Swan clinic

Swan clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swan clinic, Medical and health, Polydorion.

22/07/2025
22/07/2025
♥️သားသား မီးမီးလေးတို့ အစာအုပ်စုသုံးအုပ် စီညီမျှစွာ ကျွေးပေးရမယ်နော မေမေတို့ရေ♥️
11/10/2024

♥️သားသား မီးမီးလေးတို့ အစာအုပ်စုသုံးအုပ် စီညီမျှစွာ ကျွေးပေးရမယ်နော မေမေတို့ရေ♥️

08/05/2023

ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။

ကလေးတွေ ကိုယ်ပူတဲ့ ပမာဏ ဘယ်လောက်များပါစေ စိတ်ပူရမည်မဟုတ်ပါ။ ဒါပေမဲ့ အပြင်းဖျားရင် အန္တရာယ်ရှိပါတယ်။

အထူးသဖြင့် တစ်နှစ်အောက်နှင့် ကလေးငယ်များ စိုးရိမ်ရတယ်။ ကလေးကို သာမိုမီတာကို တိုင်းကြည့်ပြီး သူတို့လေးတွေရဲ့ ပြုမူပုံများကို သေချာစောင့်ကြည့်သင့်ပါတယ်။

ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။

ကလေးကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ် ( ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများနေမယ်။

ကလေးက ကိုယ်နွေးနေမယ်။ နဖူးေတွ၊ကျောတွေနွေးနေမယ်။

ပါးလေးတွေ နီနေမယ်။

ချွေးတွေ အများကြီးထွက်နေမယ်။

မှိန်းနေမယ်။

အစာမကြေဖစ်ပြီး အော့အန်မယ်။

ချောင်းဆိုးမယ်။

နှာစေးမယ်။

နှာချေမယ်။

အစားမစားဘဲနေမယ်။

ကလေးတွေက အလွယ်တကူ အအေးမိဖျားနာနိုင်ပါတယ်။ ရေချိုးမှားတာ၊ ချွေးနဲ့အအေးပတ်တာ၊ လေအေးတိုက်ခံတာများတာတွေလိုမျိုး အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖျားနာနိုင်ပါတယ်။ အိမ်မှာ သာမိုမီတာလေးတစ်ခုဝယ်ထားပြီး ကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်း အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။

ကလေးက အဖျားကြီးနေတဲ့အခါ ပြုစုပေးနိုင်မယ့် နည်းလမ်းတွေက...

ကလေးကအဖျားရှိနေပြီဆိုရင်

ကလေးကိုရေခပ်နွေးနွေးလေးနဲ့ ၁၅ မိနစ်လောက်ချိုးပေးတာက အဖျားကျအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

အဝတ်အစားတွေကို သက်တောင့်သက်သာဖြစ်အောင်ဝတ်ဆင်ပေးပါ။ အနွေးထည်အထူကြီးဝတ်ပေးတာ၊စောင်အထူကြီးခြုံပေးတာမျိုးမလုပ်ပါနဲ့။

ကလေးကို ရေဓါတ် ပြည့်ဝနေအောင် မိခင်နို့၊ရေ၊ သစ်သီးဖျော်ရည် အစရှိတာတွေတိုက်ကျွေးပေးပါ။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အချိုရည်တွေကိုတော့ရှောင်ပါ။

အာဟာရြဖစ်စေပြီးကြေလွယ်မယ့်အစားအစာတွေကျွေးမွေးပါ။

အရမ်းအပူကြီးလာတယ်ဆိုရင် ရေအေးဝတ်ကပ်ပေးပါ။ရေပတ်တိုက်ပေးပါ။

ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အဖျားပျောက်ဆေးရည်တိုက်ပါ။

ကလေးကိုပြည့်ပြည့်ဝဝ အနားယူနိုင်အောင်လုပ်ဆောင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသမလဲ

ကလေးမှာ အခုပြောပြမယ့် အခြေအနေတွေဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ကလေးကအော့အန်နေမယ်ဆက်တိုက်ဖြစ်နေပြီး နုံးချိလာမယ်။

ဝမ်းသွားနေမယ်။

ခန္ဓါကိုယ်မှာ အနီစက်တွြေဖစ်လာမယ်။

တက်မယ်။

အဖျားက ဆက်ပြီးကြီးနေမယ်။

အဖျားကျသွားပေမယ့်လည်း မှိန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသတာက အကောင်းဆုံးဖြစ်မှာပါ။ ဒီလိုပြောထားတဲ့လက္ခဏာတွေမဖြစ်လာသေးပေမယ့်လည်း မိဘတွေရဲ့အမြင်မှာစိုးရိမ်စရာကောင်းတဲ့အနေအထားရှိတယ်လို့ ထင်မြင်မိရင်ဆေးရုံဆေးခန်းကိုမြန်မြန်ဆန်ဆန်သွားရောက်ပြသသင့်ပါတယ်။

Ah Roi Ji
MW Nurse
Putao

16/10/2022

သွေးလွန်တုပ်ကွေးရောဂါမှာ
ရိုးရိုးသွေးလွန်တုပ်ကွေးနဲ့
ပြင်းထန်အဆင့်ကို ဘယ်လိုခွဲခြားမလဲ?
ဘယ်လူနာတွေက ဆေးရုံတင်သင့်လဲဆိုတာ
ဒီ post မှာ ဆက်လက်ဖော်ပြပေးပါ့မယ်။

သွေးလွန်တုပ်ကွေးအများစုက အဖျားကြီးတာနဲ့ပဲ
လက္ခဏာပြသတတ်ပေမယ့်
ပြင်းထန်အဆင့် ကလေးများဟာ
စဖျားတဲ့ရက်တွေထဲက သိပ်မလန်းပါဘူး
အဖျားတက်လာလို့ မှိန်းတာမဟုတ်ပဲ
အဖျားတက်လိုက်ကျလိုက် ဖြစ်တဲ့အခါ

📣အဖျားကျချိန်မှာပါ မလန်းဆန်းရင်
ခေါင်းမထူရင် အရေးကြီးပါတယ်။

သွေးယိုလက္ခဏာကိုတော့ မိဘအများစုက သိကြပါတယ်၊
📣သွေးယိုလက္ခဏာရှိရင် အရေးကြီးပါတယ်
အရေပြားမှာ အနီစက်တွေထွက်တာ၊ နှာခေါင်း၊သွားဖုံးများကနေသွေးယိုတာ၊အညိုရောင်အန်တာတွေ၊
ဝမ်းမည်းမည်းသွားတာတွေပါ။

📣 ဗိုက်အောင့်တယ်ပြောရင် အရေးကြီးပါတယ်၊
ပြင်းထန်သွေးလွန်တုပ်ကွေးက အသဲကြီးတတ်ပါတယ်
အသဲကြီးလာတဲ့အခါ အပြင်ကထုပ်ထားတဲ့ အမြှေးပါး ဆွဲဆန့်ခံရတဲ့အတွက် ဗိုက်အောင့်ပါတယ်။

📣 အရည်နဲ့အစာ လုံးဝနီးပါး ကျွေးမရတာမျိုးပါ၊
အကြောင်းမျိုးစုံနဲ့ ငြင်းတတ်ပါတယ်၊နေမကောင်းရင် အစားငြင်းတတ်ကြတာမို့ ပုံမှန်စားနေကျထက်
တဝက်လောက်လျော့ပီဆို အရေးကြီးပါတယ်။

📣 ဆီးသွားတဲ့ အကြီမ်ရေနဲ့ ပမာဏ သိသိသာသာနည်းသွားတာမျိုးပါ၊အရေးကြီးပါတယ်။

📣ဆက်တိုက်အန်လာလျှင် အရေးကြီးပါတယ်

📣📣📣 အရေးအကြီးဆုံးလက္ခဏာကတော့
လက်မောင်းခြေသလုံးများ ပုံမှန်ထက်အေးစက်သွားလျှင်၊အဖျားမတက်ပဲ နှလုံးခုန်မြန်လာလျှင်၊ သတိမကောင်းလျှင် သွေးလန့်သည့်အခြေအနေ ဖြစ်နိုင်သောကြောင့် ချက်ချင်း ကုသရန် လိုပါတယ်။

သွေးလန့်သည့်အချိန်( Shock Duration) ကြာလာတာနဲ့အမျှ အသက်ဆုံးရှုံးနိုင်ခြေ များလာပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးရမှုမှာ
အဓိကအကြောင်းရင်း ၂မျိုးကြောင့်သာ ဖြစ်တတ်ပါတယ်။
🎗️ သွေးလန့်ချိန်ကြာလွန်းပီး ကိုယ်တွင်းအဂ်ါများထိခိုက်ခြင်း
🎗️ သွေးယိုခြင်း (ဥပမာ- ဦးနှောက်တွင်း (သို့)အသက်ရှုလမ်းကြောင်းအတွင်း)
🎗️မလိုအပ်ပဲ မက်ကလောင်ဖောက်ခြင်းကြောင့်လည်း သွေးဆိပ်တက်ပီး သေဆုံးနိုင်ပါတယ်။

ဘယ်ကလေးတွေ ဆေးရုံတင်သင့်သလဲ ???
📢 အသက်တစ်နှစ်အောက်လူနာအားလုံး
📢 ယခင်က သွေးလွန်တုပ်ကွေးပြင်းထန်အဆင့်ဖြစ်ခဲ့ဖူးပီး ယခု သွေးလွန်တုပ်ကွေးသေချာသော လူနာ
📢 အပေါ်မှာပြောထားတဲ့ အရေးကြီးလက္ခဏာ တစ်ခုခုရှိသောလူနာ
📢 အရေးကြီးလက္ခဏာများမရှိသေးသော်လည်း
ဆေးရုံဆေးခန်းပြသရန် ဝေးသောနေရာတွင်နေထိုင်သူ
(သို့) ကလေး၏ ရောဂါလက္ခဏာကို စောင့်ကြည့်ရန် အခက်အခဲရှိလျှင်

ဆေးရုံတင်ထားသင့်ပါတယ်။

ဆက်လက်ပီး သွေးလွန်တုပ်ကွေးရောဂါ ဘယ်လိုစစ်မလဲ
ဆေးရုံရောက်ရင် ဘာတွေ လုပ်ပေးမလဲ၊ သွေးသွင်းရသည့်အကြောင်းရင်းနှင့် ကုသမှုများအကြောင်း
ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Post လေးကို like and share လုပ်ပေးကြပါဦး။

18/09/2022

💦ကလေးတွေတကယ်ချစ်ရင်မနှိမ်ပါနဲ့

မိဘတိုင်းကမိမိတို့ရဲ့ရင်သွေးလေးတွေကိုအညွန့်တလူလူတက်နေစေချင်ပီး သူတို့လေးတွေဘဝကိုအကောင်းဆုံး‌ပုံဖော်ပေးချင်ကြပါတယ်။ဒါမဲ့နည်းလမ်းမှန်ဖို့အရေးကြီးပါသေးတယ်။

🍓ကလေးဆိုတာအညွန့်လေးတွေတလူလူတက်နေတဲ့အပင်နဲ့တူပါတယ်။တက်လာတဲ့အညွန့်ကလေးကို လက်နဲ့ဖဲ့လိုက်၊တုတ်နဲ့ရိုက်ချိုးလိုက်လုပ်နေရင်အပင်လေးကောင်းမွန်စွာမရှင်သန်နိုင်တော့ပါဘူး။
ကောင်းစေချင်လို့ဆုံးမတာ၊ပြောတာဖြစ်ပေမဲ့နည်းလမ်းမမှန်ရင်ကလေးဘဝအတွက်စိတ်ဒဏ်ရာဖြစ်စေပီးအညွန့်ကိုချိုးလိုက်သလိုဖြစ်နေတတ်ပါတယ်။

👉ဥပမာ- “ဒါလေးတောင်မလုပ်တတ်ဘူးလား၊အသုံးမကျဘူး၊နင်လုပ်လိုက်ရင်ဒီလိုချည်းပဲ၊ညံ့လိုက်တာ၊ဘယ်‌နေရာမှသုံးစားလို့မရဘူး” စတဲ့ ချိုးနှိမ်တဲ့ စကားမျိုးတွေ၊ ကလေးကိုဆူ၊ဆဲပီးပြောတာတွေကိုမကြာခဏကြားရတတ်ပါတယ်။

🍓မိမိသားသမီးရဲ့အခြေအနေကိုအားမရတဲ့စိတ်၊တိုးတက်တာမြင်ချင်တဲ့စိတ်၊ကောင်းစေလိုတဲ့စိတ်အရင်းခံနဲ့အားမလိုအားမရပြောတဲ့စကားတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီစကားတွေကို ကြားရတာများတဲ့ကလေးရဲ့စိတ်ထဲမှာသူ့ကိုယ်သူအစွမ်းအစမရှိတဲ့လူတစ်ယောက်လို့ မြင်လာစေပါတယ်။ဘယ်‌နေရာမှသုံးမရတဲ့လူတစ်ယောက်ဆိုတဲ့အမြင်ရစေပီးစိတ်အမြဲအားငယ်စေပါတယ်။

👉စိတ်အားငယ်တဲ့အခါလုပ်ချင်စိတ်တွေမရှိတော့ပါဘူး။"ငါလုပ်ရင်ဖြစ်မှာမဟုတ်ပါဘူး" ဆိုတဲ့ကိုယ့်ကိုကိုယ်မယုံကြည်တဲ့စိတ်တွေပေါ်လာပါတယ်။

🍓ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုဟာ ဘ၀တိုးတက်မှု အတွက်ကြီးမားတဲ့အတားအဆီးဖြစ်ပါတယ်။
အထူးသဖြင့်ကလေးအားကိုးအားထားရဆုံးလူတွေက ကလေးကိုချိုးနှိမ်လိုက်တာဟာကလေးအပေါ်အဆိုးဆုံး၊ အကြီးမားဆုံးအကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ အထင်အကြီးဆုံး၊အားအကိုးဆုံး၊အနီးကပ်ဆုံးလူရဲ့ ချိုးနှိမ်တဲ့စကားတွေကကလေးစိတ်မှာအနက်ရှိုင်းဆုံး၊ အထိအနာဆုံးစူး၀င်စေပါတယ်။

🍓ရိုက်တာကကိုယ်မှာအညိုအမည်းစွဲထင်စေတတ်သလိုစကားနဲ့ချိုးနှိမ်တာခြင်းက ကလေးရဲ့စိတ်မှာ စိတ်ဒဏ်ရာရစေပါတယ်။စိတ်ဒဏ်ရာကိုတော့ကိုယ်မှာစွဲထင်တဲ့အညိုအမည်းလိုတိုက်ရိုက်မမြင်သာပေမဲ့ကလေးမှာ စိတ်ဒဏ်ရာဘယ်လိုဖြစ်နေတယ်ဆိုတာသူ့ရဲ့လုပ်ပုံကိုင်ပုံ၊ပြောဆိုဆက်ဆံပုံတွေကိုကြည့်ရင်သိနိုင်ပါတယ်။

👉စိတ်ဒဏ်ရာခံစားနေရတဲ့ကလေးတွေမှာပျော်ရွှင်တဲ့အမူအရာနည်းသွားပါတယ်။အထူးသဖြင့်ချိုးနှိမ်တဲ့စကားပြောသူရဲ့ရှေ့မှာပိုသိသာပါတယ်။

🍓သူ့ကိုယ်သူမယုံမကြည်၊အားမကိုးတဲ့လက္ခဏာတွေ တွေ့လာရပါတယ်။

👉လုပ်စရာတစ်ခုခု ရှိလာပီဆိုရင်ကို့အားကိုအသုံးမပြုပဲအခြားအားကိုးစရာကိုလိုက်ရှာတတ်ပါတယ်။

👉“သား/သမီးကလုပ်မှမလုပ်တတ်တာ”ဆိုတဲ့အကြောင်းပြချက်မျိုးမကြာခဏ ပြောလာ တတ်ပါတယ်။

👉တစ်ခုခုလုပ်တော့မယ်ဆိုရင် “ဟုတ်မှ ဟုတ်ပါ့မလား”ဆိုပြီး မိမိကိုယ်ကိုယ် မယုံမရဲ၊ ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။

👉ဆုံးဖြတ်ချက်တွေမပြတ်သားပါဘူး။ “ဒီလိုဆိုရင် ဟုတ်လားမသိဘူး”လို့လည်း ပါးစပ်က ခဏခဏ ထုတ်ပြောလာတတ်တယ်။

👉“ငါ မစွမ်းဘူး။ ငါ အသုံးမကျဘူး”ဆိုတဲ့ စိတ်မှာစွဲနေတဲ့ အရိပ်မည်းကြီး ဟာ ကလေးရဲ့ တွေးခေါ်စဉ်းစားမှုတိုင်းမှာ လိုက်ပြီး လွှမ်းမိုးနေတတ်ပါတယ်။

အဲဒီလို အဖျက်သဘောဆောင်တဲ့ အရိပ်မည်းကြီးရဲ့ လွှမ်းမိုးမှုကြောင့် ရှိရင်းစွဲ အစွမ်းသတ္တိတွေတောင်ငုပ်လျှိုးသွားရပါတယ်။ဘာအစွမ်းအစကိုမှ မထုတ်ရဲတော့ပါဘူး။

🍓အဖြစ်အပျက်လေးတခုတွေ့ကြုံဖူးပါတယ်။

မိခင်တစ်ယောက်ကသူ့သမီးအပေါ်မှာအမြဲချိုးနှိမ်တဲ့ အမြင်နဲ့ပဲမြင်တတ်ပီးချိုးနှိမ်တဲ့စကားတွေသာ ပြောတတ်ပါတယ်။အဲတော့သူ့သမီးဟာဘာမှအစွမ်းအစမရှိတော့တဲ့လူတစ်ယောက်လို့သူ့ကိုယ်သူမြင်ပီးကြီးပြင်းလာရပါတယ်။

👉သူ့သမီးကိုထမင်းချက်ခိုင်းရင် သမီးကထမင်းအိုးထဲ ရေဘယ်လောက်ထည့်ရမယ်ဆိုတာကိုသူ့ဘာသာမဆုံးဖြတ်ရဲဘူး။ အမေကို လှမ်းမေးပါတယ်။ အမေပြောတဲ့အတိုင်းထည့်တယ်။ပီးတော့အဲဒီလိုထည့်တာဟုတ်လားလို့အမေ့ကိုလာပြတယ်။ဆုံးဖြတ်စရာအဆင့်တိုင်းမှာအမေရဲ့အကူအညီကို ယူနေပါတယ်။ ဘာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း မရှိတော့ပါဘူး။

👉အဲဒီလိုအဆင့်တိုင်းအမေရဲ့ဆုံးဖြတ်ချက်ကို ရယူနေတော့ “ဟဲ့ ... နင် ဒီလောက်တောင် မဆုံးဖြတ်တတ်ရင်နင့်ဘ၀ကိုဘယ်လိုရှေ့ဆက်မှာလဲ”ဆိုပီးအမေက ချိုးနှိမ်တဲ့စကားကိုပြောပြန်ပါတယ်။

👉တစ်ခါတစ်ရံမိခင်ရဲ့ ကွယ်ရာမှာတစ်ခုခုလုပ်ကိုင်လို့ အဆင်ပြေတာတွေ့တဲ့အခါမိခင်ကအသိအမှတ်ပြုမယ့်အစား “အေး ကြက်ကန်းဆန်အိုးတိုးတာပဲပေါ့။ ဘယ်လောက်ခံမလဲ ကြည့်ရဦးမယ်”ဆိုတဲ့ ချိုးနှိမ်တဲ့စကားကို ပြောပါတယ်။

👉အဲဒီတော့ အဲဒီကလေး ဘာတွေဖြစ်လာသလဲ။ ကိုယ့်အားကိုယ်ကိုးလုပ်တဲ့စိတ် မရှိတော့ဘူး။ကိုယ်တိုင် မဆုံးဖြတ်တတ်တော့ဘူး။ကိုယ်တိုင်ဘာစွမ်းတယ်၊ဘာကို စိတ်၀င်စားတယ်ဆိုတာမဆုံးဖြတ်တတ်တော့ဘူး။ သူငယ်ချင်းတွေ၊အခြားလူတွေကိုအားကိုးမှုလွန်ကဲလာတယ်။ ကိုယ့်အစွမ်းအစနဲ့မဆုံးဖြတ်နိုင်တော့ဘဲ သူငယ်ချင်းတွေလုပ်တာကိုနောက်ယောင်ခံပီးလိုက်လုပ်လာတယ်။

👉ဟိုယောင်ယောင်၊ ဒီယောင်ယောင်တွေသာ များနေတော့ ဒုံးရင်းကနေ မတက်တော့ဘူး။ အဲဒီတော့ အမေက “ငါ ထင်တဲ့အတိုင်းပဲ။ နင်ဟာ ရှေ့ကိုမတက်တဲ့အပြင် ဘုတ်လို နောက်ပြန်ဆုတ်နေတာပဲ။ နင့်ဘ၀ နင် ဘယ်လိုထူထောင်မလဲဆိုတာ ငါတော့ စဉ်းတောင် မစဉ်းစားတတ်တော့ဘူး”လို့ ထပ်ပြီး ချိုးနှိမ်လိုက်ပြန်ပါတယ်။

👉ကလေး အခုလိုဖြစ်နေတာဟာ သူ့ကြောင့်ဖြစ်နေတယ်ဆိုတာ မိခင်က သိပုံမပေါ်ပါဘူး။ ဖြစ်ချင်တာ ဖြစ်မလာတိုင်း ချိုးချိုးနှိမ်နှိမ် ပြောလေ ဖြစ်စေ ချင်တာနဲ့ ဖြစ်လာတာတွေဟာ ဝေးကွာလာလေ ဖြစ်နေပါတယ်။ ဒီလိုတွေ ဖြစ်နေတာဟာ ကလေး ညံ့လို့ လို့ မိခင်က ယူဆပါတယ်။ တကယ်တော့ကလေးလုပ်ပုံကိုင်ပုံမှားတာပေါ် မူတည်ပီးမိခင်ပြောတဲ့ချိုးနှိမ်တဲ့စကားတွေကြောင့် ဖြစ်လာရတာပါ။ကလေးမှားတာကိုနားလည်မပေးနိုင်တဲ့မိဘ၊ကိုယ်တိုင်ငယ်စဉ်ကမှားခဲ့တာတွေကို မေ့နေတဲ့ မိဘ၊ကလေးအပေါ် အရှိထက်ပိုပီးဖြစ်စေချင်တဲ့စိတ်ရှိတဲ့မိဘတွေမှာဒီလိုချိုးနှိမ်တဲ့စကားတွေထွက်လာတတ်ပါတယ်။

🍓“ဓားသွားထက်ကလောင်သွားထက်တယ်”ဆိုတဲ့ စကားလိုပဲစကားနဲ့ နှိမ်ခြင်းကအသားနာအောင် တုတ်နဲ့ရိုက်တာထက် ပိုပီးနာကျင်စေပါတယ်။ ဒီအကြောင်းကို ကလေးတွေနဲ့ များများအလုပ်လုပ်ဖူးတော့ သူတို့ခံစားရတာကို ပြောပြလို့ သိလာရတာဖြစ်ပါတယ်။

🍓ချိုးနှိမ်တဲ့စကားနဲ့ ကိုယ့်ကိုကိုယ် ယုံကြည် တန်ဖိုးထားတတ်မှုတို့ဟာလုံး၀ဆန့်ကျင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တန်ဖိုးထားမှုဟာ အသက် အရွယ် အပိုင်းအခြားမရွေး လေ့ကျင့်ပေးရင်ရပေမဲ့ အခြေခံတာကတော့ ငယ်ရွယ်တဲ့ဘ၀က စတာပါ။

🍓ဒါကြောင့် ကလေးငယ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် တန်ဖိုးထားတဲ့စိတ် အမြစ်တွယ်လာအောင် ချိုးနှိမ်တဲ့စကားတွေ မပြောဖို့ လိုပါတယ်။ ချိုးနှိမ်တဲ့စကားတွေ မပြောဘဲ ကလေး စွမ်းဆောင်နိုင် တာတွေကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။

🌲ဒါကြောင့်ကလေးတွေကို တကယ်ချစ်ရင်မနှိမ်ကြပါနဲ့လို့ဆန္ဒပြုရင်း

06/09/2022

ကလေး ကိုဗစ်

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမသေါကျရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

အံရင်

Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Credit ဆရာကြီး ဦးစောဝင်း

12/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

Address

Polydorion
15100

Telephone

+959250175389

Website

Alerts

Be the first to know and let us send you an email when Swan clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share