Shredded Nation ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shredded Nation, นักโภชนาการ, 298 Sukhumvit Road, Chon Buri.

🏆Fitness Coach and competitive bodybuilder🏆

📚A decade of experience💪🏻

✅Providing one stop service : Individualized workout, diet and supplement plans: everything you need to transform your lifestyle and body.

ဝိတ်ကျချင်တယ်မလား Body transformation လုပ်ချင်တယ် မလားဘယ်က စရမှန်းမသိဘူး ဘာလုပ်ရမှန်း မသိဘူးဆိုရင် ဒီ ၃ ခုကိုပဲ စွဲစွဲမြ...
11/01/2026

ဝိတ်ကျချင်တယ်မလား
Body transformation လုပ်ချင်တယ် မလား

ဘယ်က စရမှန်းမသိဘူး
ဘာလုပ်ရမှန်း မသိဘူးဆိုရင်
ဒီ ၃ ခုကိုပဲ စွဲစွဲမြဲမြဲလုပ်ပါ။

၁။ weight training
တပတ်ကို ၃ ရက်ဆိုရပါပြီ။
၅ ရက်ထက်မပိုပါနဲ့။

၂။ Diet ကို စပြီး track လုပ်ပါ။ - (မရေမရာ မှန်းဆ diet လုပ်ရင် မရေမရ ရလာဒ်ပဲရပါမယ်။ ထမင်းတပန်းကန် ကြက်သားအနဲငယ် ဆီနဲနဲ နဲ့ ကြော်တယ်ဆိုတဲ့သူထက် ထမင်း 150g, ကြက်ရင်အုပ် 150g, သံလွင်ဆီ table spoon တဝက် ဆိုပြီး အတိအကျ track လုပ်တဲ့ သူရဲ့ ရလာဒ်က ပိုကောင်းမှာပဲ။

၃။ Cardio - တနေ့ ၂ နာရီ ၃ နာရီမလိုပါ။ စနစ်တကျ ဘယ်အချိန်မှာ ဘယ်လောက်လုပ်မယ်ဆိုတဲ့ structure လေးတခုကို မပျက်မကွက်လိုက်လုပ်နိုင်ရင်ရပါပြီ။
Cardio တေ skip နေပြီး ဝိတ်မကျဘူးအော်မနေပါနဲ့ 🙄
ပြေးစက်တွေ ဘာတွေ မရှိရင် တနေ့ကို ခြေလှမ်း တသောင်းလျှောက်ပါ။

အောက်က transformation လုပ်ခဲ့တဲ့ သူတွေအားလုံး ဒီအချက်တွေ အကုနါအပြည့်အဝလုပ်ခဲ့တဲ့သူတွေပါ။

ပိုပြီး အသေးစိတ်ကျတဲ့ တိတိကျကျ personalized Program နဲ့ ပြောင်းလဲချင်တယ်ဆိုရင် hello လိုက်ပါ။

If you tip the boxes, I guarantee your results 💯

Written by Htet Myet (Zane)
Jan 12, 26

Holiday တွေအတောအတွင်း တက်လာတဲ့ဝိတ်ကို ဘယ်လိုပြန်ချရမလဲ ?? 👉 တောက်လျှောက် workout တွေ၊ diet တွေ အမှန်အကန်လုပ်လာတယ် 👉 Chri...
05/01/2026

Holiday တွေအတောအတွင်း တက်လာတဲ့ဝိတ်ကို ဘယ်လိုပြန်ချရမလဲ ??

👉 တောက်လျှောက် workout တွေ၊ diet တွေ အမှန်အကန်လုပ်လာတယ်
👉 Christmas, New Year ပိတ်ရက်တွေလဲရောက်ရော
👉 စားတယ် သောက်တယ် လည်တယ် enjoy ပလိုက်တယ်
👉 Monday မနက်လဲရောက်ရော မျက်နှာတေဖော ဝိတ်တွေတက်လာပါရော

ပထမဆုံးပြောချင်တာက
Weight loss plan တခုလုံးကြီးပျက်စီးမသွားပါဘူး။
ဒါပေမဲ့ ခနပဲပြသနာတက်တာလား လုံးဝလစ်ပီလားဆိုတာက အခုနောက်ဆက်ပီး လုပ်မဲ့ဟာတေပေါ်မူတည်ပါတယ်။
ဒါကျနော့် client တွေကို လက်တွေ့လုပ်ပေးနေကျ emergency damage control protocol ပါ။

🔥STEP 1🔥
ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့
ဒါတွေလုံးဝရှောင်ပါ။
❌ အငတ်ခံတာ
❌ နာရီပေါင်းများစွာ ပြေး/လမ်းလျှောက်တာ
❌ Fasting မဟားတရားလုပ်တာ
❌ အဆီတေ burn အောင်ဆိုပြီးရတနေ့ ၂ ကြိမ် weight training လုပ်တာ

ဒါတေက ပိုဆိုးစေမဲ့လုပ်ရပ်တွေပါ။
ဥပမာ ၃ ရက်ဆက်တိုက် မအိပ်ဘူး
၄ ရက်မြောက်နေ့မှာ ၂၄ နာရီအိပ်မယ်။ အိပ်ရေးဝမလား။ No ပါ။
ခန္ဓာကိုယ်က အဲ့လောက်ပေါက်ကရ reset မချပါဘူး။
လုပ်ရမှာက ပေါက်ကရတေစားတာကို အမြန်ဆုံးရပ်ပါ။
👉 ပုံမှန် plan အမြန်ဆုံးပြန်စပါ။
👉 ပုံမှန် diet ပြန်လုပ်ပါ။
👉 Protein ပြည့်အောင်စားပါ။
👉 Workout ပုံမှန်တိုင်းပြန်လုပ်ပါ။

🔥STEP 2🔥
ဘာကြောင့်ဝိတ်တက်လာတာလဲ။ ဘလိုပြန်ချမလဲ။
ပိတ်ရက်မှာ ၃-၄ ရက် စားချင်ရာစားပြီးတက်လာတဲ့ ဝိတ်က အဆီမဟုတ်ပါ(အဆီနဲနဲပါချင်ပါမယ်) အများအားဖြင့်
ရေဝိတ်
Carbohydrate တေကြောင့် muscle glycogen refill ဖြစ်တာ
Inflammation
အဲ့တာကြောင့် အငတ်ခံတာ calorie တေ လျှော့တာ workout တေပိုလုပ်တာဆိုရင် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပါမယ်။
လုပ်သင့်တာက
✅ ရေပိုသောက်ပါ
✅ Sodium ကို ပုံမှန်စားနေကျပမာဏပြန်စားပါ (မဖြတ်ရပါ)
✅ ပြုပြင်ထားတဲ့ processed food တေ ရက်ပိုင်းလောက်ရှောင်ပါ။
✅ Steps ပမာဏ 25% လောက်တိုးပါ (အများကြီးတိုးဖို့မလိုပါ)
ရက်အနည်းငယ်အတွင်း ဖောတာတေလျော့ပြီး ဝိတ်ပြန်ကျလာပါလိမ့်မယ်။

🔥STEP 3🔥
ရည်ရှည်စီမံကိန်းချပါ (အရေးအကြီးဆုံးပါ)
(New year မို့ စားချင်တာစားမိ celebrate လုပ်မိတာကို မပြောပါ)
New year ဘာညာမဟုတ်လဲ တခါတလေ ချုပ်တည်းထားတာများလွန်းလို့ တဖြဲနှဖြဲစားချင်ရာစားပစ်မိတာမျိုး ကြုံဖူးကြတယ်မလား။
အဲ့တာမျိုးခနခနဖြစ်နေရင် ကိုယ့်ကိုယ်ကို ပြန်မေးပါ။
Diet က မတရား နဲလွန်းနေလား ?
ဟိုဟာမစားရ ဒီဟာမစားရ အရမ်းတင်းကြပ်လွန်းနေလား ?
ဒီအဆီချတဲ့ plan က အရမ်း ချုပ်တီးရလွန်းပြီး stress များနေလား ?
ဝိတ်ကျရင်ပြီးရော ကမူးရှူးထိုး အငတ်ခံ အပင်ပန်းခံလို့မရပါဘူး။ ဘလောက်ကြာကြာ အငတ်ခံအပင်ပန်းခံနိုင်မှာလဲ ???
ရပ်လိုက်လို့ အရင်ထက်ပြန်ဝသွားရင် ဘလိုလုပ်မလဲ ??
ဒါမျိုးတေမေးစရာရှိပါတယ်။
တကယ်အဆီကျချင်ရင် စည်းကမ်းရှိရပါမယ်။ သို့သော် ကိုယ့်ကိုယ်ကို ညှဉ်းဆဲစရာမလိုပါဘူး။စိတ်ကိုလွှတ်ချလိုက်ပြီး စားချင်ရာစားမိတာတွေ ခနခန ဖြစ်နေရင် အဲ့ plan ကို ပြောင်းပစ်ဖို့လိုနေပါပြီ။

ရေရှည်အဆီကျမယ်။ fit ဖြစ်အောင်ထိန်းထားမယ်။ ပြန်လဲ မဝ လာချင်ဘူးဆိုရင် အဲ့ program သည်
✔ ကိုယ့်အနေနဲ့ ရည်ရှည်စွဲစွဲမြဲမြဲလုပ်နိုင်ရပါမယ်
✔ ခနခန ဖောက်ဖျက်ပြီးလုပ်ချင်ရာလုပ်မိတာမျိုးတွေမဖြစ်ရပါဘူး
✔ အသားကုန်ကြမ်းမယ် တလ ၁၀ ပေါင်ကျမယ် ပြီးရင်ဘာမှဆက်မဖြစ်တော့ဘူး ဆိုတာထက် ဖြည်းဖြည်းမှန်မှန် တလ ၃-၄ ပေါင်ကျမယ် လိုချင်တဲ့ ဝိတ်ရောက်တဲ့အထိ ဆက်ကျမယ်။ ပြန်လဲမဝဘူး ဆိုတာမျိုးဖြစ်ရပါမယ်။

ကိုယ်နဲ့ ကိုက်ညီမဲ့ ရည်ရှည်လိုက်လုပ်လို့ အဆင်ပြေမဲ့ program လိုအပ်ရင် Hello လိုက်ပါ။

👉 ခနခန အစကပြန်စ ဘယ်တော့မှ လိုချင်တဲ့ပန်းတိုင်မရောက်တာတွေ
👉 အစားပဲလျှော့ရမလို fasting ပဲလုပ်ရမလို workout ပဲလုပ်ရမလို လမ်းပဲလျှောက်ရမလဲ ဘာလုပ်ရမှန်းမသိဖြစ်နေတာတွေ
👉 လုပ်တော့လုပ်တယ် မကျတာတွေ၊ ကျတော့ကျတယ် နဲနဲစားမိတာနဲ့ ဝုန်းဆိုပြန်တက်သွားတာတွေ

ဒီသံသရာတွေကြားမှလည်မနေချင်တော့ဘူးဆိုရင် hello လိုက်ပါ။
စည်းကမ်းလေးပဲရှိပေး ရလာဒ်အာမခံနဲ့ program တွေလုပ်ပေးပါမယ်။

Written by Htet Myet (Zane)
Jan 4th, 2026

26/12/2025

ဝိတ်မကျပဲတန့်နေရင် ဒီ ၅ ချက်ကို လုပ်ကြည့်ပါ။

22/12/2025

အငတ်နေပြီးဝိတ်ချရင်ဘယ်လိုဒုက္ခရောက်မလဲ ရှင်းပြပါရစေ 🥹

19/12/2025

အဆီချဖို့ Fasting လုပ်ဖို့လိုလား မလိုဘူးလား ???

❗️❗️ ဝိတ်ချ (အဆီချဖို့) အစာဖြတ်စရာ မလိုပါဘူး။ကြောင်စာလောက် စားစရာမလိုပါဘူး။ ကိုယ်စားချင်တာကို (ထိန်းထိန်းသိမ်းသိမ်း) စား...
31/10/2025

❗️❗️ ဝိတ်ချ (အဆီချဖို့) အစာဖြတ်စရာ မလိုပါဘူး။
ကြောင်စာလောက် စားစရာမလိုပါဘူး။ ကိုယ်စားချင်တာကို (ထိန်းထိန်းသိမ်းသိမ်း) စားလို့ရပါတယ်။
ကျနော် ဘူဖေးတွေ နေ့တိုင်းနီးပါးစားရင်းလဲ အဆီတွေချ ကြွက်သားတေ အမြှောင်းလိုက်ပေါ်လာအောင် လုပ်တာ အခေါက်ပေါင်းမနည်းတော့ပါဘူး။ 😂
ပိန်ဆေး အဆီကျဆေး လုံးဝ မလိုပါဘူး။ ❗️❗️

လူအများစာက Coach(နည်းပြ) မလိုဘူး
ကိုယ့်ဟာကို ဝိတ်ချမယ်ဆိုပီး အစားတေလျှော့ fasting တေလုပ် အဆီကျ ကော်ဖီတေ ဟိုပိန်ဆေး ဒီပိန်ဆေးတေသောက်
လေ့ကျင့်ခန်းတေလုပ်
အာ့လိုလုပ်တယ်။

ဒါမဲ့ ပြသနာက

1. ❗️ဘာကြောင့် အဆီတက်လဲ ဘာကြောင့်အဆီကျလဲ ??
2. ❗️Exercise ကိုကော အဆီချရင် ဘာကြောင့်လုပ်ရတာလဲ ??
3. ❗️လမ်းလျှောက် ပြေး စတာတေကိုကော ဘလောက်လုပ်ရမလဲ ??
4. ❗️ဘာတေကို ဘလောက်ပမာဏ စားရမလဲ ??

စတာတေကို သေသေချာချာ သိရဲ့လား ??

မသိရင်
1. 🥲 ဘာဝိတ်မှ မကျပဲ ဖြစ်နေနိုင်တယ်။
2. 🥲 အစပိုင်းမှာ ရေဝိတ်ကျသွားပီး နောက်ကျ တန့်သွားနိုင်တယ်။
3. 🥲 အငတ်ခံ ကြောင်စာလောက်စား ပြိတ္တာလမ်းစဉ်လိုက်ရင် အဆီ ကြွက်သား ရေ အကုန်ကျပီး ဒိုင်းကနဲ ဝိတ်ထိုးကျသွား ပီးရင်ရပ်သွား။ ဆက်အငတ်မခံနိုင်တော့ရင် အရင်ထက်ပိုဝ သွားမယ်။ ကျန်းမာရေးတေ ထိခိုက်မယ်။

အဓိက ပြောချင်တာကဗျာ ကိုယ်က ဘာကို ဘာကြောင့် ဘယ်လောက်လုပ်ရမယ်ဆိုတာ မသိရင် professional တယောက်နဲ့သာ အလုပ်လုပ် လိုက်ပါ။

ကျနော်မှ မဟုတ်ဖူး။ (စာတွေ့ကော လက်တွေ့ကော ဗဟုသုတပိုင်းကော ပိုင်နိုင်တဲ့ ဘယ် Coach နဲ့မဆို)

1. 🟢 ဝိတ်ကျတာချင်းတူတူကို တင်းတင်းရင်င်း အချိုးအသစားကျ ကျစ်လျစ်လာလိမ့်မယ်။
2. 🟢 ပို active ဖြစ်မယ်။ လန်းလန်းဆန်းဆန်းဖြစ်လာမယ်။
3. 🟢 အိပ်ပျော်မယ်။ sleep quality လဲ ပ်ိုကောင်းလာမယ်။
4. 🟢 ငါလုပ်နေတာ ဟုတ်မှဟုတ်ပါရဲ့လားဆိုတဲ့ စိတ်ဒုက္ခလဲမရောက်ဖူး။
5. 🟢 အလွန်ဆုံး ၂ လပဲစောင့်လိုက်။ သိသိသာသာပြောင်းလဲလိမ့်မယ်။

နည်းစနစ်မကျ၊ အရာမရောက်၊ မှားယွင်းတဲ့ နည်းလမ်းတေနောက်လိုက်နေရင် အချိန်ကုန်ပြီး လူပင်ပန်းတာပဲ ရှိမယ်။ ကုန်သွားတဲ့ အချိန်တေလဲ ဘလောက်ပိုက်ဆံပေးပေး ပြန်မရပါဘူး။

အဲ့တော့အကြံပေးချင်တာက ကိုယ်အရင်ဝိတ်ချဖူးတယ် အဆင်မပြေဘူးဆိုရင် တခုခုမပြောင်းလဲ မချင်း အခုချလဲ အဆင်ပြေမှာမဟုတ်ပါဘူး။ အဲ့တော့ professional တယောက်နဲ့သာ အလုပ်လုပ်လိုက်ပါ။ ငွေနဲနဲသုံးလိုက်ပါ။ နောင်တမရစေရပါဘူး လို့ အကြံပြုပါရစေ။

Written by Htet Myet (Zane)
Nov 1, 2025

🔥🔥❗️အဆီချတာနဲ့ ပတ်သက်တဲ့ ပေါက်ကရ ယုံတမ်းစကားများလူတော်တော်များများထင်နေကြတဲ့ အဆီချတာနဲ့ ပတ်သက်တဲ့ လုံးဝ လုံးဝ မမှန်ကန်တဲ...
13/10/2025

🔥🔥❗️အဆီချတာနဲ့ ပတ်သက်တဲ့ ပေါက်ကရ ယုံတမ်းစကားများ
လူတော်တော်များများထင်နေကြတဲ့ အဆီချတာနဲ့ ပတ်သက်တဲ့ လုံးဝ လုံးဝ မမှန်ကန်တဲ့ ဂျင်းအယူအဆ ၃ ခုကို ပြောပြပါမယ်။
⚡1 : “အလေးတွေ မ ရင် ပုံပျက်ပန်းပျက် အကြီးကြီးဖြစ်သွားမယ်”

မိန်းကလေးအများစု ပြောကြတဲ့အရာပါ။
အမှန်က ကြွက်သားဆိုတာ အလေး မ ရုံနဲ့ ခနအတွင်းပြူးပြဲပြီး ကြီးလာတဲ့အရာမဟုတ်ပါ။
ကြွက်သားကြီးဖို့ လုံလောက်တဲ့ ပမာဏ စားမပေးရင် ကြီးလာဖို့အလွန်ခက်ပါတယ်။

ပြောရရင် ကြွက်သားတည်ဆောက်ခြင်းဟာ metabolism မြန်စေတယ်။(ကြွက်သားဟာဘာမှမလုပ်ပဲထိုင်နေရင်း calories ပို burn နိုင်တာမို့) အဆီကျဖို့တောင်ပိုလွယ်ပါသေးတယ်။
နောက်တချက် မိန်းကလေးတွေမှာ ကြွက်သားတည်ဆောက်ဖို့လိုအပ်တဲ့ Testosterone ဟော်မုန်းအလုံအလောက်မရှိပါ။
အဆီကျလို့ မာဆယ်တေပိုပေါ်လာတာပဲရှိမယ်။ ပြူးပြဲပီး ကြီးမလာပါဘူး။
အဆီကျချင်လား ပိန်ချင်လား ??
ကြွက်သားတည်ဆောက်ပါ။

🔥 2 : “ လေ့ကျင့်ခန်းအသေလုပ်ရင် လုပ်တဲ့နေရာက အဆီတွေပိုကျမယ် ”
မှားပါတယ်။ လက်မောင်းသွယ်ချင်လို့ လက်မောင်းလေ့ကျင့်ခန်းတွေ အသားကုန်လုပ်လို့မရပါ။ (လက်မောင်းကြွက်သားပဲ ကြီးရင်ကြီးလာမယ်။)
ဗိာက်ချပ်ချင်လို့ ဗိုက်လေ့ကျင့်ခန်းတွေပဲ အသားကုန်လုပ်လို့မရပါ။

အဆီကျချင်ရင် ကိုယ်စားနေတဲ့ ပမာဏ ထက် ကိုယ်ပြန် burn တဲ့ ပမာဏက များအောင်လုပ်ပါ။ တကိုယ်လုံးက အဆီတွေ တပြေးတည်းကျပါလိမ့်မယ်။

🥗 3 : “ထမင်း (carbohydrate) တွေစားရင် ဝ မယ်”

ထမင်း ပေါင်မုန့် ခေါက်ဆွဲ စတဲ့ carbohydrate တွေဟာ လူခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာတွေပါ။ ဘယ်အင်ဂျင်မှာ လောင်စာမလုံလောက်ပဲ ရည်ရှည်မှာ ချောချောမွေ့မွေ့ မလည်ပတ်နိုင်ပါဘူး။ ပြသနာက လိုတာထက်ပိုပြီး အများကြီး စားမိနေတာပါ။
ထမင်းစားလို့ ဝ တာမဟုတ်ပါ။
လိုအပ်တာထက်ပိုပြီး ထမင်းတွေအများကြီး စားလို့ ဝ တာပါ။

Carbohydrate တွေ အလုံအလာက်မစားရင် ပင်ပန်းတာ အားနည်းတာတွေဖြစ်မယ်။ ကြွက်သားတေလစ်ကုန်ပြီး ရည်ရှည်ကျရင် ဝ ဖို့ပိုလွယ်လာမယ်။ အာရုံစူးစိုက်ရခက်လာမယ်။ ကြာရင် ကျန်းမာရေးထိခိုက်မယ်။

Carbohydrates တွေစားပါ။ လိုတာထက်ပိုပြီးသာ အများကြီးမစားပါနဲ့ ။

အတိုချုပ်ပြောရရင်
✅ အဆီကျချင်ရင် ကြွက်သားတည်ဆောက်ပါ။✅ အဆီက တကိုယ်လုံးတပြေးညီ ကျပါတယ်။ နေရာကွက်ချလို့မရပါ။
✅ Carbohydrates တွေစားပါ။ မဖြတ်ပါနဲ့။

👉 ဂျင်းအယူအဆတွေ မိမှာစိုးရင်
👉 ကိုယ်က အဆီကျချင်တယ် ပိန်ချင်တယ် ဘာ exercise တွေလုပ်ရမလဲ
👉 ဘာတွေဘလိုစားသောက်ရမလဲ သေချာမသိလို့ ဘယ်ကဘယ်လို စရမယ်မသိပဲ တိုင်ပတ်နေရင် ကျနော့်ရဲ့ Fat Loss Blueprint Program ကို join ဖို့ဖိတ်ခေါ်ပါတယ်။

✅ လူတယောက်ချင်းစီအပေါ် အသေးစိတ်တွက်ချက်ပြီး Training, Diet, Cardio စသဖြင့်အသေးစိတ်လမ်းညွှန်မှုပေးမှာဖြစ်ပါတယ်။

နောက်လဲ အဆီချတာ/ ကြွက်သားတည်ဆောက်တာနဲ့ပတ်သက်တဲ့ စာတွေ ဆက်ရေးသွားပါမယ်။

Written by Htet Myet(Zane)
Oct 13th, 2025

ပုံအကြည်တွေက အခုမှ ရ2025 PCA Elite Classic Open(M) - 3rd place. ကိုယ့်ရဲ့ အကောင်းဆုံး မဟုတ်ပေမဲ့ အရမ်းအဆိုးကြီးလဲမဟုတ်ပါ...
11/10/2025

ပုံအကြည်တွေက အခုမှ ရ

2025 PCA Elite Classic Open(M) - 3rd place.

ကိုယ့်ရဲ့ အကောင်းဆုံး မဟုတ်ပေမဲ့ အရမ်းအဆိုးကြီးလဲမဟုတ်ပါဘူး 🥹🥹😂

I think stage weight was about 82-83kg

နောက်ပွဲတွေရှိပါသေးတယ်။ 😎

🔥🔥8 weeks Science Based Fat Loss Blueprint Program !!🔥🔥📣📣🔥 10.10 Promotion 🔥📣📣❗️အစားတွေ လျှော့စား၊ ကိုယ်ကြိုက်တဲ့ အစားအသ...
11/10/2025

🔥🔥8 weeks Science Based Fat Loss Blueprint Program !!🔥🔥

📣📣🔥 10.10 Promotion 🔥📣📣

❗️အစားတွေ လျှော့စား၊ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေရှောင် အဲ့လိုတွေ ကြိုးစားပြီး ဝိတ်မကျလို့ လက်လျှော့ခဲ့ဘူးလား ??
❗️Online မှာ တွေ့တွေ့နေသလို workout အကြမ်းစားတွေ မလုပ်နိုင်လို့ ဝိတ်မကျနိုင်ဘူးလို့ ထင်နေပါသလား ??
❗️Gym မသွားနိုင်လို့ အခက်တွေ့နေပါသလား ??
❗️YouTube ပေါ်က workout တွေ လိုက်လုပ်သော်လဲ ဘာမှမထူးပဲဖြစ်နေလား ??
❗️အစားလျှော့၊ proteinစား၊ workout, cardio စတဲ့ information တွေတော့ရှိနေရဲ့နဲ့ ဘယ်ဟာကို ဘလောက်လုပ်ရမယ်ဆိုတဲ့ စနစ်တကျ တွက်ချက်ထားတဲ့ program, guideline တခုမရှိလို့ တိုင်ပတ်နေပါသလား??

✅တနေ့ကို ၄၅ မိနစ်ကနေ မိနစ် ၉၀ (တပတ်ကို ၄ ရက်ကနေ ၅ရက်) အချိန်ပေးရမယ်။
✅အငတ်ခံစရာလဲမလိုဘူး။
✅ရပ်လိုက်ရင်လဲ ပြန် မ ဝ ဘူး။
✅Gym မသွားနိုင်ဘူး အိမ်မှာပဲ လုပ်မယ်ဆိုရင်လဲ ဖြစ်တယ်။
✅၈ ပတ် အတွင်း အဆီလဲ ကျမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ lifestyle တခုလဲ ရည်ရှည်အတွက် တည်ဆောက်ပြီးသား ဖြစ်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပိုရှိလာမယ်
✅ဘာ magic trick, ဘာ ဓာတုဆေးဝါးမှ မပါပဲ ၈ ပတ်အတွင်း ပြောင်းလဲရမယ်လို့ အာမခံပေးတဲ့ ကျနော့်ရဲ့ သိပ္ပံနည်းကျ လူတယောက်ချင်းစီ အပေါ်မူတည်ပြီး တွက်ချက်ပေးထားတဲ့
🔥“Fat Loss Blueprint” 🔥
8 weeks program ကို join ဖို့ ဖိတ်ခေါ်ပါတယ်။

⬇️Program အကြောင်း ပြောပြပါမယ်။

✅စိတ်ရှုပ်စရာမရှိပဲ step by step လိုက်လုပ်ရ လွယ်အောင် program ဆွဲပေးပါမယ်။

⬇️ဘာတွေပါဝင်မလဲ ??
1️⃣အရင်ဆုံး goal တခု သတ်မှတ်ပါမယ်။
2️⃣မိတ်ဆွေရဲ့ အလုပ်၊အားတဲ့အချိန်၊အသက်အရွယ်၊ injury ရှိမရှိ စတာတွေအပေါ်မူတည်ပြီး တရက်ချင်းစီ ဘာ exercise တေ လုပ်ရမလဲ အသေးစိတ် plan ဆွဲပေးပါမယ်။
3️⃣Exercise လုပ်နေတာ ပုံစံ မှန်မမှန် ပြန်စစ်/ လိုအပ်တာတွေ ပြင်ပေးပါမယ်။
4️⃣မိတ်ဆွေရဲ့ lifestyle နဲ့ကိုက်အောင် ၊ မတည့်တဲ့ အဆင်မပြေတဲ့ အစားအသောက်တွေရှောင်ပြီး ဘာတွေကို ဘယ်အချိန်မှာ ဘလောက်ပမာဏ စားရမလဲ အသေးစိတ် diet plan ဆွဲပေးပါမယ်။
5️⃣လမ်းလျှောက် စက်ဘီးနင်း ပြေး ရေကူး စတဲ့ cardio တွေကော လိုအပ်ရင် လိုအပ်သလို plan ဆွဲပေးပါမယ်။
6️⃣Multivitamins, omega 3, Zinc စတဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဖြည့်စွက်စာတွေ plan ပါပါမယ်။
7️⃣တပတ်ချင်းစီ messenger ကနေ အခြေအနေဘလိုရှိနေလဲ၊ တိုးတက်မှုရှိရဲ့လား၊ အဆင်ပြေရဲ့လား၊ ဘာအခက်အခဲတွေရှိနေလဲ စသဖြင့် check in လုပ်ပေးပါမယ်။ လိုအပ်ရင် program ကို ပြန်ပြင်ပေးပါမယ်။

👉 Program ကြေးက ဘလောက်ကျမှာလဲ ???
ပုံမှန်စျေးက ၂ လ စာကိုမှ မြန်မာငွေ 300,000 ပဲ ကျပါမယ်။

✅🔥 အခု Oct 10-Oct 20 အတွင်း Promotion စျေးက 200,000 ပဲ ကျပါမယ်။ 🔥✅

👉 Program join မယ်ဆိုရင် ဘာဆက်ဖြစ်မှာလဲ။

1️⃣Join မယ်ဆိုရင် messenger မှာလာပြောပါ။
2️⃣Payment confirm ဖြစ်ပြီဆိုတာနဲ့ ကျနော့်ဖက်က form တခုပို့ပေးပါမယ်။ ဖြစ်ချင်တဲ့ goal, အသက်, အရပ်, bodyweight, ကိုယ့်ရဲ့ တနေ့တာလှုပ်ရှားမှု ပမာဏ, စားလို့အဆင်မပြေတဲ့ မရတဲ့ အစားအစာ ရှိမရှိ, ရောဂါအခံ injury ရှိမရှိ မိတ်ဆွေက အသေးစိတ်ဖြည့်ပေးရပါမယ်။
3️⃣ကျနော်က ဒီအပေါ်မူတည်ပြီး မိတ်ဆွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် program တခုကို 24-48 hours အတွင်း ပို့ပေးပါမယ်။

👉 တကယ်ပြောင်းလဲ ရဲ့လား ???

😎ကျနော်ဟာ ကြွက်သားထုထည်တင်ခြင်း၊ အဆီချဝိတ်ချခြင်း နဲ့ပတ်သက်လို့ နည်းပြခဲ့တဲ့ အတွေ့အကြုံ ဆယ်စုနှစ်တခုနီးပါးရှိခဲ့ပါပြီ။
😎အသက်အရွယ် ကျားမ မရွေး ကျန်းမာရေး၊ lifestyle၊ မင်္ဂဆောင်အတွက် pre-wedding အတွက် လှချင်လို့၊ လေယာဉ်မောင်/မယ် interview အတွက် သတ်မှတ် ကိုယ်အလေးချိန်ရောက်အောင်ချဖို့ ၊ မော်ဒယ်တွေ photo shoot အတွက်၊ ကာယဗလပြိုင်ပွဲဝင်ဖို့ စသဖြင့် ရည်ရွယ်ချက်မျိုးစုံ ရှိတဲ့ သူတွေကို အောင်အောင်မြင်မြင် Coach ပေးခဲ့တာ ရာဂဏန်းရှိပါပြီ။
😎ကိုယ်တိုင်လဲ 2017 ထဲက ပြိုင်ပွဲဝင် ဆုတွေယူ အားကစားနဲ့ အာဟာရအပိုင်းမှာ လက်တွေ့အတွေ့အကြုံကော education ကိုပါ လေ့လာနေခဲ့သူပါ။

😎ဘာလုပ်ရမလဲ ဆိုတာ ကျနော့်တာဝန်ထားပါ။
✅program ကိုသာ ၂ လ တိတိ လိုက်နာပေးပါ။
✅အခက်အခဲ ရှိနေရင် ဘာတွေ အဆင်မပြေလဲ စသဖြင့် ပြောပါ။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ပေးပါမယ်။
✅တပတ်တခါ ကျနော့်ကိုသာ check in သေချာလုပ် update သေချာလုပ်ပါ။ ကိုယ်တိုင်ကြိုးစားပေးပါ။
✅💯၂ လပြည့်ရင် ပြောင်းလဲရမယ်လို့ အာမခံပါတယ်။ 😎💪🏻💪🏻

👉ဒီ Promotion မှာ လူအယောက် ၅၀ ပဲ လက်ခံထားမှာမို့ မေးစရာရှိရင် တယောက်ချင်းစီကို 24 hours အတွင်း သေချာ reply ပြန်ပါတယ်။

👉ဒီ program ငါ့အတွက်အလုပ်ဖြစ်ပါ့မလား လို့ တွေးနေတာကို ရပ်လိုက်ပါ။
👉ဒီ program ကို လိုက်လုပ်ဖို့ လိုအပ်တဲ့ mindset ဖြစ်တဲ့ ၈ ပတ်အတွင်း ပြောင်းလဲရမယ်၊ ပိုကျန်းမာရမယ်၊ ပိုအိပ်ပျော်မယ်၊ confidence ပိုရှိရမယ် ဆိုတဲ့ အကျိုးကျေးဇူးတွေအတွက် ငါ ready ဖြစ်ပြီလား လို့ပဲ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်ပါ။
တကယ် လိုချင်ရင်ဖြစ်ပါတယ်။

✅Program ဆွဲပေးတာ လိုတာတွေ တွက်ချက်ပေးတာ ကျနော့်တာဝန်ထားပါ။
✅မိတ်ဆွေက လိုက်လုပ်ပေးပါ။
✅ကျနော့်ကို ပြန် update ပေးပါ။
✅😎 အဲ့တာဆိုရင် နောက် ၈ ပတ်နေရင် ငါစောစောက join ခဲ့သင့်ပါလား လို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေပါလိမ့်မယ်။

😎🔥Ready ဖြစ်ရင် ကျနော့်ကို messenger က နေ သာ စာပို့လိုက်ပါ။
⬇️🔥😎 မိတ်ဆွေရဲ့ fitness journey ကို ဒီကနေပဲ စ လိုက်ရအောင် ။

🔥 အမေးအများဆုံး အဆီချမေးခွန်းများ 👉 ပွင့်လင်းပြောရရင် နေရာတကာမှာ ဝိတ်ချဆေး၊ အမြန်ဝိတ်ချနည်း စတဲ့ စိတ်ဝင်စားစရာတွေ ခနခန တ...
09/10/2025

🔥 အမေးအများဆုံး အဆီချမေးခွန်းများ

👉 ပွင့်လင်းပြောရရင် နေရာတကာမှာ ဝိတ်ချဆေး၊ အမြန်ဝိတ်ချနည်း စတဲ့ စိတ်ဝင်စားစရာတွေ ခနခန တွေ့နေရပါတယ်။

👉 ဒါပေမဲ့ လက်တွေ့မှာ 90% နှုန်းသော တကယ့်ဝိတ်ကျတဲ့ ရလာဒ်တွေသည် အခုလို ဖြတ်လမ်းတွေကြောင့် မဟုတ်ပဲ ရိုးရိုးရှင်းရှင်း သိပ္ပံနည်းကျ နည်းစနစ်တွေကြောင့်သာဖြစ်ပါတယ်။ ကျနော်အမေးအခံရဆုံး အဆီချ မေးခွန်း ၃ ခုကို ဖြေပေးပါမယ်။

💥 1. “အချိုတွေ အဆီတွေ ရှောင်ရဲ့သားနဲ့ ဘာလို့ဝိတ်က မကျရတာလဲ ??”

🟢 Clean food ≠ calorie deficit.
🟢 ကြက်ရင်အုပ်၊ ထမင်း၊ oat၊ သံလွင်ဆီ၊ salmon၊ ဟင်းသီးဟင်းရွက်တွေပဲ စားနေပေမဲ့ စားနေတဲ့ calories စုစုပေါင်းက ကိုယ်ပြန် burn တာထက် ပိုနေမယ်ဆိုရင် အဆီမကျတဲ့အပြင်ပိုတောင်တက်လာနိုင်ပါသေးတယ်။
(✅ ဒါကြောင့် ဒါမျိုးပြသနာ မဖြစ်ရလေအောင် ကျနော့်ရဲ့ coaching program မှာ အစားအသောက်ကို စနစ်တကျ တွက်ချက် ပေးပြီး အပတ်တိုင်း သေချာပြန်လိုက်ကြည့်ပါတယ်။)

⚡️ 2. “အဆီကျဖို့ Cardio ဘလောက် လုပ်ရမှာလဲ ??”

👉 Cardio ဆိုတာ အဆီကျဖို့ အသုံးပြုတဲ့ activity တခုပါ။ အဆီကျစေမဲ့ magic မဟုတ်ပါဘူး။ လုပ်ရင် calories ပို burn မယ်။ များလွန်းရင်လဲ stress ပိပြီး recovery ထိခိုက်ပါတယ်။
ကျနော်ဘသူ့ကိုမှ ၁ နာရီထက် ပိုမလုပ်ခိုင်းပါဘူး။
Client က မာဆယ်ဘလောက်ရှိလဲ၊ တနေ့တာ လှုပ်ရှားမှုဘလောက်ရှိလဲ၊ Training , Diet ဒါတေအပေါ်မူတည်တာမို့ ပုံသေပြောလို့မရပါဘူး။

🔥 3. “တချိန်ထဲမှာ အဆီလဲကျ မာဆယ်လဲ တက်အောင်လုပ်လို့ရလား ??”

✅ ရပါတယ်။ (နည်းစနစ် မှန်မှန် ကန်ကန်လုပ်ရင်)
ဒါကို Recomposition လုပ်တယ်လို့ခေါ်ပါတယ်။

- နဲနဲ အဝလွန်နေတယ်။
- အခုမှ weight training စလုပ်မှာဖြစ်တယ်။
- Protein အလုံအလောက်စားမယ်။
- အိပ်ရေးဝအောင်အိပ်နိုင်မယ်။
ဒီလိုအခြေအနေတွေမှာဆိုရင် လုပ်ရလွယ်ပါတယ်။

👉 အဆီချချင်တာလား၊ ကြွက်သားတက်ချင်တာလား။
👉 ဘာလုပ်ရမှန်းမသိ၊ လနဲ့ချီပြီး သိသာတဲ့ရလာဒ်မထွက်ဖူးဖြစ်နေပါသလား။ တန်ဖိုးရှိတဲ့အချိန်တွေအကုန်ခံမဲ့အစား ကျနော့်ရဲ့ coaching program က်ိုသာ join လိုက်ပါ။

✅ လပိုင်းအတွင်း ရလာဒ်ကောင်းတွေမြင်ရပါလိမ့်မယ်။ 😎💪🏻💪🏻

Written by Htet Myet (Zane)
Oct 9th, 2025

PCA Elite Classic 2025Classic Physique (M) open - 3rd place.ဒီနှစ်ထဲ နောက်ပွဲတေရှိပါသေးတယ်။ အခုတော့ client တွေကိုပဲ ပိုအ...
29/09/2025

PCA Elite Classic 2025
Classic Physique (M) open - 3rd place.

ဒီနှစ်ထဲ နောက်ပွဲတေရှိပါသေးတယ်။
အခုတော့ client တွေကိုပဲ ပိုအချိန်ပေးပါဦးမယ်။ 😎🙏🙏💪🏻

ကျနော် ဒီနေ့ ပြိုင်ပွဲနေ့မို့ client အားလုံးဆီကနေ ခွင့်ယူပါရစေ။ Check in တွေတော့ ပို့ထားပေးပါ။ ပြိုင်ပွဲပြီး တင်္နလာနဲ့ ...
28/09/2025

ကျနော် ဒီနေ့ ပြိုင်ပွဲနေ့မို့ client အားလုံးဆီကနေ ခွင့်ယူပါရစေ။

Check in တွေတော့ ပို့ထားပေးပါ။

ပြိုင်ပွဲပြီး တင်္နလာနဲ့ အင်္ဂါမှာ ကျနော် reply ပြန်ပါ့မယ်။

နားလည်ပေးတာ ကျေးဇူးပါ 🙏🙏💪🏻

ที่อยู่

298 Sukhumvit Road
Chon Buri
20000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shredded Nationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram