Health post ศูนย์สุขภาพชุมชนต่างชาติ

မဲဆောက်လေထုအမှုန်မှုန့် (PM) အခြေအနေသည် 🔴အနီ​ရောင်အဆင့်သို့ ​ရောက်ရှိ​နေ‌သည်။📅 ရက်စွဲ – ၂၆ မတ် ၂၀၂၆⏰ အချိန် – မနက် ၇:၀၀ ...
26/03/2026

မဲဆောက်လေထုအမှုန်မှုန့် (PM) အခြေအနေသည် 🔴အနီ​ရောင်အဆင့်သို့ ​ရောက်ရှိ​နေ‌သည်။

📅 ရက်စွဲ – ၂၆ မတ် ၂၀၂၆
⏰ အချိန် – မနက် ၇:၀၀ နာရီ

🔴 အန္တရာယ်ပြင်းထန် (AQI 201+)
ပြည်သူလူထု အတွက် အန္တရာယ်ရှိသည်။

လေထုညစ်ညမ်းခြင်း၏ ဆိုးကျိုးများ
လေထုထဲရှိ PM2.5၊ PM10၊ ဓာတ်ငွေ့များ (CO, NO₂, SO₂) စတဲ့ အညစ်အကြေးများကြောင့် လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။

🧍‍♂️ လူ့ကျန်းမာရေးအပေါ် ဆိုးကျိုး
😷 အသက်ရှူလမ်းကြောင်းရောဂါများ – အဆုတ်ရောင်၊ ပန်းနာရင်ကြပ်၊ ချောင်းဆိုး
❤️ နှလုံးနှင့် သွေးကြောရောဂါများ – နှလုံးဖိအားတက်၊ လေဖြတ်နိုင်ခြေတိုးခြင်း
👶 ကလေးများတွင် ဖွံ့ဖြိုးမှုထိခိုက်မှု – အဆုတ်ဖွံ့ဖြိုးမှုနည်းခြင်း
👵 အသက်ကြီးသူများတွင် အန္တရာယ်မြင့် – ရောဂါများပိုမိုပြင်းထန်လာနိုင်
👁 မျက်စိနှင့် အရေပြားယားယံမှု
🧠 ခေါင်းကိုက်၊ မူးဝေခြင်း၊ မောပန်းခြင်း

🛡️ ကာကွယ်နည်းများ
😷 Mask (N95/KN95) ဝတ်ဆင်ပါ – အပြင်ထွက်ချိန်မှာ အထူးသဖြင့်
🏠 အပြင်လှုပ်ရှားမှု လျှော့ချပါ – AQI မြင့်သောနေ့များတွင် အိမ်ထဲနေရန်
🚪 ဖုန်မှုန့်မဝင်အောင်တံခါး၊ ပြတင်းပေါက်ပိတ်ထားပါ။
🚫 မီးရှို့ခြင်းများ ရှောင်ရှားပါ။

🏥 ကုသနည်းများ
😮‍💨 အသက်ရှူခက်၊ ချောင်းဆိုး၊ မူးဝေပါက
👉 ဆရာဝန်ကို အမြန်ပြပါ
💊 ဆရာဝန်ညွှန်ကြားသော ဆေးများ
(ဥပမာ – ပန်းနာရင်ကြပ်အတွက် inhaler)
🛌 လုံလောက်စွာ အနားယူပါ
💧 ရေများများသောက်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေပါ
🚑 လက္ခဏာပြင်းထန်ပါက (အသက်ရှူမဝ၊ မူးဝေများ)👉 ဆေးရုံသို့ ချက်ချင်းသွားပါ

လေထုညစ်ညမ်းမှု​ကြောင့်​နောက်ဆက်တွဲ ကျန်းမာ​ရေး ဆိုးကျိုးများမဖြစ်​စေရန် ကျန်းမာ​ရေး အသိဖြင့်​နေထိုင်ကြရန်တိုက်တွန်းပါသည်။

🌞နွေရာသီဟာ🌡 အပူရှိန်ပြင်းတာကြောင့် ရေကူးခြင်း🏊၊ ရေချိုးခြင်း🤽နဲ့ အပန်းဖြေခြင်းတွေ⛱️ ပိုမိုပြုလုပ်ကြတဲ့အတွက် မတ်လ မှ ​မေလ...
24/03/2026

🌞နွေရာသီဟာ🌡 အပူရှိန်ပြင်းတာကြောင့် ရေကူးခြင်း🏊၊ ရေချိုးခြင်း🤽နဲ့ အပန်းဖြေခြင်းတွေ⛱️ ပိုမိုပြုလုပ်ကြတဲ့အတွက် မတ်လ မှ ​မေလ အတွင်း ရေနစ်သေဆုံးမှု အန္တရာယ် အရှိဆုံး အချိန်ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ👨‍👦နဲ့ လူငယ်တွေကြားမှာ ဒီလိုဖြစ်ရပ်တွေ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

​ရေနစ်ခြင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အောက်ပါအချက်များကို သတိပြုသင့်ပါတယ် -
​၁။ ကလေးငယ်များကို 👨‍👩‍👧‍👦အနီးကပ်စောင့်ကြည့်ပါ။

​ရေပြင်နဲ့ နီးစပ်တဲ့နေရာ (ရေကန်၊ ချောင်း၊ မြောင်း) 🏞🏝တွေမှာ ကလေးတွေကို မျက်​ခြေမပြတ် စောင့်ကြည့်ရပါမယ်။​"ရေတိမ်တာပဲ ဘာဖြစ်မှာလဲ" ဆိုတဲ့ အယူအဆဟာ မှားယွင်းပါတယ်။ ကလေးငယ်တွေဟာ ၂ လက်မခန့်ရှိတဲ့ ရေတိမ်တိမ်မှာပင် ရေနစ်နိုင်ပါတယ်။

​၂။ ရေကူးကျွမ်းကျင်မှုနှင့် အကာအကွယ်ပစ္စည်းများ
​ရေမကူးတတ်ပါက ရေနက်သည့်နေရာများသို့ မသွားပါနှင့်။
​လှေစီးလျှင် 🚣သို့မဟုတ် ရေကစား🤽လျှင် ဘေးကင်းလုံခြုံစိတ်ချရသော အသက်ကယ်အင်္ကျီ (Life Jacket) 🦺ကို အမြဲဝတ်ဆင်ပါ။
​လေထိုးထားသော ရေကူးကွင်း (Inflatable rings) များသည် အသက်ကယ်ပစ္စည်း မဟုတ်ကြောင်း သတိပြုပါ။

​၃။ ပတ်ဝန်းကျင်အခြေအနေကို ဆန်းစစ်ပါ
​မိမိမသိရှိသော ရေပြင်များ❌️ (ဥပမာ- ရေစီးသန်သောမြစ်များ၊ ရွှံ့နွံများသော နေရာများ) တွင် 🙅‍♂️🙅‍♀️ရေဆင်းမချိုးပါနှင့်။
💉​မူးယစ်ဆေးဝါး သို့မဟုတ် 🍻အရက်သေစာ သောက်စားထားပါက ရေထဲသို့ လုံးဝဆင်းမချိုးသင့်ပါ။ အာရုံစိုက်မှုနှင့် ခန္ဓာကိုယ်ထိန်းချုပ်မှု လျော့နည်းစေသောကြောင့် ဖြစ်ပါတယ်။

​ ၄။ ရှေးဦးသူနာပြုစုနည်း (First Aid) ကို လေ့လာထားပါ
​အရေးပေါ်အခြေအနေတွင် CPR (နှလုံးအနှိုးနည်း) ပြုလုပ်တတ်ခြင်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။
📍​လူတစ်ယောက် ရေနစ်နေသည်ကို မြင်ပါက မိမိကိုယ်တိုင် ရေမကူးတတ်ဘဲ ခုန်မဆင်းပါနှင့်။ ဝါးလုံး၊ ကြိုး သို့မဟုတ် ရေပေါ်ပေါ်နိုင်သော ပစ္စည်းများကို လှမ်းပေးပြီး အကူအညီတောင်းပါ။

​နွေရာသီမှာ 🏖အပန်းဖြေရင်း အသက်အန္တရာယ် မဖြစ်စေဖို့ အမြဲသတိရှိရှိ နေထိုင်ကြပါရန် တိုက်တွန်းလိုပါတယ်။

16/03/2026
4/3/2026တွင် တုတ်​ကွေးကာကွယ်​ဆေးကို အထူးပြုစု​စောင့်​​လျှောက်ရ​န်လိုအပ်သော က​လေးငယ်များအား ထိုး​ပေးစဥ်။
04/03/2026

4/3/2026တွင် တုတ်​ကွေးကာကွယ်​ဆေးကို အထူးပြုစု​စောင့်​​လျှောက်ရ​န်လိုအပ်သော က​လေးငယ်များအား ထိုး​ပေးစဥ်။

3/3/2026 နေ့သည် အစိုးရပိတ်ရက်ဖြစ်သောကြောင့် Health Post မဒီနာဆေးခန်းပိတ်သည်။
02/03/2026

3/3/2026 နေ့သည် အစိုးရပိတ်ရက်ဖြစ်သောကြောင့် Health Post မဒီနာဆေးခန်းပိတ်သည်။

27/02/2026 ရပ်ကွက်လူထုများအား တုတ်​ကွေးကြီး ကာကွယ်​ဆေးထိုး​ပေးခြင်း။
27/02/2026

27/02/2026 ရပ်ကွက်လူထုများအား တုတ်​ကွေးကြီး ကာကွယ်​ဆေးထိုး​ပေးခြင်း။

၂၀၂၆ ခုနှစ်အတွက် နိုင်ငံရပ်ခြား ပြည်သူ့ကျန်းမာရေးစေတနာ့ဝန်ထမ်းများ၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေး။ประชุมอาสาสมัครสาธารณส...
13/02/2026

၂၀၂၆ ခုနှစ်အတွက် နိုင်ငံရပ်ခြား ပြည်သူ့ကျန်းမာရေးစေတနာ့ဝန်ထမ်းများ၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေး။
ประชุมอาสาสมัครสาธารณสุขต่างชาติ ประจำปี 2569 ครั้งที่1

💞ရင်ခုန်လိုက်တိုင်း အချစ်စစ် မဟုတ်သလို 👩‍❤️‍👨 အတူတူ​နေ​ပေးမှ အချစ်စစ် လို့လဲ မသတ်မှတ်ပါ။ ဘ၀လမ်းခရီးက သင်ထင်သ​လောက် မလွယ်...
13/02/2026

💞ရင်ခုန်လိုက်တိုင်း အချစ်စစ် မဟုတ်သလို 👩‍❤️‍👨 အတူတူ​နေ​ပေးမှ အချစ်စစ် လို့လဲ မသတ်မှတ်ပါ။ ဘ၀လမ်းခရီးက သင်ထင်သ​လောက် မလွယ်ကူ မဖြောင့်ဖြူးပါ။

❤️❤️ချစ်သူများနေ့မှာ ဘယ်လိုလုံခြုံစွာ ချစ်ကြမလဲ? ❤️❤️

" Love 4ever: အချစ်ဟာ အခြေအနေတိုင်းမှာ ထာဝရတည်တံ့ပါတယ်။"

- ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ သင်ဟာ ထာဝရအချစ်ကို ပိုင်ဆိုင်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လုံခြုံမှုနဲ့ ယုံကြည်မှုကို ခံစားရပါတယ်။

ကျန်းမာရေးအခြေအနေကို အတူတူ စစ်ဆေးပြီး ဆန်းစစ်ကြည့်ရအောင်။

ရလဒ်ကို သိရှိခြင်းသည် အဆုံးမဟုတ်ဘဲ မှန်ကန်သော ဂရုစိုက်မှု၏ အစဖြစ်သည်။

ကျွန်ုပ်တို့ကိုယ်တိုင် ကာကွယ်ပြီး အတူတကွ ဘေးကင်းစွာ နေထိုင်ကြပါစို့။

#ချစ်ခြင်းမေတ္တာအခြေအနေ #ဘဝတိုင်းတွင် ထာဝရချစ်ခြင်းမေတ္တာ ိုယ်တိုင်စစ်ဆေးခြင်း နှင့် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများဌာနခွဲ

#ကျန်းမာရေးပညာပေးဌာန၊
မဲဆောက်ဆေးရုံ 👇

https://www.facebook.com/share/p/1CQttzjT67/

Practical Nurse (PN) Batch 1သင်တန်းဆင်းပွဲကို မဲ​​ဆောက်​​ဆေးရုံကြီးတွင် ၁၁/၂/၂၀၂၆ တွင်ကျင်းပခဲ့သည်။၂၀၂၄ ပညာသင်နှစ် လက်ထေ...
12/02/2026

Practical Nurse (PN) Batch 1
သင်တန်းဆင်းပွဲကို မဲ​​ဆောက်​​ဆေးရုံကြီးတွင် ၁၁/၂/၂၀၂၆ တွင်ကျင်းပခဲ့သည်။

၂၀၂၄ ပညာသင်နှစ် လက်ထောက်သူနာပြု (နယ်စပ်ဒေသ) လက်မှတ်သင်တန်းအတွက် လက်မှတ်ချီးမြှင့်ပွဲသို့ တာ့ခ်ပြည်နယ် ပြည်သူ့ကျန်းမာရေးအရာရှိ တက်ရောက်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၉:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ နာရီအထိ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်၊ မဲဆောက်ဆေးရုံ၊ သက်သင်းဆိုင် အစည်းအဝေးခန်းမတွင် တာ့ခ်ပြည်နယ် ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာ ဟတ်ချာ နူးသောင်သည် ၂၀၂၄ ပညာသင်နှစ် လက်ထောက်သူနာပြု (နယ်စပ်ဒေသ) လက်မှတ်သင်တန်း၏ ဘွဲ့ရများအတွက် လက်မှတ်ချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားကို ဥတ္တရဒစ်မြို့ရှိ ဘိုရိုမာရဇိုနာနီ သူနာပြုကောလိပ်၊ ဘိုရိုမာရဇိုနာနီ အင်စတီကျုမှ ကျင်းပခဲ့သည်။ ဘိုရိုမာရဇိုနာနီ အင်စတီကျု၊ သူနာပြုဌာန၏ ဌာနမှူး လက်ထောက်ပါမောက္ခ ဒေါက်တာ ကမိုရတ် တာနာက အခမ်းအနားကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘွဲ့ရများအား လက်မှတ်များ ပေးအပ်ခဲ့သည်။

အခမ်းအနားအတွင်း တာ့ခ်ပြည်နယ် ပြည်သူ့ကျန်းမာရေးအရာရှိက အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် တက်ရောက်လာသူများကို ကြိုဆိုခဲ့ပြီး ဘွဲ့ရအားလုံး၏ အောင်မြင်မှုများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် လူဦးရေနှင့် လူမှုရေးနောက်ခံများ မတူညီသော နယ်စပ်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပံ့ပိုးရာတွင် လက်ထောက်သူနာပြုများ၏ အရေးပါသော အခန်းကဏ္ဍကို ၎င်းက အလေးပေးပြောကြားခဲ့သည်။ အရည်အသွေးမြင့်ဝန်ဆောင်မှုများ ပေးအပ်ရန် အသိပညာ၊ ကျွမ်းကျင်မှုနှင့် တာဝန်ယူမှုစိတ်ဓာတ်ရှိသော ဝန်ထမ်းများ လိုအပ်ကြောင်းနှင့် ဒေသန္တရအဆင့်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ရေရှည်တည်တံ့ခိုင်မြဲစွာ ခိုင်မာစေရန် ၎င်းက အလေးပေးပြောကြားခဲ့သည်။

Practical Nurse (PN) အပတ်စဥ် (၂) စတင်​လျှောက်ထားနိုင်ပြီး။သင်ရိုးညွှန်းတမ်းသည် ထိုင်းဘာသာဖြစ်​သော​ကြောင့် ထိုင်းဘာသာစကား...
12/02/2026

Practical Nurse (PN) အပတ်စဥ် (၂) စတင်​လျှောက်ထားနိုင်ပြီး။

သင်ရိုးညွှန်းတမ်းသည် ထိုင်းဘာသာဖြစ်​သော​ကြောင့် ထိုင်းဘာသာစကားကျွမ်းကျင်ရမည်။

💢သင်တန်းကာလ ၁ နှစ် (တပတ်တွင်​ကျောင်း ၃ ရက်တက်ရမည်။ )

💢ရှိရမည့် အ​ထောက်အထား
- ထိုင်းနိုင်ငံသားကတ် (သို့မဟုတ်) ၁၀နှစ်ခံကတ်

💢ရှိရမည့် ပညာအရည်အချင်း
- ထိုင်းအထက်တန်းပြီး​ကြောင်း ​အောင်လက်မှတ် (သို့မဟုတ်) အသက်​မွေး၀မ်း​ကျောင်း ​ကောလိပ် ​အောင်လက်မှတ်

🏥သင်တန်းတက်ရမည့်​နေရာ
- မဲ​ဆောက်​ဆေးရုံကြီ

💢သင်တန်း​ကြေး
- ၄၅၀၀၀ ဘတ် ( ၃ ရစ်ခွဲ၍ ​ပေးနိုင်သည် )

မြန်မာဘာသာဖြင့်​📋📝အ​သေးစိတ်အချက်အလက်များမေးမြန်းစုံစမ်းလိုပါကယခု​ဖော်ပြ​သော မဲ​ဆောက်​ဆေးရုံကြီးကျန်းမာ​ရေး အာမခံ​ရောင်း​...
22/01/2026

မြန်မာဘာသာဖြင့်​📋📝အ​သေးစိတ်အချက်အလက်များမေးမြန်းစုံစမ်းလိုပါကယခု​ဖော်ပြ​သော မဲ​ဆောက်​ဆေးရုံကြီးကျန်းမာ​ရေး အာမခံ​ရောင်း​သောဌာန၏ဖုန်းနံပါတ် 061-265-2684 သို့ မနက် ၉ နာရီ🕘မှ ည​နေ ၃ နာရီ🕒အတွင်း အစိုးရအလုပ်ဖွင့်ရက် ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။

သို့မဟုတ် မဲ​ဆောက်​ဆေးရုံကြီး၏ ကျန်းမာ​ရေးအာမခံဌာနတွင် သွား​ရောက်စုံစမ်းနိုင်သည်။

ที่อยู่

15/45 ซอยหมู่บ้านถุงทอง
Mae Sot
63110

เวลาทำการ

จันทร์ 08:00 - 16:00
อังคาร 08:00 - 16:00
พุธ 08:00 - 16:00
พฤหัสบดี 08:00 - 16:00
ศุกร์ 08:00 - 12:00

เบอร์โทรศัพท์

0931745023

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Health postผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Health post:

แชร์

ประเภท