StarLight Astrology Research and Consulting

StarLight Astrology Research and Consulting နက္ခတ်ဗေဒင်ပညာတွေနဲ့ သင့်အနာဂတ်ကိုကြိုတင်သိနိုင်ဖို့ StarLight Astrology Group မှ ကူညီပါရစေ။

Starlight Astrology Group သည် မြန်မာနိုင်ငံ၏ အကြီးဆုံး Online နက္ခတ်ဗေဒင် အကြံပေး ၀န်ဆောင်မှုများ ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
Starlight Astrology Group သည် နည်းပညာများတိုးတက်ပြောင်းလဲလာ သောခေတ်တွင် နက္ခတ်​ဗေဒင်အကြံပေး ဝန်ဆောင်မှု များကို Website နှင့် Mobile Application မှတစ်ဆင့် လွယ်ကူ လုံခြုံ စိတ်ချစွာ မေးမြန်းနိုင်ရန် စီစဉ်ထားပါသည်။
မိတ်ဆွေတို့ရဲ့ ဇာတာကို အတွေ့အကြုံရင့် ပညာရှင်များက စုပေါင်းသုံးသပ် အဖြေထုတ်ပေးသော စနစ်ကို အသုံးပြုပေးသွားမှာ ဖြစ်ပါသည်။
နက္ခတ်ဗေဒင်မေးသူများ၏ ကိုယ်ရေးအချက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှဝေမှာမဟုတ်ဘဲ အခြားသို့မပြန့်ပွားစေရန် အထူး လုံခြုံသောစနစ် ထားရှိ၍ ထိန်းသိမ်းပေးထားသောကြောင့် မိတ်ဆွေတို့၏ လျှို့၀ှက်သော ကိုယ်ရေးကိုယ်တာ ကိစ္စများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

StarLight Astrology Group သည် မိတ်ဆွေတို့ ကြုံတွေ့ရနိုင်တဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့ အရေးကိစ္စတွေအတွက် မမျှော်လင့်နိုင်တဲ့ စိန်ခေါ်မှုများကို နက္ခတ်ဗေဒင် ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။
ဘ၀အောင်မြင်မှု ရရှိရေး အတွက် မိတ်ဆွေတို့ရဲ့ ပညာရေးကဏ္ဍများ၊ အလုပ်အကိုင်ကဏ္ဍများ၊ အရောင်းအ၀ယ် ကဏ္ဍများနဲ့ ရင်းနှီးမြှုပ်နှံမှုများကို နက္ခတ်ဗေဒင်ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုများပေးသွားမှာဖြစ်ပါသည်။
အလှူမင်္ဂလာပွဲများ၊ အဆောက်အဦပန္နက်တင် မင်္ဂလာများ၊ အိမ်တက်မင်္ဂလာများ၊ စေ့စပ်၊ ထိမ်းမြားခြင်း မင်္ဂလာများနဲ့ ရင်သွေးရတနာကို ခွဲစိပ်မွေးဖွားရန် ရက်မြတ်နှင့် အချိန်ကောင်း ရွေးချယ်ခြင်း အစရှိတဲ့ ကိစ္စရပ်များကို စကြဝဠာ၏ သဘာဝ စည်းချက်များနှင့် ကိုက်ညီ မွန်မြတ်သော အချိန်ကောင်း အခါမှန်တွေကို ရွေးချယ် အကြံပေးဝန်ဆောင်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။

03/11/2026

❣️💯🍀
Do you like this?
..

02/26/2026

သင့်အိပ်မက်တွေက

“ #ယနေ့ကျွန်ုပ်တွေ့ရှိလိုက်ရသောနက္ခတ္တဗေဒပညာ” 🌌✨💢ကျွန်တော်တို့ အများစုက "ဗေဒင်" လို့ ပြောလိုက်တာနဲ့ ရှေ့ဖြစ်ဟောခြင်း (Pr...
02/12/2026

“ #ယနေ့ကျွန်ုပ်တွေ့ရှိလိုက်ရသောနက္ခတ္တဗေဒပညာ” 🌌✨

💢ကျွန်တော်တို့ အများစုက "ဗေဒင်" လို့ ပြောလိုက်တာနဲ့ ရှေ့ဖြစ်ဟောခြင်း (Prediction)၊
💢ယတြာချေခြင်း ဆိုတဲ့ အပေါ်ယံ သဘောတရားတွေကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။
💢 ဒါပေမဲ့ ဒီနေ့မှာတော့ နက္ခတ္တဗေဒပညာရပ်ရဲ့ အနှစ်သာရ အစစ်အမှန် (True Essence) ကို အတွင်း ကျကျ ထိုးဖောက်မြင်တွေ့ခွင့် ရခဲ့ပါတယ်။

💠တကယ်တော့ ဗေဒင်ဆိုတာ ဟောကိန်းထုတ်ရုံ သက်သက်မဟုတ်ဘဲ " #သဘာဝ + #ဓမ္မ + #ဝေဒ" ဆိုတဲ့ မဏ္ဍိုင်ကြီး (၃) ရပ် ပေါင်းစပ်ထားတဲ့ “ဘဝအလင်းပြ ပညာရပ်” (The Science of Light & Life) တစ်ခု ဖြစ်နေတာကို သတိပြုမိ လိုက်ပါတယ်။

💢ဒီအလွှာ (၃) ခုကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် -

💠၁။ သဘာဝ (Nature / Cosmic Energy) ဒါဟာ ပညာရပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ (Hardware) ပါ။🪐

💢ဂြိုဟ်တွေဆိုတာ ကောင်းကင်ပေါ်က နတ်ဘုရားတွေ သက်သက်မဟုတ်ဘဲ စကြာဝဠာရဲ့ စွမ်းအင်ထုတ်လွှတ်စက် (Energy Transmitters) တွေ ဖြစ်ပါတယ်။

♦️ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီး ၄ ပါးနဲ့ သဘာဝ နိယာမ (Natural Laws) တွေက လူသားတွေရဲ့ ဘဝအပေါ် ဘယ်လို အချိုးကျ သက်ရောက်နေသလဲ ဆိုတာကို လေ့လာခြင်း ဖြစ်ပါတယ်။

💠၂။ ဓမ္မ (Dhamma / Karmic Law) ⚖️

💢ဒါကတော့ ပညာရပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ (Software) ပါ။
♦️ဗေဒင်ရဲ့ အသက်ဝိညာဉ်ဟာ “ကံ၊ ကံ၏ အကျိုး” (Cause and Effect) ပေါ်မှာ တည်ဆောက်ထားပါတယ်။ စနေဂြိုဟ်လို့ ဆိုလိုက်တာနဲ့ လောက လူတိုင်းနီးပါး အလွန်ကြောက်ရွံ့စရာဂြိုဟ်တလုံးဟု တွေးမြင်တတ်ကြပါတယ်။ တကယ်တော့ စနေဂြိုဟ်က ကြောက်စရာ မဟုတ်ပါဘူးနော်... 🪐

♦️ဥပမာ - စနေဂြိုဟ် (Saturn) ရဲ့ ဒဏ်ကို ခံစားနေရတယ်ဆိုတာ ဂြိုဟ်က ဒုက္ခပေးနေတာ မဟုတ်ပါဘူး။ အတိတ်က ပြုခဲ့တဲ့ အကြောင်းတရား (Karma) တွေကို အချိန်တန်လို့ "စာရင်းရှင်း" (Audit) နေခြင်းသာ ဖြစ်ပါတယ်။

♦️ဒါကြောင့် ဗေဒင်ဟာ "ယတြာချေပြီး ကံပြင်မယ်" ဆိုတာထက် "ကိုယ့်လုပ်ရပ် (ကံ) ကို ကိုယ်တာဝန်ယူပြီး ပြုပြင် ပြောင်းလဲ ခြင်း" (Responsibility) ကို ဦးစားပေးတဲ့ ဓမ္မဒဿန တစ်ခုပါ။

💠သဘာဝရာသီစက် ကာလချက္ကရ ရာသီခွင်မှာ ကမ္မဘာဝနဲ့ လာဘဘာဝတို့ရဲ့ ရာသီသခင်ဟာ လူတိုင်းလိုလို ကြောက်ရွံ့ကြတဲ့ စနေဂြိုဟ် ဖြစ်နေတာကို သတိချပ်မိ စေချင်ပါတယ်။

♦️စနေဂြိုဟ်သာ တကယ့်ဂြိုဟ်ဆိုးတလုံးဖြစ်ခဲ့ရင် သူဋ္ဌေးသူကြွယ် ဆိုတာ တွေ ရှိလာမှာ မဟုတ်သလို အောင်မြင်ကျော်ကြား သူတွေလည်း ဖြစ်လာစရာ ရှိမှာ မဟုတ်တော့ပါ ဟု သတိချပ် ဆင်ခြင်သင့်ပါတယ်။...

💠၃။ ဝေဒ (Veda / Wisdom) 👁

♦️ဒါကတော့ ပညာရပ်ရဲ့ အသိဉာဏ်ပိုင်း (Interface) ပါ။

💢"ဗေဒင်" ဆိုတဲ့ စကားလုံးက "Veda" (ဝေဒ) က လာတာဖြစ်ပြီး "သိခြင်း" (To Know) လို့ အဓိပ္ပာယ်ရပါတယ်။

💢သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကံတရားရဲ့ လည်ပတ်ပုံကို ပညာမျက်စိ (The Eye of Wisdom) နဲ့ ကြည့်ရှုခြင်း ဖြစ်ပါတယ်။

💢EPS လို၊ KP လို စနစ်တွေဆိုတာ ဒီပညာကို စနစ်တကျ တွက်ချက်ထားတဲ့ ယုတ္တိဗေဒ (Systemic Logic) တွေပါ။

💡 ကျွန်ုပ် နားလည်လိုက်တဲ့ "ဗေဒင်" ဆိုတာ -
"သဘာဝတရား (Planets) ၏ စွမ်းအင်စီးဆင်းပုံကို အခြေခံပြီး ...

☸️ဓမ္မ (Karma) ၏ အကြောင်းအကျိုး ဆက်နွယ်မှုကို
ဝေဒ (Wisdom) ဟူသော ပညာမျက်စိဖြင့် သုံးသပ်ကာ ဘဝကို လမ်းမှန်တည့်မတ်ပေးသော ပညာရပ်" သာ ဖြစ်ပါတယ်ဟု ကောက်ချက်ချ သုံးသပ်ဆင်ခြင်မိပါသည်။

💠လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ (Saturn's Tests) ဆိုတာ ဒုက္ခတွေ မဟုတ်ဘဲ ကိုယ့်ဘဝကို ပိုမိုခိုင်မာအောင် တည်ဆောက်ပေးနေတဲ့ "Qualification Tests" (အရည်အချင်းစစ် စာမေးပွဲများ) သာ ဖြစ်ကြောင်း သဘောပေါက် လက်ခံနိုင်ကြပါစေ။

February 11, 2026, Wed-22:22:22 p.m

StarLight Astrology Research and Consulting
#ကိုလတ်( #မွန်းတည့်မျဉ်း)







02/09/2026

Fans

02/08/2026

#ဘဝခရီးလမ်းစကားပြန် 🌍✨

✈️ ခရီးသွား "လမ်းပြ" ကောင်းမှ ခရီးလမ်းချောမွေ့သလို၊ 🌟 ကံဇာတာ "စကားပြန်" ကောင်းမှ ဘဝအမောပြေမှာပါ✅💯💯💯

💁‍♂️💁ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ...

💢မိမိမကျွမ်းကျင်တဲ့ တိုင်းပြည်တစ်ခုကို ခြေချတဲ့အခါ ဘာသာစကားအခက်အခဲမရှိရအောင်၊ လိုရာခရီးကို စိတ်အေးချမ်းသာစွာ သွားလာနိုင်အောင် ကျွမ်းကျင်တဲ့ "စကားပြန် (Guide)" တစ်ယောက်ကို အားကိုးငှားရမ်းတတ်ကြတယ် မဟုတ်လား။

💢 ဒါမှလည်း စိတ်သွားတိုင်းကိုယ်ပါ ခရီးလမ်းသာယာမှာလေ။ 🗺🗣

💠ထို့အတူပါပဲ...

💢ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ "ဘဝ" ဆိုတဲ့ ခရီးရှည်ကြီးမှာလည်း ရှေ့ဆက်ကြုံရမယ့် ကံဇာတာ အနိမ့်အမြင့် သဘောတရားတွေကို ကြိုတင်မသိနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ နားမလည်တဲ့ "နိုင်ငံခြားဘာသာစကား" တစ်ခုလိုပါပဲ။ 🤷‍♂️

💢ဒီအချိန်မှာ ကောင်းကင်ဂြိုဟ်တွေရဲ့ လှုပ်ရှားမှု၊ ဇာတာရှင်နဲ့ ဂြိုဟ်နက္ခတ်တွေကြားက ဆက်နွယ်မှု "ဘာသာစကား" ကို ကျွမ်းကျင်စွာ ဖတ်ကြားပေးနိုင်မယ့် ပညာရှင်တစ်ယောက်သာ ဘေးနားမှာ ရှိနေမယ်ဆိုရင်...
မိတ်ဆွေရဲ့ ဘဝခရီးလမ်းဟာ ဘယ်လောက်တောင် စိတ်အေးချမ်းစရာ ကောင်းလိုက်မလဲ။ 😌✨

💠ဒါကြောင့်...

💢ကောင်းကင်ဂြိုဟ်နက္ခတ် ဘာသာစကားမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ကျွန်တော်တို့ Starlight Astrology က မိတ်ဆွေတို့ရဲ့ ဘဝခရီးလမ်း လိုအပ်ချက်တွေကို အကောင်းဆုံး "စကားပြန်" တစ်ယောက်သဖွယ် ကူညီလမ်းပြပေးပါရစေ။

🔭 သင်မမြင်နိုင်တဲ့ အနာဂတ်လမ်းခရီးကို Starlight Astrology နဲ့အတူ ယုံကြည်မှုရှိရှိ လျှောက်လှမ်းလိုက်ပါ။
အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက -

📨 Chat Box (သို့မဟုတ်)
Viber-Telegram-📞 ဖုန်း - 09-777577779, 09-789651459 သို့ ဆက်သွယ်နိုင်ပါသည်။

StarLight Astrology Research and Consulting
( )





02/07/2026

☸️ " #မွန်းတည့်မျဉ်းဆိုသည်မှာ" ☸️

🙆‍♀️ သင့်ရဲ့ ဦးခေါင်းထိပ် တည့်တည့် အမြင့်ဆုံးနေရာဖြစ်တဲ့ (Vertex/Zenith) ဆိုတဲ့ နေရာကနေ ကောင်းကင်ယံ အထက်ဆီသို့ မျဉ်းမတ်တစ်ကြောင်း စိတ်ကူးဖြင့် ဖြောင့်ဖြောင့်တန်းတန်း ဆွဲသားလိုက်ပါ။ 📏✅💯

💢 ထိုမျဉ်းမတ်သည် ကောင်းကင်၏ အမြင့်ဆုံးအမှတ် တစ်နေရာတွင် မြောက်မှ တောင်သို့ သွယ်တန်းနေသော မျဉ်းတစ်ကြောင်းနှင့် ဖြတ်သန်းဆုံတွေ့သွားပါလိမ့်မည်။

💢 ကောင်းကင်ရှိ ဂြိုဟ်၊ နက္ခတ်၊ တာရာတို့သည် လည်ပတ်သွားလာကြရင်း ထိုဆုံမှတ်နေရာသို့ ရောက်ရှိဖြတ်သန်းသွားခြင်းကို "မွန်းတည့်ခြင်း" (Culmination) ဟု ခေါ်ဆိုပြီး၊ ထိုသို့ မွန်းတည့်ရာ အမှတ်အသား လမ်းကြောင်းကို မြန်မာမှုဝေါဟာရအားဖြင့် #မွန်းတည့်မျဉ်း ဟု အမည်သမုတ်ကြပါသည်။

💢 တနည်းအားဖြင့် ကောင်းကင်အမြင့်ဆုံး တ‌နေရာဖြစ်သည့် ဤမွန်းတည့်မျဉ်းပေါ်သို့ -
💠 ဂြိုဟ်တို့ သည်လည်းကောင်း၊
💠 နက္ခတ်တို့ သည်လည်းကောင်း၊
💠 တာရာတို့ သည်လည်းကောင်း
ရောက်ရှိဖြတ်သန်းသွားလာကြစဉ် လူသားတို့ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို အထူးသက်ရောက် ဖန်တီးပုံဖော်ပေးပါသည်ဟု နက္ခတ္တဗေဒကျမ်းအသီးသီးက ဆိုကြပေ၏။

💠 လွယ်လွယ်မြင်အောင် ဥပမာပေးရလျှင် -
💎 ဓနသိဒ္ဓိနက္ခတ်နှင့် စန်း(လ) ယှဉ်ချိန်မှာ ဝေဒဗ္ဗမန္တန် ရွတ်ဖတ်ခြင်းဖြင့် ရတနာ ရွှေမိုး၊ ငွေမိုးရွာသကဲ့သို့ စည်းစိမ်ချမ်းသာကို ပေးစွမ်းနိုင်သည်။

💎 ထို့အတူ ဓနသိဒ္ဓိနက္ခတ် #မွန်းတည့်မျဉ်းပေါ်ဖြတ်သန်းချိန် တွင် ဝေဒဗ္ဗမန္တန် ရွတ်ဖတ်ခြင်းဖြင့်လည်း ရတနာ ရွှေမိုး၊ ငွေမိုးရွာသကဲ့သို့ စည်းစိမ်ချမ်းသာကို ပေးစွမ်းနိုင်ပေသည်။

💢 ဆိုတော့... ကျွန်တော်သည်ကား ထိုမွန်းတည့်မျဉ်း အမှတ်အသားသဖွယ်ပင်။ သူ့အပေါ် ဖြတ်သန်းသွားလာနေကြတဲ့ အသီးသီးသော ဂြိုဟ်များ၊ နက္ခတ်များနှင့် တာရာတို့ရဲ့ ပွတ်တိုက်မှု၊ ပဲ့တင်ထပ်မှုကြောင့် ဖြစ်ပေါ်လာမည့် လူသားတစ်ဦးတစ်ယောက်ချင်းစီ၏ ကံဇာတာ အနိမ့်အမြင့် သဘောတရားတို့ကို စဉ်ဆက်မပြတ် သုတေသနပြုခြင်း၊ မှတ်တမ်းတင် သိမ်းဆည်းခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

💢 ထို့ကြောင့် "မွန်းတည့်မျဉ်း" ဆိုသော ဗျုပ္ပတ်ကိုယူ၍ အမည်နာမအားဖြင့် "ကိုလတ် မွန်းတည့်မျဉ်း" ဟု ခံယူအသုံးပြုထားခြင်း ဖြစ်ပါသည်။

#သုတေသနတည်းဟူသောရွှေသော့ဖြင့်ဒဿနဉာဏ်အလင်းတံခါးကိုပွင့်စေခဲ့ပြီဟုအားပါးတရ
#ဥဒါန်းကျူးလိုက်ရပါတော့သည်။

StarLight Astrology Research and Consulting
#ကိုလတ်( #မွန်းတည့်မျဉ်)





#မွန်းတည့်မျဉ်း
#ဗေဒင်
#နက္ခတ်ဗေဒ
#သုတေသန


02/07/2026

☸️ " #မွန်းတည့်မျဉ်းဆိုသည်မှာ" ☸️

🙆‍♀️ သင့်ရဲ့ ဦးခေါင်းထိပ် တည့်တည့် အမြင့်ဆုံးနေရာဖြစ်တဲ့ (Vertex/Zenith) ဆိုတဲ့ နေရာကနေ ကောင်းကင်ယံ အထက်ဆီသို့ မျဉ်းမတ်တစ်ကြောင်း စိတ်ကူးဖြင့် ဖြောင့်ဖြောင့်တန်းတန်း ဆွဲသားလိုက်ပါ။ 📏✅💯

💢 ထိုမျဉ်းမတ်သည် ကောင်းကင်၏ အမြင့်ဆုံးအမှတ် တစ်နေရာတွင် မြောက်မှ တောင်သို့ သွယ်တန်းနေသော မျဉ်းတစ်ကြောင်းနှင့် ဖြတ်သန်းဆုံတွေ့သွားပါလိမ့်မည်။

💢 ကောင်းကင်ရှိ ဂြိုဟ်၊ နက္ခတ်၊ တာရာတို့သည် လည်ပတ်သွားလာကြရင်း ထိုဆုံမှတ်နေရာသို့ ရောက်ရှိဖြတ်သန်းသွားခြင်းကို "မွန်းတည့်ခြင်း" (Culmination) ဟု ခေါ်ဆိုပြီး၊ ထိုသို့ မွန်းတည့်ရာ အမှတ်အသား လမ်းကြောင်းကို မြန်မာမှုဝေါဟာရအားဖြင့် #မွန်းတည့်မျဉ်း ဟု အမည်သမုတ်ကြပါသည်။

💢 တနည်းအားဖြင့် ကောင်းကင်အမြင့်ဆုံး တ‌နေရာဖြစ်သည့် ဤမွန်းတည့်မျဉ်းပေါ်သို့ -
💠 ဂြိုဟ်တို့ သည်လည်းကောင်း၊
💠 နက္ခတ်တို့ သည်လည်းကောင်း၊
💠 တာရာတို့ သည်လည်းကောင်း
ရောက်ရှိဖြတ်သန်းသွားလာကြစဉ် လူသားတို့ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို အထူးသက်ရောက် ဖန်တီးပုံဖော်ပေးပါသည်ဟု နက္ခတ္တဗေဒကျမ်းအသီးသီးက ဆိုကြပေ၏။

💠 လွယ်လွယ်မြင်အောင် ဥပမာပေးရလျှင် -
💎 ဓနသိဒ္ဓိနက္ခတ်နှင့် စန်း(လ) ယှဉ်ချိန်မှာ ဝေဒဗ္ဗမန္တန် ရွတ်ဖတ်ခြင်းဖြင့် ရတနာ ရွှေမိုး၊ ငွေမိုးရွာသကဲ့သို့ စည်းစိမ်ချမ်းသာကို ပေးစွမ်းနိုင်သည်။

💎 ထို့အတူ ဓနသိဒ္ဓိနက္ခတ် #မွန်းတည့်မျဉ်းပေါ်ဖြတ်သန်းချိန် တွင် ဝေဒဗ္ဗမန္တန် ရွတ်ဖတ်ခြင်းဖြင့်လည်း ရတနာ ရွှေမိုး၊ ငွေမိုးရွာသကဲ့သို့ စည်းစိမ်ချမ်းသာကို ပေးစွမ်းနိုင်ပေသည်။

💢 ဆိုတော့... ကျွန်တော်သည်ကား ထိုမွန်းတည့်မျဉ်း အမှတ်အသားသဖွယ်ပင်။ သူ့အပေါ် ဖြတ်သန်းသွားလာနေကြတဲ့ အသီးသီးသော ဂြိုဟ်များ၊ နက္ခတ်များနှင့် တာရာတို့ရဲ့ ပွတ်တိုက်မှု၊ ပဲ့တင်ထပ်မှုကြောင့် ဖြစ်ပေါ်လာမည့် လူသားတစ်ဦးတစ်ယောက်ချင်းစီ၏ ကံဇာတာ အနိမ့်အမြင့် သဘောတရားတို့ကို စဉ်ဆက်မပြတ် သုတေသနပြုခြင်း၊ မှတ်တမ်းတင် သိမ်းဆည်းခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

💢 ထို့ကြောင့် "မွန်းတည့်မျဉ်း" ဆိုသော ဗျုပ္ပတ်ကိုယူ၍ အမည်နာမအားဖြင့် "ကိုလတ် မွန်းတည့်မျဉ်း" ဟု ခံယူအသုံးပြုထားခြင်း ဖြစ်ပါသည်။

#သုတေသနတည်းဟူသောရွှေသော့ဖြင့်ဒဿနဉာဏ်အလင်းတံခါးကိုပွင့်စေခဲ့ပြီဟုအားပါးတရ
#ဥဒါန်းကျူးလိုက်ရပါတော့သည်။

#ကိုလတ်( #မွန်းတည့်မျဉ်)





#မွန်းတည့်မျဉ်း
#ဗေဒင်
#နက္ခတ်ဗေဒ
#သုတေသန


💰 “ #အိမ်ထောင်ကျပြီးနောက်နေ့စဉ်မပြတ်ဝင်ငွေသိန်းရာချီဝင်နေသည့်ဇာတာ”...☸️လွန်ခဲ့သည့် နှစ်ပေါင်း (၃)ကျိပ်ခန့်မှစ၍ ဤဇာတာရှင်...
02/05/2026

💰 “ #အိမ်ထောင်ကျပြီးနောက်နေ့စဉ်မပြတ်ဝင်ငွေသိန်းရာချီဝင်နေသည့်ဇာတာ”...

☸️လွန်ခဲ့သည့် နှစ်ပေါင်း (၃)ကျိပ်ခန့်မှစ၍ ဤဇာတာရှင်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သလို ဇာတာကိုလည်း သိမ်းဆည်း လေ့လာခွင့်ရရှိခဲ့ပါသည်။
💠ဇာတာမှာ အလွန်ထူးခြားသည့် ဂြိုဟ်တွေရဲ့ ဖွဲ့တည်မှုရှိနေသည်မှာ ထင်ရှား လှပါသည်။ ✨

🔮 Vedic Astrology Vs KP Astrology

ဤဇာတာကို လေ့လာပါက ဟိန္ဒူနက္ခတ္တပညာရှင်နှင့် KP နက္ခတ္တပညာရှင်တို့ သေချာကြည့်ရှုလျင် ဤဇာတာရှင်အား “ဓနစည်းစိမ် ဥစ္စာကြွယ်ဝမှု” ရရှိစေတဲ့ Fate & Destiny ကို လွယ်လင့်တကူ တွေ့မြင်ရပေမည်။

🕉 #ဟိန္ဒူနက္ခတ္တဗေဒင်စနစ်

💥လဂ်နှင့်စန်း တို့ရဲ့ သခင်ဖြစ်သည့် တနင်္ဂနွေဂြိုဟ်သည် မိဿရာသီတွင် ဉုစ်မူလျက် ၎င်းတနင်္ဂနွေဂြိုဟ်မှ ရှေ့ (၂) တန့်မြောက်ဘာဝတွင် သောမဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်နှင့် ၎င်းတနင်္ဂနွေဂြိုဟ်မှ နောက်(၁၂) တန့်မြောက် ဘာဝ တွင် သောမဂြိုဟ် သောကြာ(ဉုစ်- ၃၊ ၁၀ တန့်)သခင်၊ သောမဂြိုဟ်(ကသစ်) ကြာသပတေး( ၅၊ ၈) တန့် သခင်တို့ ညှပ်ပိတ်လျက် တည်ရှိနေတာကိုတွေ့ရပါမည်။

💢ဒီလိုမျိုး အားကောင်းတဲ့ တနင်္ဂနွေဂြိုဟ်ကို ဘေးတစ်ဖက်တစ်ချက်စီမှာ သဘာဝ သောမဂြိုဟ်တွေဖြစ်တဲ့ (ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေး) တို့က ညှပ်ပြီး ရပ်တည်နေတာကြောင့် အဆင့်မြင့်မားတဲ့ " #သောမကတ္တရီယုဂ်" အဖြစ် ခိုင်ခိုင်မာမာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ☀️🛡

📖 #ယုဂ်ရဲ့အဓိပ္ပာယ်

💢"သောမ" (Subha) ဆိုတာ "ကောင်းမွန်သော/မင်္ဂလာရှိသော" လို့ အဓိပ္ပာယ်ရပြီး၊ "ကတ္တရီ" (Kartari) ဆိုတာက "ကတ်ကြေး (သို့မဟုတ်) ညှပ်ထားခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။

🛡 #အကာအကွယ်ရရှိခြင်း

💢အဖိုးတန်ရတနာတစ်ခုကို ဘေးကနေ သက်တော် စောင့်တွေ ဝန်းရံထားသလိုမျိုး၊ ဇာတာရှင်ရဲ့ ဘဝ၊ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ဥစ္စာတွေကို ပျက်စီးမသွားအောင် သောမဂြိုဟ်တွေက ကာကွယ်ပေးထားပါတယ်။

🚀 လွယ်ကူချောမွေ့ခြင်း: ယုဂ်ပိုင်ရှင်တွေဟာ ဘဝမှာ အခက်အခဲကြီးကြီးမားမား မကြုံရဘဲ၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အလွယ်တကူ လှမ်းကိုင်နိုင်တတ်ပါတယ်။

👑 #စွမ်းအားကိုမြှင့်တင်ပေးခြင်း

💢အလယ်မှာရှိတဲ့ တနင်္ဂနွေ (အာဏာ၊ ဘုန်းတန်ခိုး) ရဲ့ စွမ်းရည်ကို ဘေးကဂြိုဟ်တွေက ပိုတောက်ပအောင် ပံ့ပိုးပေးတဲ့အတွက် ဇာတာရှင်ဟာ သာမန်ထက်ထူးကဲတဲ့ ခေါင်းဆောင်မှုနဲ့ ကြွယ်ဝချမ်းသာမှုကို ရရှိစေပါတယ်။

💠အတိုချုပ်ပြောရရင်တော့ - "ဘေးအန္တရာယ်ကင်းကင်းနဲ့ အမြင့်ဆုံးကို တက်လှမ်းနိုင်မယ့် #ရွှေလှေကား" တစ်စင်း ပါလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ 🪜✨

🔢 ္ခတ္တဗေဒင်စနစ်

📜 #ဂန္ထဝင်စကား
Original: "Any planet in the constellation of lord of 6 occupying the 8th house or in the constellation of lord of 8 occupying the 6th house will invariably bring luck without any strain. This is my research finding that never fails." (Reader-5/Page-260).

💢၈ တန့်တွင် ရပ်တည်နေသော ၆ တန့်သခင်ပိုင် နက္ခတ်တွင်တည်နေသည့် မည်သည့်ဂြိုဟ်မဆို (သို့မဟုတ်) ၆ တန့်တွင် ရပ်တည်နေသော ၈ တန့် သခင်ပိုင် နက္ခတ်တွင်တည်နေသည့် မည်သည့်ဂြိုဟ်မဆို ကြီးကြီး မားမား ပင်ပန်းအားထုတ်စရာမလိုဘဲ ကံကောင်းခြင်းများကို မလွဲမသွေ ယူဆောင်ပေးလာပါလိမ့်မည်။

👉(ဒါကတော့ ဘယ်တော့မှ မလွဲတဲ့ ကျွန်ုပ်ရဲ့ သုတေသန တွေ့ရှိချက် ဖြစ်ပါတယ်) ဟု KP Astrology စနစ်ကို ဖော်ထုတ်ခဲ့ သည့် ဆရာကြီး ခရစ်ရှနားမူတီးက (ကေပီ ဖတ်စာ ၅ - စာမျက်နှာ ၂၆၀) မှာ ရဲရဲဝံ့ဝံ့ပြောကြားခဲ့သည့် ဂန္ထဝင် စကားတရပ်ပင်ဖြစ်ပါသည်။

🌊 #ဆည်ရေသောက်ဥပမာ

🔹 (၁) #အစဉ်မပြတ်ဆည်ရေသောက်ဧရိယာဖြစ်နေခြင်း
🔹သာမန်လယ်ကွက်တွေက မိုးလေဝသကို မျှော်ကိုးပြီး စိုက်ပျိုးရပေမယ့်၊ ဒီဇာတာရှင်ရဲ့ ဘဝကတော့ " #ဆည်ရေသောက်ဧရိယာ" ထဲမှာ ရှိနေတဲ့ မြေယာနဲ့ တူပါတယ်။

🔹သောမကတ္တရီယုဂ်ရဲ့ အာနိသင်ကြောင့် မိုးခေါင်ခေါင်၊ ရွာရွာ ပူစရာမလိုဘဲ အချိန်မရွေး ရေရရှိနေသလိုမျိုး၊ ဘဝမှာ ငွေကြေးနဲ့ အခွင့်အလမ်းဆိုတာ ပြတ်လပ်သွားခြင်းမရှိဘဲ အစဉ်မပြတ် စီးဆင်းနေမှာ ဖြစ်ပါတယ်။

🔹 (၂) #အထက်ဆည်ရဲ့ရေလှောင်နိုင်စွမ်းပမာဏကြီးမားခြင်း

🔹ဒီဇာတာမှာ ပါတဲ့ ယုဂ်က ရွာထိပ်က ရေကန်အသေးစားလေး မဟုတ်ပါဘူး။ ဧရာမ ဆည်ကြီးတစ်ခုလိုပါပဲ။ ဝန်းရံထားတဲ့ ဂြိုဟ်တွေရဲ့ အားကောင်းမှုကြောင့် မိမိရရှိမယ့် စည်းစိမ်ဥစ္စာပမာဏဟာ သာမန်သူဌေးအဆင့် မဟုတ်ဘဲ မျိုးဆက်နဲ့ချီပြီး သုံးမကုန်နိုင်လောက်အောင် ကြီးမားတဲ့ "Billionaire" အဆင့် ရေလှောင်ပမာဏကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပါတယ်။

🔹 (၃) #ဆည်တမံကိုယ်တည်ဆောက်ပုံခိုင်ခံ့ခြင်း
🔹ရေတွေ ဘယ်လောက်များများ ဆည်က မခိုင်ရင် ကျိုးသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာက ယုဂ်ကို ဖြစ်ပေါ်စေတဲ့ အဓိကဇာတ်ကောင် "တနင်္ဂနွေဂြိုဟ်" ကိုယ်တိုင်က "ဥစ်" (Exalted) ရထားတဲ့အတွက် အမြင့်ဆုံးစွမ်းအား ရှိနေပါတယ်။ ဒါဟာ ဆည်ရဲ့ တာတမံကို အကောင်းဆုံး ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားသလိုမျိုး၊ ဇာတာရှင်ကိုယ်တိုင်ကလည်း ဒီစည်းစိမ်တွေကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်၊ ဦးဆောင်နိုင်တဲ့ ဘုန်းတန်ခိုး အပြည့်အဝ ရှိနေကြောင်း ပြသနေပါတယ်။ 🏗

🔹 (၄) #ရေဝေရေလဲဒေသကောင်းမွန်ခြင်း
🔹ဆည်ထဲကို ရေဖြည့်ပေးတဲ့ မြစ်ဖျားခံရာ (တနင်္ဂနွေရဲ့ ၁၂ တန့်) နေရာမှာ သောကြာဂြိုဟ် (ဥစ်) နဲ့ကြာသပ တေးဂြိုဟ် (ကသစ်/အားကြီး) တို့ ရပ်တည်နေပါတယ်။ ဒါဟာ ဆည်ထဲကို ရေဝင်ရောက်မှု ဘယ်တော့မှ မပြတ်တောက်စေဖို့ သဘာဝတရားက ဖန်တီးပေးထားသလိုပါပဲ။
🔹 ဓနဥစ္စာ (Venus) နဲ့ ကံတရား/ပညာ (Jupiter) တို့က နောက်ကွယ်ကနေ အဆက်မပြတ် ပံ့ပိုးပေးနေတဲ့အတွက် ဒီဆည်ဟာ ဘယ်တော့မှ ရေမခမ်းနိုင်ပါဘူး။ 🏔

☯️ Destiny & Fate

📌 Fate (အတိတ်ကံ) ဆိုတာကတော့ ဒီလို ခိုင်ခံ့ကြီးမားပြီး ရေအပြည့်ရှိတဲ့ "ဆည်ကြီးတစ်ခု" ကို ပိုင်ဆိုင်ပြီး မွေးဖွားလာခြင်းပါပဲ။ သူများတွေ ရေတစ်ခွက်ရဖို့ အဝေးကြီး သွားခပ်နေရချိန်မှာ၊ သူက အသင့်ဖွင့်ချလို့ရတဲ့ ရေတံခါးတွေနဲ့ ပြည့်စုံနေပါတယ်။

📌 Destiny (အနာဂတ်ကံ) ဆိုတာကတော့ ဒီရှိပြီးသား ရေတွေကို လယ်ယာစိုက်ပျိုးဖို့ သုံးမလား၊ အခြားမည်သို့သော ကိစ္စမဆို ဆောင်ရွက်ပေးမလား ဆိုတဲ့ စီမံခန့်ခွဲမှုပါပဲ။
📌ဒီဇာတာရှင်အဖို့ Fate က ပေးထားတဲ့ လက်နက်က ပြည့်စုံလွန်းနေပြီမို့၊ Destiny လမ်းကြောင်းမှာ ဘာပဲလုပ်လုပ် အလွယ်တကူနဲ့ ထိပ်ဆုံးကို ရောက်ရှိသွားမယ့် " #ကံကောင်းခြင်းလက်ဆောင်" ပင် ဖြစ်ပါတော့တယ်။ 🎁

🙏 #ကဲချစ်မိတ်ဆွေတို့ရေ... 📢

📌ဆည်ရေသောက်ဥပမာလိုပါပဲ ရေအတွက် ပူစရာမလိုသလို ငွေအတွက် ပူစရာမလိုတဲ့ ကံဇာတာမျိုး မိတ်ဆွေမှာ အိမ်ထောင်ကျပြီး နောက် စည်းစိမ်ချမ်းသာကြွယ်ဝကာ ဘီလျှံနာတဦး ဖြစ်ခွင့်ကံပါမပါ ကျွန်တော်တို့ရဲ့
StarLight Astrology Research and Consulting
မှာ ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ 🤝✨

( )





#ဗေဒင်

 #အာရောဂျံပရမံလာဘံ🌌  #အဆင့်မြင့်နက္ခတ္တဗေဒင်ရှုထောင့်မှအသက်ရှည်ခြင်း ( )  #ဆိုင်ရာလေ့လာချက် 📜🔸 အဆင့်မြင့် နက္ခတ္တဗေဒင်ပည...
02/04/2026

#အာရောဂျံပရမံလာဘံ

🌌 #အဆင့်မြင့်နက္ခတ္တဗေဒင်ရှုထောင့်မှအသက်ရှည်ခြင်း ( ) #ဆိုင်ရာလေ့လာချက် 📜

🔸 အဆင့်မြင့် နက္ခတ္တဗေဒင်ပညာရပ်များတွင် လူတစ်ဦးတစ်ယောက်၏ အသက်ရှည်ခြင်း (Longevity) နှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုးရှိကြပါသည်။ 📚

💥 တချို့သော ဗေဒင်ပညာ ရှင်များနှင့် Professional Software များသည် (၁-၅-၉-၁၀) တန့်ဘာဝ အတွဲသည် အသက်ရှည် ခြင်းကို ဖော်ပြသည်ဟု ဆိုကြသလို၊ တချို့ကလည်း (၃-၈-၁) ဘာဝအတွဲဟု သတ်မှတ်ကြပါသည်။

💻🤔 ကျွန်ုပ်၏ သုတေသနပြုချက်များအရမူ (၁-၃-၈) တန့်ဘာဝအတွဲကို Longevity Event အဖြစ် ယူဆခြင်းက ပိုမိုတိကျမှန်ကန်ကြောင်း တွေ့ရှိရပါသည်။ 🔍✅

🔸 ဒီအချက်ကို နားလည်ဖို့အတွက် လဂ် (၃) ပါး (စရ၊ ထိရ၊ ဒွေးဒေဟ) တို့၏ သဘာဝကို အရင်ကြည့်ရ အောင်ပါ။ 🧐

🔸 လဂ် (၃) ပါးစလုံးအတွက် အသက်ကို အန္တရာယ်ပေးတတ်သည့် မာရကဘာဝ များမှာ (၂) တန့်နှင့် (၇) တန့်ဘာဝများ ဖြစ်ကြသည်။ ⚠️💀 သို့သော် ဘာဓက (အနှောင့်အယှက်) ဘာဝ များကတော့ အောက်ပါအတိုင်း ကွဲပြားသွားပါသည်-
• ♈️ စရလဂ် အတွက် - ၁၁ တန့်ဘာဝ
• ♉️ ထိရလဂ် အတွက် - ၉ တန့်ဘာဝ
• ♊️ ဒွေးဒေဟလဂ် အတွက် - ၇ တန့်ဘာဝ (မာရက နှင့် ဘာဓက ထပ်တူကျသည်)

🔸 ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို လောကနိယာမ ရှုထောင့်မှ စိစစ်ကြည့်လျှင် အလွန်စိတ်ဝင်စားဖို့ ကောင်းပါ သည်။ 🌏 နေမင်းသည် အရှေ့အရပ်မှ ထွက်ပေါ်လာပြီး အနောက်အရပ်သို့ ဝင်ရောက်ချုပ်ငြိမ်းသွားရစမြဲ ဖြစ်ပါ သည်။ 🌅🌇

🔸 ထိုသဘောတရားအတိုင်းပင် ဗေဒင်ပညာမှာလည်း -
• မိမိ၏ မွေးဖွားခြင်း ဘဝအစ (Sunrise) ကို အရှေ့အရပ်မှ ထွက်ပေါ်လာသော လဂ် (၁) တန့်ဘာဝ အဖြစ် သတ်မှတ်ပြီး 👶✨

• ဘဝ၏ အဆုံးသတ် ချုပ်ကွယ်ခြင်း (Sunset)ကို အနောက်အရပ်ဖြစ်သော (၇) တန့်ဘာဝ အဖြစ် သတ်မှတ်ထားပါသည်။ 🔚🥀

🔸 ထို့ကြောင့် (၁) တန့်သည် ရှင်သန်ခြင်းကို ကိုယ်စားပြုနေချိန်တွင် ၎င်းနှင့် မျက်နှာချင်းဆိုင် (၇) တန့်သည် သေဆုံးခြင်းကို ကိုယ်စားပြုနေသည်မှာ အကြောင်းအကျိုး ခိုင်လုံလှပါသည်။ ⚖️

🌬 အသက်ရှုခြင်းဖြစ်စဉ် (Respiration Process) နှင့် ဘာဝဆက်စပ်မှု 🫁

🔹 လူသားတစ်ဦး မွေးဖွားသည်နှင့် တပြိုင်နက် စတင်ပြုလုပ်ရသော အလုပ်မှာ "အသက်ရှုခြင်း" ပင်ဖြစ် ပါသည်။ 👶💨 မွေးဖွားချိန်မှစ၍ သေဆုံးချိန်အထိ စက္ကန့်မလပ် လုပ်ဆောင်ရသော ဤအသက်ရှုခြင်း လုပ်ငန်းစဉ် သည် ရှင်သန်ခြင်းအတွက် အဓိက သော့ချက်ဖြစ်သည်။

🔹 နက္ခတ္တဗေဒင်ပညာအရ ဤဖြစ်စဉ်ကို အသေးစိတ် ခွဲခြားကြည့်လျှင် စိတ်ဝင်စားဖွယ် တွေ့ရှိ ရသည်။ (၂) တန့်ဘာဝ သည် မျက်နှာနှင့် နှာခေါင်းကို ကိုယ်စားပြုသောကြောင့် လေကို ရှူသွင်းခြင်း၊ ရှိုက်ထုတ်ခြင်း (Breathing Act) တို့၏ တံခါးပေါက်ဖြစ်သည်။ 👃🚪

သို့သော် အသက် ရှုခြင်းဖြစ်စဉ် တစ်ခုလုံး (Process) ပြီးပြည့်စုံ ဖို့အတွက် (၃) တန့်ဘာဝ ဖြစ်သော အဆုတ် (Lungs) ၏ လုပ်ဆောင်ချက်က အဓိကကျ နေပြန်သည်။ 🫁⚙️

🔹 စဉ်းစားကြည့်ပါ။ နှာသီးဖျား (၂-တန့်) မှ ရှူသွင်းလိုက်သော ဝင်လေသည် အဆုတ် (၃-တန့်) သို့ ရောက်ရှိပြီး မှသာ ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်ကို ရရှိသည်။ ထို့နောက် အဆုတ် (၃-တန့်) မှ ပြန်လည် တွန်းထုတ်လိုက်သော ထွက်လေသည် နှာသီးဖျား (၂-တန့်) ၌ပင် လာရောက် အဆုံးသတ်ရသည် မဟုတ်လား။ 🔄

🔹 ထို့ကြောင့် (၃) တန့်ဘာဝသည် (၂) တန့်ဘာဝနှင့် ပေါင်းစပ်ကာ ဇီဝကမ္မဖြစ်စဉ်ကို လည်ပတ် စေသဖြင့် အသက်ရှင်သန်ရေးကို အဓိကထောက်ပံ့ပေးသော Vital House (အသက်စောင့် ဘာဝ) တစ်ခုဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။ ❤️🔋

🤔 စဉ်းစားဆင်ခြင်ဖွယ်ရာ မာရက နှင့် အသက်ရှည်ခြင်း 💡

🔸 ဒီနေရာမှာ စဉ်းစားဆင်ခြင်စရာ တစ်ခုရှိလာပါတယ်။ အသက်အန္တရာယ်ကို ပေးတတ်တဲ့ (၂) တန့် မာရက ဘာဝ က ဘာကြောင့် အသက်ရှည်ခြင်းနဲ့ ဆိုင်တဲ့ (၃) တန့်ဘာဝ ကို အထောက် အပံ့ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ❓

🔸 နက္ခတ္တဗေဒင် သဘောတရားအရ ကြည့်မယ်ဆိုရင်-
• (၃) တန့်ဘာဝ သည် (၂) တန့်မှ ရေတွက်လျှင် ဒုတိယမြောက်ဘာဝ (၂ တန့်မှ ၂ တန့်) ဖြစ်သော ကြောင့် (၂) တန့်ဘာဝ၏ အင်အားကို တိုးပွားစေသော ဌာနဖြစ်နေပါသည်။ (ထို့ကြောင့် အသက်ရှု ခြင်းသည် မျက်နှာနှင့် နှာခေါင်း၏ ဂုဏ်ကို တည်မြဲစေသည်ဟု ဆိုနိုင်ပါသည်) ။ 📈👃

• သို့သော် ပြောင်းပြန် ပြန်ကြည့်လိုက်သောအခါ (၂) တန့်ဘာဝ သည် (၃) တန့်ဘာဝမှ ရေတွက်လျှင် (၁၂) တန့်မြောက် (ဗျာယ/ကုန်ဆုံးခြင်း) ဘာဝ ဖြစ်နေပြန်သည်။ 📉💸

• ဆိုလိုသည်မှာ (၃) တန့်ဘာဝ (အဆုတ်/Vitality) တွင် ရှိသော အသက်စွမ်းအင်များ သည် (၂) တန့်ဘာဝ (နှာခေါင်း/ထွက်လေ) မှတဆင့် တဖြည်းဖြည်း ကုန်ဆုံးသွား ရခြင်း ဖြစ်သည်။ ထို့ကြောင့် (၂) တန့်ဘာဝသည် အသက်စွမ်းအင် (၃-တန့်) ကို သုံးစွဲ ကုန်ဆုံးစေခြင်းအားဖြင့် "မာရက" (သေမင်း) မည်သွားခြင်း ဖြစ်ပေသည်။ ☠️

🔸 ထို့ကြောင့် (၃) တန့် ဘာဝကို အသက်ရှည်စေတတ်သော ဘာဝအဖြစ်ယူဆ ရခြင်းသည် ကြောင်းကျိုး ဆီလျော်မှု ရှိလှသည်ဟု စိစစ်သုံးသပ်ပါ၏။ ထို့ပြင် (၃) တန့်ဘာဝသည် (၁) တန့် ဘာဝရဲ့ တိုးပွားမှု ဘာဝ ဖြစ်ပါသည်။ 📊✅

🗝 အသက်ရှည်ခြင်း၏ အဓိကသော့ချက် - ၈ တန့်ဘာဝ (Ayusthana) ✨
"ကျွန်တော်တို့တွေ ၃ တန့်ဘာဝဖြစ်တဲ့ အသက်ရှုခြင်းဖြစ်စဉ်အကြောင်း ဆွေးနွေးပြီးပြီဆိုတော့၊ အသက်ရှည်ခြင်းရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ၈ တန့်ဘာဝ အကြောင်းကို ဆက်လက် လေ့လာကြည့်ကြရအောင်။ 👇

🔸 ရှေးနက္ခတ်ပညာရှင်များက 'အဌမံ အဌမ၊ တတိယံ' (၈ တန့်မှ ရေတွက်သော် ၈ တန့်မြောက်သည် ၃ တန့်ဖြစ်၏) ဟု ဆိုမိန့်ခဲ့ကြသည်။ 📜👴 ဆိုလိုသည်မှာ ၈ တန့်သည် အသက်ရှည်ခြင်း (Longevity) ဖြစ်ပြီး ထို ၈ တန့်ကို ထပ်ဆင့်အင်အားဖြည့်ပေးသော (Secondary Longevity) သည် ၃ တန့်ဘာဝ ပင်ဖြစ်သည်။ 💪

🔸 ထို့ကြောင့် အသက်ရှည်ခြင်း ဟူသော ရလဒ် (၈ တန့်) ရရှိရန်အတွက် အသက်ရှုခြင်း ဟူသော အကြောင်း တရား (၃ တန့်) က မရှိမဖြစ် ပံ့ပိုးနေခြင်း ဖြစ်ပေသည်။" 🤝

🔸 အာယုဘာဝ (House of Longevity): နက္ခတ္တဗေဒင်တွင် (၈) တန့်ဘာဝကို "အာယုဘာဝ" (သို့မဟုတ်) အသက်ရှည်ခြင်းကို ဖော်ပြသော အဓိကဘာဝ ဟု သတ်မှတ်ပါသည်။ လဂ် (၁) တန့်သည် လူတစ်ဦး၏ ရုပ်ခန္ဓာ ပေါ်ပေါက်လာခြင်း (Birth)ကို ဆိုလိုပြီး၊ (၈) တန့်ဘာဝသည် ထိုရုပ်ခန္ဓာ ဘယ်လောက်ကြာကြာ တည်တံ့မလဲဆိုသည့် သက်တမ်း (Lifespan) ကို အဆုံးအဖြတ် ပေးပါသည်။ ⏳🗓

🔸 ၁-၃-၈ ၏ ဆက်နွယ်မှု: ကျွန်ုပ်၏ သုတေသနဖြစ်သော (၁-၃-၈) ၏ အနှစ်သာရမှာ ဤနေရာတွင် ပေါင်းဆုံ ပါသည်။ 🧩

• 🚙 (၁) တန့် သည် "ကားဘော်ဒီ" (ရုပ်ခန္ဓာ) နှင့် တူပါသည်။
• ⚙️ (၃) တန့် သည် မောင်းနှင်နေသော "အင်ဂျင်စက်သံ" (အသက်ရှုခြင်း/ လုံ့လဝီရိယ) နှင့် တူပါသည်။
• ⛽️ (၈) တန့် သည် ထိုကား မောင်းနှင်နိုင်မည့် "လောင်စာဆီ ပမာဏ" (ကံအရှိန်အဟုန်/ သက်တမ်း) နှင့် တူပါသည်။

🔸 ထို့ကြောင့် ကားကောင်းပြီး (၁-တန့်)၊ စက်သံငြိမ့်နေသော်လည်း (၃-တန့်) ဆီကုန်သွားပါက (၈-တန့်) ထိုကားသည် ရပ်တန့်သွားရမည် ဖြစ်ပါသည်။ 🛑 ထို့ကြောင့် (၈) တန့်ဘာဝသည် အသက်ရှည်ခြင်းအတွက် အဓိက အခရာကျသော မဏ္ဍိုင်ဖြစ်သည်။

🔸 ထို့ကြောင့် အသက်ရှည်ခြင်း (Longevity Event) ကို စစ်ဆေးရာတွင် မိမိ၏ ရုပ်ခန္ဓာ (၁)၊ အသက်ရှုခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် (၃)၊ နှင့် မူလကံပါလာသော သက်တမ်းအင်အား (၈) ဟူသော ဤဘာဝ (၃) ခု ပေါင်းစပ်မှ သာလျှင် မှန်ကန်သော အဖြေကို ရရှိနိုင်မည်ဖြစ်ကြောင်း ကျွန်ုပ်၏ သုတေသနက မီးမောင်းထိုးပြနေပါသည်။ 🔦✅

🛡 အသက်ရှည်ခြင်းအတွက် ဒုတိယအထောက်အပံ့ပြု ဘာဝများ (Secondary Supporting Houses) 🤝

အချို့သော ဗေဒင်ပညာရှင်များနှင့် Professional Software များသည် (၁-၅-၉-၁၀) ဘာဝအတွဲကို အသက်ရှည်ခြင်း အတွက် ယူဆကြသော်လည်း၊ ကျွန်ုပ်၏ သုတေသနအရ (၉) တန့်ဘာဝကို ချန်လှပ်၍ (၅) တန့်နှင့် (၁၀) တန့်ဘာဝ တို့ကိုသာ အသက်ရှည်ခြင်းကို အထောက်အကူပြုသော ဘာဝများ (Supporting Houses) အဖြစ် သတ်မှတ်ပါသည်။ 📉🛡

အကြောင်းရင်းများကို အောက်ပါအတိုင်း ခွဲခြားစိတ်ဖြာနိုင်ပါသည် -

🚫 (၉) တန့်ဘာဝအား ချန်လှပ်ခြင်း
(၉) တန့်ဘာဝသည် ကံကောင်းခြင်း (Dharma) ကို ဖော်ပြသည် မှန်သော်လည်း၊ လဂ် (၃) ပါးအနက် "ထိရလဂ်" (Fixed Signs) များအတွက်မူ ၎င်းသည် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် "ဘာဓက" (Obstruction) နေရာ ဖြစ်နေသောကြောင့် သုတေသနပြုရာတွင် ချန်လှပ်ထားခြင်း ဖြစ်ပါသည်။ 🚧

🏆 (၁၀) တန့်ဘာဝအား ရွေးချယ်ခြင်း
(၁၀) တန့်ဘာဝသည် အောက်ပါအချက် (၃) ချက်ကြောင့် အသက်ရှည်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည် -
1. အာယုဘာဝဖြစ်သော (၈) တန့်မှ ရေတွက်လျှင် (၃) ခုမြောက်သော ဘာဝဖြစ်ခြင်း (တိုးပွားခြင်း)။ 📈

2. အသက်စောင့်ဘာဝဖြစ်သော (၃) တန့်မှ ရေတွက်လျှင် (၈) ခုမြောက်သော ဘာဝဖြစ်ခြင်း (အသက်စောင့်ဓာတ်၏ သက်တမ်း)။ 🧬

3. လဂ် (၁) တန့်မှ ရေတွက်လျှင် (၁၀) တန့်မြောက်ဖြစ်၍ မိမိအသက်ရှည်ရန် ကိုယ်တိုင်အားထုတ် ဆောင်ရွက်မှု (Karma/Effort) ကို ဖော်ပြနေခြင်း။ 💪

💖 (၅) တန့်ဘာဝအား ရွေးချယ်ခြင်း

(၅) တန့်ဘာဝကို ရွေးချယ်ရခြင်းမှာလည်း ခိုင်မာသော အကြောင်းပြချက်များ ရှိပါသည် -

1. ရောဂါဘယကို ပြဆိုသော (၆) တန့်ဘာဝမှ ရေတွက်လျှင် (၁၂) တန့်မြောက် "ဗျာယဘာဝ" (Loss of Disease) ဖြစ်နေသဖြင့် ရောဂါများ ပျောက်ကင်းသက်သာခြင်းနှင့် ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးသည်။ 🏥✨

2. ကမ္မဘာဝဖြစ်သော (၁၀) တန့်မှ ရေတွက်လျှင် (၈) တန့်မြောက် ဘာဝဖြစ်သဖြင့် မိမိ၏ ကံတရားနှင့် လုပ်ဆောင်ချက်များ တည်တံ့ခိုင်မြဲခြင်း (Longevity of Karma) ကို အထောက်အပံ့ ပြုနေပါသည်။ 🧘‍♂️♾️

📝 (Conclusion)
အထက်ပါ သုတေသနအချက်အလက်များကို ခြုံငုံသုံးသပ်ရမည်ဆိုလျှင် လူတစ်ဦး၏ အသက်ရှည်ခြင်း (Longevity) ကို ဟောကိန်းထုတ်ရာတွင် ကိန်းသေနည်း တစ်ခုတည်းဖြင့် ပုံသေမှတ်ယူ၍ မရနိုင်ကြောင်း တွေ့ရှိရပါသည်။ 🧐

ကျွန်ုပ်၏ (၁-၃-၈) သီအိုရီသည် ရုပ်ပိုင်းဆိုင်ရာ ခိုင်မာမှု၊ ဇီဝကမ္မဆိုင်ရာ စွမ်းအင်နှင့် ကံတရားမှ ပေးအပ်သော သက်တမ်းတို့ကို ပေါင်းစပ်ထားသည့် အဓိကမဏ္ဍိုင် (Primary House Grouping) ဖြစ်ပြီး၊ (၅) နှင့် (၁၀) တန့် ဘာဝများသည် ထိုသက်တမ်းကို ပိုမိုခိုင်မြဲစေရန် ဝန်းရံပေးသော အထောက်အပံ့ကောင်းများ (Secondary House Grouping) ဖြစ်ကြပါသည်။ 🏛✨

💥ထို့ကြောင့် ဤဘာဝများ၏ အားအနည်း/အများကို ချိတ်ဆက်သုံးသပ်ခြင်းဖြင့် လူသားတို့၏ အသက်ရှည်ခြင်းဆိုင်ရာ ဖြစ်ရပ်များကို ပိုမိုတိကျမှန်ကန်စွာ ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း Starlight Astrology Research & Consulting မှ တင်ပြမျှဝေလိုက်ရပါသည်။ 🙏🌠

🙏သက်ရှည်ကျန်းမာဘေးရန်ကွာ အလိုဆန္ဒပြည့်ကြပါစေ🙏

StarLight Astrology Research and Consulting ✨🔭

( )





💎" #ရတနာစိန်ကျောက်ဇယ်တောက်မယ့်ကံဇာတာ" 🎲✨📜 "ကံဝဇိန် ထိန်ပလို့၊ မာန်ရှိန်ကြွ ဂဠုန်သိဟ် မကာရ အသူရိန်၊ ဘူဇဂိန် ကုမ်နန်း။မိဿမ...
02/03/2026

💎" #ရတနာစိန်ကျောက်ဇယ်တောက်မယ့်ကံဇာတာ" 🎲✨

📜 "ကံဝဇိန် ထိန်ပလို့၊ မာန်ရှိန်ကြွ ဂဠုန်သိဟ်
မကာရ အသူရိန်၊ ဘူဇဂိန် ကုမ်နန်း။
မိဿမှာ ခြင်္သေ့ပျော်၊ တူမှာသော် ပူးဝင်လို့လျှမ်း။
ဓနုမှာ ကြွက်ရာဇာ၊ စက်ပြိသာ ငွေစန်း။

☸️ကြယ်တာရာ ရံသန်းလို့၊ စိုးစံမြန်း ရွှင်ပျော်။
ဉစ် ကသစ် တြိဂုဏ်း၊ တလုံးလုံးရက ထင်ပေါ်။
ဘုန်းသမ္ဘာ ကံတော်၊ ဟန်မော်မော် ကျော်ကြားလို့။

☸️ကောင်းစားလိမ့် လူတို့ဘုံ၊ ရှေးကုသိုလ်ဟုန်။
အာဏာမိုးလို့ တန်ခိုးလှုံသည် မညှိုးမသုံ ချမ်းသာလိမ့်လေး။"…ဆိုတဲ့
စလေဦးပုညရဲ့ ဒီတေးထပ်လေးကို ရေရွတ်ရင်း... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဗြို့ဟစ်ကျမ်းတစ်စောင်ကို ကိုင်ပြီး ဟောပြောခဲ့ကြတဲ့ ရှေးဆရာကြီးတွေရဲ့ ပုံရိပ်ကို အတွေးထဲမှာ မြင်ယောင်မိပါတယ်။ 💭

ရှေးအယူအဆအရဆိုရင်တော့ -
⭐️ ကန်-ဗုဒ္ဓဟူး၊ သိဟ်-တနင်္ဂနွေ၊ မကာရ-ရာဟု
⭐️ ကုမ်-စနေ၊ မိဿ-အင်္ဂါ၊ တူ-သောကြာ
⭐️ ဓနု-ကြာသပတေး၊ ပြိဿ-တနင်္လာ
ဒီလိုနေရာတွေမှာ "ဥစ်၊ ကသစ်၊ တြိဂုဏ်း" တစ်လုံးလုံး ရတဲ့ ဂြိုဟ်တွေရပ်တည်နေမယ်ဆိုရင် ရှေးကုသိုလ်ကံအရှိန်ကြောင့် လူ့ဘုံမှာ မင်းစည်းစိမ်၊ သူဋ္ဌေးသူကြွယ် စည်းစိမ်တွေကို ခံစားရမယ်လို့ ဆိုခဲ့ကြတယ်။

🤔 ဒါပေမယ့်... ခေတ်ဆိုတာ ရွေ့ပြောင်းနေတာမို့
• ကျွန်တော် ဒီနေ့ခေတ် ကမ္ဘာကျော် Millionaires & Billionaires တွေနဲ့ မေးမြန်းသူ Clients တွေမှ သူဋ္ဌေး၊ သူကြွယ်တွေရဲ့ ဇာတာတွေကိုထပ်ထပ်ခါခါ သုတေ သနပြု ခဲ့ပါတယ်။

• သူတို့ဇာတာအများစုမှာ ရှေးကျမ်းတွေက ညွှန်းဆိုတဲ့ "ဥစ်၊ ကသစ်၊ တြိဂုဏ်း" ဆိုတာတွေ တစ်လုံးမှ မပါတဲ့ ဇာတာတွေကိုလည်း သတိပြုမိခဲ့ရပါတယ်။ ❌

ဒါပေမယ့် သူတို့ဘဝတွေကတော့...
💎 "ရတနာ စိန်ကျောက်တွေကို ဇယ်တောက်တမ်း ကစားနိုင်တဲ့အထိ" ကြွယ်ဝချမ်းသာနေကြပြန်တယ်။
ဒါဆိုရင် မေးစရာရှိလာပါပြီ...။

❓ "ချမ်းသာဖို့အတွက် ဥစ်၊ ကသစ် ဂြိုဟ်တွေ တကယ်ရော လိုအပ်ရဲ့လား?"
❓ "သာမန်လို့ ထင်ရတဲ့ ဂြိုဟ်အနေအထားတွေ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေသလဲ?"
အဖြေကတော့... ဂြိုဟ်တွေ ဘယ်နားမှာနေသလဲ ဆိုတာထက်၊ ဂြိုဟ်တွေ ဘယ်လို "အလုပ်လုပ် (Function)" နေသလဲ ဆိုတာက ပိုအရေးကြီးတယ်ဆိုတာပါပဲ။

💢ရိုးရိုးကျောက်ခဲလို့ ထင်ရပေမယ့် အတွင်းမှာ စိန်အနှစ်ပါနေတဲ့ ဇာတာရှင်တွေ၊ "ဥစ်" မရပေမယ့် "ထိပ်" ရောက်နေတဲ့ ခေတ်သစ်သူဌေးတွေရဲ့ လျှို့ဝှက်ချက်တွေကို [Starlight Astrology] မှာ ဆက်လက် လေ့လာကြပါစို့။ 🚀💰

🙏"ရတနာ စိန်ကျောက် ဇယ်တောက်နိုင်သူ ဖြစ်ပါစေ..."

StarLight Astrology Research and Consulting
( )





Address

202 Bay 43rd Street, 2FL
Brooklyn, NY
11214

Alerts

Be the first to know and let us send you an email when StarLight Astrology Research and Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to StarLight Astrology Research and Consulting:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram