Forward Food Tech MM

Forward Food Tech MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forward Food Tech MM, Health & Wellness Website, Denver, NC.
(1)

Sharing knowledge on sustainable food tech to reduce animal agriculture and its environmental footprint
We help early professionals upskill and build careers aligned with their values and goals

လုပ်ငန်းလုပ်နေတယ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းက ဘယ်လောက်ကြီးတဲ့ စျေးကွက်ရှိလဲဆိုတဲ့ မေးခွန်းကို မဖြေနိုင်သေးဘူးဆိုရင် ဒီ pos...
04/27/2026

လုပ်ငန်းလုပ်နေတယ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းက ဘယ်လောက်ကြီးတဲ့ စျေးကွက်ရှိလဲဆိုတဲ့ မေးခွန်းကို မဖြေနိုင်သေးဘူးဆိုရင် ဒီ post က သင့်အတွက်ပါ 📚

Business idea တစ်ခု ရှိတဲ့ လူတိုင်း၊ လုပ်ငန်းလုပ်နေတဲ့ လူတိုင်းကြုံရတဲ့ မေးခွန်း ၃ ခု ရှိတယ်
📚ဒီ business ကို လုပ်ကိုင်ဖို့ ဈေးကွက်ကဘယ်လောက်ကြီးလဲ ?
📚ငါတို့ လက်တွေ့တကယ် ရနိုင်မဲ့ customer ဘယ်နှစ်ယောက်လဲ
📚ပထမ ၂ နှစ် ရေတိုကာလမှာ customer တွေဘယ်နှစ်ယောက်ရနိုင််လဲ
📚 ဒီ မေးခွန်း ၃ ခုကို ဖြေနိုင်ဖို့ framework တစ်ခု ရှိတယ် TAM, SAM, SOM ပါ။

ဒီနေ့ ဥပမာအနေနဲ့ cultivated pet food လုပ်ငန်းအကြောင်းကို စဉ်းစားကြည့်မယ်၊ ခွေးတွေကြောင်တွေအတွက် cell ကနေထုတ်တဲ့ အသားလုပ်ငန်းပေါ့၊ အရမ်းဆန်းသစ်တဲ့ လုပ်ငန်းမို့လို့ စဉ်းစားကြည့်မယ်၊

🌍 TAM: Total Addressable Market
ကမ္ဘာပေါ်မှာ သင့် product ကို ဝယ်နိုင်ချေရှိတဲ့ လူ အကုန်
ကမ္ဘာပေါ်မှာ ကြောင်ခွေးပိုင်ရှင်တွေအကုန် pet food အတွက်ဘယ်လောက်သုံးလဲ၊ research လုပ်လိုက်ရင် ယခုတစ်နှစ်ကို US$ 160 billion ရှိပါတယ်၊ သင့်ရဲ့ TAM က အဲဒါပါ၊
TAM ဆိုတာက ceiling ပဲ။ ဒါ ကိုယ် တကယ်ရမဲ့ number မဟုတ်သေးဘူး။

🎯 SAM: Serviceable Addressable Market
သင့် distribution, location, product type နဲ့ တကယ် ရရှိအောင်လုပ်နိုင်မဲ့ ဈေးကွက်

သင်က တခြား competitor တွေနဲ့ယှဉ်ရမယ်၊ တကမ္ဘာလုံးကို ဖြန့်န်ုင်မယ့် စွမ်းအားမရှိဘူး၊ ကိုယ်ပိုင်တဲ့ နေရာမှာ၊ ကိုယ်ပိုင်တဲ့ team ကိုတည်ဆောက်ရမယ်၊ cultivated pet food ဆိုတော့ bioreactor တွေရှိရမယ်၊ ရေမီးကောင်းတယ် Thailand သို့မဟုတ် Singapore မှာထုတ်မယ်ဆိုပါတော့၊ အရှေ့တောင်အာရှကို target ထားမယ်၊ ဆိုတော့ Southeast Asia က သင့်ရဲ့ SAM ပဲဖ

SAM က TAM ထက် သေးငယ်တယ်။ ဒါပေမဲ့ ပိုမှန်ကန်တယ်၊ ပိုအသုံးဝင်တယ်။ လေထဲတိုက်အိမ်ဆောက်တဲ့ market share မဟုတ်ပဲ လက်တွေ့ပိုကျတယ်၊

🏹 SOM: Serviceable Obtainable Market

လုပ်ငန်းအသေးကစတဲ့အခါမှာ၊ သင်မှာ လုပ်န်ုင်တာတွေက အကန့်အသတ်ရှိပါတယ်၊ သင့်မှာရှိတဲ့ team, budget, competition ကို ထည့်တွက်ပြီး ပထမ ၂-၃ နှစ်မှာ တကယ် ရနိုင်မဲ့ market shareက SOM ပါ၊

၂-၃ နှစ်အတွင်းမှာဘယ်ဆိုင်တွေမှာ cultivated pet food ကိုတင်ရောင်းန်ုင်မလဲ၊ သူတိုနဲ့ partnership ဘယ်လောက်လုပ်လို့ရမလဲ၊ ကိုယ့် team ကိုကော distribution လုပ်န်ုင်တဲ့ ပါဝါဘယ်လောက်တည်ဆောက်ထားနိုင်လဲ စသည်ဖြင့်ပေါ်မှာမူတည်တယ်၊

TAM, SAM, SOM ဒါ ဘယ်သူတွေ အတွက် သုံးနိုင်လဲ

🌱 Idea ရှိပြီး business စချင်တဲ့ သူတွေ အတွက် market တွက်ချက်န်ုင်ဖို့
🌱 SME owner တွေ အတွက် expansion plan တည်ဆောက်န်ုင်ဖို့
🌱 Students တွေ အတွက် business plan competition, interview, accelerator application အတွက်

TAM, SAM, SOM full guide ပါတဲ့ document ကို Telegram channel မှာ အခမဲ့ download လုပ်နိုင်အောင် တင်ပေးထားပါမယ်။ Link ကို comment မှာ ထည့်ပေးထားပါတယ်

Food Tech နယ်ပယ်ထဲ ဝင်ချင်တဲ့သူတွေ၊ ကိူယ့်ရဲ့အစားအစာလုပ်ငန်းကို နိုင်ငံခြားထိ ချဲ့ချင်တဲ့သူတွေက ဒီနယ်ပယ်ထဲကအမြဲသုံးနေကျအ...
04/26/2026

Food Tech နယ်ပယ်ထဲ ဝင်ချင်တဲ့သူတွေ၊ ကိူယ့်ရဲ့အစားအစာလုပ်ငန်းကို နိုင်ငံခြားထိ ချဲ့ချင်တဲ့သူတွေက ဒီနယ်ပယ်ထဲကအမြဲသုံးနေကျအခြေခံစကားလုံးတွေ သိထားဖို့ လိုပါတယ် 🌱📖

📚ဒီထပ်ပိုများတဲ့ စာလုံးတွေ ပါတဲ့ free guide ကို Telegram မှာ အခမဲ့ download ရယူရန် telegram ကို join ထားပါ၊ Free resources တွေမျှဝေပေးသွားပါမယ်၊
Telegram: https://t.me/+toGydHPemOljN2Vl

📚အသားအစားထိုး လုပ်ငန်းနယ်ပယ်Food Tech မှာ opportunity တွေ ဘာကြောင့်များတာလဲ၊

📚 AI က code ရေးပေးနိုင်တယ်။ AI က ဆောင်းပါးတွေ ရေးပေးနိုင်တယ်။ ဒါပေမဲ့ AI က လူတွေကို ကျွေးလို့ မရဘူး။
📚 လူတိုင်း နေ့တိုင်း ၃ ကြိမ် စားရတယ်။ ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ ရောက်မယ်။ Protein demand က ၇၀% တိုးလာမယ်။
📚လက်ရှိမွေးမြူရေးလုပ်ငန်းတွေက လာတဲ့ ပရိုတင်းတွေက ရေရှည်မတည်မြဲနိုင်သလို efficient လဲမဖြစိပါဘူး၊

ဒါကြောင့်
📚Food scientists တွေ လိုတယ်
📚Business developers တွေ လိုတယ်
📚Communicators တွေ လိုတယ်
📚Policy makers တွေ လိုတယ်
📚Investors တွေ လိုတယ်
📚 Science background မရှိရင်တောင် ဒီ field ထဲ ဝင်လို့ ရပါတယ်။ ကိုယ့် ကျွမ်းကျင်ရာနေရာကိုရှာတက်ဖို့ပဲလိုပါတယ်

Idea တွေရှိတယ်၊ ဘယ်က စရမယ်မှန်းမသိဘူးဆိုရင် ဒီ post က သင့်အတွက်ပါ၊ 📚ဒီ page ကို follow လုပ်တဲ့ လူတော်တော်များများ ကျွန်မ...
04/25/2026

Idea တွေရှိတယ်၊ ဘယ်က စရမယ်မှန်းမသိဘူးဆိုရင် ဒီ post က သင့်အတွက်ပါ၊

📚ဒီ page ကို follow လုပ်တဲ့ လူတော်တော်များများ ကျွန်မ ဆီ message တွေ ပေးပို့ကြတယ်။
GFI က အလုပ်ခေါ်စာတွေ မြင်တယ်၊ စီးပွါးရေးကို အရှိန်မြှင့်ပေးမယ့် ပရိုဂရမ်တွေ (ဥပမာ Kickstarting4 Good) တွေ မြင်တယ်၊ တကယ် apply လုပ်ချင်တယ် — ဒါပေမဲ့ ဘယ်ကနေစလုပ်ရမယ်မသိဘူး”

📚အသားအစားထိုး Alternative protein field ထဲ ဝင်ချင်တယ် — ဒါပေမဲ့ ကိုယ့်မှာ science background မရှိဘူး

📚English ကောင်းကောင်း မပြောတတ်ဘဲ international company ကို apply လုပ်လို့ရမလား

ဒီ မေးခွန်းတွေ မေးသင့်ပါတယ်။ ဒါတွေက အားနည်းချက် မဟုတ်ဘူး — ဒီမေးခွန်းတွေက starting point ပါ၊

သတင်းကောင်းတခုကတော့ သင်အားနည်းနေသေးတယ်လို့ ထင်တဲ့ နေရာတွေအကုန်လုံးလိုလိုကို အခမဲ့ သင်ယူလို့ရတဲ့နေရာတွေရှိပါတယ်၊

📚ပုံက University of Cambridge ကျောင်းရဲ့ တနေရာပါ။ ကျွန်မ MBA တက်ခဲ့တဲ့ နေရာပါ။ Cambridge မှာ ကျွန်မ ဘာသင်ယူခဲ့တာလဲဆိုတာကအရေးပါသလို၊ ဘာ connection တွေ ရခဲ့တယ်၊ ဘာ opportunity တွေ မြင်ခဲ့ရတယ် တွေကလည်းအရေးကြီးတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။

ဒါပေမဲ့ Cambridge မသွားဘဲ၊ ပိုက်ဆံ မကုန်ဘဲ ဒီ connection တွေ ဒီ knowledge တွေကို ရဖို့ သင်ဘာ လုပ်လို့ ရမလဲဆိုတာ ကျွန်မ share ပေးချင်ပါတယ်။
ကျွန်မ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တုန်းက စပြီးအသားအစားထိုး alternative protein နယ်ပယ်ကို သေချာစလေ့လာခဲ့တာ၊ အခုအချိန်မှာ California က cultivated meat ကုပ္ပဏီတခုမှာ consultant လုပ်နေပြီး Massachusetts က ကုပ္ပဏီတခုမှာ advisor လုပ်နေပါတယ်၊

ဘာကိုလေ့လာရမယ်မှန်းသိရင် အချိန် ၃ နှစ်မလိုပါဘူး၊ ၃ လ တည်းနဲ့တင် foundation တည်ဆောက်ပြီး လုပ်ချင်တာတွေအကောင်အထည်စဖော်လို့ရပါတယ်၊ အလုပ်ရှာချင်သူ အလုပ်ပြောင်းချင်သူဆိုရင်လည်း ၃ လတည်းနဲ့ လေ့လာပြီးလျှောက်လို့ရပါတယ်၊ အခမဲ့ resource တွေ ဖတ်မကုန်နိုင်အောင်အများကြီးရှိပါတယ်၊ သိပြီးတာတွေ ထပ်သိအောင်ကျွမ်းကျငိအောင်ကတော့ တဘဝလုံးရေရှည်လေ့လာရမှာပါ၊

📚အသားအစားထိုး လုပ်ငန်းနယ်ပယ်Food Tech မှာ opportunity တွေ ဘာကြောင့်များတာလဲ၊

📚 AI က code ရေးပေးနိုင်တယ်။ AI က ဆောင်းပါးတွေ ရေးပေးနိုင်တယ်။ ဒါပေမဲ့ AI က လူတွေကို ကျွေးလို့ မရဘူး။
📚 လူတိုင်း နေ့တိုင်း ၃ ကြိမ် စားရတယ်။ ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ ရောက်မယ်။ Protein demand က ၇၀% တိုးလာမယ်။
📚လက်ရှိမွေးမြူရေးလုပ်ငန်းတွေက လာတဲ့ ပရိုတင်းတွေက ရေရှည်မတည်မြဲနိုင်သလို efficient လဲမဖြစိပါဘူး၊

ဒါကြောင့်
📚Food scientists တွေ လိုတယ်
📚Business developers တွေ လိုတယ်
📚Communicators တွေ လိုတယ်
📚Policy makers တွေ လိုတယ်
📚Investors တွေ လိုတယ်
📚 Science background မရှိရင်တောင် ဒီ field ထဲ ဝင်လို့ ရပါတယ်။ ကိုယ့် ကျွမ်းကျင်ရာနေရာကိုရှာတက်ဖို့ပဲလိုပါတယ်

Alternative protein နယ်ပယ်အတွက် အခမဲ့ online လေ့လာလို့ရတဲ့ နေရာများ
1)The Protein Transition (Free online class)
Video လေးတွေ အားလုံးပေါင်းလိုက်ရင် ၃ နာရီလောက်ပဲ ရှိပါတယ်၊ Eng လို့သင်တာဖြစ်ပါတယ်၊ AI tools တွေသုံးရင် အလွယ်တကူမြန်မာလို ဘာသာပြန်နိုင်ပါတယ်၊
➡️
https://www.facebook.com/share/p/1GhYXV32b8/?mibextid=wwXIfr

၂)Forward Food Tech MM ဖြစ်တဲ့ ဒီ page မှာပဲ မြန်မာလိုရေးထားတဲ့ post တွေအများကြီးရှိပါတယ်၊ ဖတ်ကြည့်ပါ၊ အကုန်အခမဲ့ပါ၊ အချိန်ပဲရင်းရမယ်၊
➡️
https://www.facebook.com/share/1G1pWNn6q1/?mibextid=wwXIfr

၃)မြန်မာလိုမျိုး free webinar တွေပေးတဲ့ အတန်းလည်းရှိပါတယ်၊ အသားအစားထိုးလုပ်ငန်းသီးသန့်မဟုတ်ပေမယ့် အစားအစာလုပ်ငန်းတွေအတွက် တန်ဖိုးရှိတဲ့ webinar တွေရှိပါတယ်၊
Global Food Safety Institute
➡️
https://www.facebook.com/share/1dziRBSXt8/?mibextid=wwXIfr

၄)ဒီ post ကိုလည်းဖတ်ကြည့်ပါ

➡️
https://www.facebook.com/share/p/1AwWLeoNAn/?mibextid=wwXIfr

၅)Join our telegram here

➡️
https://t.me/+toGydHPemOljN2Vl

04/23/2026

တိရိစ္ဆာန်တွေကို သုံးပြီး အစာထုတ်လုပ်တာက ရေရှည်မတည်မြဲနိုင်ပါဘူး၊

မြေ ၈၀% လောက်သုံးပြီး အစားအစာ calorie 20% ကိုပဲ ထုတ်ပေးနိုင်တာပါ၊ ဒါကြောင့် new food technology တွေကို ဖန်တီးလာကြတယ်၊ နည်းပညာအသစ်နဲ့ လုပ်ငန်း အသစ်တွေပေါ်လာတယ်။ အလုပ်အကိုင်အသစ်တွေလည်းပေါ်လာတယ်။
ကမ္ဘာကြီးက လူတိုင်းအတွက် လိုတာကိုအလုံအလောက်ပေးထားပါတယ်၊
အစာထုတ်လုပ်ရေးစနစ်ကို ကောင်းမွန်စွာချမှတ်ထားရင် အာဟာရမပြည့်ဝတာတွေ၊ အစာငတ်ပြတ်တာတွေ ပပျောက်ဖို့ အလားအလာအများကြီးရှိပါတယ်၊

ဒီနယ်ပယ်ထဲက အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း၊ အဲဒိအလုပ်အကိုင်တွေအတွက်ရှိထားရမယ့် Skill တွေကို သိရှိလေ့လာချင်တယ်ဆိုရင် Forward Food Tech Myanmar page ကို follow လုပ်ထားလို့ရပါတယ်

မြန်မာနိုင်ငံ၊ ထိုင်းန်ုင်ငံ၊ စင်ကာပူမှာနေထိုင်ပြီး လစာ SGD 5,000-6,000 ဝန်းကျင်ရမယ့် အခွင့်အရေး၊ 📚📚အသားအစားထိုးAlternat...
04/23/2026

မြန်မာနိုင်ငံ၊ ထိုင်းန်ုင်ငံ၊ စင်ကာပူမှာနေထိုင်ပြီး
လစာ SGD 5,000-6,000 ဝန်းကျင်ရမယ့် အခွင့်အရေး၊ 📚

📚အသားအစားထိုးAlternative proteins ကို စိတ်ဝင်စားသူတွေအတွက် အခွင့်အရေးပါ၊
ဘွဲ့ရတာ နှစ်အရမ်းမကြာသေးတဲ့လူတွေလဲလျှောကိလို့ရတယ်၊ Content creator တွေအတွက် တကယ်ကောင်းတဲ့ အလုပ်ပါ၊
📚Alternative proteins ဆ်ုတာကို မရင်းနှိီးသူတွေ အတွက် အခမဲ့ online class ရှိပါတယ်၊ ၃ နာရီလောက်ပဲ အချိန်ရင်းပြီး ကြည့်ကြည့်ပါ၊ Link in the comment
📚ဒီ page ကရေးထားတဲ့ post တွေကိုဖတ်ပြီး alternative protein company တွေအကြောင်းလေ့လာပါ၊

အလုပ်ခေါ်နေတဲ့ role ရဲ့Title က Communications Associate ပါ၊

✅ bachelor degree ရှိရမယ်
✅2-4 years of experience in marketing and communication, or related field
✅English ကျွမ်းကျင်ရမယ်၊ Asian language တခုခုသိထားရင်ပိုကောင်းတယ်၊ တရုတ်စာ Mandarin ကျွမ်းရင်ပိုကောင်းတယ်
✅communication skills ကောင်းရမယ်

ဘာတွေအဓိကလုပ်ရမလဲ
✅ Social media platform တွေအတွက် Content တွေဖန်တီးပေးရမယ်၊ Newsletter တွေထုတ်ရမယ်၊ website နဲ့ presentation ကိုစီမံရမယ်
✅content calendar ဆွဲပေးရမယ်၊
✅freelancer, graphic designer တွေနဲ့ အတူတူအလုပ်လုပ်ရမယ်
✅ event နဲ့ webinar တွေစီမံပေးရမယ်၊
✅Full time အလုပ်ပါ၊ Singapore မှာနေတဲ့သူကို preferred ဖြစ်ပေမယ့် အာရှဘယ်နေရာမှာဖြစ်ဖြစ်လျှောက်ဖို့ခေါ်ပါတယ်၊ Singapore မှာဆိုရင် တစ်ပတ်တစ်ရက်ရုံးတက်ရပါမယ်၊ တလကို SGD 200 allowance ပေးမယ်၊
✅လစာက ကိုယ်နေထိုင်တဲ့ နိုင်ငံပေါ်မူတည်ပြီး နိုင်ငံရဲ့rate အလိုက် adjust လုပ်သွားမှာဖြစိပါတယ်

အလုပ်ခေါ်တဲ့အဖွဲ့အစည်းက The Good Food Institute လို့ခေါ်ပါတယ်၊ သူက Non-profit ဖြစ်ပြီး တကမ္ဘာလုံးမှာ ရုံးခွဲတွေရှိပါတယ်။ ဒီ position က The Good Food Institute ရဲ့ အာရှရုံးအတွက်ခေါ်တာပါ၊ သူတို့ကို အသားအစားထိုး alternative protein နယ်ပယ်မှာ မသိသူရှားပါတယ်၊

Application process က
✅ online application form ဖြည့်ပါ၊ ကိုယ့်ကိုယ်ကိုမိတ်ဆက်တဲ့ video ပါတင်ရမယ်၊ CV တင်ရမယ်
✅ နောက်တစ်ဆင့်က screening call ခေါ်မယ်
✅ နောက်တစ်ဆင့်အောင်ရင် interview 2 ခု ဖြေရမယ်
✅ အလုပ်အစမ်းခန့်ပါတယ်၊
✅ reference check တွေတောင်းပါတယ်၊

Deadline က May 10, 2026 ပါ၊ Rolling basis နဲ့ခေါ်တာမို့ စောစောလျှောက်ပါ

Link in the comment

အဆီထဲက မကောင်းတဲ့ အပိုင်းကို ဖယ်ပြီး ကောင်းတာကိုပဲ ယူစားလို့ရအောင် လုပ်ပေးတဲ့နည်းပညာနဲ့ လုပ်ငန်းတွေ 📚အဆီလို့ပြောလိုက်ရင်...
04/22/2026

အဆီထဲက မကောင်းတဲ့ အပိုင်းကို ဖယ်ပြီး ကောင်းတာကိုပဲ ယူစားလို့ရအောင် လုပ်ပေးတဲ့နည်းပညာနဲ့ လုပ်ငန်းတွေ

📚အဆီလို့ပြောလိုက်ရင် ကျန်းမာရေးနဲ့ မညီညွတ်ဖူးလို့ပဲ ခေါင်းထဲမှာပေါ်လာတယ်၊

ဒါပေမယ့်အဆီ က ကျွန်မတို့ ကိုယ်ခန္ဓာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ — ဒါပေမဲ့ ဘယ်လို အဆီမျိုးလဲ ဆိုတာသာ အရေးကြီးတယ်။

📚အဆီ ကို ကျွန်မတို့ ဘာကြောင့် လိုတာလဲ? အဆီ မရှိဘဲ ကျွန်မတို့ ရှင်သန်လို့မရပါဘူး။ ဒါ myth မဟုတ်ဘဲ ဆေးပညာ အမှန်တကယ်ပါ —
ဦးနှောက်ရဲ့ ၆၀% ဟာ အဆီပါ — neurons တွေ ချိတ်ဆက်ဆက်သွယ်ဖို့ fat လိုပါတယ် 💊 Vitamin A, D, E, K တွေဟာ fat-soluble vitamins ဖြစ်တဲ့အတွက် အဆီမပါရင် ခန္ဓာကိုယ်မှာ absorb လုပ်လို့မရဘူး
Cell membrane တိုင်းဟာ fat နဲ့ ဖွဲ့စည်းထားတယ် ။ Hormone တွေ — testosterone, estrogen အပါအဝင် — ထုတ်လုပ်ဖို့ fat လိုတယ် Energy ကို fat ကနေ ထုတ်ယူတာ carbohydrate ထက် ၂ ဆကျော် ပိုများတယ်
ဘယ် fat မျိုးကို စားသင့်တာလဲ ဆိုတဲ့ မေးခွန်းက အရေးကြီးပါတယ်၊

📚Omega-3 fatty acids က ဦးနှောက် ကျန်းမာရေး၊ နှလုံးသွေးကြောရောဂါ ကာကွယ်မှု၊ သွေးပြောင်လဲမှု လျော့ကျခြင်း တွေကို ကူညီပေးတယ်
📚Monounsaturated fats — olive oil မှာပါတဲ့ fat မျိုး။ နှလုံးကျန်းမာရေးအတွက် ကောင်းတယ် 📚Saturated fats — တိရိစ္ဆာန်ကနေ ရတဲ့ အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ များတယ်။ အများကြီးစားရင် LDL cholesterol ကို မြင့်တက်စေပြီး နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေ တိုးစေတယ်
📚Trans fats — processed food တွေမှာ ပါတဲ့ မကောင်းတဲ့ အဆီမျိုး
📚 ဒီ fat မျိုးစိတ်တွေကို တိရိစ္ဆာန်ကနေ ထုတ်တဲ့ အသားမှာ ပါတဲ့ ratio ကို လောလောဆယ် ဘာမှ မပြောင်းနိုင်ဘူး။

ဒါကို ပြောင်းပေးမယ့် ကုပ္ပဏီတွေရှိပါတယ်၊
🇺🇸US မှာဆိုရငိ Mission Barns
🇬🇧UK မှာဆိူရင် Hoxton Farms

📚Mission Barns နဲ့ Hoxton Farms ဟာ ဝက်ကလေးကနေ cell လေးတစ်ချို့ ယူပြီး bioreactor ထဲမှာ fat ကိုပဲ တစ်ဦးတည်း သီးသန့် ပွားများထုတ်လုပ်ပါတယ်။ ဝက်တစ်ကောင်လုံး မမွေးမြူရဘဲ၊ သ-တ်ဖြ-တ်ရတာမရှိဘဲ တကယ့် ဝက်သားအဆီ ရရှိပါတယ်။

📚ဒီလို company တွေက regulatory approval ရဖို့ အနည်းဆုံး ၂ နှစ်ကြာပါတယ်၊ ဘေးကင်းကြောင်း၊ စားသုံးလို့ရကြောင်းတွေ အကုန်ကို အဖက်ဖက်က အစစ်ခံရပါတယ်၊

Mission Barns 2025 မှာ FDA ကနေ ကမ္ဘာ့ပထမဆုံး cultivated pork fat အတွက် regulatory clearance ရခဲ့တယ်၊ USDA ကနေလည်းထပ်မံ ခွင့်ပြုချက် ရပြီး US market ထဲ ဝင်ခွင့်ရသွားပါပြီ၊ California က supermarket မှာ cultivated meatballs ကို ကမ္ဘာ့ပထမဆုံး retail sale အဖြစ် ရောင်းချခဲ့တယ်။ အများကြီး မထုတ်လုပ်နိုင်သေးတော့ limited edition ပဲရောင်းန်ုင်သေးတယ်၊
Hoxton Farms ကတော့ 2025 နှစ်ကုန်ခါနီးမှာ Singapore မှာ ခွင့်ပြုချက်လှမ်းလျှောက်ထားပါတယ်၊

📚Cultivated Fat ကို ဘာကြောင့် customize လုပ်လို့ရတာလဲ?
တိရိစ္ဆာန်တစ်ကောင်မှာ ဘယ် fat မျိုး ဘယ်နှစ်ရာခိုင်နှုန်း ပါမလဲ ဆိုတာ သဘာဝကပဲ ဆုံးဖြတ်တယ်၊ ကျွန်မတို့ ပြောင်းလို့မရဘူး။ ဒါပေမဲ့ bioreactor ထဲမှာ fat cells ကို ပြုစုတဲ့ အခါ Saturated fat ပမာဏကို လျှော့ချနိုင်တယ်
Omega-3 ပမာဏကို တိုးမြှင့်နိုင်တယ်။ မျိုးစုံ customize လုပ်လို့ရတယ်၊ မကြာခင်မှာ ဝက်သားအဆီ အရသာပေးနိုင်ပြီး omega-3 ကြွယ်ဝပြီး saturated fat ပါ နည်းနည်းပဲပါတဲ့ fat ကို ဖန်တီးနိုင်မှာပါ၊

📚Fat က အရေးကြီးတာက အရသာပေးနိုင်စွမ်းရှိတာကြောင့်ဖြစ်တယ်၊

အသားအရသာ၊ juiciness၊ mouthfeel — ဒါတွေ အကုန်လုံးဟာ fat ကနေ လာတာပါ။ fat မပါရင် တကယ့် အသားနဲ့ ဆင်တဲ့ sensory experience ကို မပေးနိုင်ဘူး။
Cultivated meat နဲ့ plant-based meat တွေမှာ ဒီလို ပိုကောင်းတဲ့ fat ကို ထည့်လိုက်ရင် အရသာကော nutrition မှာပိုပြည့်စုံမယ်လို့မှန်းထားပါတယ်၊
ဒီ technology ကြောင့် တကယ့် ဝက်သားအရသာ ကို ဝက်တစ်ကောင်မှ မပါဘဲ ၊
nutritional profile ကလည်းပိုကောင်းလာမှာပါ၊

နည်းပညာတိုးတက်တယ်ဆိုတာရဲ့ ရည်ရွယ်ချက်က တခြားသတ္တဝါတွေကို ထိခိူက်နစ်နာမှုမရှိပဲ ပိုကောင်းတဲ့ထုတ်ကုန်တွေကို၊ထုတ်လုပ်နိုင်ဖို့ပဲမဟုတ်လား၊

သင်ကောဘယ်လိုထင်လဲ?

Picture source: Mission Barns, Hoxton Farms

04/21/2026

လူသားတွေ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ ကျော်ကတည်းက သုံးလာတဲ့ နည်းပညာတစ်ခုက ဒီနေ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးရဲ့ အဖြေတစ်ခု ဖြစ်လာနေပြီ 📚

📚ကမ္ဘာ့လူဦးရေ ၂၀၅၀ မှာ ၁၀ ဘီလီယံ ရောက်လာမှာပါ။ ဒီလူတွေကို ကျွေးဖို့ protein ဘယ်ကနေ ရမလဲဆိုတာ ကမ္ဘာ့ policy မှာ အကြီးမားဆုံး မေးခွန်းဖြစ်လာတယ်၊

📚 အသား၊ နွားနို့ ထုတ်လုပ်ဖို့ မြေနေရာ၊ ရေ၊ စွမ်းအင် အများကြီး သုံးရပါတယ်။ ရာသီဥတုဆိုးလာ၊ စစ်ဖြစ်၊ tariff တင်လိုက်ရင် supply chain ချက်ချင်းပြုတ်သွားနိုင်တယ်။

📚 ဒါပေမဲ့ fermentation ကတော့ မတူပါဘူး .
သူက မမြင်ရတဲ့ microbes လေးတွေကနေ အစားအစာတွေအသစ်တွေ ထုတ်လုပ်ပေးတာပါ၊

🌱 မြေ အများကြီး မလိုဘူး
🌱 ရာသီဥတုပေါ် မမှီခိုဘူး
🌱 ဘယ်နေရာမှာဖြစ်ဖြစ် bioreactor ထဲမှာ ထုတ်လုပ်လို့ရတယ်
🌱 ရက်ပိုင်းအတွင်းမှာ protein ထုတ်ယူလို့ရတယ်
🌱 သာမန် fermentation က ကုန်ကျစရိတ် သက်သာတဲ့ နည်းပညာလိုမျိုးတယ်၊ ကင်ချီ၊ ဒိန်ချဉ်ထုတ်လုပ်တာ၊
📚precision fermentation က microbes တွေကို engineer လုပ်ပြီး လိူချင်တဲ့ ထုတ်ကုန်ကိုထုတ်ခိုင်းတာ၊ insulin က အစ whey ကိုပါထုတ်လုပ်လို့ရတယ်။ တိရိစ္ဆာန်တစ်ကောင်မှ မပါပဲ၊

📚 ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ကမ္ဘာ့စားနပ်ရိက္ခာ ကုလသမဂ္ဂ အဖွဲ့အစည်း FAO ကိုယ်တိုင် "Innovative Fermentation" ဆိုတဲ့ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး fermentation ဟာ protein ကို ပိုမိုရေရှည်တည်တံ့သောနည်းလမ်းနဲ့ ထုတ်လုပ်နိုင်ကြောင်း၊ သယံဇာတ နည်းနည်းပဲ သုံးရတဲ့ နည်းပညာတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

📚မှိုနဲ့ yeast တွေကို အများကြီးပွါးများပြီး protein ထုတ်တာ။
📚Quorn လို ကုပ္ပဏီက mycoprotein ထုတ်ကုန်တွေ ဒီနည်းနဲ့ ထုတ်တာ။ နွားတစ်ကောင်ရဲ့ protein ကို ရက် ၄ ကနေ ၆ ရက်အတွင်း ထုတ်ပေးနိုင်တယ်။
📚Precision Fermentation ဆိုတာ ထပ်အဆင့်မြင့်ပြီး microbes တွေကို "ပရိုဂရမ်" ရေးပြီး သူတို့ကနေ protein တွေ enzyme တွေ ထုတ်ယူတာ။
📚ဆီးချိုဆေး Insulin ကို ၁၉၈၂ ကတည်းက ဒီနည်းနဲ့ ထုတ်နေပြီ။ အခု Casein နဲ့ Whey ကို နွားမမပါဘဲ ဒီနည်းနဲ့ ထုတ်နိုင်ပြီ။
📚ဒိန်ချဉ်၊ miso၊ tempeh တို့လိုမျိုး traditional fermentation ထုတ်ကုန်တွေက ကုန်ကျစရိတ်သက်သာပြီး ဘယ်နေရာမှာမဆို ထုတ်လုပ်လို့ရတယ်။

Fermentation က စားနပ်ရိက္ခာဖူလုံမှုအတွက်တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖပေးန်ုင်တဲ့ နည်းပညာတခုလို့ပြောရင် ဘယ်လိုထင်ကြလဲ၊

ကျွန်မနဲ့ကြောင်တွေရဲ့ဇာတ်လမ်း 🐱ဆရာသမားလေးတွေ သေးသေးလေးတွေကနေ ဖက်တီးတွေ ဖြစ်လာတာကိုခဏခဏ ကြုံဖူးပြီ၊ သူတ်ု့ရဲ့ personality...
04/19/2026

ကျွန်မနဲ့ကြောင်တွေရဲ့ဇာတ်လမ်း 🐱

ဆရာသမားလေးတွေ သေးသေးလေးတွေကနေ ဖက်တီးတွေ ဖြစ်လာတာကိုခဏခဏ ကြုံဖူးပြီ၊

သူတ်ု့ရဲ့ personality လေးတွေ develop ဖြစ်လာတာကိုလည်းမြင်ဖူးပြီ၊ ဘယ်အစားအစာကိုကြိုက်တယ်၊ ဘယ် အရုပ်ကိုကြိုက်တယ်ဆိုတာက အစ၊
Vacuum cleaner နဲ့ အိမ်သန့်ရှင်းရေးလုပ်ရင်ပုန်းတက်တယ်၊ ရေခဲသေတ္တာဖွင့်ရင်ထွက်လာတဲ့ လေအေးကိုစပ်စုတတ်တယ်ဆိုတာက အဆုံး အကုန်ကြည့်ရှုခွင့်ရခဲ့တာကြာပြီ၊

သူတို့နဲ့နေတာကြာလာလေ သူတို့က ကလေးလေးတွေလိုပဲဆိုတာသိလာလေ၊ မမြင်ရမတွေ့ရတဲ့ တိရိစ္ဆာန်တွေကလည်း ဒီလိုမျိုး individual personality လေးတွေနဲ့ အမျိုးမျိုးရှိမှာပဲ ဆိုတာ မြင်လာလေပါပဲ

ဒါကြောင့်လဲ 2023 မှာ University of Cambridge ကို ကျောင်းလျှောက်တုန်းက သူတို့ရဲ့ sentience အကြောင်းကို essay တိုလေးတခုအနေနဲ့ရေးခဲ့ပါတယ်၊

လူတွေရဲ့ စနစ်တွေထဲမှာ သူတို့ရဲ့ သဘာဝ အတိုင်းမနေရပဲ ဖမ်းစီးအခိုင်းခံရတဲ့ တိရိစ္ဆာန်တွေကို လည်း ပိုမြင်လာခဲ့ရတယ်။ခရီးသွားလုပ်ငန်း/ ရှင်ပြုပွဲ၊ circus တွေမှာ တသက်လုံး အသုံးချခံရတဲ့ ဆင်၊ မြင်း၊ သစ်ကုလားအုပ်၊
ပြီးတော့ မွေးမြူရေးစနစ်ထဲက farmed animals တွေအကြောင်းပါ ပိုတွေးလာနိုင်တယ်၊
စမ်းသပ်ခံ lab တွေထဲက ယုန်တွေ၊ ကြွက်တွေ၊ ခွေးတွေပါအကုန်အပါအဝင်ပေါ့၊

သူတို့အကြောင်းဖတ်ရတိုင်း၊ မြင်ရတိုင်း အိမ်က ကြောင်လေးတွေ၊ ယုန်လေးတွေကို မြင်လိုက်ရသလိုပါပဲ။

နာနတ်သီးနဲ့ ဂေါ်ဖီထုပ်ကိုရောလိုက်ရင် နွားနို့အရသာနဲ့ဆင်တူအောင်လုပ်လို့ရတယ်ဆိုတာယုံလား? 📚အစားအစာတွေက မှာ အခြေခံ molecule ...
04/19/2026

နာနတ်သီးနဲ့ ဂေါ်ဖီထုပ်ကိုရောလိုက်ရင် နွားနို့အရသာနဲ့ဆင်တူအောင်လုပ်လို့ရတယ်ဆိုတာယုံလား?

📚အစားအစာတွေက မှာ အခြေခံ molecule လေးတွေရှိပါတယ်၊ အပင်ကရတာဖြစ်ဖြစ် တိိိရိစ္ဆာန်လေးတွေရဲ့ အသားကရတာပဲဖြစ်ဖြစ် molecule တွေက အခြေခံအုတ်မြစ်ပါပဲ၊

📚Chile နိုင်ငံ အခြေစိုက် Company တခုက AI ကိုသုံးပြီး တိရိစ္ဆာန်ကရတဲ့ အသားနဲ့ နွားနို့တွေကို တစ်ပုံစံထဲ အစားထိုးဖို့ အပင်ကရတဲ့ အစာတွေနဲ့ molecule ကို ရှာဖွေပေးနေပါတယ်၊
📚ဒီ ကုပ္ပဏီက အလုပ်ဖြစ်လွန်းလို့ Unicorn status တောင် ဖြစ်သွားပါပြီ၊ US$ 1 billion valuation ရသွားတာပါ၊ Company က NotCo လို့ခေါ်ပါတယ်၊ Jeff Bezos အပါအဝင် investor တွေဆီကနေ $400 million ကျော် ရရှိခဲ့ပါတယ်၊

📚NotCo ရဲ့ AI ကို Giuseppe လို့ ခေါ်ပါတယ်။ သူ လုပ်တဲ့ အလုပ်ကတော့ — ပထမဆုံး — ကြက်ဥတစ်လုံး၊ နွားနို့တစ်ခွက် သို့မဟုတ် ဝက်သားဟမ်ဘာဂါတစ်ခုရဲ့ molecule တွေကို ဆန်းစစ်ပါတယ်။ ဒီ molecule တွေက ဘာတွေ ပါဝင်နေလဲ၊ ဘာကြောင့် ဒီ အရသာ ဒီ texture ဒီ အနံ့ ထွက်တာလဲ ဆိုတာကို နားလည်အောင်လုပ်တယ်။
📚ဒုတိယက သူတို့စီမှာ အပင် ၃၀၀,၀၀၀ ကျော်ရဲ့ database ရှိပါတယ်။ ဒီ plants တွေထဲမှာ ဘာနဲ့ဘာ ပေါင်းမိရင် ဒီ molecule structure နဲ့ ဆင်မလဲဆိုတာကို AI ကက တွက်ချက်ပြီး recipe အကြံပြုပါတယ်။
📚တတိယ — Food scientist တွေနဲ့ ပေါင်းပြီး test လုပ်ပါတယ်၊ feedback ပြန်ပေးပါတယ်၊ AI က ထပ်ပြီး သင်ယူပါတယ်။ 📚 ဒီ process ကနေ R&D သုတေသနလုပ်တဲ့ process က နှစ်ချီရာကနေ လချီပဲ ကြာအောင် လျှော့ချနိုင်ပါတယ်။

📚ဘယ်လို ထုတ်ကုန်တွေ ထွက်လာတာလဲ?
NotMilk — ပန်းသီးရည်နဲ့ ဂေါ်ဖီထုပ်ကို Giuseppe က ပေါင်းစပ်ပြပြီး နွားနို့ creamy texture နဲ့ အရသာကို ဖန်တီးပေးပါတယ်။ နွားတစ်ကောင်မှ မပါဘဲ။
📚 NotBurger — chickpea, bamboo, beet တွေကနေ beef burger ရဲ့ juiciness နဲ့ umami taste ကို ဖန်တီး တယ်
📚 NotMayo — ကြက်ဥ မပါဘဲ canola oil, grapevine vinegar, mustard seeds တွေကနေ Mayonnaise ကို အစားထိုး တာတွေထုတ်တယ်
📚 Kraft Heinz နဲ့ ပူးပေါင်းပြီး Mac & Cheese နဲ့ Oscar Mayer Hot Dog တို့ရဲ့ animal-free version တွေ ထုတ်လုပ်တယ်၊

📚 သူတို့ကိုယ်ပိုင် Brand ကိုလည်း Whole Foods, Walmart, Starbucks, Burger King, Dunkin' တို့မှာ ရောင်းချနေပြီ။ နိုင်ငံ ၁၅ န်ုင်ငံမှာထုတ်ကုန်တွေ ရောင်းနေပါပြီ။

📚သူတို့ကိုယ်တိုင်ကတော့ B2B business model ကိုပဲ ရှေ့ဆက်သွားမယ်လို့ပြောတယ်၊ အသားရဲ့ molecule တွေကို အပင်ရဲ့ molecule တွေနဲ့ အစားထိုးပြီး ကုန်ကျစရိတ်သက်သာအောင်လုပ်ပေးန်ုင်တယ်၊ အရသာကော စားရတဲ့ အတွေ့အကြုံပါ တူညီအောင် လုပ်ဖို့ formulation တွေက်ု ထုတ်မယ်၊ AI Food tech company အဖြစ်ဆက်ရှိသွားမယ်လို့ဆိုပါတယ်၊

📚ဒီ technology က food system ကို ဘယ်ကနေ ပြောင်းမလဲ ဆိုတာ ကြည့်ရတာ ကျွန်မ တကယ်ကို excited ဖြစ်မိပါတယ်။ သင်ကော ဒီ AI food tech ကို ကြားဖူးပြီပြီလား? ဘယ်လိုထင်လဲ၊

Image source: NotCo.ai

တန်ဖိုးရှိတဲ့ အချိန်တွေနေ့စဉ်ပိုထွက်လာအောင် လုပ်ပေးတဲ့tools တွေ 📚ဒီ tools တွေကို နေ့တိုင်းလ်ုလို သုံးတယ်၊ သုံးတိုင်းလဲ ပ...
04/17/2026

တန်ဖိုးရှိတဲ့ အချိန်တွေနေ့စဉ်ပိုထွက်လာအောင် လုပ်ပေးတဲ့tools တွေ 📚

ဒီ tools တွေကို နေ့တိုင်းလ်ုလို သုံးတယ်၊ သုံးတိုင်းလဲ ပေးရတဲ့ငွေထက်ပိုတဲ့ အကျိုးကျေးဇူးကိုရတယ်လို့ထင်လို့ recommend ပေးလိုက်ပါတယ်၊

📚Kindle (US$ 160 )
2018 ကတည်းက Kindle ကို စဝယ်ခဲ့ပါတယ်၊ စာအုပ်ဖတ်ရတဲ့ အခါ တစ်အုပ်ကိုဖတ်နေရင်းပျငိးလာလို့ နောက်တစ်အုပ်ကိုကြားဖြတ်ဖတ်ချင်တဲ့ အခါ အသုံးဝင်တယ်လို့ စသတိထားမိတယ်၊ စာအုပ်ကို သယ်ရင် လေးတယ်၊ နေရာယူတယ်၊ Kindle ဝယ်ထားတော့ ဖတ်ချင်သမျှစာအုပ်တွေကို ပေါ့ပေါ့ပါးပါးအကုန် သယ်လို့ရတယ်၊ 2018 က ဝယ်ထားတဲ့ Kindle က 2023 လောက်မှာပျက်သွားလို့ 2023 မှာ Kindle အသစ်ဝယ်ခဲ့ပါတယ်၊ Kindle ဝယ်ရင် Built in light ပါတာက ကျွန်မအတွက် အဆင်ပိုပြေတယ်၊ အိပ်ခါနီးကုတင်ပေါ်မှာဖတ်တဲ့ အခါ မီးတွေ အကုန်ပိတ်လိုက်ပြီး Kindle က built in မီးနဲ့ပဲ ဖတ်လို့ရတယ်၊
Built in light မပါရင် စာအုပ်ဖတ်ရသလိုပဲ အခန်းမီးဖွငိ့ထားမှ စာအုပ်ဖတ်လို့ရတာပါ
စျေးက 160 ထပ်ပိုနည်းတာရှိသလို ပိုများတဲ့ Kindle တွေလဲရှိပါတယ်၊

📚laptop stand (US$ 18)
နေ့တိုင်း laptop သုံးရသူမို့ ခေါင်းငုံ့နေရတာကို မကြိုက်လို့ laptop stand ဝယ်ထားပါတဉ်၊ Posture အတွက်ပိုကောင်းတယ်လို့ခံစားရတယ်၊ Amazon ကနေဝယ်ပါတယ်၊ နေရာတော်တော်များများမှာ အလွယ်တကူဝယ်လို့ရပါတယ်၊

📚The Economist subscription (monthly: US$ 29)
သတင်းတွေကို အလကားဖတ်လို့ရတဲ့ news channel တွေ အများကြီးရှိပါတယ်၊ လစဉ် subscription ကို ဝယ်တာက လူတိုင်း ဝယ်ဖို့ မလိုပါဘူး၊ ကျွန်မရဲ့ personal preference ဖြစ်တယ်၊ The Economist ကိုလည်း ပိုယုံကြည်လို့ သူတို့ရဲ့ content ကို အမြဲဖတ်ဖြစ်လို့ လစဉ် subscription ဖိုးပေးပြီး ဖတ်ဖြစ်ပါတယ်၊ ကျွန်မ Cambridge မှာ MBA တက်နေတဲ့ တစ်နှစ်လုံးကတော့ ကျောင်းသားတွေ အတွက် free subscription ပေးထားတော့ တစ်နှစ်လုံး အလကားဖတ်လို့ရခဲ့ပါတယ်၊ ကျောင်းတက်နေတဲ့ကျောင်းသားတွေလည်း ကျောင်းက subscription ပေးလားစစ်ကြည့်နော်၊
Subscribe လုပ်ရင် ပထမလ က US$ 14.50 ပဲပေးရတယ်၊ နောက်လမှာ ၂၉ ဒေါ်လာစဖြစ်သွားပါတယ်၊

📚NotebookLM (free)
ဒါက Cambridge MBA တက်တော့မှ စသုံးခဲ့တာ၊
ကျောင်းမှာCase studies တွေ report တွေအများကြီး ဖတ်ရတော့ ဘယ်တော့မှ အချိန်မလောက်ဘူး၊ NotebookLM နဲ့ တွေ့တော့မှ စာထိုင်ဖတ်နေဖို့ မလိုတော့ဘူး၊ လမ်းလျှောက်နေရင်း၊ အစာစားနေရင်နဲ့ Podcast နားထောင်သလိုနားထောင်လို့ရတယ်၊
Audio book လိုမျိုး စာကို တစ်လုံးချင်းစီဖတ်ပြတာမဟုတ်ပဲ၊ podcast interview လုပ်နေသလိုမျိုး report အကြောင်းကို ရှင်းပြတာ၊
ကိုယ်ဖတ်နေတဲ့ file ကို upload လုပ်လုပ်ရတယ်၊ မိနစ်အနည်းငယ်စောင့်ပြီးရင် Podcast ပုံစံ အသံဖိုင်လေးထွက်လာတယ်၊ အဲဒါကိုနားထောင်ရုံပဲ၊
Gym မှာရှိနေရင်း၊ Bus ကားစီးနေရင်း နားထောင်လို့ရတယ်၊

📚Walking pad (US$ 120)
အပြင်မှာလမ်းထွက်မလျှောက်ချင်ဘူး၊ gym လဲမသွားချင်ဘူးဆိုရင် အခန်းထဲမှာပဲ လမ်းလျှောက်လို့ရတယ်၊ အပျင်းကြီးနေ့တွေမှာ step လေးတွေ ရအောင် သုံးလို့ရတယ် ။ တခါတလေ meeting မှာ အေးဆေးနားထောင်ဖို့ပဲလိုတယ်ဆိုရင် walking pad မှာလျှောက်နေလိုက်ရုံပဲ၊ အပြင်မှာ ပူလို့နှင်းကျလို့ လမ်းမလျှောက်ဖြစ်ဖူးလို့ ဆင်ခြေပေးလို့မရတော့ဘူးပေါ့၊

📚Claude (monthly US$ 20)
အရင်ကတော့ ChatGPT subscription သုံးတယ်၊ Claude စသုံးတာ 3 လလောက်ပဲရှိဦးမယ်၊ ပိုကြိုကိလို့ Claude ပဲသုံးတော့တယ်။ ရေးချင်တဲ့ proposal တွေ၊ research လုပ်ရတာတွေ၊ business plan ဆွဲတာတွေ အကုန် ဝိုင်းလုပ်ပေးတဲ့ team member တစ်ယောက်အနေနဲ့ အသုံးဝင်တယ်၊

သင်ကောနေ့စဉ်သုံးနေတဲ့ tools တွေထဲက အကြိုက်ဆုံးတွေက ဘာတွေဖြစ်မလဲ၊

Cell ကနေထုတ်တဲ့ ကြက်သားနဲ့ ဘဲသားကို Singapore မှာ တရားဝင်ရောင်းချခွင့်ရပါပြီ၊ 📚📚စင်ကာပူဟာ ၂၀၂၀ ခုနှစ်မှာ Cultivated Meat...
04/16/2026

Cell ကနေထုတ်တဲ့ ကြက်သားနဲ့ ဘဲသားကို Singapore မှာ တရားဝင်ရောင်းချခွင့်ရပါပြီ၊ 📚

📚စင်ကာပူဟာ ၂၀၂၀ ခုနှစ်မှာ Cultivated Meat cell ကနေထုတ်တဲ့ အသားကို ကမ္ဘာပေါ်မှာ ပထမဆုံး ရောင်းချခွင့်ပြုခဲ့တဲ့နိုင်ငံပါ။
အသားထုတ်လုပ်ဖို့ အတွက်နဲ့ တိရိစ္ဆာန်တစ်ကောင်လုံးက်ုမွေးမြူသ-တ်ဖြ-တ်ဖို့ မလိုတော့ဘူးပေါ့၊

📚ပြင်သစ်နိုင်ငံရဲ့ Parima ကုမ္ပဏီဟာ သူတို့ရဲ့ ဘဲသား (Cultivated Duck) ကို စင်ကာပူနိုင်ငံမှာ ရောင်းချခွင့် ရသွားပြန်ပါပြီ။
Parima ဟာ အခုဆိုရင် တိရစ္ဆာန်မျိုးစိတ် နှစ်မျိုးအတွက် ခွင့်ပြုချက်ရတဲ့ ပထမဆုံး Cultivated Meat ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လတုန်းကလည်း သူတို့ရဲ့ ကြက်သား (Cultivated Chicken) ကို ခွင့်ပြုချက် ရခဲ့ပါသေးတယ်။

📚သူတို့ရဲ့ Strategy ကတော့ fine dining restaurant တွေမှာစရောင်းမှာပါ၊ Michelin Star စားဖိုမှူးတွေကတောင် သူတို့ရဲ့ ဘဲသားကို အသိအမှတ်ပြုထားကြပြီးသားပါ။

📚ဘယ်လိုမျိုး ထုတ်လုပ်တာလဲ?
Parima က သူတို့ရဲ့ အသားတွေကို ထုတ်လုပ်တဲ့နေရာမှာ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲတာ (Genetic Engineering) တွေ လုံးဝမလုပ်ပါဘူး။ စက်ရုံသုံး Bioreactor တွေထဲမှာ ဆဲလ်တွေကို အာဟာရကျွေးပြီး သဘာဝအတိုင်း ပွားယူတာပါ။ ထုတ်လုပ်မှုစရိတ်ကိုလည်း တစ်ပေါင်ကို ၃.၄၃ ဒေါ်လာဝန်းကျင်အထိ လျှော့ချနိုင်ဖို့ ကြိုးစားနေပါတယ်။

📚အခု ၂၀၂၆ ခုနှစ်အတွင်းမှာတင် Vow, Wildtype, Mission Barns နဲ့ Believer Meats စတဲ့ ကုမ္ပဏီတွေလည်း နိုင်ငံအသီးသီးမှာ cultivated meat အတွက် ခွင့်ပြုချက်တွေ ရထားကြပါတယ်။ အသားထုတ်လုပ်မှုပုံစံက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာနေပြီလို့ ဆိုရမှာပါပဲ။

📚ကျွန်မက အရင်တုန်းက BBQ တွေ ခဏခဏသွားစားသူမို့ ဒီလိုမျိုး အသားတွေစျေးကွက်ထဲရောင်းလာရင်ပြန်သွားစားဖြစ်ကြည့်လောက်တယ်၊

📚အခုကတော့ Singapore က high end restaurants တချို့မှာ cultivated meat တွေရနေတယ်၊
အရင်ကရေးထားတွေ post တွေ comment မှာရေးပေးထားမယ်၊

သင်ကော ဘယ်လိုထင်လဲ၊ 🍽️

သက်သတ်လွတ် Korean BBQ 😋ဒါမျိုးကိုရှာနေတာကြာပြီ၊ ကျွန်မ အရင်က အသား ဘူဖေးတွေ ခဏခဏသွားစားသူပါ၊ Dinner တခုမှာ hot pot စားရင်...
04/11/2026

သက်သတ်လွတ် Korean BBQ 😋
ဒါမျိုးကိုရှာနေတာကြာပြီ၊

ကျွန်မ အရင်က အသား ဘူဖေးတွေ ခဏခဏသွားစားသူပါ၊

Dinner တခုမှာ hot pot စားရင် အသားမစားတော့ဘူးလို့ ချက်ချင်းဆုံးဖြတ်လိုက်ကတည်းက နောက်ပြန်မကြည့်တော့တာ၊

📚သက်သတ်လွတ်စားရတာ ထင်တာထက်ပိုလွယ်တယ်ဆိုတာ သိလာတယ်၊

📚အသားကို ပုံစံမျိုးစုံလုပ်ပြီး flavor မျိုးစုံ culinary experience မျိုးစုံပေးတဲ့ society မှာနေနေရတော့
သက်သတ်လွတ်ကိုလည်း flavor မျိုးစုံနဲ့ BBQ ပုံစံတွေပါ လုပ်ပေးတဲ့ ဆိုင်တွေ လုပ်ငန်းတွေ တိုးလာတာကိုတွေ့ရင် ကျေနပ်မိတယ်၊

📚ရန်ကုန်မှာတုန်းက သက်သတ်လွတ် Yunan hot pot ကို အသားတုမျိုးစုံနဲ့ စားလိုက်ရကတည်းက ဒါတွေ များလာလေလေ ရာသက်ပန် သတ်သတ်လွတ်စားတာက လူတွေနဲ့ လက်လှမ်းမဝေးတော့လေပဲလို့ ထင်မိတယ်၊ (ဒီ post ကို comment ထဲမှာ link ပေးထားမယ်)

အခု သက်သတ်လွတ် K BBQ ကတော့ Singapore မှာရှိပါတယ်၊

Saute Saranghae တဲ့၊

အသားတုတွေနဲ့ပဲ BBQ လုပ်တာ၊ စားချင်စရာ၊

ကျွန်မ မသွားစားဖူးသေးပါဘူး၊
သူတို့ရဲ့ Instagram က ပုံတွေကို စုပြီးတင်ပေးလိုက်ပါတယ်၊

Photo credit to Saute Saranghae Instagram

Address

Denver, NC
28037

Alerts

Be the first to know and let us send you an email when Forward Food Tech MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share