Dr. Thu Ra Health & Wellness

ဆီးကျောက်တည်ခြင်း အကြောင်းဆီးကျောက်တည်ခြင်းဆိုတာက ဓာတ်သတ္တုနှင့်အခြားသော အရာဝတ္ထုများ အစိုင်အခဲအနေနဲ့ စုပုံလာခြင်းဖြစ်ပါ...
16/11/2025

ဆီးကျောက်တည်ခြင်း အကြောင်း

ဆီးကျောက်တည်ခြင်းဆိုတာက ဓာတ်သတ္တုနှင့်အခြားသော အရာဝတ္ထုများ အစိုင်အခဲအနေနဲ့ စုပုံလာခြင်းဖြစ်ပါတယ်။ ဆီးကျောက်တော်တော်များများက ဆီးသွားရင်း ပါသွားတတ်ကြပေမယ့် ဆီးကျောက်ရွေ့လျားခြင်းကနေ ပြင်းထန်တဲ့နာကျင်မှုတွေခံစားရတတ်ပါတယ်။ ဆီးကျောက်တွေကြီးလာခဲ့လျှင် ကျောက်ချေခြင်း သို့မဟုတ် ခွဲစိတ်ဖယ်ရှားရခြင်းတွေလဲ ပြုလုပ်ရတတ်ပါတယ်။ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်းတွေနှင့် ဆူးအောင့်ပြီးပြန့်နှံ့ခံစားရတတ်ပါတယ်။ ဒါကြောင့်မို့ ဆီးကျောက်တည်ခြင်းနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ဆွေးနွေးမျှဝေပေးထားပါတယ်။ဆီးကျောက်တည်ခြင်းအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။

#ဆီးကျောက်တည်ခြင်း


#ဒေါက်တာသူရ
#ကျန်းမာရေး
&wellness

အစားအသောက်နှင့် အသည်းကျန်းမာရေးအသည်းဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး ခန္ဓာကိုယ်တွက် များစွာသော လ...
08/11/2025

အစားအသောက်နှင့် အသည်းကျန်းမာရေး

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး ခန္ဓာကိုယ်တွက် များစွာသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါတယ်။ အရေးကြီးဆုံးလုပ်ဆောင်တာများထဲမှာမှ နေ့စဉ်စားသောက်နေတဲ့ အစားအစာကို စွမ်းအင်အဖြစ်သိုလှောင်ထားပေးပြီး ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကိုလဲ ချေဖျက် ဖယ်ရှားပေးပါတယ်။ ဒါကြောင့် အသည်းကျန်းမာရေးဟာ ကျန်းမာရေးအတွက်အရေးကြီးပြီး နေ့စဉ်စားသောက်နေတဲ့ အစားအစာနှင့် သက်ဆိုင်မှုလဲရှိနေပါတယ်။ ဘယ်လို အစားအစာတွေက အသည်းအတွက်ကောင်းပြီး ဘယ်လိုအစားအစာတွေက အသည်းကိုထိခိုက်စေလဲဆိုတာ ဗီဒီယိုထဲမှာ အကြမ်းဖျင်းပြောပြထားပါတယ်ဗျ။ အသည်းကျန်းမာရေးအတွက်သိရှိဆင်ခြင်ပြီး ကျန်းမာအောင်နေထိုင်ဖို့ အကြံပြုမျှဝေလိုက်ရပါတယ်။

အစားအသောက်နှင့် အသည်းကျန်းမာရေးအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။


#ကျန်းမာရေး

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးများတွင်အဖြစ်များဆုံး ကင်ဆာ(၅)မျိုးထဲမှာပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးမှု အမြင့်မားဆုံးထဲမှ...
04/11/2025

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးများတွင်အဖြစ်များဆုံး ကင်ဆာ(၅)မျိုးထဲမှာပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးမှု အမြင့်မားဆုံးထဲမှာလဲ ပါဝင်ပါတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်ကနေဖြစ်ပေါ်လာတဲ့ ကင်ဆာဖြစ်ပြီး 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔)ကြောင့် အဖြစ်များဆုံးဖြစ်ပါတယ်။ ပုံမှန်သားအိမ်ခေါင်းချွဲမြှေးစစ်ခြင်း နှင့် အန္တရာယ်မရှိဘဲ လုံခြုံစိတ်ချရတဲ့ အတူနေဆက်ဆံခြင်းများက သားအိမ်ခေါင်းကက်ဆာကို ကာကွယ်ဖို့အရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်။ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်းနှင့် ကင်ဆာဆေးသွင်းခြင်းတွေက အဓိကကုသနည်းတွေဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔)ကြောင့် အဖြစ်များသောကြောင့် အမျိုးသမီးတွင် အဖြစ်ဆုံးကင်ဆာဖြစ်ပေမယ့် အမျိုးသားများလဲ သိရှိထားသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။

#သားအိမ်ခေါင်းကင်ဆာ

#ကျန်းမာရေး

သားအိမ်ခေါင်းကင်ဆာသားအိမ်ကင်ဆာက အမျိုးသမီးများတွင် အဖြစ်များဆုံးကင်ဆာ(၅)မျိုးထဲမှာ ပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးမှု အမြင...
29/10/2025

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာက အမျိုးသမီးများတွင် အဖြစ်များဆုံးကင်ဆာ(၅)မျိုးထဲမှာ ပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးမှု အမြင့်မားဆုံးထဲမှာလဲ ပါဝင်ပါတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်ကနေဖြစ်ပေါ်လာတဲ့ ကင်ဆာဖြစ်ပြီး 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) ကြောင့် အဖြစ်များဆုံးဖြစ်ပါတယ်။ ပုံမှန်သားအိမ်ခေါင်းချွဲမြှေးစစ်ခြင်း နှင့် ဘေကင်းစိတ်ချသော လိင်ဆက်ဆံခြင်း (အကာအကွယ်အသုံးပြုခြင်း)များက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့အရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်။ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်းနှင့် ကင်ဆာဆေးသွင်းခြင်းတွေက အဓိကကုသနည်းတွေဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဆိုတာဘာလဲ?

အမျိုးသမီး အင်္ဂါအစိတ်အပိုင်းအဖွဲ့အစည်းမှာ သားဥအိမ်၊သားဥပြွန်၊ သားအိမ်၊သားအိမ်ခေါင်းနှင့် မိန်းမကိုယ် ဆိုပြီးရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ခေါင်းမျက်နှာပြင်ကနေ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ဆဲလ်တွေက သားအိမ်ခေါင်းကင်ဆာအကြိုဆဲလ်အနေ စတင်ပြောင်းလာရာကနေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးက 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔)ကြောင့် ဖြစ်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) ဆိုတာက လိင်မှတဆင့်ကူးစက်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်းခြင်းကို သားအိမ်ခေါင်းချွဲမြှေးမှန်မှန်စစ်ခြင်းနှင့် သားအိမ်ကင်ဆာ ကာကွယ်ဆေးထိုးခြင်းတွေကလျှော့ချပေးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာက ဘာကြောင့်ဖြစ်တာလဲ?

သားအိမ်ခေါင်းကင်ဆာအများစုကတော့ လိင်မှတဆင့်ကူးစက်တဲ့ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔)ကြောင့် ဖြစ်ပါတယ်။ လူတော်တော်များများက 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) တချိန်ချိန်ကူးစက်ခံခဲ့ဖူးပေးမယ့် ခန္ဓာကိုယ်က တိုက်ထုတ်ခုခံပေးလိုက်တာကြောင့် သတိမထားမိပဲပျောက်ကင်းသွားတာများပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) ကိုခန္ဓာကိုယ်က ခုခံကာကွယ်နိုင်ခြင်းမရှိလျှင် ရောဂါပိုးက သားအိမ်ခေါင်းကဆဲလ်တွေကို ကင်ဆာဆဲလ်သို့ပြောင်းလဲနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔 အမျိုးအစားများစွာရှိပြီး ရောဂါ(၁၂)မျိုးခန့်သာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ပြီး ထိုရောဂါပိုးဝင်ရောက်မှုကို ကြိုတင်သိရှိထားခြင်းက သားအိမ်ခေါင်းကက်ဆာ ကာကွယ်ခြင်းအတွက်အရေးကြီးဆုံးဖြစ်ပါတယ်။

ဘယ်သူတွေက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ချေများလဲ?

အမျိုးသမီးတော်တော်များက ရောဂါဖြစ်ပွားနိုင်ချေ ရှိ၊မရှိ ခန့်မှန်းရခက်ပါတယ်။ သားအိမ်ခေါင်ကင်ဆာ ဖြစ်ပွားနိုင်ချေများပြီး ကာကွယ်နိုင်တဲ့ အခြေအနေတွေကတော့
● သားအိမ်ခေါင်းချွဲမြှေး ပုံမှန်မစစ်ဆေး သူတွေက သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်နိုင်ပါတယ် (သားအိမ်ခေါင်းချွဲမြှေး ပုံမှန်စစ်ဆေးခြင်းက ကင်ဆာအကြိုအဆင့်ကို သိရှိပြီး ကြိုတင်ကုသနိုင်ပါတယ်။)
● 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) ကူးစက်ခံရခြင်း (အချို့သော HPV ပိုးတွေက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပြီး ရောဂါကူးစက်မခံရအောင် ကာကွယ်ခြင်းက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်ပါတယ်။)
● လိင်ဆက်ဆံခြင်း-အသက်ငယ်ရွယ်စဉ် အိမ်ထောင်ကျခြင်း၊ အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုပြုခြင်း၊ လိင်ဆက်ဆံမှုများသူ(သို့) အိမ်ထောင်ဆက်သူများခြင်း၊ လိင်ဆက်ဆံဖော်များသောသူနှင့် ဆက်ဆံမိခြင်း
● ဆေးလိပ်သောက်ခြင်း (ဆေးသောက်ခြင်းက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ချေ ပိုများပါတယ်)
● အိတ်စ်အိုင်ဗီပိုးရှိသူများ (HIV infection)
● ခုခံအားကျဆင်းနေသူများ ဖြစ်ပါတယ်။

မိသားစုမျိုးရိုးတွင် သားအိမ်ခေါင်ကင်ဆာရှိသူများသည် သားအိမ်ခေါင်ကင်ဆာ ဖြစ်ပွားနိုင်ချေများပါတယ်။

သားအိမ်ခေါင်းကင်ဆာ​၏ အရေးကြီးသော လက္ခဏများ

သားအိမ်ခေါင်းကင်ဆာ​ ကနဦးအဆင့်တွေက ဘာရောဂါလက္ခဏမှမပြပဲ ကြိုတင်သိရှိဖို့လဲ ခက်ပါတယ်။
● သွေးဆင်းများပြီး အနံ့နံခြင်း
● ဆက်ဆံပြီးသွေးဆင်းခြင်း၊ ရာသီပေါ်ရက်မဟုတ်ပဲ သွေးပေါ်ခြင်း၊
● သွေးဆုံးပြီးမှ သွေးပြန်ပေါ်ခြင်း
● လိင်ဆက်ဆံချိန် နာကျင်ခြင်း

သားအိမ်ခေါင်းကင်ဆာ ရောဂါပိုဆိုးလာလျှင်

● ဆီးသွားရခက်ခဲခြင်း၊ ဆီးထဲသွေးပါခြင်း
● ဝမ်းပျက်ခြင်း၊ ဝမ်းသွားလျှင်နာကျင်ခြင်း၊ ဝမ်းသွားသွေးပါခြင်း
● အစာအသောက်ပျက်ခြင်း၊ ပိန်ခြင်း
● နေထိုင်မကောင်းခဏခဏဖြစ်ခြင်း
● ခြေထောက်ဖောခြင်း ခါးနာခြင်း
● ဆီးစပ်၊ ဗိုက်အောင့်ခြင်း တွေခံစားရတတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကိုမသိပဲ ဘယ်လောက်ကြာရှိနေနိုင်လဲ?

ကင်ဆာအကြိုအဆင့်ဆဲလ်တွေက တဖြည်းဖြည်းပြောင်းလဲပြီး ကင်ဆာဆဲလ်အဆင့်ရောက်သွားလျှင် ကြီးထွားမှုမြန်ဆန်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကနေ ကင်ဆာဆဲလ်ပြောင်းဖို့ ခန့်မှန်းချေ (၃)နှစ်မှ (၇)နှစ်အတွင်းကြာပါတယ်။ သားအိမ်ခေါင်းချွဲမြှေးစစ်ခြင်းက ကင်ဆာအကြိုဆဲလ်တွေကို ကင်ဆာဆဲလ်အဆင့်မရောက်ခင် ကြိုတင်သိရှိနိုင်ပါတယ်။ သားအိမ်ခေါင်းချွဲမြှေး မှန်မှန်စစ်ဆေးခြင်းက သားအိမ်ခေါင်းကင်ဆာကို ကြိုတင်သိရှိနိုင်ချေပိုများတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ နောက်တွဲဆိုးကျိုးတွေကဘာတွေလဲ?

သားအိမ်ခေါင်းကင်ဆာနောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသက်ဆုံးရှုံးခြင်းကို ရှောင်ရှားနိုင်ဖို့ ရောဂါကိုစောစောသိရှိပြီး ကုသခြင်းက အရေးကြီးဆုံဖြစ်ပါတယ်။ အဖြစ်များတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့
● နာကျင်ကိုက်ခဲခြင်း
● ဆီးဝမ်းပြောင်းလဲခြင်း
● ကျောက်ကပ်ပျက်စီးခြင်း
● သွေးခဲခြင်း
● သွေးထွက်လွန် သွေးဆင်းများခြင်း
● ကိုယ်ဝန်ဆောင်ရ ခက်ခဲခြင်း
● ကင်ဆာဆေးများ​၏ ဘေးထွက်ဆိုးကျိုးခံစားရခြင်း တို့ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်ဆေးနိုင်လဲ?

သားအိမ်ခေါင်းကင်ဆာက ပုံမှန်အားဖြင့် တဖြည်းဖြည်းနဲ့ နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲကြီးထွားပါတယ်။ ကင်ဆာဆဲလ်အနေနဲ့ မဖြစ်ခင်မှာ သားအိမ်ခေါင်းမှာများစွာသော ပြောင်းလဲမှုတွေဖြစ်ပေါ်ပါတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်ဆဲလ်တွေက ပုံမမှန်ဆဲလ်အမျိုးမျိုးအဖြစ်သို့ပြောင်းလဲပါတယ်။ ပုံမမှန်ဆဲလ်တွေ ကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ပုံမှန်သားအိမ်ခေါင်း ချွဲမြှေးစစ်ဆေးဖို့လိုအပ်ပြီး သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်းရာတွင် ပုံမမှန်ဆဲလ်များ တွေရှိပါက HPV ပိုးထပ်မံစစ်ဆေးဖို့လိုပါမယ်။စအိုမှန်ပြောင်းကြည့်ခြင်းဖြင့် သားအိမ်ခေါင်း ဆဲလ်တွေကိုစစ်ဆေးပါတယ်။ သားအိမ်ခေါင်းဆဲလ်များ ပုံမမှန် အနေအထားတွေ့ရှိရပါက သားအိမ်ခေါင်း အသားစယူစစ်ဆေးခြင်းများ ထပ်မံစစ်ဆေးဖို့လိုအပ်ပါတယ်။

စမ်းသပ်စစ်ဆေးမှုအရ သားအိမ်ခေါင်းကင်ဆာ တွေ့ရှိပါက
● အသည်းနှင့်ကျောက်ကပ်စစ်ဆေးခြင်း
● ဆီးနှင့်သွေးစစ်ဆေးခြင်း
● ဓာတ်မှန်ရိုက်ခြင်း
● CT Scan ရိုက်ခြင်း
● သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) များ ဆက်လက်စစ်ဆေးဖို့လိုပါတယ်။ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပေါ်မူတည်ပြီး ကင်ဆာအဆင့်ခွဲခြင်း နှင့် ကုသမှုနည်းများ ရွေးချယ်ဆုံးဖြတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ အဆင့်တွေက ဘာတွေလဲ?

သားအိမ်ခေါင်းကင်ဆာက အဓိကအားဖြင့်အဆင့် (၄)ဆင့်ခွဲခြားနိုင်ပါတယ်။
အဆင့်(၁)- ကင်ဆာဆဲလ်များ သားအိမ်ခေါင်းမှာသာတွေ့ရှိရပြီး သားအိမ်ခေါင်းအတွင်ဘက်သို့ ပြန့်နှံ့ခြင်းမရှိပါ။
အဆင့်(၂)- ကင်ဆာဆဲလ်များ သားအိမ်ခေါင်းနှင့်သားအိမ်သို့ပြန်နှံ့လျှက်ရှိပြီး ဆီးခုံ နှင့် မိန်းမကိုယ်သို့ ပြန်နှံ့ခြင်းမရှိပါ။
အဆင့်(၃)- ကင်ဆာဆဲလ်များ မိန်းမကိုယ်သို့ ပြန်နှံ့ပြီး ဆီးခုံ ဆီးပြွန်နှင့် ပြန်ရည်ကျိတ်များသို့ပြန့်နှံ့မှုရှိခြင်း။
အဆင့်(၄)- ကင်ဆာဆဲလ်များ ဆီးအိမ်၊ ဝမ်းအိမ် နှင့် အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ ပြန့်နှံ့မှုရှိခြင်း။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကုသပါလဲ?

သားအိမ်ခေါင်းကင်ဆာ ကုသခြင်းက ကင်ဆာအဆင့်၊ အသက်အရွယ်၊ ကျန်းမာရေး နှင့် ရေရှည်တွင်သား သမီးတွင် ယူခြင်းမယူခြင်း အစရှိတဲ့ အချက်တွေပေါ်မူတည်ပြီး ရွေးချယ်ဆုံးဖြတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကုသနည်းတွေကတော့ ဓါတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ခွဲစိတ်ကုသခြင်း နှင့် အခြားသော ကုသနည်းတွေ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကုသပျောက်ကင်းမှုအခြေအနေကရော?

သားအိမ်ခေါင်းကင်ဆာရောဂါကို စောစာသိပြီးကုသပါက ရလဒ်အင်မတန်ပင်ကောင်းမွန်ပါတယ်။ ရောဂါ တိကျသေချာစွာ မသိရှိခြင်းက စိုးရိမ်စေပြီး ကင်ဆာရောဂါရှိ၊မရှိ ပူပန်နေခြင်းကိုဖြစ်ပေါ်စေပါတယ်။ ကင်ဆာကုသခြင်း နည်းလမ်းတွေက ခက်ခဲပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလဲရှိပါတယ်။ ကင်ဆာရောဂါဝေဒနာခံစားရသူတွေအနေကို ပံ့ပိုးထောက်ပံ့မှုတွေက အရေးကြီးပါတယ်။ ကုသမှုတွေပြီးမြောက်သွားခဲ့လျှင်လဲ ဆက်လက်ပြီးတော့ စောင်ကြည့်ကုသဖို့လိုအပ်ပါတယ်။ ကင်ဆာဖြစ်ပွားပြီးနောက် ကျန်ရှိနေတဲ့ စိုးရိမ်ပူပန်စိတ်တွေကိုလဲ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံပြုခြင်းတွေကိုလဲ ဆက်လက်ခံယူဖို့လိုပါတယ်။
သားအိမ်ခေါင်း ကင်ဆာသိရှိပြီး မပြန်နှံ့ခင်ကုသပါက (၅)နှစ်အသက်ရှင်မှုရာခိုင်နှုန်း မြင့်မားပြီး ရောဂါပြင်းထန်လေ ပြန့်ပွားလေ (၅)နှစ်အသက်ရှင်မှုရာခိုင်နှုန်း လျှော့နည်းလေဖြစ်ပါတယ်။ ဆရာဝန်နှင်ါတိုင်ပင်ပြီး ဆွေးနွေးခြင်းကသာ တိကျတဲ့ အဖြေတခုတော့ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်လား?

လူအများ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်ပြီး အသိပညာကြွယ်ဝပြီး ပိုမိုသိရှိလာခြင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးအတွက်အဓိကကျပါတယ်။

● အသက် (၉) – (၁၃) နှစ်ကြား အမျိုးသမီးငယ်လေးများ အားလုံးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး သုံးကြိမ်ထိုးခြင်း(HPV ပိုးကိုကာကွယ်ပေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာနှင့် HPV ပိုးကြောင့်ဖြစ်သောကင်ဆာများကိုကာကွယ်ပေးနိုင်ပါတယ်။)
● အသက်(၃၀)နှင့်အထက်အမျိုးသမီးတိုင်း သားအိမ်ခေါင်းစစ်ဆေးခြင်းက သားအိမ်ခေါင်းကင်ဆာ ကိုကာကွယ်ပေးနိုင်ပါတယ်။
● အသက်အရွယ်မရွေး ရောဂါလက္ခဏများကို စောစောသိ စောကုသခြင်းက သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းကို ရှောင်ရှားနိုင်ပါတယ်။
● ဆေးလိပ်ရှောင်ရှာခြင်း၊ဖြတ်ခြင်း
● ဘေကင်းစိတ်ချသော လိင်ဆက်ဆံခြင်း (အကာအကွယ်အသုံးပြုခြင်း)
● အမျိုးသားလိင်အင်္ဂါအရေးပြားဖြတ်ခြင်း (HPV ပိုးကူးစက်နှုန်းလျှော့ချပေးနိုင်ပါတယ်) များက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ စောစောစီးစီးသိနိုင်ဖို့ screening test-Pap smear testကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးသင့်ပါတယ်။ စစ်ဆေးချက်အဖြေ ( normal )ပုံမှန်ဆိုပါက (၃)နှစ်နေမှ ပြန်စစ်ဖို့ လိုပါမယ်။ HPV ပိုးရှိ/မရှိ စစ်လို့ရပါကလည်း တစ်ခါတည်း စစ်သင့်ပါတယ်။ Pap testလည်းပုံမှန် ၊ HPVပိုးလည်း မရှိဘူးဆိုရင် ခု testတွေကို (၅)နှစ်ကြာမှ ပြန်စစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါကို စောစာသိပြီးကုသပါက ရလဒ်အင်မတန်ပင်ကောင်းမွန်ပါတယ်။အလားတူ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ထို့ကြောင့် ကာကွယ်နိုင်တဲ့အရွယ်မှာ ကာကွယ်ဆေးထိုးကာ ကြိုတင်ကာကွယ်ကြပြီး၊ မမီသောသူများအနေဖြင့်လည်း စောစောသိရှိဖို့ screening testများကို ဆရာ၀န်ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ကြိုတင်ကာကွယ်ပြီး ကျန်းမာစွာနေထိုင်ဖို့ အကြုံပြုရင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း....

Dr. Thu Ra
#သားအိမ်ခေါင်းကင်ဆာ


အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ရင်ဒါလေးတွေ သိထားဖို့ သတိထားဖို့ လိုပါတယ်...
26/10/2025

အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ရင်
ဒါလေးတွေ သိထားဖို့ သတိထားဖို့ လိုပါတယ်...

နောက်လာမယ့်ပိုစ့်အတွက် ခေါင်းစဥ်ရွေးရခက်နေလို့ ဝိုင်းရွေးပေးကြပါအုံး။ ဘယ်အကြောင်းအရာရေးရင် အားလုံးအတွက်ပိုအကျိုးရှိနိုင်...
26/10/2025

နောက်လာမယ့်ပိုစ့်အတွက် ခေါင်းစဥ်ရွေးရခက်နေလို့ ဝိုင်းရွေးပေးကြပါအုံး။ ဘယ်အကြောင်းအရာရေးရင် အားလုံးအတွက်ပိုအကျိုးရှိနိုင်မလဲ...
အားလုံးဖြေပေးခဲ့ကြပါနော်…😊

မူးဝေခြင်းမူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ မူးဝေခြင်းက အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်...
25/10/2025

မူးဝေခြင်း

မူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ မူးဝေခြင်းက အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်နိုင်ပါတယ်။ မူးဝေခြင်းဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ စိတ်နှလုံး မငြိမ်မသက် ခံစားရခြင်းနှင့် ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှု မရှိပဲ ဒယိမ်းဒယိုင်ဖြစ်နေသလို ခံစားရတတ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ အချို့သောဆေးများနှင့် အခြားသော အကြောင်းရင်းများကြောင့် မူးဝေခြင်းကို ခံစားရတတ်ပါတယ်။ မတ်တပ်ရပ်ဖို့ခက်ခဲပြီး မူးဝေခြင်းတွေက ရုတ်တရက်လဲချလိုက်ဖို့ လိုသလို ခံစားရတတ်ပြီး ခဏခဏမူးဝေခြင်းက လူတစ်ယောက်ရဲ့နေစဉ်ဘဝကိုထိခိုက်စေပါတယ်။ မူးဝေခြင်းကို အမျိုးမျိုး ခံစားရတတ်ပြီး
● သတိလစ်လဲကျမလို မိုက်ခနဲဖြစ်ခြင်း
● ပျိုချင်အန်ချင်သလိုဖြစ်ခြင်း
● ကောင်းစွာမတ်တပ်မရပ်နိုင်ပဲ တယိုင်းတယိုင်ခံစားရခြင်း
● စိတ်နှလုံး မငြိမ်မသက် ခံစားရခြင်း များခံစားရတတ်ပါတယ်။ အကယ်၍ ခဏခဏ မူးဝေပြီး ပြင်းထန်မယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ပြသတိုင်ပင်ဖို့လိုအပ်ပါတယ်။
မူးဝေခြင်းအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။
#မူးဝေခြင်း


သားအိမ်အသားလုံး စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း(𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)သားအိမ်အသားလုံးတွေကို ဘယ်လိုသိနိုင်မလဲ?သားအိမ်အသားလုံး...
22/10/2025

သားအိမ်အသားလုံး စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း(𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)

သားအိမ်အသားလုံးတွေကို ဘယ်လိုသိနိုင်မလဲ?

သားအိမ်အသားလုံးတွေက ဝမ်းဗိုက်စမ်းသပ်စစ်ဆေးရာကနေ သိရှိနိုင်ပြီး တခါတရံမှာ သွေးဆင်းများခြင်းကဲ့သို့ ရောဂါလက္ခဏတွေကနေ သတိထားမိတာမျိုးလဲ ရှိပါတယ်။ သားအိမ်အသားလုံးတွေကို သေချာသိရှိပြီး အရွယ်အစားနှင့် ဖြစ်ပေါ်လာတဲ့နေရာသိဖို့ဆို များစွာသော စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်လို့ ရပါတယ်။

● အာထာရာဆောင်းရိုက်ခြင်း
● MRI ရိုက်ခြင်း
● CT Scan ရိုက်ခြင်း
● သားအိမ်မှန်ပြောင်းကြည့်ခြင်း
● ဆေးဓာတ်မှန်ရိုက်ခြင်း
● ဝမ်းဗိုက် မှန်ပြောင်းကြည့်ခြင်း

သားအိမ်အသားလုံးတွေကို ဘယ်လိုကုသမလဲ?

အရွယ်အစား၊ အရေအတွက်၊ တည်နေရာ နှင့် ခံစားရသောဝေဒနာ ပေါ်မူတည်ပြီး သားအိမ်အသားလုံးတွေကို ကုသနည်း အမျိုးမျိုးရှိပါတယ်။ ရောဂါလက္ခဏာခံစားရတာ မရှိဘူးဆိုရင် ကုသဖို့ မလိုသလို အသားလုံးသေးသေးတွေကလဲ ဘာမှမလုပ်ပဲ ထားလို့ရပါတယ်။ တချို့အမျိုးသမီးတွေမှာ အသားလုံးနဲ့ပတ်သက်ပြီး ရောဂါ လက္ခဏာ မပြပဲ ဘာမှမခံစားပဲ ရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာတော့ ပုံမှန်စောင့်ကြည့်စမ်းသပ်ဖို့ပဲ လိုအပ်ပါတယ်။

အကယ်၍ သွေးဆင်းများပြီး သွေးအားနည်းခြင်း၊ နာကျင်ကိုက်ခဲခြင်း သို့မဟုတ် ဆီးဝမ်းပြသာနာများ ခံစားနေရလျှင် ကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဆေးကုသဖို့ လိုမလိုကတော့ အသားလုံးတွေရဲ့
● အရေအတွက်
● အရွယ်အစား
● တည်နေရာ
● ဘယ်လိုရောဂါလက္ခဏတွေခံစားနေရလဲ
● သားအိမ်အနေအထား အစရှိတဲ့ အချက်တွေပေါ်မူတည်ပါတယ်။
သားသမီးယူဖို့၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိမရှိဆိုတာကလဲ ကုသမှုတွေကို ရွေးချယ်ဆုံးဖြတ်ရာမှာ အရေးကြီးသလို ထည့်သွင်းပြောပြဖို့လဲ လိုပါတယ်။ သားအိမ်အသားလုံးတွေကို ကုသနည်းတွေကတော့

ဆေးသောက်ခြင်း

● အကိုက်အခဲပျောက်ဆေးများသောက်သုံးခြင်း
● သံဓာတ်အားဆေးများသောက်သုံးခြင်း
● သားဆက်ခြားနည်းများ အသုံးပြုခြင်း
● ဟော်မုန်းဆေး အသုံးပြုခြင်း
● သွေးဆင်းနည်းအောင် ဆေးသောက်ခြင်း

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုခြင်းဖြင့် အသားလုံးကိုဖယ်ရှာခြင်းဖြစ်ပြီး
သားအိမ်မှန်ပြောင်းကြည့်ခွဲစိတ်ခြင်း၊ ဝမ်းဗိုက်မုန်ပြောင်းကြည့် ခွဲစိတ်ခြင်း၊ ဗိုက်ခွဲခြင်း အစရှိသောနည်းလမ်းများဖြစ် သားအိမ်အသားလုံးကို ဖယ်ရှားပါတယ်။

သားသမီးယူဖို့၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် မရှိလျှင်

● သားအိမ်ထုတ်ခြင်း၊
● အသားလုံးသွေးကြောပိတ်ကုသခြင်း၊
● ဓာတ်ရောင်ခြည်နှင့်ကုသခြင်း အစရှိသောနည်းလမ်းများနှင့်လဲ ကုသနိုင်ပါတယ်။

သားအိမ်အသားလုံး ကုသမှုတွေရဲ အန္တရာယ်တွေကဘာတွေလဲ?

သောက်ဆေးတွေအနေနဲ့က ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပြီး ခွဲစိတ်ကုသမှုတွေမှာလဲ ရောဂါပိုးဝင်ခြင်း သွေးထွက်လွန်ခြင်း နှင့် မေ့ဆေးထုံဆေး အန္တရာယ်ကဲ့သို့သော ဆိုးကျိုးတွေ ရှိတတ်ပါတယ်။

သားအိမ်အသားလုံးတွေကို မကုသပဲထားရင် ဘာတွေဖြစ်နိုင်လဲ?

ရောဂါလက္ခဏမခံစားရပဲ မသိသာတဲ့ သားအိမ်အသားလုံးတွေက ကုသဖို့ မလိုပါဘူး။ သားအိမ် အသားလုံးကြီးပြီး ရောဂါလက္ခဏ ပြင်းထန်ပါက သေချာကုသဖို့လိုပါတယ်။

သားအိမ်အသားလုံးတွေကို ကြိုတင်ကာကွယ်နိုင်လား?

ပုံမှန်အားဖြင့် သားအိမ်အသားလုံးတွေကို ကြိုတင်ကာကွယ်လို့မရပါဘူး။ ကျန်းမာသော ပုံမှန်ကိုယ်အလေးချိန် ထိန်းထားခြင်း နှင့် ပုံမှန်စမ်းသပ် စစ်ဆေးမှုခံယူခြင်းကသာ သားအိမ်အသားလုံး ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ သားအိမ်အသားလုံးတွေကနေ ကင်ဆာဖြစ်ပွားမှု အတော်နည်းပြီး ကြိုတင်ခန့်မှန်းရခက်ပါတယ်။ သွေးဆုံးပြီးအမျိုးသမီးများတွင် သားအိမ်အသားလုံး ရုတ်တရက်ကြီးထွားခြင်း၊ စတင်သတိထားမိခြင်းများက အရေးကြီးသောကြောင့် ချက်ခြင်း စမ်းသပ်စစ်ဆေးမှုများပြုလုပ်ဖို့ လိုအပ်ကြောင်း အသိပညာပေးမျှဝေရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ...။
𝑫𝒓. 𝑻𝒉𝒖 𝑹𝒂
#သားအိမ်အသားလုံးတည်ခြင်း

ကျောက်ကပ် ပျက်စီးခြင်းအကြောင်းကျောက်ကပ်ပျက်စီးခြင်းဆိုတာက ကျောက်တစ်လုံး သို့မဟုတ် ကျောက်ကပ်နှစ်ဖက်လုံး ပျက်စီးခြင်း ဖြစ်...
20/10/2025

ကျောက်ကပ် ပျက်စီးခြင်းအကြောင်း

ကျောက်ကပ်ပျက်စီးခြင်းဆိုတာက ကျောက်တစ်လုံး သို့မဟုတ် ကျောက်ကပ်နှစ်ဖက်လုံး ပျက်စီးခြင်း ဖြစ်ပြီး သွေးတိုး ဆီးချို နှလုံးရောဂါကဲ့သို့ ရောဂါများအပြင်အခြားရောဂါကြောင့်လဲ ဖြစ်တတ်ပါတယ်။ ကမ္ဘာနှင့်အဝှမ်း ကျောက်ကပ်ပျက်စီးခြင်း အဖြစ်များလာပြီး မြန်မာနိုင်ငံမှာလဲ အဖြစ်များတဲ့ ရောဂါတခုအနေနဲ့ တွေ့ရပါတယ်။ ဒါကြောင့် ကျောက်ကပ်ပျက်စီးခြင်းအကြောင်းပိုမိုသိရှိပြီး သတိပြုနေထိုင်နိုင်ရန် အသိပညာပေးမျှဝေပေးထားပါတယ်။
ကျောက်ကပ် ပျက်စီးခြင်းအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။

သားဥအိမ်ရေအိတ်တွေက ဘာရောဂါလက္ခဏာမှာ မခံစားရပဲ သတိမထားမိပဲရှိနေတတ်ပြီး အရွယ်အစား ကြီးလာလျှင်၊ ပိုဆိုးလာလျှင် အောက်ပါလက္ခဏ...
19/10/2025

သားဥအိမ်ရေအိတ်တွေက ဘာရောဂါလက္ခဏာမှာ မခံစားရပဲ သတိမထားမိပဲရှိနေတတ်ပြီး အရွယ်အစား ကြီးလာလျှင်၊ ပိုဆိုးလာလျှင် အောက်ပါလက္ခဏများခံစားရတတ်ပါတယ်...
⚫️ ဆီးစပ်နှင့်ခါး နာကျင်ကိုက်ခဲခြင်း
⚫️ ဗိုက်ပြည့်တင်း လေထိုးလေပွခြင်း
⚫️ ဆီးနှင့်ဝမ်းခဏခဏသွားရခြင်း၊ ဝမ်းချုပ်ခြင်း
⚫️ ရာသီသွေးပေါ်ချိန် ကိုက်ခဲခြင်း
⚫️ အတူနေချိန်ဆက်ဆံချိန်နာကျင်ခြင်း
⚫️ ပျို့အန်ခြင်း
သားဥအိမ်ရေအိတ်တည်ခြင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။

ခါးနာခြင်းခါနားခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတခုဖြစ်ပြီးကျောဘက်မှာရှိတဲ့ ကြွက်သား အရွတ်တွေ ဒဏ်ရာရခြင်းကြောင့် ဖြစ်လာတာမျာ...
08/10/2025

ခါးနာခြင်း

ခါနားခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတခုဖြစ်ပြီး
ကျောဘက်မှာရှိတဲ့ ကြွက်သား အရွတ်တွေ ဒဏ်ရာရခြင်းကြောင့် ဖြစ်လာတာများပါတယ်။ အနားယူခြင်း၊ လေ့ကျင့်ခန်းကုထုံး အပြင် ဆေးကုသခြင်းတွေကြောင့် သက်သာပါတယ်။

ခါးနာခြင်းကြောင့် ကျောဘက်၊ ခါးဆစ်ရိုးနေရာကို အဓိက သကိရောက်ပါတယ်။ ခါးနာခြင်းဟာ ဒဏ်ရာရခြင်း နှင့် အခြားသော အခြေအနေအမျိုးမျိုးကြောင့်
ဖြစ်နိုင်ပါတယ်။ ကျောဘက်မှာရှိတဲ့ ကြွက်သား အရွတ်တွေ ဒဏ်ရာရခြင်းကြောင့် ပိုအဖြစ်များတာတွေ့ရပါတယ်။

လူသားတိုင်းက ဘဝမှာတခါတော့ ခါးနားခြင်းဆိုတာ ခံစားခဲ့ဖူးကြမှာဖြစ်ပြီး နည်းနည်းနာတာနှင့် များများနာတာပဲ ကွာပါလိမ့်မယ်။ လူတော်တော်များများတော့ ခဏတာခါးနာပေမယ့် ကမ္ဘာကြီးရဲ့ ၂၃ရာခိုင်နှုန်းသော လူတွေကတော့ နာတာရှည်ခါးနာခြင်းကို ခံစားနေရပါတယ်။ အပြင်းအထန် ခါးနာခြင်းကြောင့် လူတစ်ယောက်ရဲ့ တစ်နေတာလုပ်ဆောင်တာတွေကို မလုပ်နိုင်ပဲ အအိပ်ပျက်အစာပျက် ခံစားရတာမျိုးတွေရှိပါတယ်။

ဒါကြောင့်မို့ သင့်ရဲ့ခါနားခြင်းကို စိုရိမ်နေပြီး
တနေ့လုပ်ငန်းဆောင် မလုပ်တာမျိုးဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး ပညာရှင်တွေနဲ့ပြသဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ ပတ်သက်ပြီး ပိုသိဖို့ Youtube မှာ Videoတင်ထားပါတယ်။ Link commentမှာချပေးထားပါတယ်။

သားအိမ်အသားလုံးတည်ခြင်း (𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)သားအိမ်အသားလုံးတွေဟာ သားအိမ်အတွင်းနှင့် အပေါ်မှာကြီးထွားတဲ့ တွေ့ရများတဲ့ ကင်ဆာ...
29/09/2025

သားအိမ်အသားလုံးတည်ခြင်း (𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)

သားအိမ်အသားလုံးတွေဟာ သားအိမ်အတွင်းနှင့် အပေါ်မှာကြီးထွားတဲ့ တွေ့ရများတဲ့ ကင်ဆာမဟုတ်တဲ့ အလုံးတွေပဲဖြစ်ပါတယ်။ သားအိမ်အသားလုံးတိုင်းက ရောဂါလက္ခဏာမပြပေမယ့် သွေးဆင်းများခြင်း၊ ခါးနာခြင်း၊ ဆီးခဏခဏသွားခြင်းနှင့် ဆက်ဆံချိန်နာကျင်ခြင်းတွေတော့ ခံစားရလေ့ရှိပါတယ်။

သားအိမ်အသားလုံးဆိုတာဘာလဲ?

သားအိမ်အသားလုံးတွေဟာ သားအိမ်အတွင်း သို့မဟုတ် သားအိမ်နံရံပေါ်ကနေ ဖွံဖြိုးကြီးထွားလာတဲ့ ကြွက်သားနှင့်တစ်ရှုးတွေပဲ ဖြစ်ပါတယ်။ သားအိမ်အသားလုံးတွေဟာ များသောအားဖြင့် ကင်ဆာမဟုတ်ပဲ ရှိနေတတ်ပြီး အမျိုးသမီးများတွင် တွေ့ရများဆုံးသော အလုံးတွေပဲ ဖြစ်ပါတယ်။

သားအိမ်အသားလုံးတွေဟာ နာကျင်ကိုက်ခဲခြင်း၊ သွေးဆင်းများခြင်းနှင့် သွေးမမှန်ခြင်းများကဲ့သို့ ရောဂါလက္ခဏာ အမျိုးမျိုးခံစားရပြီး တခါတရံမှာတော့ ဘာရောဂါလက္ခဏာမှ မခံစားရပဲ သတိမထားမိပဲ ရှိနေတတ်ပါတယ်။ သားအိမ်အသားလုံး ကုသနည်းတွေကတော့ ခံစားရတဲ့ရောဂါလက္ခဏာပေါ် မူတည်ပါတယ်။

သားအိမ်အသားလုံးတွေက ဘယ်လိုကြီးထွားလဲ?

သားအိမ်အသားလုံးတွေ တစ်လုံးထဲကြီးထွားနိုင်သလို အစုလိုက်လဲ ကြီးထွားတတ်ပါတယ်။ အစုလိုက်ကြီးထွားတဲ့အသားလုံးတွေကတော့ တစ်မီလီမီတာ ကနေ နှစ်ဆယ်စင်တီမီတာ အထက်ထိ ကြီးထွားနိုင်ပါတယ်။ အရွယ်အစား နှိုင်းယှဉ်ပြရမယ်ဆိုရင်တော့ အစေ့တစ်စေ့လောက်ကနေ ဖရဲသီးလုံးအရွယ်လောက်ထိ ရှိနိုင်ပါတယ်။ သားအိမ်နံရံအပြင်၊ သားအိမ်အတွင်း သို့မဟုတ် သားအိမ်နံရံအတွင်းထဲမှာ ကြီးထွားနိုင်ပါတယ်။

သားအိမ်အသားလုံးဘယ်နှမျိုးရှိလဲ?

သားအိမ်အသားလုံးတွေက တွယ်ကပ်နေတဲ့နေရာ သို့မဟုတ် ဖြစ်ပေါ်လာတဲ့နေရာ ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပါတယ်။
● သားအိမ်ကြွက်သားအတွင်း အသားလုံး (𝑰𝒏𝒕𝒓𝒂𝒎𝒖𝒓𝒂𝒍 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔) တွေ့ရများဆုံးဖြစ်ပြီး သားအိမ်နံရံ ကြွက်သားအတွင်းမှာ နစ်မြုပ်တည်ရှိနေပါတယ်။
● သားအိမ်နံရံအတွင်းသားပေါ် အသားလုံး (𝑺𝒖𝒃𝒎𝒖𝒄𝒐𝒔𝒂𝒍 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔)
● သားအိမ်နံရံအတွင်းသားအောက် အသားလုံး (𝑺𝒖𝒃𝒔𝒆𝒓𝒐𝒔𝒂𝒍 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔)
● သားအိမ်အညှာတွယ် အသားလုံး (𝑷𝒆𝒅𝒖𝒏𝒄𝒖𝒍𝒂𝒕𝒆𝒅 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔) တွေ့ရနည်းပြီး သားအိမ်ကို အညှာနဲ့ တွယ်ကပ် ထားတာဖြစ်ပါတယ်။

သားအိမ်အသားလုံးတွေက တွေ့ရများလား?

သားအိမ်အသားလုံးတွေက တွေ့ရများပြီး အမျိုးသမီး (၄၀)ရာခိုင်နှုန်းကနေ (၈၀)ရာခိုင်နှုန်း သားအိမ်အသားလုံး တွေ့ရတတ်ပါတယ်။ အသက်(၃၀)ကနေ (၅၀)အတွင်းမှာ တွေ့ရများဆုံးလဲဖြစ်ပါတယ်။ သွေးမပေါ်ခင်အရွယ်နှင့် သွေးဆုံးပြီး အသက်အရွယ်တွေမှာ တွေ့ရနည်းပါတယ်။

သားအိမ်အသားလုံးတွေက ဘယ်လိုခံစားရတတ်လဲ?

အသားလုံးသေးသေးတွေကတော့ ဘာမှမခံစားရပဲရှိနေတတ်ပြီး ပုံမှန်စစ်ဆေးစောင့်ကြည့်ပြီး လိုအပ်မှ ကုသမှုခံယူဖို့လိုပါတယ်။

သားအိမ်အသားလုံး အကြီးတွေကတော့
● ရာသီသွေးဆင်းများခြင်း
● ရာသီပေါ်စဉ် ကိုက်ခဲခြင်း
● သွေးပေါ်ရက်မဟုတ်ပဲသွေးပေါ်ခြင်း
● ဗိုက်ချက်အောက်ပိုင်း ပြည့်ခြင်းတင်းခြင်း
● ဆီးခဏခဏသွားရခြင်း
● ဆက်ဆံစဉ်နာကျင်ခြင်း
● ခါးနာခြင်း
● ဝမ်းချုပ်ခြင်း
● ရက်ရှည်သွေးဆင်းခြင်း
● ဆီးကျန်သလိုခံစားရခြင်း
●ဗိုက်ပူခြင်း(ကိုယ်ဝန်ဆောင်ကဲ့သို့ဗိုက်ပူနေခြင်း)များ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးခံစားရတာတွေကလဲ ဟော်မုန်းတွေလျှော့နည်းလာတဲ့ သွေးဆုံးချိန်မှာ သက်သာပျောက်ကင်းသွားတတ်ပါတယ်။

ဘာကြောင့်သားအိမ်အသားလုံးတွေက ဘယ်လိုကိုက်ခဲတာလဲ?

သားအိမ်အသားလုံးရှိတဲ့သူတွေအနေနဲ့ အမျိိုးမျိုးခံစားရတတ်ပါတယ်။ အသားလုံးသေးသေးဆို လုံးဝသတိမထားမိပဲ ဘာမှမခံစားရပဲ ရှိနေတတ်ပါတယ်။ သားအိမ် အသားလုံးကြီးတွေကတော့ ကိုက်ခဲခြင်းနှင့် မသက်သာနဲ့နေရခက်ခြင်း တွေဖြစ်တတ်ပါတယ်။ ခါးနားခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဆက်ဆံစဉ် နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။

သားအိမ်အသားလုံး ဘာကြောင့်ဖြစ်တာလဲ?

ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျပြောရခက်ပေမယ့် အီထရိုဂျင်(Estrogen) နှင့် ပရိုဂျက်စထရုန်(Progestrone) ဟော်မုန်းတွေက အဓိကကျတယ်လို့ သတ်မှတ်ထားကြပါတယ်။ အိမ်ထောင်ပြုနိုင်တဲ့ အရွယ်တွေမှာ အဖြစ်ဆုံးများပြီး ကိုယ်ဝန်ဆောင်ချိန်မှာပိုကြီးပြီး သွေးဆုံးချိန်မှာပြန်သေးသွားတတ်ပါတယ်။

ဘယ်လိုလူတွေမှာ သားအိမ်အသားလုံးတွေအဖြစ်များလဲ?

သားအိမ်အသားလုံးဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။

● အဝလွန်ခြင်း
● မျိုးရိုးရှိခြင်း
● ကလေးမရှိသူများ
● ငယ်ငယ်ရွယ်ရွယ်နှင့်အပျိုဖော်ဝင်သူများ
● ပုံမှန်ထက်နောက်ကျမှ သွေးဆုံးသူများတွင် ဖြစ်ပွားမှုနှုန်းပိုများတာကို တွေ့ရပါတယ်။

သားအိမ်အသားလုံးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ?

သားအိမ်အသားလုံး တော်တော်များများကတော့ ပြင်းထန်တဲ့ဝေဒနာ ခံစားရတာမျိုးမရှိပါဘူး။
● နာကျင်ကိုက်ခဲခြင်း
● ဗိုက်၊ဆီးခုံ ပြည့်ခြင်းတင်းခြင်း
● သွေးဆင်းများခြင်း
● သွေးအားနည်းခြင်း
● ကလေးရရန်ခက်ခဲခြင်း အစရှိသော ရောဂါလက္ခဏာတွေကတော့ ခံစားရတတ်ပါတယ်။

သားအိမ်အသားလုံးတွေက အမျိုးသမီးတွေမှာ တွေ့ရများတဲ့ အခြေအနေတခုဖြစ်ပြီး တစ်ကြိမ်တခါတော့ ကြုံဖူးခံစားဖူးကြမှာ ဖြစ်ပါတယ်။ တချို့တွေမှာ အလုံးသေးပြီး ဘာမှမခံစားရပဲ သားအိမ်အသားလုံးကြောင့် နာကျင်ကိုက်ခဲပြီး သွေးဆင်းများတာလဲရှိတတ်ပြီး ဒုက္ခများပါတယ်။ နာကျင်ကိုက်ခဲပြီး မသက်သာဖြစ်တယ်ဆိုရင်တော့ သေချာကုသပါက သားအိမ်အသားလုံးတွေက ကုသပျောက်ကင်းပါကြောင်း အသိပညာပေးရင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း....

𝑫𝒓. 𝑻𝒉𝒖 𝑹𝒂
#သားအိမ်အသားလုံးတည်ခြင်း

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66801906972

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. Thu Raผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram