သမီးလေးအတွက် - Hnin Lay

သမီးလေးအတွက် - Hnin Lay Child Blog

09/04/2025

ကျောင်းကပွဲတုန်းက 🥰

ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အ...
25/02/2024

ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။
အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အဟောင်းလေးပါ

ကလေး တွေ ဆိုးတယ် ၊ထိန်း မနိုင်ဘူး တဲ့လား

မေမေ တို့ရေ..ကလေး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။ အဲဒီ့ အခါမှာ ကလေးနဲ့ မိဘ ကြားမှာ တိုက်ပွဲလေးတွေ စလာရတော့တာပါပဲ။ ကလေးတို့ ဂျစ်တိုက်လာတယ်၊ ဂျီကျလာတယ်။ ပြောလို့ ဆိုလို့ မကောင်းဘူး ဆိုတာဟာ တကယ်တော့ မိဘ (လူကြီး) ဘက် က မြင် တဲ့ အမြင်ပါပဲ။

ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ဖွံ့ဖြိုးတဲ့ အချိန်မို့လို့ ကလေးတိုင်းလိုလို ပြောရခက်၊ ဂျီကျတတ်ကြပါတယ်။ ကျွန်မတို့ လူတွေ ရဲ့ ဦးနှောက် ဟာ ဘယ်ဘက် နဲ့ ညာဘက်ခြမ်း ဆိုပြီးတော့ နှစ်ခြမ်း ရှိပါတယ်။ ညာဘက်ခြမ်းက ဒေါသထွက်တာ၊ ပျော်တာ ၊၀မ်းနည်း တာ စတာတွေ ကို ခံစား တတ်တာတွေကိုလုပ်တယ်။ဒေါသထွက်ရင် မျက် နှာ ကွက်ကနဲပျက်တာ၊ ၀မ်းသာရင် မျက်နှာလေးက လင်း ကနဲဖြစ်သွားတာ စတဲ့ ( Facial Expression) တွေကိုလည်း ဦးနှောက် ညာဘက် ခြမ်းပိုင်းကလုပ်ပါတယ်။ ဒေါသထွက်ရင် အသံကဒေါသသံပါလာတာ အသံမြန်လာစူးလာတာ၊ ပျော်ရင် အသံက ပျော်တဲ့ အသံ ပေါက်လာတာ (Tone of Voice) ဒါတွေကိုလည်း ဦးနှောက်ညာဘက်ခြမ်း ကလုပ်ပါတယ်။

ကျွန်မတို့ ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကတော့ အကျိုးနဲ့ အကြောင်း( Logical thinking)တွေးခေါ် စဉ်းစားတဲံ့အလုပ် ၊ နာမည် တပ်တဲ့ အလုပ် တွေကို လုပ်ပါတယ်။ ဒီလောက် ဆိုရင် ခံစားမှု နဲ ပါတ်သတ် ပြီးတော့ ဦးနှောက်နှစ်ခြမ်း မှာ ဘယ်အပိုင်းကို ဘာတွေကို လုပ်တယ် ဆိုတာကို မေမေ တို့အကြမ်း အားဖြင့် သဘော ပေါက် လောက်ပါပြီ။

ကလေးတို့ ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရ အထူးသဖြင့် မွေးစကနေ သုံးနှစ်လောက် အတွင်းမှာ ကလေးတို့ဟာ ညာဘက် ဦးနှောက် အခြမ်းက ၊ ဘက်ဘက် ဦးနှောက်အခြမ်းထက် အရင် စတင် ဖွံ့ဖြိုးပါတယ်။ ဘယ်ဘက် အခြမ်းက ကောင်းကောင်း မဖွံဖြိုးသေးပါဘူး။ ဒါကြောင့် သူတို့ ဟာ ဒေါသထွက်ရင် ဒေါသထွက် တာကို စကားလုံးနဲ့ မဖော်ပြတတ်သေးဘူး။ မထိန်းသိမ်းတတ်သေးဘူး။ စိတ်တိုလာ ရင် ကန်ကြောက်မယ်၊ အော်ဟစ်မယ်၊ ကိုယ်ကို ကြမ်းပြင်ပေါ်လှိမ့်ချမယ်။ ပျော်ရင် ထခုန်မယ်။ ဒါ တွေကို အကနု့သတ် အဆီးတားမရှိသူတို့ လုပ်တတ်ကြပါတယ်။

ပြောဆိုရင် မပြောဘူး။ လူစိမ်းနဲ့ တွေ့ရင် လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်။ နှုတ်မဆက်လို့ ရိုင်းပါလား ဆိုတာကို သူတို့ ဘယ်လို မှ နားကို မလည် နိုင်သေးပါဘူး။ သူတို့ ပြောချင် ရင် ပြောမယ်။ မပြောချင် ရင် မပြောဘူး ။စိတ်ခံစားချက် အတိုင်း လိုက်တတ်ကြပါတယ်။ အဲလိုပဲ တစ်နေရာ ကို ကလေးနဲ့ အတူတူ လမ်းလျှောက်သွားချိန်မျိုးမှာ သူတို့ စိတ်၀င်စားတာကို တွေ့ရင် အကြာကြီးရပ်ကြည့်ချင် ကြည့်နေမှာပဲ။ အဲလို ရပ်ကြည့်နေလို့ သွားစရာ ရှိတာတွေ နောက်ကျကုန်မယ် လို့ လူကြီးက ဘယ်လောက်ပြောပြော သူတို့ နားမလည်နိုင်သေးပါဘူး။ အကျိုးအကြောင်းကို နာလည် နိုင်တဲ့ဦးနှောက်ဘယ်ဘက်အခြမ်း မဖွံ့ဖြိုးသေးလုိ့ပါပဲ။
ဒီအရွယ်မှာ အကောင်းဆုံး ကလေးပြုစုစောင့်ရှောက်နည်းကတော့ ကလေး နဲ့ တိုက်ရိုက် ပြသနာ ဖြစ်နိုင်တဲ့ အပြုမူ မျိုးကို လူကြီးက ရှောင်ရပါမယ်။ ဥပမာ- ကားနဲ့ ခရီး ကြာကြာသွားတဲ့ အခါမျိုးမှာ ကလေး ပျင်းရင် ဂျီမကျနိုင်အောင်လို့ ကလေးမပျင်းအောင် ( ကစားစရာ၊ ပုံဆွဲစာအုပ် စတာတွေကိုယူသွားတာမျိုး) ကိုယ့်ကားနဲ့ ကိုယ်ဆိုရင် လမ်းမှာ ခဏရပ်တာမျိုးပါ။ အဲလိုပဲ ကလေး ကို အိပ်ချိန်၊ စားချိန် မှန်အောင်လေ့ကျင့် ပေးတာ၊ သူမနှုတ်ဆက်ချင်တဲ့ တစိမ်းကို အတင်း မနှုတ်ဆက်ခိုင်းတာ၊ အယဉ်အကျေး စကား တွေကို ကလေး မပြောချင်တိုင်း အတင်း မပြောခိုင်းရပါဘူး။ အရေးကြီးဆုံး အရာက ကလေး ဘာလုပ်လုပ် ပျော်ဖို့ပါ။ ကလေး ပျော် ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကို ကစားရင်းနဲ့ ကလေးတို့ကို မသိမသာ သင်ပေးရပါမယ်။ (ဒီအရွယ်ကလေးတွေကို စည်းကမ်းဘယ်လို ပေးရမယ် ဆိုတာကို ပျော်စရာကောင်းတဲ့ စည်းကမ်း ဆိုတဲ့ နာမည် နဲ့ ကျွန်မ ရေးထားဖူးပါတယ်။ )

ကလေးတို့ ဟာ ဂျီ ကျလာပြီ။ အော်ဟစ်လာ ပြီ ၊ သောင်းကျန်းလာပြီ ဆိုရင်တော့ လူကြီးတို့ဟာ ကလေး နဲ့ အပြိုင်လိုက်ပြီးတော့ စိတ်ဆိုး ၊ စိတ်တို၊ အော်ဟစ်၊ ဆူပူ ၊ရိုက်နှက်တာ မျိုး မလုပ်ရပါဘူး။ သူတို့ အကြီးအကျယ် သောင်းကျန်း ခြင်းဟာ သူတို့ ဦးနှောက် ညာဘက်ခြမ်း အလွန်တရာ အလုပ်လုပ်နေခြင်းပါ။ ဒေါသထွက်၊ စိတ်တိုနေတဲ့ စိတ်ကလေး ပြေပျောက်သွားအောင်လို့ သူတို့ ကိုပွေ့ဖက် ရပါမယ်။ သူတို့ ခံစား နေတာကို နားလည် တဲ့ အကြောင်းကို အထိအတွေ့ (ပွေ့ဖက်ခြင်း၊ ကျောလေးသပ်ပေးခြင်း) နဲ့ စိတ်ပြေတဲ့ အထိ လုပ်ပေးရပါမယ် ။ စိတ်လေး အေး ချမ်းသွားတဲ့အ ထိ ချော့မြူပွတ်သပ်ပေးပါ။ ပြီးပြီ ဆိုတော့မှ အေးအေးဆေးဆေး ကလေးကို ပြောပြရပါမယ်။ ဒါမှ မဟုတ် အာရုံလွှဲပေးရပါမယ်။

ကလေးတို့ဟာ မေမေ ဒါ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ဘာကြောင့် ကားက သွား တာလဲ။ ဘာကြောင့် ထမင်း က မဝါဘဲ ဖြူနေတာလဲ ဆိုတဲ့ လူကြီးစိတ်ညစ်ဖွယ်ကောင်းအောင် မေးလာပြီ ဆိုရင်တော့ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်း (အကျိုးအကြောင်းကို နားလည် တဲ့အခြမ်း) ဖွံ့ဖြိုးလာပါပြီ။ ကျွန်မတို့ ရဲ့ ဦးနှောက် ဟာ မွေးကတည်း က ဖွံ့ဖြိုးပြီး ပါလာတာမဟုတ်ပါဘူး ။ ကလေးတို့ ဦးနှောက်ဖွ့ံ့ဖြိုးဖို့အတွက် ကျွန်မတို့ဟာ ကလေးတို့ကို လေ့ကျင့် ပေးဖို့ လိုပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်အေ၇းကြီးဆုံးအရာ က ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပါ။

အခု လိမ်မာတယ် ၊ အသိရှိတယ် လို့ ပြောကြတဲ့ ကျွန်မရဲ့ ရှစ်နှစ်သား သားကြီး သြရသ ငယ်ငယ်တုံးက ဆိုရင် ဘယ် သူ့ကို မှ လမ်းတွေ့ရင် နှုတ်ဆက်ခိုင်းလို့ မရပါဘူး။ သူ့ကို ချစ်စရာလေး မို့လို့ ချစ်လို့ ကြည့်ရင် သူစိတ်အနှောက်ယှက်ဖြစ်တတ်ပါတယ်။ ဒီကာလ (တစ်နှစ်ကနေ သုံးနှစ်အတွင်း) မှာ ကျွန်မဟာ သား တစ်မျက်နှာကို ပဲ ကြည့်ပြီးတော့ထိန်းကျောင်းခဲ့ရတာပါပဲ။

ကျွန်မတို့ ကလေးတွေ လိမ်မာ၊ထူးချွန်ဖို့ ဆိုတာဟာ ဘ၀တစ်သက်တာ လုံးအတွက် ကျွန်မတို့ က မျိုးစေ့ချပေး ရမှာပါ။ ဒီကာလလေး တစ်ခုတည်းမှာ လူကြီးကို ကြောက်လို့ လိမ်မာ ရတဲ့။ လူလိမ်မာလေးတွေ မဖြစ်စေချင်ပါဘူး။ ကလေးတို့ရဲ့ စိတ် ပိုင်းဆိုင်ရာ ကို ထိခိုက်စေမယ့် အပြု အမူ၊ အပြောအဆိုမျိုး ကို အထူးသဖြင့် ရှောင်ရှားကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ် ရှင်။ ကျွန်မ အနေနဲ့ကတော့ ဆိုးတဲ့ ကလေး ဆိုတာကို ဘယ်တုံးကမှ မတွေ့ဘူးခဲ့ပါဘူး။ ကလေးများဟာ မဆိုးပါဘူး။ ကလေးရဲ့ကမ္ဘာ၊ ကလေးအတွေး၊ ကလေးရဲ့ အမြင်ကို လူကြီး တွေက ၀င်မကြည့်၊ ၀င်မတွေး ပေးနိုင်ခြင်းဟာ ကလေး တွေကို ဆိုးတယ် လို့ ထင် ရတဲ့အကြောင်းရင်းပါ။

Credit ခေတ်ဘုန်းသစ်

Ref:The Whole Brain by Danial J Siegel
2.Family Discipline by Nancy Sander

25/02/2024

ထိုင်းဗျည်းသင်ချင်လာခဲ့နော်😁

ကလေးတွေကို သင်ထားပေးဖို့အချက်လေးတွေ၁) ဘယ်သူ့ပေါင်ပေါ်တင်ထိုင်တာမှ လက်မခံပါနဲ့။ လူကြီးတွေကလည်း ကလေးတွေကို ပေါင်ပေါ်တင်မထိ...
21/02/2024

ကလေးတွေကို သင်ထားပေးဖို့အချက်လေးတွေ

၁) ဘယ်သူ့ပေါင်ပေါ်တင်ထိုင်တာမှ လက်မခံပါနဲ့။ လူကြီးတွေကလည်း ကလေးတွေကို ပေါင်ပေါ်တင်မထိုင်ပါနဲ့ရှင်။

၂) ကလေး သိတတ်စ ၂နှစ်လောက်ကစပြီး သူ့အရှေ့မှာ အကျီ ချွတ်မလဲ ပါနဲ့။ ခဏလေးနော် အကျီလဲလိုက်ဦးမယ်ဆိုပြီး သီးသန့်နေရာမှာ လဲပေးပါရှင့်။

၃) သူငယ်ချင်း ကလေးတွေကို ယောက္ခမကြီးလို့ အတင်းခေါ်ခိုင်းတာမျိုး တို့ ငါ့ အစာလေး ငါ့သူငယ်လေး ငါက သူ့ပဲစောင့်မှာ ဆိုတာမျိုး နောက်ပြီး သားပြောမယားပြော မပြောသင့်ပါ အတည်လည်း မပြောသင့်ပါ။

၄) ကိုယ့်ကလေး သူများနဲ့ကစားရင် ဘာတွေကစားလဲ ဘာတွေပြောကြလည်း မသိမသာလေ့လာပါ။ တခါတလေ ကိုယ့်ပစ္စည်း သူ့ပစ္စည်းကိုင်ကြည့်ကြ ဆော့ကြတာမျိုး ရှိတတ်လို့ပါ။ မဆူပါနဲ့။ စိတ်ဝင်စားစရာ ကစားနည်း ပြောပြီး လမ်းလွှဲပေးလိုက်ပါ။

၅) ကလေး မပျော်တဲ့ လူကြီးတွေဆီ အတင်းမလွှတ်ပါနဲ့။ အတင်းလည်း မနမ်းခိုင်းပါနဲ့။ လူကြီးကလည်း အတင်း မနမ်းသင့်ပါဘူး။ အကယ်လို့ ကလေးက လူကြီးတယောက်ဆီ သွားရတာ အရမ်းသဘောကျနေပြီ ဆိုရင်လည်း ဘာကြောင့်လည်း လေ့လာပါ။

၆) အရမ်း တက်ကြွနေကြ ကလေးတယောက်က ငြိမ်ကျသွားပြီဆို စိတ်ရှည်ရှည်နဲ့ မေးပေးပါ။ မအော်ပါနဲ့့။ မသိမသာ လေ့လာပေးပါ။

၇) အရွယ်ရောက်ခါနီး ကလေးတွေကို ကိုယ်ခန္ဓာအပြောင်းအလဲ စိတ်ခံစားမှုနဲ့ပတ်သက်ပြီး ပညာပေးပြောပြပေးပါ။ တခြားသူက တလွဲသင်လိုက်ရင် ပြန်ပြင်ရခက်သွားပါမယ်။

၈) ကိုယ် ကြည့်တဲ့ ရုပ်ရှင့် ကိုယ်ဖတ်တဲ့ စာအုပ် ကိုယ်ပြောတဲ့စကားက ညစ်ညမ်းတာ မပါဖို့့ဂရုစိုက်ပေးပါ။ ကလေး ပတ်ဝန်းကျင်မှာလည်း ဒါမျိုး မရှိအောင် သူငယ်ချင်းမိဘ စာအုပ် အခွေ တွေကို သူတို့အရင် စစ်ဆေးပါ။

၉) မကြည့်သင်တာ မမြင်သင့်တာ မတွေမမြင်စေ ဘဲ ကလေးနဲ့့ဆိုင်တာပဲ ကြည့်လို့ဖတ်လို့ရစေဖို့သူတို့့အတွက် cable networks တွေမှာ parental control မိဘ ချုပ်ကိုင်မှု တပ်ဆင်ထားပါ။ သူများအိမ်သွားလည်ရင်လည်း သတိထားပေးပါ။

၁၀) သုံးနှစ်ဆိုတာနဲ့ကိုယ့် လိင်အင်္ဂါပစ္စည်းကို ကိုယ်ကိုတိုင် ဆေးကြောတတ်အောင် ဖြည်းဖြည်းချင်းသင်ပေးပါ။ တခြားသူတွေ အိမ်အကူတွေ အပါအဝင် ဘယ်သူမှ သူတို့ပစ္စည်းကို မကိုင်ဖို့့စနောက်ခြင်းမပြုဖို့ မထိစေဖို့ သင်ထားပေးပါ။

၁၁) စိတ်ဓာတ်ပျက်ပြားအောင် စနောက်တတ်သူ သွေးခွဲစကားပြောတတ်သူ ဆို အမျိုးတောင် လာမလည်ပါစေနဲ့။ ဒါမျိုး ဓာတ်ပုံ သီချင်း ရုပ်ရှင်လည်း မကြည့်မိပါစေနဲ့။ ဖွင့်ပြပြီးမှ ဟိုဘက်လှည့်ခိုင်းတာ လိုက်ပြီး ကာတာမျိုး လည်း မလုပ်ပါနဲ့။ နောင်တချိန် ထိန်းလို့မရအောင် ကို စိတ်ဝင်စားပြီး လက်တည့်စမ်းချင် သွားပါလိမ့်မယ်။

၁၂) လူတွေကြားထဲ ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောချင်တာကို သူတပါးကိုလည်း မနှိမ်ဘဲ ယဉ်ကျေးစွာ ထုတ်ဖော်ပြောဆိုဖို့ လေ့ကျင့်ပေးပါ။

to original writer

09/02/2024

School Sport Day 💖

စင်ကာပူမှာ ကလေးရှိတဲ့အိမ်ဆိုလျှင်တချို့အိမ်ဌားတွေက မနေချင်ကြဘူး။ အသံဆူတာတွေ မခံနိုင်ကြဘူး။ ကလေးငိုသံတွေ မကြားချင်ကြဘူး။ ...
30/01/2024

စင်ကာပူမှာ ကလေးရှိတဲ့အိမ်ဆိုလျှင်တချို့အိမ်ဌားတွေက
မနေချင်ကြဘူး။ အသံဆူတာတွေ မခံနိုင်ကြဘူး။
ကလေးငိုသံတွေ မကြားချင်ကြဘူး။

ကိုယ်ကတော့ ကိုယ့်အပေါ်အလွှာက ကလေး ဆော့တဲ့အသံကို
ညနက်သည်အထိ ကြားရတယ်။ အိမ်မှာလည်း ကလေးတွေ
လွတ်လပ်စွာဆော့ကြတယ်။ သူတို့ဆော့သံမကြားရရင်ကို
မနေတတ်တော့ဘူး။ ကလေးတွေလွတ်လပ်စွာဆော့တာကို
ကြည့်ရတာကိုက အိမ်လေးသာယာနေသလိုပဲ။

ရထားပေါ် ကားပေါ် ကလေးတွေ အရမိးဆော့ပြီး ငိုကြတယ်။
ဘယ်သူမှ ဒီကလေးက ကမြင်းကျောထတယ်လို့ မမြင်ဘူး။
ဆိုးတယ်လို့လည်း ဘယ်သူမှမပြောဘူး။ တခါကရထားပေါ်
ကလေး လေးတစ်ယောက် ဖအေဆီက ဖုန်းတောင်းတော့
မပေးလို့ ရထားကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အော်ငိုနေတာ။
တရုတ်မိသားစုတော့မဟုတ်ဘူး။ အဖြူ မိသားစုပါ။
လူတွေကလည်း ကလေးလေးကြည့်ပြီး ပြုံးပြုံးလေးကြည့်နေကြ
တယ်။ မိဘကလည်း ငိုပါစေ မတားဘူး။ ပြုံးပြီးနေကြတယ်။
နာရီဝက်လောက်သည်အထိ ဒီကလေးကလည်း မရပ်ဘူး
အော်ငိုတာ။ ငိုလို့ဝမှ ကလေးကထလာပြီး အဖေပေါ်တက်ထိုင်တယ်။

ဘဏ်သွားတုန်းကလည်း ဒီအတိုင်းပဲ။ ကလေးမလေးက
ဘဏ်တစ်ခုလုံး ဗြောင်ဆန်အောင် ဆော့တာ။ ဘယ်သူမှ
တားတာမတွေ့ရတဲ့အပြင် Hi ဆိုပြီး လုံခြုံရေးတွေကလည်း
နှုတ်ဆက်ပေးပြီး ကြည့်ပဲကြည့်နေကြတယ်။

တခါက Fairprice မှာလည်း ကလေးက ဖနိခွက်တစ်ခုကို
ခွဲမိသွားတယ်။ ချက်ချင်း လုံခြုံရေးတွေချက်ချင်း
ရောက်လာကြပြီး မြန်မာပြည်မှာလို မိဘကို ပစ္စည်းလျော်ခိုင်း
တယ်ထင်နေသလား။ ကလေးအန္တရာယ် ဖြစ်သွားလားဆိုတာ
အရင်ဆုံး ကြည့်ကြတယ်။ ကလေး နဲ့မိခင်ကို ဝေးဝေးနေခိုင်းတယ်။
ဖန်ပုလင်းကွဲစတွေရှကုန်မှာစိုးလို့ပါ။

မြန်မာပြည်မှာ တခါက ဆိုင်တစ်ခုက ကလေးက အပေါ်ထပ်ကနေ
ရေခဲနဲ့ပစ်လို့ဆိုတဲ့ စာတက်လာတာတွေ့တယ်။ဆိုင်ရှင်က
ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ မစဥ်းစားပဲ စာတင်လိုက်တော့
အောက်ကရေးတဲ့သူတွေကလည်း အဲဒီကလေးလေးကို
ကမျင်းကြောတော်တော်ထတာပဲ ဝိုင်းရေးကြတာ မြင်မဆုံးဘူး။

ကလေးတစ်ယောက်ကို တုတ်နဲ့ကြောက်အောင်ခြောက်လို့
အဲကလေးက တချိန်မှာ လူတော်တစ်ယောက် ဖြစ်မလာဘူး။
ငကြောက်တစ်ယောက်ပဲဖြစ်သွားလိမ့်မယ်။ တခြားမိသားစု
ဥပမာမပေးဘူး။ ကိုယ့်အကိုဆိုလျှင် အမေက ငယ်ငယ်က
တည်းက အရမ်းဖြစ်ချင်စိတ်နဲ့ တုတ်နဲ့အရမ်းရိုက်တယ်။
ကြီးလာတော့ အဲတုတ်ကို မကြောက်တော့ဘူး။ အရမ်းဆိုး
လာတယ်။ မိဘရွဲ့ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး လိမ္မာနေတဲ့ကလေး
တစ်ယောက်ကို ဆိုးသွမ်းအောင်မိဘက လုပ်ခဲ့ကြတယ်။
အပေါင်းအသင်းမှားပြီး ဆေးသုံးစွဲတယ်။ သူ့ကိုကိုယ်က
လိုက်ထိန်းခဲ့ရတယ်။ အကိုပျောက်သွားရင်အရူးတစ်ပိုင်းလို
မြို့ပတ်လိုက်ရှာရတာ။ ကြီးတဲ့အထိ ပြသာနာမျိူးစုံရှာတယ်။
သူ့ကြောင့် နေ့တိုင်းငိုရတာ။ သူအပေါင်းအသင်းတွေအထိ
ငါ့အကိုကို မခေါ်ကြပါနဲ့ လိုက်တောင်းပန်ခဲ့ရတယ်။
မိန်းမရသွားပြီး ကလေးရသွားမှ သူ့အမှားကိုသိပြီး
အရမ်းလိမ္မာသွားတယ်။

ကိုယ့်ကို အမေ ရောအဖေရော လုံးဝမရိုက်ဘူး။ ခေါင်းလည်း
အရမ်းမာတယ်။ ငယ်ကတည်းက အမေ ထားခဲ့တဲ့ ပုံစံခွက်
ထဲလည်းမနေဘူး။ အကိုလိုတော့ မဟုတ်နေရာမဆိုးဘူး။
တော်ရုံလက်မခံတဲ့အကျင့်ကြောင့် စကားများတယ်။
အရိုက်မခံရတော့ တော်ရုံလည်း မကြောက်ဘူး။
တစ်ဖက်ကိုလည်း အားမနာဘူး။ ဟင့်အင်း ငါမကြိုက်ဘူး။
ငါမစားချင်ဘူး။ ငါမသိဘူး။ နောက်ဆုံး လုပ်ငန်းခွင်ထဲမှာ
တောင် ဒါငါမလုပ်နိုင်ဘူး။ အားနာပြီး ငါမလုပ်နိုင်တဲ့အရာကို
မလုပ်ဘူး။ အဲဒါကို မကြိုက်လျှင် ငါမလုပ်ဘူး။
ကြောက်မှမကြောက်တာ ကြောက်တတ်စိတ်က
လုပ်ငန်းခွင်ထဲရောက်ရင် အဲကလေးကို အမျိူးစုံ ဒုက္ခပေးလိမ့်
ဆိုတာပါပဲ။

မိဘတွေရဲ့စိတ်ရှည်သည်းခံနိုင်စွမ်းက တချိန်မှာ အဲဒီအသီးအပွင့်
ကိုခံစားရတယ်။ အသကုန်ရိုက်ခံရပြီး တချိန်မှာ အောင်မြင်နေတဲ့.
ကလေးတစ်ယောက်မှမရှိလို့ပဲ။
to Tr Sandar

🙏🙏🙏
26/01/2024

🙏🙏🙏

Good Night ပါရှင်👨‍👩‍👧
25/01/2024

Good Night ပါရှင်👨‍👩‍👧

စောင်ခြုံပေးဖို့လား စိတ်ကူးကိုယဥ်လို့မရ မိုးပါလင်းသွားမယ်😂😂
25/01/2024

စောင်ခြုံပေးဖို့လား စိတ်ကူးကိုယဥ်လို့မရ မိုးပါလင်းသွားမယ်😂😂

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သမီးလေးအတွက် - Hnin Layผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram