Burma Medical-Association

Burma Medical-Association Burma Medical Association (BMA) an independent, non-profit, community-based health organization

ဝမ်းနည်းခြင်းစာလွှာ
08/02/2026

ဝမ်းနည်းခြင်းစာလွှာ

Data Management Training Closing Ceremony
08/12/2025

Data Management Training Closing Ceremony

Community Health Workers Training                 Closing Ceremony (လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ဓါတ်ပုံမှတ်တမ်း...
26/11/2025

Community Health Workers Training
Closing Ceremony
(လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ဓါတ်ပုံမှတ်တမ်းတချို့)

28/08/2025
THE HISWG : Ethnic Demographic And Health Survey 2024 Report Lunch
28/08/2025

THE HISWG : Ethnic Demographic And Health Survey 2024 Report Lunch

State Health Policy Framework Workshop
28/08/2025

State Health Policy Framework Workshop

"၁၀ နှစ်ကျော်တုန်းကလည်း ဖက်ဒရယ်ကျန်းမာရေးမူဝါဒကို ရေးဆွဲဖြတ်သန်းခဲ့တယ်။ သို့သော် တခေတ်က ပြောင်းခဲ့ပြီး။ ဒီနေ့ကျတော့ တိုင်းရင်းသားလူမျိုးများခေါင်းဆောင်တွေရှင်းရှင်းပြောရင် သူတို့သွားချင်တဲ့ပုံစံက ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို ရေးဆွဲတဲ့နေရာမှာ Top Down ပုံစံ စဥ်းစားတာမဟုတ်ပဲနဲ့ အောက်ခြေကနေ လာတဲ့ Bottom Up Federalism ပေ့ါ"

State Health Policy Framework ဆွေးနွေးပွဲနဲ့ပတ်သက်လို့ လုပ်ငန်းအဖွဲ့တာဝန်ရှိသူ ဆရာနေထူးနှင့် တွေ့ဆုံမေးမြန်းခြင်း

မဲဆောက်၊ သြဂုတ်လ ၂၃

🔺မေးခွန်း (၁) ပြည်နယ်ကျန်းမာရေးပေါ်လစီမူဘောင်နဲ့ပတ်သက်ပြီး စတင်လုပ်ဆောင်ဖြစ်တဲ့ပုံလေးကို အကျဥ်းချုပ်ပြောပြပေးပါ။

ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာမှာ စပြီးတော့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း တချို့နဲ့ လူမှုအခြေပြုကျန်းမာရေးအဖွဲ့အစည်းက တရားဝင်ရှိ ပုဂ္ဂိုလ်တချို့တွေနဲ့ ချင်းမိုင်မှာ အစည်းအဝေးလုပ်ဖြစ်တယ်။ ပြည်နယ်ရဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုပြီး ကျနော်တို့ အစုအဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ ပူးပေါင်းအဖွဲ့ (Joint Team) ပုံစံမျိုးပေါ့။

ပြည်နယ်ကျန်းမာရေးပေါ်လစီမူဘောင် (State Health Policy Framework) ကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ဖို့ဆိုတဲ့ စဥ်းစားချက်နဲ့ လုပ်ဖြစ်တယ်။ ပြီးတော့ ဒီနေ့ အစည်းအဝေးမှာကျတော့ ၁၀ လတာကာလဖြတ်သန်းခဲ့တဲ့ ဖြစ်စဥ်ကို ပြန်ကြည့်တယ်။ ပြန်ကြည့်ပြီးတော့ နောက်ဆုံးအချိန်ထိ ပြည်နယ်ကျန်းမာရေးမူဝါဒ ရေးဆွဲဖို့အတွက် မူဘောင်တစ်ခုကို ချပြဆွေးနွေးတယ်။

အရင်ကျန်းမာရေးမူဝါဒ ရေးဆွဲထားပြီးသား ပြည်နယ်တွေရှိတယ်။ အထူးသဖြင့် ချင်းပြည်နယ်ပေ့ါနော်။ Chiland Council က Chinlandအစိုးရကနေပြီးတော့ ရေးဆွဲတဲ့ ကျန်းမာရေးမူဝါဒရှိတယ်။ ပြီးတော့ ကရင်နီပြည်ပေ့ါနော်။ IEC ကျန်းမာရေးဌာနကနေ ရေးဆွဲပြဌာန်းထားတဲ့ ကြားကာလကျန်းမာရေးမူဝါဒတွေရှိတယ်။

အဲ့ဒီလို (ဖက်ဒရယ်အဆင့်) ရေးဆွဲထားတဲ့ အဲ့ဒီ ကျန်းမာရေး မူဝါဒ ၃ ခုကို ဒီအစည်းအဝေးကနေ ပြန်လည်ပြီး ဆန်းစစ်လေ့လာတာ (Analysis) တွေ ပြန်လုပ်ပြီးတော့ အဖြေရှာကြတယ်ပေါ့နော်။ အကောင်းဆုံးက ဘာတွေဖြစ်ဖို့လိုမလဲပေ့ါ။ အထူးသဖြင့်တော့ ဒီအစည်းအဝေးရဲ့ ဦးတည်ချက်ကတော့ အစုအဖွဲ့ (State Health Policy Working Group) ကနေ ကျနော်တို့ကို တာဝန်ပေးထားတဲ့ ပုံစံနဲ့ ကျနော်တို့ ရေးဆွဲပြီးမြောက်ထားတဲ့ မူဘောင်အကြမ်းကို (Framework) ကို ပြန်လည်တင်ပြဆွေးနွေးတဲ့ ပွဲပဲလို့ ပြောရမယ်။

🔺မေးခွန်း (၂) ဒီဆွေးနွေးပွဲကို ဘယ်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက တက်ရောက်ပါဝင်ဖြစ်ပါသလဲ။

အဖွဲ့ကတော့ အွန်လိုင်းမှာ တက်နေတဲ့ အဖွဲ့ရယ်၊ In person တက်နေတဲ့ အဖွဲ့ရယ်ဆိုတော့ ၁၀ ဖွဲ့လောက်တော့ ရှိမယ်ထင်တယ်။ အဲ့ဒီ ၁၀ ဖွဲ့ထဲမှာဆိုရင် တိုင်းရင်းသားကျန်းမာရေးဌာနတွေပါတယ်။ ချင်း ပါမယ်၊ တအာင်းပါမယ်၊ ကရင်နီ၊ ရှမ်း၊ ကရင် နောက်ပြီးတော့ မွန် စသဖြင့်ပေါ့နော်။ ထို့နည်းတူစွာ နောက် အဲ့ဒီဒေသတွေမှာ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ဆောင်ပေးတဲ့ လူထုအခြေပြုကျန်းမာရေးအဖွဲ့အစည်းက ခေါင်းဆောင်တချို့လည်း ပါဝင်တာဖြစ်တယ်။ နောက် Online မှာဆိုရင်တော့ တအာင်းတို့က တက်လာတာရှိတယ်၊ ကချင်ပါတယ်၊ အကြမ်းဖျဥ်းအားဖြင့်တော့ ၁၀ ဖွဲ့ ၁၁ ဖွဲ့လောက်တော့ရှိမယ်၊ လူဦးရေအားဖြင့် ကြည့်ရင်တော့ ကျနော်တို့ အယောက် ၂၀ လောက်တော့ရှိမယ်။

🔺မေးခွန်း (၃) ပြည်နယ်ကျန်းမာရေးပေါ်လစီမူဘောင်က အနာဂတ်ဖက်ဒရယ်ယူနစ်နဲ့ အုပ်ချုပ်ရေးအစု အဖွဲ့တွေ အတွက် ဘယ်လို အသုံးတည့်မလဲ။

ဒီမူဘောင်ကိုတော့ တိုင်းရင်းသား ဒေသအသီးသီး၊ တိုင်းရင်းသား ပြည်နယ်အသီးသီး နောက် တိုင်းဒေသလိုနေရာတွေ ဥပမာ ဧရာဝတီတိုင်းလည်း ပါရင်ပါမှာပေ့ါ၊ သူကြိုက်တယ်ဆိုရင် ဒါကို သုံးလို့ရတယ်။ မူဝါဒ ရေးဆွဲတာမဟုတ်ဘူး၊ မူဘောင် (Framework) ချတာပဲဆိုတော့။ ဒါကို ကိုယ့်ဒေသနဲ့ လိုက်လျောညီထွေမှုရှိအောင် သူတို့ ယူပြီး အသုံးတည့်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ဒီ ပြည်နယ်ကျန်းမာရေးပေါ်လစီမူဘောင်ရေးဆွဲရေးအဖွဲ့ (State Health Policy Framework Group) က အစည်းအဝေးက တာဝန်ပေးထားတဲ့အတွက် ဒါကို အကြိတ်အနယ် ဆွေးနွေးတာပဲ။ အဲ့ဒါတော့ ပါဝင်ပတ်သက်တဲ့ ကျန်းမာရေးအသင်းအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ခြေလှမ်းလှမ်းရဦးမယ်။

🔺မေးခွန်း (၄) ဒီမူဘောင်ကို အကောင်အထည်ဖော်နိုင်ဖို့ ပထမတဆင့်ဖြစ်တဲ့ အားလုံးလက်ခံနိုင်ဖို့က တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေအပြင် တိုင်းရင်းသားအုပ်ချုပ်ရေး၊ စစ်ရေးဘက်ကိုလည်း တင်ပြမယ်လို့ ဆွေးနွေးတာကိုတွေ့ရပါတယ်။ အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ပြောပြပေးပါ။

အဓိကဘာကိုပြောချင်လဲဆိုတော့ ဒါက ပြည်နယ် (သို့မဟုတ်) ဖက်ဒရယ်ယူနစ်အုပ်ချုပ်ရေး (State Administration) နဲ့ လုံးလုံးသက်ဆိုင်မယ်ထင်တယ်။ ကျနော်တို့ ကျန်းမာရေးအဖွဲ့အစည်းတွေက တစိုက်မတ်မတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ အခင်းအကျင်းတွေရယ်၊ အခြေအနေတွေအများကြီးရှိတယ်။ ထို့နည်းတူစွာပဲ နိုင်ငံရေးဖြစ်စဥ်နဲ့ အညီ လိုက်လျောညီထွေအောင် ကျနော်တို့လုပ်ခဲ့ရတာပဲ။ ကျန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းကလည်း ဖက်ဒရယ်ကျန်းမာရေးမူဝါဒကို ရေးဆွဲဖြတ်သန်းခဲ့တယ်။ သို့သော် တခေတ်က ပြောင်းခဲ့ပြီး။ ဒီနေ့ ရေးဆွဲတဲ့ မူဘောင်ကျတော့ ပြည်နယ် (State) ကို အခြေပြုပြီးတော့ တိုင်းရင်းသားလူမျိုးများခေါင်းဆောင်တွေရဲ့ သဘောထားတွေ၊ လိုအင်ဆန္ဒတွေ။ ရှင်းရှင်းပြောရင် သူတို့သွားချင်တဲ့ပုံစံ သူတို့သွားချင်တဲ့ Process က ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို ရေးဆွဲတဲ့နေရာမှာ၊ Structure ကို စဥ်းစားတဲ့နေရာမှာ Top Down ပုံစံ စဥ်းစားတာမဟုတ်ပဲနဲ့ ဒီအောက်ခြေကနေ Bottom Up Federalism ပေ့ါ။

🔺မေးခွန်း (၅) ဖက်ဒရယ်ပန်းတိုင် မဖြစ်သေးတဲ့ ဒီကာလမှာရော တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဒေသအုပ်ချုပ်ရေး စစ်ရေးအဖွဲ့တွေက ဘယ်လိုဆက်လုပ်ဆောင်သင့်ပါသလဲ။

ဒီကာလတစ်ခုမှာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက နေပြီးတော့ နယ်မြေဒေသမှာ သူရဲ့ အုပ်ချုပ်ရေးစနစ် (Administration) ပေ့ါ်မှာ မူတည်ပြီးတော့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် သူတို့ကိုယ်တိုင် အပြည့်အဝတာဝန်ရှိလို့ မြင်ပါတယ်။ ကျန်းမာရေးကဏ္ဍအုပ်ချုပ်ရေးစနစ် (Health Governance) ကို ဦးစီးဦဆောင်ပြုတဲ့ ကိစ္စ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ (Ethinc Health Organizaiton - EHO) တွေမှာ တာဝန်ရှိတယ်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ (Ethinc Health Organizaiton - EHO) တွေရဲ့ အထက်မှာ မူဝါဒပိုင်းဆိုင်ရာ ပြန်ထိန်းညှိတဲ့ဟာကျတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (Ethnic Revolutionary Organizaiton - ERO) တွေရှိမယ်၊ သူ့ရဲ့ မိခင်အဖွဲ့အစည်းတွေရှိမယ်။ အဲ့ဒီလို ထိန်းညှိပြီးတော့ ဖက်ဒရယ်မဟုတ်သေးတဲ့ ဒီကာလတော့ ဒီလိုဖြတ်သန်းရမယ်။

သတင်း၊ ဓါတ်ပုံ - Border Echo

REPORT LUNCH : Ethnic Demographic And Health Survey (EDHS) 2024.
28/08/2025

REPORT LUNCH : Ethnic Demographic And Health Survey (EDHS) 2024.

HISWG will launch the Ethnic Demographic and Health Survey (EDHS) Report on Thursday, 28 August 2025.Ethnic Demographic ...
25/08/2025

HISWG will launch the Ethnic Demographic and Health Survey (EDHS) Report on Thursday, 28 August 2025.

Ethnic Demographic and Health Survey (EDHS) Report အစီရင်ခံစာကို HISWG မှ 2025 ခုနှစ် သြဂုတ်လ 28 ရက်နေ့ ကြာသပတေးနေ့တွင် ထုတ်ပြန်မည်။

22/08/2025
28/07/2025

写真家でJAMメンバーでもある亀山仁が、メソトのボーダーラインカフェで写真展を行います。2005年からミャンマーやインド・タイのミャンマー国境地域で撮影した写真を、メソトでご覧いただけます。いらっしゃれる方はぜひいらしてください!

Photographer and JAM member Hitoshi Kameyama will be holding a photo exhibition at Borderline Cafe in Mae Sot. The exhibition features photos he has taken since 2005 in Myanmar and along its borders with India and Thailand. If you're in the area, please stop by and take a look!

ที่อยู่

702 , Moo 1, Tha Sai Luat
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Medical-Associationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Burma Medical-Association:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram