08/08/2025
ကိုယ်နဲ့ comfortable ဖြစ်တဲ့သူ
အချစ်ရေးပဲ ဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာ တစ်ခုက ကိုယ့်အတွက် သက်တောင့်သက်သာ ရှိစေတဲ့သူပါပဲ~
ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်း လက်ခံမယ့်သူ၊ ကိုယ်နဲ့ပတ်သတ်လို့ အကောင်းရောအဆိုးကိုပါ သိသည့်တိုင် ကိုယ့်အပေါ် ဆက်လက်ပြီး ချစ်ခင် နိုင်တဲ့သူတွေဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်~
သူ ဘာနာရီပတ်လဲ၊ ဘယ်ကျောင်းက ဘွဲ့ရလဲ၊ ဘယ်လောက် ချမ်းသာလဲဆိုတာတွေထက် သူနဲ့နေရရင် ကိုယ်ဘယ်လောက် စိတ်အေးလက်အေးရှိလဲ ဟန်ဆောင်စရာမလိုဘဲ စိတ်သက်တောင့်သက်သာရှိသလဲ သူဟာ ကိုယ့်အကြောင်း ဘယ်လောက်နားလည်သလဲ ဆိုတာတွေဟာ အဓိကပဲမဟုတ်လား?
ခုံတစ်ခုံမှာ သက်တောင့်သက်သာ ပစ်လှဲပြီး စိတ်အေးလက်အေး ထိုင်ရတဲ့ ခံစားချက်မျိုး အဲဒီလူဘေးမှာနေရတဲ့အခါ အချိန်တွေအကြာကြီး တွေးစရာထိန်းစရာမလိုဘဲ ရောက်တက်ရာရာ ပြောနိုင်တာ ၊ ချောဖို့ လှဖို့စရာမလိုပဲအထူးတလည်ပြင်ဆင်စရာမလိုဘဲ တွေ့နိုင်တာမျိုးပေါ့~
ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ထက် တစ်ခါတစ်လေကြ စိတ်သက်သာရာရဖို့က ပိုအရေးကြီးပြန်တယ် မဟုတ်လား~
crd
Healing isn’t loud — sometimes it just looks like peace �