01/05/2026
💕TOEFL ဖြေမဲ့သူတွေ ဖြေချင်တဲ့သူတွေအတွက် TOEFL test ကပုံစံပြောင်းသွားပါပြီနော်
👉🏻Jan 21ကနေစပြီး Updated Versionကိုဖြေရမှာဖြစ်ပါတယ် (TOEFL IBT examအတွက်ပါ)
👉🏻ဒီအတွင်း Current Versionကို ဖြေချင်ကြတဲ့သူတွေဖြေထားကြပါ
📣Upgraded Versionမှာ timerမပါတော့ဘူး Speaking က အရင်လိုမေးခွန်း4ခုထက် မေးခွန်း 2ခုပဲဖြေရမှာဖြစ်ပါတယ် ဒါဆိုပိုလွယ်သွားမလားဆိုတော့ လွယ်ပါတယ်ဒါပေမဲ့ခက်လဲခက်ပါတယ် Speakingကို နောက်ဆုံးမှဖြေရတော့မှာဖြစ်ပြီးတော့ Writing Sectionပြီးတာနဲ့ ဖြေရတော့မှာပါ
🤷♀️IELTS နဲ့ TOEFL ဘာပိုခက်သလဲမေးရင် ကျွန်မ Foundation ကို၂ခုလုံးလေ့လာခဲ့ဖူးပါတယ် TOEFLကပိုခက်ပေမဲ့ IELTSက ruleဆန်ဆန်တွေ နဲ့စာအုပ်ကြီးလိုသွားတယ်လို့ခံစားရစေလို့ TOEFL ကိုရွေးပါတယ် (ကျွန်မတစ်ဦးထဲအမြင်ပါ)
💗TOEFL အမှတ်ကတော့ အပြည့်120ပေးထားပါတယ် 110ကျော်ရင်ကိုတော်နေပါပြီ
💗TOEFL ကexpires ဖြေပြီးတာနဲ့ 2နှစ်ဖြစ်ပါတယ်
ဖြေပြီးချိန်ကစလို့ 2နှစ်ပြည့်တာနဲ့ ကိုယ့်အမှတ်ကိုသူတို့စာရင်းမှာဖြတ်ပြီး expired ဖြစ်သွားပါပြီ
🤗TOEFL ကို global Acceptance ပါတစ်ကမ္ဘာလုံးကလက်ခံပါတယ် IELTSမဖြေချင်ရင် TOEFL ဖြေလို့ရတယ် American English ပုံစံအနည်းငယ်ဆန်တယ်
🤗လူတွေက TOEFL လို့ကြားလိုက်တာနဲ့ အမေရိကန်တစ်နိုင်ငံကပဲလက်ခံတယ်ထင်ကြတယ် အမေရိကန်သွားဖို့မှပဲ TOEFLလုပ်ကြတယ် များသောအားဖြင့် IELTSပဲလုပ်ကြတာများတယ် တစ်ကယ်တော့ ကျွန်မတို့တွေမှာ choiceရှိပါတယ် IELTSကိုစလေ့လာကြပေမဲ့ ပျင်းသွားကြပြီး လက်လျှော့လိုက်ကြတာတွေရှိတယ် အဲ့အစားTOEFL လေ့လာကြည့်ပေါ့ (2ခုလုံးကတော့ လွယ်မနေဘူးပေါ့ ဒါပေမဲ့လဲရွေးလို့ရတာပေါ့🙄)
TOEFL English Testကိုလက်ခံတဲ့နိုင်ငံတွေကတော့
👇🏻👇🏻👇🏻
*USA 🇺🇸UK 🇬🇧Canada 🇨🇦Australia 🇦🇺New Zealand 🇳🇿Ireland 🇮🇪
Europeဘက်မှာဆိုရင်
🇪🇺 *Germany 🇩🇪France 🇫🇷 Netherlands🇳🇱 Sweden 🇸🇪 Spain 🇪🇸 Denmark 🇩🇰Finland🇫🇮 Poland 🇵🇱 Italy🇮🇹etc… Europeကနိုင်ငံအချို့လဲလက်ခံပါသေးတယ်
Asia မှာဆိုရင် 🌏
Japan🇯🇵 South Korea 🇰🇷 Singapore 🇸🇬 China🇨🇳 Malaysia 🇲🇾 Philippines 🇵🇭 Vietnam 🇻🇳 UAE 🇦🇪 Saudi Arabia 🇸🇦 Qutar ..etc တစ်ချို့Asiaနိုင်ငံအသေးလေးတွေလဲလက်ခံပါတယ်
Other Regions တွေထဲမှာက
👇🏻👇🏻👇🏻
South America မှာဆိုရင် ( Brazil 🇧🇷 , Argentina 🇦🇷 , Chile 🇨🇱 , Colombia 🇨🇴 ,etc)
Africa မှာဆိုရင် (South Africa, Nigeria 🇳🇬 , Egypt 🇪🇬 , & Kenya 🇰🇪 )
ကြည့်လိုက် နိုင်ငံအများကြီးပဲလက်ခံတာ
Accepted Rate ကတော့လက်ခံတဲ့ institutions /Universities တွေအလိုက်ကွာခြားပါတယ် ဒါတွေကတော့ကျောင်းတွေနဲ့ပဲဆိုင်တာမို့ ကိုယ်တက်ချင်တဲ့ကျောင်းကိုစုံစမ်းကြည့်လို့ရပါတယ်
TOEFLနဲ့လဲ scholar လျှောက်လို့ရပါတယ်
🤗ပြောရရင် TOEFL iBT exam ကို 2026ကစပြီး ပုံစံအသစ်ဖြေရပါတော့မယ်… Speaking က အရင်လိုသိပ်Speaking မဆန်ပဲ Listening ပိုဆန်သွားစေတယ် ကိုယ်က Listening skill ကောင်းရင် မေးခွန်း NO.1ကအမှတ်ပြည့်ပဲ ဘာလို့ဆို Listen & Repeatပုံစံပြောင်းသွားပြီ သူကစာကြောင်း1ကြောင်းကို 3second ကနေ 5second အတွင်းပြောမယ် ကိုယ်က Preparationအချိန်မရတော့ဘူးအရင်လို ဒါပေမဲ့ သူပြောပြီးတာနဲ့တန်းပြောရုံပဲ 10 secondအချိန်ရမယ် … Listening skill ကောင်းရင်အသာလေးပဲ
(ကျွန်မ versionအသစ်ကိုစမ်းကြည့်တာ သူပြောပြီးတာနဲ့တန်းပြောကြည့်တာ ကွက်တိပဲ🙄)
Simple ပဲ စာရှည်သွားပြီ
ကိုယ့်အနေနဲ့ပြောရရင် ပိုလွယ်သွားတယ်ပေါ့ ဒါပေမဲ့ပိုကြပ်တာတွေလဲရှိမှာပေါ့လေ ဥပမာ writing ✍️
Pros & Consတွေရှိတယ် For example: Academic Question တွေမပါတော့ဘူးအရင်VersionလိုQ3 &Q4 လိုမျိုး ဒါပေမဲ့ ဒါကPros , Cons ကချက်ချင်းလက်တန်းပြောရမယ် Preparation Timeမရှိတော့ဘူး🥹
……
Speaking Update ပုံစံအသစ်ပြောင်းသွားတာကို videoလုပ်ပြီးပဲတင်ပေးရမလား စာနဲ့ရေးရင်အရမ်းရှည်ပြီးပြောရခက်တယ် စာကတော့ဒီလောက်ပါပဲ
2026မှာ Englishစာကို fluent ဖြစ်အောင်လေ့ကျင့်ကြရအောင်နော်💕