်လာတဲ့ TB တွေလည်း ရှိနေပြန်ရော. ဒါပေမယ့် TB prevalence ပေါတဲ့ နေရာတွေမှာတော့ develop ဖြစ်လာနိုင်တဲ့ duration က 2 years လောက်ဆိုရင် clinical stage ကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းခြေ ယူဆလို့ရပါတယ်. ဒါကို timing and duration လို့ခေါ်ပါတယ်. ဒါဟာ disease prevention & control တွေမှာ အရေးပါသလို disease specific research တွေ အတွက်လည်း အရေးပါပါတယ်.
🚀Designing screening and early detection programs
Screening နဲ့ disease detection အကြောင်း research လုပ်မယ် or porgram လုပ်မယ်ဆို "when to screen" ကို identify လုပ်တဲ့နေရာမှာ အရေးပါပါတယ်. Detechable preclinical phase (DPCP) ကို သုံးပြီး time window ကို သတ်မှတ်ရပါတယ်.
Mammography targets breast cancer during its DPCP.
🚀Selecting study design
ကိုယ်က incubation period or time-to-outcome ကိုသိမှ study design တွေကို ရွေးချယ် အသုံးပြုတဲ့အခါ အချိန်တွေကို သတ်မှတ်လို့ရပါတယ်.
* Cohort studies မှာ retrospective cohort ဖြစ်ဖြစ် prospective cohort ဖြစ်ဖြစ် follow up time frame ကို သတ်မှတ်တဲ့အခါ outcome ထွက်လာတဲ့ အချိန်ထိ သတ်မှတ်ဖို့လိုတဲ့အတွက် incubation period ကို အသုံးပြုပြီး တွက်ချက်ရပါတယ်.
* Outcome မထွက်မလာချင်း follow up ဆက်လုပ်နေရမှာ ဖြစ်တဲ့အတွက် ကိုယ်က အချိန်ကို လုံလုံလောက်လောက် မသတ်မှတ်ခဲ့ရင် ကိုယ့်ရဲ့ research ဟာ outcome မထွက်လာခင်မှာ ပိတ်သိမ်းလိုက်ရရင် research ဟာ fail ဖြစ်သွားပါမယ်.
🚀Timing intervention
▪️Primary prevention -before exposure (vaccination)
▪️Secondary prevention-during preclinical stage (screening)
▪️Tertiary prevention -after clinical diagnosis (treatment and rehabilitation) စတဲ့ intervention တွေအတွက်လည်း nature history of disease ဟာ အရေးပါပါတယ်.
🚀Natural history of disease ကို သိပြီးရင် duration က သူရဲ့ incubation period အတိုင်းဘဲ research duration ကို သတ်မှတ်ကြလားလို့ မေးစရာရှိပါတယ်. Rule of thumb အရ two times the duration of the natural history of disease ကို အသုံးပြုကြပါတယ်. TB ရောဂါ ဖြစ်ဖို့ incubation period က 2 years ကြာတယ်ဆိုရင် ကိုယ့်ရဲ့ research ရဲ့ duration က 4 years ဖြစ်ဖို့လိုပါတယ်. Case control study သုံးမယ်ဆိုရင် TB ဖြစ်ပြီးတဲ့အချိန်ကနေ လွန်ခဲ့တဲ့ လေးနှစ်က အခြေအနေတွေကို ပြန်ပြီး recall လုပ်ရပါမယ်. ဒီလို အချိန် နှစ်ဆ လုပ်ခြင်းက
▪️late cases ကို တွေ့နိုင်ပါတယ်
▪️မလိုလားအပ်တဲ့ risks တွေကို လျော့ချနိုင်ပါတယ်
▪️disease progression မှာ လူတစ်ဦး နဲ့ တစ်ဦး ကွားခြားချက်တွေရှိနိုင်တာမို့ variability ကို စောင့်ပေးနိုင်ပါတယ်.
Best
Cris