Counseling with Craton

Counseling with Craton Licensed psychotherapist, alcohol & drug counselor, writer, mental health educator and advocate. Trained in EMDR, neurofeedback, CBT, DBT, ACT, and TREM.

03/22/2026

ဟိုနေ့က လမ်းထွက်လျှောက်ရင်း ရပ်ကွက်တစ်ခုထဲရောက်တော့ နွေဦးမှာတွေ့ရလေ့ရှိတဲ့ ရွှေရောင်နှင်းပန်းတွေနောက် လိုက်ရင်းလိုက်ရင်းနဲ့ ဒီနေရာလေးကို သွားတွေ့တယ်။ လမ်း(၄)ခုဆုံတဲ့နေရာမှာ ဆေးခြယ်ထားတဲ့ koi fish ငါးကန်လေးရယ်၊ သစ်ကိုင်းခြောက်လေးတွေ သစ်တိုသစ်စလေးတွေကို ကောက်ပြီးဆောက်ထားတဲ့ ဇရပ်လိုလို၊ ကလေးကစားစရာလိုလို အဆောင်လေးတွေရယ်၊ အခမဲ့ရေနွေးကြမ်းနဲ့ လက်ဖက်ခြောက်ချပေးထားတဲ့ ချစ်စရာ tea station လေးရယ်၊ စာအုပ်ဖတ်ချင်သူတွေ ငှါးသွားပြီး သူတို့အိမ်ကစာအုပ်တွေလည်း ယူလာထား/လှူလို့ရတဲ့ little library လေးရယ်၊ ရွှံ့သဲတို့နဲ့ အနုပညာမြောက်အောင်လုပ်ထားတဲ့ ခုံတန်းလေးရယ် အရုပ်ကလေးတွေရယ်နဲ့ အဲ့နားတဝိုက်က ချစ်စရာ တစ်ထပ်အိမ်လေးတွေရယ်နဲ့ ကြည့်ရတာ စိတ်ကိုချမ်းသာသွားတာပဲ။ ဘယ်လိုချစ်မှန်းကို မသိဘူးဗျာ။ လူတွေဟာ သိပ်ကြင်နာပြီး သိပ်နူးညံ့တာပဲ။ And so creative!

ရုံးကဝန်ထမ်းတွေ အနားယူတဲ့နေရာလေးမှာထားဖို့ သစ်ပင်လေး ဒီနေ့ရောက်လာတယ်။ တခြားအထပ်က staff lounge နဲ့ lobby area တွေမှာလည်း ...
03/20/2026

ရုံးကဝန်ထမ်းတွေ အနားယူတဲ့နေရာလေးမှာထားဖို့ သစ်ပင်လေး ဒီနေ့ရောက်လာတယ်။ တခြားအထပ်က staff lounge နဲ့ lobby area တွေမှာလည်း အပင်သစ်လေးတွေ အများကြီးထပ်ရောက်တယ်။ ဒီနေရာက ကျွန်တော် ရုံးက therapist သူငယ်ချင်းတွေနဲ့ မုန့်စား၊ ကော်ဖီဆင်းသောက်တဲ့နေရာလေး။ အနားယူချိန် စာဖတ်၊ သီချင်းနား​ထောင်၊ puzzle ဆော့၊ ဆေး​ရောင်ခြယ်၊ ကြိုက်တာလုပ်။ Client တွေကတော့ ဒီမှာမထိုင်ဘူး။ သူတို့ထိုင်စောင့်လို့၊ chill လို့ရတဲ့နေရာတွေ သပ်သပ်ရှိတယ်။ Free WiFi, coffee, tea, မုန့်၊ တစ်ရှူး၊ ဂိမ်းတွေနဲ့ စာအုပ်ဘာညာလည်း သူတို့အတွက် အလကား ထားပေးထားတယ်။ စိတ်ကျန်းမာရေးဆေးခန်းဆိုတော့ healing and welcoming space ဖြစ်ဖို့ အရေးကြီးတယ်။

03/19/2026

Neurodivergent ဖြစ်သူတွေဟာ အလုပ်တစ်ခုကို စတင်ဖို့ (task initiation) လုပ်ဖို့ ခက်ခဲလေ့ရှိကြပါတယ်။ အထူးသဖြင့် ADHD သမားတွေပါ။ ဒါဟာ အများထင်သလို ပျင်းရိလို့မဟုတ်ဘဲ executive dysfunction ကြောင့် ဖြစ်ပါတယ်။

Executive dysfunction ဆိုတာ အတွေး၊ စိတ်ခံစားမှုနဲ့ လုပ်ငန်းဆောင်တာ စီမံခန့်ခွဲနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေတဲ့ (disrupt ဖြစ်စေတဲ့) အပြုအမူဆိုင်ရာ လက္ခဏာ (behavioral symptom) တစ်ခုဖြစ်ပါတယ်။ စီမံခန့်ခွဲခြင်း၊ အာရုံစိုက်ခြင်း၊ စီစဉ်ခြင်း၊ လုပ်ငန်းတာဝန်စတင်ခြင်းတွေမှာ ADHD သမားတွေဟာ အတော် ရုန်းကန်ကြရပါတယ်။ သူများထက် အဆများစွာ ပိုအားထုတ်ရပါတယ်။

Executive dysfunction ဟာ ရောဂါတစ်ခုမဟုတ်ဘဲ ADHD၊ အော်တစ်ဇင်ရှိသူ neurodivergent သမားတွေဆီမှာ တွေ့ရလေ့ရှိတဲ့ symptom တစ်ခု၊ condition တစ်ခု ဖြစ်ပါတယ်။ ဉာဏ်ရည်နဲ့မဆိုင်ဘဲ ပန်းတိုင်ကိုရှေ့ရှုတဲ့ အပြုအမူတွေမှာ (goal-oriented behaviors) ပိုပြီးထိခိုက်မှုရှိပါတယ်။

ဥပမာ - အခန်းရှင်းရမယ်မှန်းသိပေမဲ့ ဘယ်နေရာကစပြီး ဘာကို စ၊ လယ်၊ ဆုံး၊ တစ်ခုချင်း၊ တစ်ဆင့်ချင်းလုပ်သွားရမလဲဆိုတဲ့ planning and organizing တွေကို စဉ်းစားဆုံးဖြတ် စိတ်ပိုင်းဖြတ်ရတဲ့နေရာတွေမှာ အခက်အခဲရှိပါတယ်။ အခန်းရှင်းဖို့ တံမြက်စည်း စလှည်းရင်းကနေ focus and attention နည်းတဲ့အတွက်၊ အာရုံများတတ်တဲ့အတွက် အာရုံက အခန်းထောင့်က စာအုပ်ပုံကိုရောက်သွားပြီး တံမြက်စည်းနဲ့ ကော်ပြားကို တစ်နေရာမှာချထားခဲ့ပြီး စာအုပ်တွေ သွားစီနေတာမျိုးပါ။

စာအုပ်ပုံရှင်းနေရင်းကနေ မီးဖိုချောင်မှာ ပန်းကန်တွေပုံနေတာမြင်သွားပြီး ပန်းကန်ထဆေးဖို့ လုပ်တော့တာပါ။ အဲ့အချိန်မှာပဲ ကြောင်အိမ်ထဲမှာ ငါးဟင်းထည့်ထားမိတာ သတိရပြီး ရေခဲသေတ္တာထဲထည့်ဖို့ လုပ်တာပါ။ အဲ့လိုနဲ့ ရေခဲသေတ္တာဖွင့်လိုက်တုန်း တစ်ပတ်လောက်မချက်ဖြစ်ဘဲ သိမ်းထားတဲ့ အရွက်နွမ်းတွေကိုတွေ့ပြီး ဒါကို ဒီညချက်စားမှ၊ မဟုတ်ရင် လွှင့်ပစ်ရတော့မှာဆိုပြီး စိုးရိမ်သွားရာကနေ အရွက်တွေထုတ်၊ မကောင်းတာလေးတွေဖယ်သင် ကောင်းတာလေးတွေ ချွေပြီး ရေကောက်ဆေးတော့တာပါ။

ဆိုတော့ကာ… တံမြက်စည်း စလှည်းတုန်းကတည်းက စလိုက်တဲ့အလုပ်တစ်ခုကနေစပြီး ဘယ်တစ်ခုမှ မပြီးတော့ပါဘူး။ အဲ့အချိန်မှာပဲ အပြင်သွားစရာအချိန်ကနီးလာပြီး ကမန်းကတန်းနဲ့ တက်သုတ်ရိုက်ပြီး ပြေးလွှားရင်းနဲ့ အလုပ်လည်းမပြီး သွားဖို့လည်းနောက်ကျ၊ အချိန်တွေလည်း keep track မလုပ်နိုင်တာမျိုးပါ။ အဲဒီအခါမှာ စိတ်ဖိစီးမှု တအားများရပြီး အလွယ်တကူ စိတ်တိုစိတ်ဆတ်တာ (irritability)၊ overwhelmed ဖြစ်တာတွေ ဖြစ်လေ့ရှိပါတယ်။

စိတ်ဖိစီးမှုများလို့၊ စိုးရိမ်စိတ်များပြီး သတိလွတ်တာမျိုး၊ ထရာမာတစ်ခုခုရထားလို့ တခါတလေ အာရုံများ/သတိလွတ်တတ်တာမျိုးတွေနဲ့ ADHD ဟာ လုံးဝ မတူပါဘူး။ ADHD ဟာ ငယ်ငယ်ကတည်းက symptoms တွေပြလာပြီး အသက်ကြီးလာတဲ့အထိ တောက်လျှောက် ဒီလိုဖြစ်တာပါ။ အိမ်ရော၊ ကျောင်းရော၊ ပတ်ဝန်းကျင်မှာရော ဘယ်လို setting မှာပဲမဆို ဒီလိုဖြစ်တာပါ။ ADHD ရဲ့ symptoms တွေအကုန်ကိုတော့ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။ နောက်ကြုံမှ ရေးပါမယ်။

ဆိုတော့… executive dysfunction ကြောင့်ဖြစ်တဲ့ ဒီအခြေအနေဟာ လုပ်ဆောင်ချင်စိတ် (wanting to do) နဲ့ တကယ်စတင်လုပ်ဆောင်နိုင်မှု (initiating action) အကြားက ကွာဟမှု ဖြစ်ပါတယ်။ “အလုပ်တာဝန်တွေ ရှေ့ဆက်မလုပ်နိုင်ခြင်း" နဲ့ “အရှိန်မရခြင်း" တွေကြားမှာ ဗျာများရလေ့ရှိပါတယ်။

ဒါကြောင့် ADHD သမားတွေဟာ အလုပ်ကိစ္စတွေလုပ်ဖို့ motivation မရှိဘူး၊ စိတ်ဝင်စားမှုမရှိဘူး၊ ခွန်အားမရှိဘူး၊ အတွေးများတယ်၊ စိတ်ဓာတ်ကျနေတာဖြစ်နိုင်တယ်ဆိုပြီး စိတ်ကျဝေဒနာ (Depression) နဲ့ မကြာခဏမှားပြီး misdiagnose အလုပ်ခံရလေ့ရှိပါတယ်။ ADHD ရော၊ Depression ရော နှစ်မျိုးလုံးရှိတဲ့သူများလည်း ရှိကြပေမဲ့ ADHD ကို Depression နဲ့ မှားတတ်ကြတယ်ဆိုတာကို ပြောပြတာပါ။

ဦးနှောက်လှုံ့ဆော်မှု (stimulation) အားနည်းတယ်လို့ သူတို့ယူဆထားတဲ့ လုပ်ငန်းဆောင်တာတွေကို ADHD သမားတွေဟာ စတင်လုပ်ဆောင်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒါဟာ ပျင်းရိလို့ မဟုတ်ပါဘူး။

လုပ်ရမယ့်တာဝန်တွေကို သေချာရှင်းရှင်းလင်းလင်း နားမလည်နေခြင်းတွေကြောင့်လည်း ADHD သမားတွေဟာ “task paralysis” သို့မဟုတ် “inertia” ဆိုတဲ့ဖြစ်စဉ်ကို ခံစားရလေ့ရှိပါတယ်။ Feeling stuck ဆိုတဲ့ ခံစားမှုမျိုးပါ။

အလုပ်တစ်ခုကို ဘာလို့စဖို့ ခက်ရတာလဲဆိုတော့

- ဦးနှောက်က အာရုံစိုက်မှုနဲ့ စွမ်းအင်ကို ထိန်းညှိတဲ့နေရာမှာ မူမမှန်တာမျိုး။ ဒါကြောင့် အနားယူနေတဲ့အခြေအနေကနေ အလုပ်လုပ်တဲ့အခြေအနေကို (ဒါမှမဟုတ်) အလုပ်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းဖို့ ခက်ခဲပါတယ်။

- အော်တစ်ဇင်ရှိသူတွေဟာ သူတို့အဆင်ပြေ၊ သက်တောင့်သက်သာရှိနေတဲ့ လက်ရှိအခြေနေလေးမှာပဲ ဆက်နေဖို့ နှစ်ခြိုက်လေ့ရှိတယ်။ ဥပမာ - အနားယူနေရင် ဆက်နားနေချင်မယ်၊ အလုပ်လုပ်နေရင်လည်း ဆက်လုပ်နေချင်မယ်။ တစ်ခုခုကို ကူးပြောင်းရတော့မယ်၊ ပြောင်းလဲရတော့မယ်ဆိုရင် "ရပ်တန့်သွားသလို" ၊ “ပျက်သွားသလို” ခံစားရတတ်တယ်။

- ADHD ရှိသူတွေရဲ့ ဦးနှောက်မှာ လှုံ့ဆော်မှုအတွက် အဓိကကျတဲ့ ဒိုပါမင်းဓာတ် (dopamine) နည်းနေတတ်တယ်။ ဒါကြောင့် အလုပ်တစ်ခုက စိတ်ဝင်စားစရာမကောင်းဘူး၊ အသစ်အဆန်းဟုတ်မနေဘူး၊ စိန်ခေါ်မှုမရှိဘူး၊ အရေးတကြီးမဟုတ်ဘူးဆိုရင် အဲဒါကို စဖို့ သိပ်ခက်ခဲတယ်။

- “မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပါ" ဆိုရင် ဒါဘာကိုဆိုလိုမှန်း သေချာရှင်းရှင်းလင်းလင်းသိဖို့ သူတို့အတွက် လိုအပ်ပါတယ်။ ပန်းကန်ဆေးတာကိုပြောတာလား၊ အမှိုက်လှည်းတာကိုပြောတာလား၊ ဟင်းသိုးထမင်းသိုးတွေ လွှင့်ပစ်တာကိုပြောတာလား၊ ကြမ်းတိုက်တာကိုပြောတာလား၊ အကုန်လုံးလား၊ ဘာလဲ၊ ဘာပြီးရင် ဘာလုပ်ရမှာလဲ ဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ “ရှုပ်ထွေးလွန်းတယ်”လို့ ထင်ရင် ဦးနှောက်က ဘယ်လိုစရမှန်းမသိဖြစ်နိုင်ပါတယ်။

- တစ်ခုခုဆိုရင် ကျရှုံးမှာ (fail ဖြစ်မှာ) ကြောက်တာ၊ ပြီးပြည့်စုံအောင်လုပ်ချင်တာ၊ အရင်က အလားတူအလုပ်မျိုးမှာ ဆိုးရွားတဲ့အတွေ့အကြုံရှိဖူးတာတွေဆိုရင် ထပ်လုပ်ရမှာအတွက် ပူပန်တာ၊ မလုပ်ဘဲရှောင်ချင်တာမျိုးလေးတွေလည်း တွေ့ရတတ်ပါတယ်။

- တစ်ခါတလေ ပတ်ဝန်းကျင်ရဲ့ အာရုံရှုပ်ထွေးမှုတွေ (sensory sensitivities) ကြောင့်ဖြစ်စေ၊ ကိုယ့်ရဲ့ neurodivergent ဖြစ်တည်မှုကို ဖုံးကွယ်ထားရတဲ့အတွက်ဖြစ်စေ အရမ်းပင်ပန်းတတ်ကြတယ်။ အဲလိုအခြေအနေမျိုးမှာ အလုပ်အသစ်တစ်ခုစဖို့ ခွန်အားမရှိတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါဆို ဘာလုပ်ရမလဲ။ ဘယ်လိုနည်းလမ်းတွေ (coping skills) က အကူအညီပေးနိုင်လဲ။

- အလုပ်တွေကို အကွက်ချပါ – ပထမဆုံးခြေလှမ်းကို တတ်နိုင်သမျှ သေးသေးလေး ချမှတ်ပါ။ ဥပမာ "အက်ဆေးရေးမယ်" လို့မတွေးဘဲ "လက်ပ်တော့ပ်ကိုဖွင့်မယ်" လို့ပဲ အရင်စသတ်မှတ်ပါ။ အဲ့ဒီကနေ တစ်ဆင့်ချင်းသွားပါ။

- အချိန်တိုင်းတာ​ပေးတဲ့ ကိရိယာသုံးပါ (a timer) – "၅ မိနစ်ပဲလုပ်မယ်" ဆိုတဲ့ စည်းမျဉ်းလေး ချမှတ်ပြီး လုပ်ကြည့်ပါ။ ၅ မိနစ်ပြည့်ရင် ရပ်လိုက်လို့ရတယ်။

- တစ်ယောက်ယောက်နဲ့ အတူတူလုပ်ပါ – တစ်ယောက်ယောက်နဲ့အတူ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်) အလုပ်လုပ်တာက အာရုံစူးစိုက်မှုနဲ့ တာဝန်ယူမှုကို ပိုကောင်းစေပါတယ်။

- ပျင်းစရာကောင်းတဲ့အလုပ်ကို ပျော်စရာနဲ့ တွဲလုပ်ပါ – အလုပ်လုပ်ရင်းနဲ့ သီချင်းနားထောင်တာ၊ podcast နားထောင်တာ၊ ဒါမှမဟုတ် ကြိုက်တဲ့ဖျော်ရည်လေးတစ်ခုခု သောက်တာမျိုးက dopamine ပမာဏကို မြှင့်တင်ပေးနိုင်တယ်။

- အမြင်အာရုံနဲ့ ဆိုင်တဲ့ ကိရိယာတွေသုံးပါ – Tiimo လို app တွေသုံးတာမျိုး၊ အချိန်ဇယားဆွဲပြီး လုပ်တာမျိုး၊ လုပ်စရာရှိတာတွေကို to-do list နဲ့ စာရင်းလုပ်ထားတာမျိုး လုပ်နိုင်ပါတယ်။

- ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ၊ ကရုဏာထားပါ – ဒီအခက်အခဲတွေဟာ ကိုယ့်ရဲ့ စရိုက်ချို့ယွင်းမှု၊ ပျင်းရိမှုကြောင့် မဟုတ်ဘဲ တကယ့်လက်တွေ့ဦးနှောက်-အာရုံကြောဆိုင်ရာ neurological မတူညီကွဲပြားမှုတစ်ခု သက်သက်ပဲ ဆိုတာကို သိထားရင် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ၊ ရှက်စိတ်တွေ၊ အားမလိုအားမရဖြစ်စိတ်တွေ လျော့သွားနိုင်ပါတယ်။

Neurodivergent ဖြစ်ခြင်းဟာ အပြစ်လည်းမဟုတ်၊ ချို့ယွင်းချက်လည်းမဟုတ်၊ ရောဂါလည်း မဟုတ်ပါ။ ကိုယ်ရဲ့ဦးနှောက်အလုပ်လုပ်ပုံနဲ့ တွေးပုံခေါ်ပုံ၊ ရှုမြင်ပုံ၊ အရေးထားပုံ၊ ဆုံးဖြတ်ချက်ချပုံတွေဟာ Neurotypical လူတွေနဲ့ မတူကွဲပြားနေရုံလေး သက်သက်ပါပဲ။

(Disclaimer: ADHD ကို စိတ်ကျန်းမာရေးဆရာဝန်များ၊ neuropsychologist များ၊ စိတ်ကျန်းမာရေးနဲ့ စိတ်ဝေဒနာများအကြောင်းကို သေချာနားလည်လေ့လာထားတဲ့ လိုင်စင်ရ ဆရာဝန်၊ လိုင်စင်ရ psychotherapist များကသာ diagnose လုပ်ပေးလို့ ရပါတယ်။ မိမိကိုယ်ကို self-diagnose မလုပ်သင့်ပါ။ ဒီပို့စ်မှာရေးပြထားတဲ့ symptoms အချို့ဟာလည်း ADHD ရဲ့ symptoms အကုန် မဟုတ်သေးပါ။ ADHD နဲ့ Autism Spectrum Disorder ဟာ neurodivergence ဖြစ်တာချင်းတူပေမဲ့ အခြေအနေချင်း၊ symptoms တွေချင်း မတူညီကြပါ။ ဒီပို့စ်မှာ အဓိကထားပြောချင်တာက neurodivergent ဖြစ်သူတွေ ခံစားရလေ့ရှိတဲ့ task initiation ခက်ခဲမှုအကြောင်း သီးသန့်ပဲဖြစ်ပါတယ်)

Counseling with Craton

ကျွန်တော့်ရုံးရဲ့ ဘေးနဲ့ အရှေ့ဘက်​တွေမှာ ချယ်ရီတွေပွင့်နေပြီ။ ရုံးက တစ်ပတ်ကို (၂)ရက်ပဲသွားရတယ်ဆိုပေမဲ့ ကားပါကင်ကနေ ရုံးထ...
03/17/2026

ကျွန်တော့်ရုံးရဲ့ ဘေးနဲ့ အရှေ့ဘက်​တွေမှာ ချယ်ရီတွေပွင့်နေပြီ။ ရုံးက တစ်ပတ်ကို (၂)ရက်ပဲသွားရတယ်ဆိုပေမဲ့ ကားပါကင်ကနေ ရုံးထဲကိုဝင်ရတဲ့ အရသာလေးကိုက ချယ်ရီတွေကြောင့် တစ်မျိုးဆန်းနေတယ်။ ဒီမြို့တစ်မြို့လုံး မတ်လဆိုတာနဲ့ ချယ်ရီတွေ အလုအယက် ရပ်ကွက်တိုင်း၊ လမ်းတိုင်း ပွင့်ကြပြီ။

03/16/2026

ကြင်နာတဲ့အပြုအမူလေးတွေကို မြင်ရ၊ ပြုရ၊ ခံစားရရင် ကျွန်တော့်အတွက်တော့ စိတ်ထဲနွေးလာပြီး နှလုံးသားတစ်ခုလုံး၊ soul တစ်ခုလုံး တုန်ခါသွားတာမျိုး။ အသက်တစ်နာရီလောက် ပိုရှည်သွားသလိုပဲ။ ကြင်နာတယ်ဆိုတာ ပိုက်ဆံမကုန်ဘူး။

- ကိုယ့်အနောက်မှာလူရှိရင် ကိုယ်ဝင်ပြီးသွားတဲ့အခန်းတံခါးကို သူဝင်လို့အဆင်ပြေအောင် သုံးစက္ကန့်လောက်လေး ဆက်ပြီးကိုင်ထားပေးလိုက်တာ
- အိမ်ရှေ့မှာ ခုံတစ်ခုချထားပြီး လမ်းသွားလမ်းလာတွေ ရေသန့်အလကားသောက်ရအောင် တခါသုံးစက္ကူခွက်လေးတွေနဲ့ အမှိုက်ပုံးပါအတူ ချပေးထားလိုက်တာ
- ကိုယ့်ရှေ့မှာ လူတစ်ယောက် wheel chair နဲ့လာနေရင် အသာလေး ဘေးကိုဖယ်ပေးလိုက်တာ
- ကိုယ့်အတွက် စားစရာလာချပေးတဲ့ စားပွဲထိုးလေးကို ကျေးဇူးတင်ကြောင်း ကြင်နာစွာပြောတာ
- ကိုယ်ချစ်ရသူတွေကို ကိုယ်စိတ်ဆိုးနေချိန်မှာတောင် (သူတို့နဲ့ မထိုက်တန်တဲ့) နာကျင်စေတဲ့စကားတွေမပြောတာ၊ ထိခိုက်စေမယ့်အပြုအမူမျိုးတွေကို တတ်နိုင်သမျှရှောင်တာ
- ကိုယ့်ဘက်ကမှားသွားရင် (အတတ်နိုင်ဆုံး) အမြန်ဆုံးတောင်းပန်တာ
- အများနဲ့မတူညီတဲ့သူတစ်ယောက်ကို သူ့ရဲ့ဖြစ်တည်မှုအပေါ်လိုက်ပြီး အများက စနောက်၊ နှိမ့်ချ၊ ခွဲခြားဆက်ဆံနေတာတွေ့ရင် သူ့ဘက်က ဝင်ရပ်တည်ပြီး တစ်ခုခု ကာကွယ်ပြောဆိုပေးလိုက်တာ
- ကလေးငယ်တွေကို ဆုံးမတဲ့အခါ သူတို့နားလည်စေလောက်မယ့် စကားလုံးမျိုးနဲ့ ဖြည်းဖြည်းမှန်မှန် မအော်မငေါက်ဘဲပြောတာ
- တစ်ယောက်ယောက်က အမှားတစ်ခုလုပ်မိတယ်ဆိုရင် အရင်အပြစ်တင်၊ discipline လုပ်တာထက် သူဘာလို့ အဲ့ဒီအမှားကိုလုပ်ရတာလဲဆိုပြီး အရင်စူးစမ်း/မေးမြန်းတာ။ မေးတဲ့အခါမှာလည်း နှစ်ယောက်တည်းပဲ တိုးတိုးတိတ်တိတ်မေးတာ
- ကိုယ့်ဘေးနားက ကိုယ့်အပေါ်ကောင်းသူ၊ ချစ်သူခင်သူတွေအပေါ် ကိုယ့်အလုပ်ကအထက်အရာရှိကို ဆက်ဆံသလိုမျိုး respect ထားပြီး ချိုချိုသာသာ ဆက်ဆံတာ (ကတောက်ကဆဖြစ်တာ၊ စိတ်ဆိုးကြတာမျိုးတော့ ရှိပေမဲ့လည်း အချိန်အများစုမှာ အဲ့လို respect မျိုး၊ ကြင်နာမှုမျိုးနဲ့ ဆက်ဆံနိုင်အောင်ကြိုးစားတာ)
- ဘယ်သူ့ကိုပဲ စကားပြောပြော please and thank you ထည့်ပြီးပြောတာ

ကြင်နာတယ်ဆိုတာ ယဉ်ကျေးသိမ်မွေ့စွာ၊ fair ဖြစ်စွာ၊ respect ရှိစွာ၊ (ကိုယ့်ဘက်ကနေ) အလိုက်သိတတ်စွာ ပြုမူဆက်ဆံခြင်းအားဖြင့် တစ်ဖက်လူကို စိတ်ချမ်းသာသွားစေ၊ စိတ်နွေးထွေးသွားစေအောင် လုပ်ဆောင်တာ။ သူများကြင်နာတာ၊ မကြင်နာတာ သူများကိစ္စ။ ကိုယ်ကြင်နာတာ ကိုယ့်ကိစ္စ။

Counseling with Craton

03/12/2026

ကျွန်တော့်အတွေ့အကြုံလေးကို ဝေမျှချင်တာပါ။ ကျွန်တော်အလုပ်လုပ်တဲ့ ကျန်းမာရေးစင်တာ/ဆေးခန်းက ကျွန်တော့် client တစ်ယောက် su***de နဲ့ ဆုံးပါးသွားတာကို သိသိချင်း ကျွန်တော် weekend ကနေပြန်လာပြီး ပထမဆုံး ရုံးပြန်တက်တဲ့နေ့ မနက်ကျတော့မှ supervisor ကနေတဆင့် video call ခေါ်ပြီး အသိပေးတယ်။ ကျွန်တော့် weekend နားရက်မှာ ကျွန်တော့်ကို ဘာမှပေးမသိဘူး။ ကိုယ်ပိုင်အချိန်နဲ့ အလုပ်ချိန် ခွဲခြားထားမှုကို လေးစားတဲ့အနေနဲ့ ဆက်လည်းမဆက်သွယ်ဘူး။

သိသိချင်းမနက် ကျွန်တော့်မှာ မယုံနိုင်တော့ (မတိုင်ခင် ၁၀ ရက်ကမှ အဲ့ client ကို ကျွန်တော် ဆေးခန်းမှာစကားပြောခဲ့သေးတာကိုး) supervisor ရှေ့မှာပဲ (laptop ရှေ့မှာ) ရှိုက်ခနဲ သိမ့်ခနဲဖြစ်ရာကနေ အသံတွေပါထွက်ပြီး ထိုင်ငိုမိပါရော။ သူက တိတ်ဆိတ်စွာစောင့်နေပေးပြီး ကျွန်တော်ငိုလို့ပြီးသွားတော့မှ ဘယ်လိုဖြစ်တာလဲ၊ ဘယ်တုန်းကဖြစ်တာလဲ၊ ဘယ်သူက စသိတာလဲဆိုတာကို “မင်း သိချင်တာ သေချာရဲ့လား” လို့ အရင်မေးပြီး ကျွန်တော်က “ငါ့ကို ကျေးဇူးပြုပြီး ပြောပြပါ၊ ငါသိချင်တယ်” ဆိုမှ သူသိသလောက်ကို လေသံတည်တည်ငြိမ်ငြိမ် ညှိုးငယ်တဲ့မျက်နှာနဲ့၊ empathy အပြည့်နဲ့ ပြောပြတယ်။

သူပြောတာကိုနားထောင်ပြီး ကျွန်တော် မျက်ရည်တွေ ထပ်ကျတယ်။ ဒီနယ်ပယ်ထဲမှာ အလုပ်လုပ်ရင် ဒီလိုသတင်းတွေက ဒီလိုပဲကြားရမှာပဲဆိုပေမဲ့ ဒီ client နဲ့က ၁၆လတိတိ အလုပ်အတူတူလုပ်ခဲ့တာဆိုတော့ လောလောလတ်လတ် ရုတ်တရက်ကြီးဆိုတော့ ကျွန်တော် အရမ်း shock ရပြီး ခံစားရတယ်။ အရင်ဆုံးတွေးတာကတော့ “ငါ ဘာတွေ မမြင်ခဲ့လို့လဲ။ ဘာတွေမလုပ်ပေးခဲ့လိုက်မိဘူးလဲ။ ဘယ်လိုလုပ်ပေးခဲ့လိုက်ရမှာ” ကနေစလို့ “ငါဟာ therapist ကောင်း ဟုတ်ရဲ့လား။ Therapist ဖြစ်ထိုက်ရဲ့လား။ ဒီနယ်ပယ်နဲ့ ငါနဲ့ ဆိုင်ရဲ့လား” စသဖြင့် shock and grief ရောထွေးနေသူ therapist တွေ တုံ့ပြန်လေ့ရှိကြတဲ့အတိုင်း အတွေးဆိုးတွေ ဝင်လာတယ်။ ကိုယ့်ကိုယ်ကို အပြစ်အရင်တင်၊ တာဝန်တွေဝင်ယူပြီး negative spiraling က စတယ်။

ဒါဟာ ကျွန်တော် therapist လုပ်လာတဲ့သက်တမ်းတလျှောက်မှာ ဒုတိယမြောက် client ကို su***de နဲ့ ဆုံးရှုံးလိုက်ရခြင်းမို့ အရင်က ခံစားဖူးတဲ့ခံစားချက်တွေ ပုံရိပ်တွေ၊ အတွေးတွေပါ ပြန်ပေါ်လာတယ်။ အဲ့နေ့တစ်ရက်လုံး အာရုံကောင်းကောင်းမစိုက်နိုင်ဘဲ ငူငိုင်လိုက်၊ ငိုလိုက်နဲ့ပဲ ဖြစ်နေတာမို့ အလုပ်ကနေ ခွင့်ယူပြီး ရှိပြီးသား appointment တွေ အကုန်ဖျက်/reschedule လုပ်လိုက်ရတယ်။ အဲ့နေ့အတွက် ကျွန်တော် therapist တစ်ယောက် မဖြစ်နိုင်ဘူးလေ။ ကျွန်တော် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်။

အလုပ်ကလည်း ကြိုက်သလောက် ခွင့်ယူဖို့ပြောတယ်။ Bereavement leave က ၃ရက်ကနေ ၅ရက်အထိ လစာပြည့် ယူလို့ရပေမဲ့ ကျွန်တော် တစ်ရက်နဲ့ နေ့တဝက်ပဲ ယူခဲ့တယ်။ အိမ်မှာ တစ်ယောက်တည်းနေရတာထက် အလုပ်ကိုသွားပြီး လုပ်ဖော်ကိုင်ဖက် therapist တွေ၊ တခြား colleagues တွေနဲ့ စကားပြော၊ ပွေ့ဖက်နှုတ်ဆက်ပြီး နွေးနွေးထွေးထွေးနဲ့ ဒီ loss ကို အတူတူ process လုပ်ရတာ ကျွန်တော့်အတွက် comfort ပိုဖြစ်တယ်။ ဒုတိယနေ့ကို ကျွန်တော် ရုံးရောက်သွားတာတောင် သူတို့က “ရုံးမှာရှိနေရတာ စိတ်သက်သာရင် နေပါ။ အလုပ်မလုပ်လည်း ရတယ်” ဆိုပြီး ကျွန်တော့်ကို သက်သက်သာသာ ပေးနေတယ်။

ကျွန်တော့်ရုံးခန်းထဲကို leadership က လူတွေရော၊ တခြား ကြင်နာတဲ့ လုပ်ဖော်ကိုင်ဖက်တွေရော တစ်ယောက်ပြီးတစ်ယောက် ဝင်လာပြီး အားပေးနှစ်သိမ့်တာ၊ စကားပြောပေးတာ၊ ပွေ့ဖက်ပေးတာ၊ နားထောင်ပေးတာ၊ ပန်းတွေ မုန့်တွေ လာပေးတာ စသဖြင့် လုပ်ပေးတော့ တကယ် စိတ်သက်သာရာ ရခဲ့ပါတယ်။ “ငါတစ်ယောက်တည်းပါလား” ဆိုတဲ့ ခံစားချက်လုံးဝမရဘဲ “အသင်းအဖွဲ့က၊ ငါ့အလုပ်က ငါ့ကို လိုအပ်တယ်၊ ဂရုစိုက်တယ်၊ တန်ဖိုးထားတယ်၊ နားလည်ပေးတယ်။ အပြစ်လည်းမတင်ဘူး” ဆိုတဲ့ ခံစားချက်မျိုးကို ရတယ်။ အားဖြစ်တယ်။

“လူတစ်ယောက် သူ့ဘဝသူ အဆုံးသတ်ဖို့ ရွေးချယ်သွားတာဟာ ကျွန်တော်တို့တွေကိုယ်တိုင် ဘာမှ မတတ်နိုင်ပါဘူး” လို့ ဒီ client ရဲ့ စိတ်ကျန်းမာရေးဆရာဝန်က ပြောတယ်။ ကျွန်တော့် team က lead therapist ကလည်း ပြောတယ်၊ “ကျွန်တော်တို့က client တွေနဲ့ တစ်ပတ်မှ တစ်နာရီ၊ နှစ်ပတ်မှ တစ်နာရီ၊ တစ်လမှ တစ်နာရီလောက်လေးပဲ စကားပြောရတာ၊ အတူရှိရတာ။ ကျန်တဲ့အချိန်တွေမှာ သူတို့ဘာတွေဖြစ်နေမလဲ ကျွန်တော်တို့ မသိနိုင်ဘူး။ ကျွန်တော်တို့ control လုပ်လို့ မရနိုင်ဘူး” တဲ့။

ဒါတွေကို ကျွန်တော်သိပေမဲ့လည်း ကိုယ်နှလုံးသားထဲမှာရှိနေတဲ့ client တစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးရတဲ့အခါ အဲ့ဒီအသိစိတ်တွေ၊ တွေးခေါ်နိုင်စွမ်းတွေဟာ loss and grief ကြောင့် မှေးမှိန်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက အဲ့လိုစကားသံတွေ၊ validation တွေရမှပဲ ကျွန်တော့်စိတ်တွေ အဆင်ပြေသွားတယ်။ “မင်းကို စိတ်ကျန်းမာရေးနယ်ပယ်က လိုအပ်တယ်။ မင်းဟာ ဒီနေရာမှာ ထိုက်တန်တယ်။ မင်းဟာ therapist ကောင်းတစ်ယောက်ဖြစ်တယ်။ မင်းဟာ လူတွေ ရာပေါင်းများစွာကို ကူညီပေးခဲ့တယ်။ အသက်တွေအများကြီးကို ကယ်ခဲ့တယ်” ဆိုတဲ့ သူတို့ရဲ့စကားသံတွေက ကျွန်တော့်ကို ပြန်ငြိမ်သက်သွားစေတယ်။

ဒီနေ့ စင်တာမှာ ဒီ case ကို debrief လုပ်ကြတော့ ကျွန်တော့် care team members တွေ အကုန်လုံးရယ်၊ supervisor ရယ်၊ grief counselor နှစ်ယောက်ရယ် ကျွန်တော့်ဘေးမှာ ရှိနေပေးပြီး ကျွန်တော်ပြောချင်တာကို အကုန်နားထောင်ပေးကြတယ်။ ကျွန်တော့်အတွက် အချိန်ရော နေရာရော ပေးကြပြီး ကောင်းကောင်း process လုပ်စေတယ်။ သစ်သီးတွေ၊ ချောကလက်တွေ၊ ဒိုးနပ်တွေ၊ ပန်းတွေ၊ ရေနွေးကြမ်းတွေယူလာပြီး နှစ်သိမ့်ကြတယ်။ အရမ်း trauma-informed ဖြစ်တာပဲ။ Very kind, warm, and caring. “ဒီလိုနေရာမှာ ဒီလိုလူတွေနဲ့အလုပ်လုပ်ရတာ ငါကံကောင်းလိုက်တာ၊ ကျေးဇူးတင်လိုက်တာ” လို့ ခံစားမိတာနဲ့အတူ အဲ့လိုခံစားရကြောင်းကိုလည်း သူတို့ကို ထုတ်ဖော်ပြောပြီး appreciate လုပ်မိတယ်။ ကိုယ်ချင်းစာစိတ်ကြီးလိုက်ကြတာ။

နောက်အပတ်ထဲမှာ leadership က မန်နေဂျာကြီးတွေပါလာပြီး ဒီ case ကို နောက်ဆုံးတစ်ခေါက် closure အနေနဲ့ ထပ်ဆွေးနွေးကြဖို့ရှိတယ်။ ကျွန်တော် client နဲ့ အလုပ်လုပ်စဉ်က ရေးခဲ့တဲ့ clinical notes တွေ၊ သုံးခဲ့တဲ့ treatment interventions တွေ၊ ဘာကြောင့် ဘယ်နေရာမှာ ဘယ်လိုသုံးခဲ့တယ်ဆိုတာတွေကို အသေးစိတ် သူတို့ ဖတ်ကြည့်သုံးသပ်ပြီး ဆွေးနွေးကြမှာမျိုး။ ကျွန်တော့်ကို feedback ပေးကြမှာမျိုး။ နည်းနည်းတော့ clinical and procedural ဆန်ပေမဲ့ ကျွန်တော် မမြင်ခဲ့၊ သတိမပြုမိခဲ့၊ လိုအပ်ခဲ့တဲ့အရာတွေကိုလည်း သူတို့ထောက်ပြနိုင်မှာမို့ ကျွန်တော့်အတွက် သင်ယူ/ခံယူတတ်ရင် career path မှာ ပိုတိုးတက်အဆင်ပြေပြီး learning and growth ပိုင်းမှာ အထောက်အကူပြုနိုင်တယ်။ အဲ့လိုပဲ ခံယူတယ်။

အရင်တစ်ခေါက်ကလည်း ဒီလိုပဲလုပ်ခဲ့ရတယ်။ ကျွန်တော်သာ တခြားတစ်နေရာ၊ တခြား environment မျိုးမှာအလုပ်လုပ်ခဲ့ရင် တုံ့ပြန်မှုနဲ့ သက်ရောက်မှုတွေက ဘယ်လိုရှိကြမယ် မပြောနိုင်ဘူး။ ကျွန်တော်ကတော့ လက်ရှိအနေအထားအရ အဆိုးထဲက အကောင်း တွေးမိတယ်။ ဒီလောက် စုတ်ပြတ်သတ် ရက်စက်ပြီး လူသားမဆန်တဲ့ကမ္ဘာပျက်ကြီးထဲမှာ လူတွေရဲ့ လူသားဆန်နေသေးမှု၊ ကိုယ်ချင်းစာမှု၊ ကြင်နာမှု၊ မေတ္တာထားနေသေးမှုလေးတွေကို အနီးကပ် ပိုခံစားမိလိုက်ရပြီး humanity အပေါ် မျှော်လင့်ချက်ရောင်ခြည်လေး သန်းမိတယ်။

Counseling with Craton

03/09/2026

ကိုလံဘီယာမြစ်ဘေး ဒီနေ့ ခဏသွားထိုင်

မနေ့ညက anxiety attack လိုလို၊ နှလုံးလိုလိုဖြစ်လို့ သူများပြည်နယ်ကြီးမှာ ခရီးသွားနေတုန်း အရေးပေါ်ဌာနရောက်သေးတယ်။ ဆရာဝန်တွ...
03/09/2026

မနေ့ညက anxiety attack လိုလို၊ နှလုံးလိုလိုဖြစ်လို့ သူများပြည်နယ်ကြီးမှာ ခရီးသွားနေတုန်း အရေးပေါ်ဌာနရောက်သေးတယ်။ ဆရာဝန်တွေ အကုန်စစ်ကြည့်​တော့လည်း ကောင်း​နေတာပဲ။ အ​ကြော​ဆေးထိုး၊ liquid IV ချိတ်ပြီး နေပြန်​ကောင်းသွားတယ်။ စိတ်ဖိစီးမှုနဲ့ anxiety ကြောင့်ပဲဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်လိုက်တယ်။
စိတ်အနားယူတဲ့အ​နေနဲ့ ခရီးထွက်ခါမှ အလုပ်​လေး နည်းနည်းလက်ခံလိုက်မိပြီး အရင်အပတ်က ဆုံးပါးသွားတဲ့ client အ​ကြောင်း ခေါင်းထဲပြန်​ရောက်လာရာက အဲ့လိုဖြစ်တယ်ထင်တာပဲ။ နည်းနည်းစိတ်ပူရတဲ့ client တချို့လည်းရှိ​တော့ နည်းနည်းစုံသွားတာလားပဲ။ ကျွန်​တော်တို့ therapist တွေလည်း grief လုပ်ရတာပဲ။ လွယ်မ​နေဘူး။ Coping skills တွေကိုသိ​နေ​တော့ နည်းနည်း​တော့ ခံသာတာ​ပေါ့ဗျာ။ (၆)လပိုင်းထဲ medical procedure တစ်ခုလည်းရှိ​တော့ အဲ့ဒါကြီးကိုလည်း နည်းနည်းစိတ်ထဲစိုးရိမ်​နေတာပါတယ်။ ဒီနေ့တော့ စိတ်အ​ခြေအ​နေ အေးဆေးပါပဲ။ ပြုံးလို့ရယ်လို့။ အိမ်ပြန်​ရောက်ရင် ရေနွေးစိမ်ပြီး meditation လေးဘာလေး ပြန်လုပ်ဦးမှပါ။ ပုံလေးတွေကတော့ ခရီးကနေ အိမ်အပြန် လမ်းတလျှောက်မှာ ရိုက်မိလာတာလေးတွေ။ I’m okay. ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါဗျာ။

ရိုလာကိုစတာလိုမျိုး အတက်အကျများတဲ့ ရက်သတ္တပတ်ကို ဖြတ်​ကျော်အပြီးမှာ​တော့ စိတ်လွတ်လက်လွတ်ဆိုပြီး အိမ်ကနေ ခဏထွက်လာခဲ့လိုက်...
03/08/2026

ရိုလာကိုစတာလိုမျိုး အတက်အကျများတဲ့ ရက်သတ္တပတ်ကို ဖြတ်​ကျော်အပြီးမှာ​တော့ စိတ်လွတ်လက်လွတ်ဆိုပြီး အိမ်ကနေ ခဏထွက်လာခဲ့လိုက်တယ်။ သဘာဝထဲရောက်မှပဲ ငြိမ်းချမ်းမှု ပြန်ရတော့တယ်

03/05/2026

ကြင်နာမှုခေါင်းပါးတဲ့ (သို့မဟုတ်) ကြင်နာမှုလုံးဝမပါတဲ့ စကားတွေကို ၁လမှာ ၂၉ရက်လောက် မပြောမိအောင် ကျွန်တော့် personal life မှာ ကြိုးစားနေထိုင်တယ်။ ကျန်တဲ့ ၁ရက် ၂ရက်ကိုလည်း မပြောမဆိုမိအောင် ထိန်းပေမဲ့ တခါတလေ အရင်ကပါလာခဲ့တဲ့ အကျင့်ဟောင်းတွေကြောင့်ဖြစ်စေ၊ ဒေါသ, မခံချင်စိတ်, မာန ပါသွားလို့ဖြစ်စေ၊ အရင်က ထရာမာတွေကြောင့်ဖြစ်စေ၊ သူများတွေဆီကနေ မသိမသာ သွယ်ဝိုက်ကူးစက်လာတဲ့ mannerism / learned behavior / learned mindset တစ်ခုခုကြောင့်ဖြစ်စေ… ဂရုစိုက်နေတဲ့ကြားကပဲ slip ဖြစ်သွားပြီး unkind ဖြစ်တဲ့ အပြောအဆို အပြုအမူလေးတွေ လုပ်မိသွားတာမျိုး ဖြစ်လေ့ရှိတယ်။ ဒါကတော့ လူတိုင်းဖြစ်တတ်တာကိုး။ အဲ့ဒီအခါမှာ ပြန်တောင်းပန်ရတာမျိုး၊ အမှားအသေးကို အကြီးမဖြစ်အောင် ပြန်လည်ပြင်ဆင်ရတာမျိုး၊ ကိုယ့်မာန်ကိုယ်ချိုးရတာမျိုး၊ တာဝန်ခံလိုက်တာမျိုး လုပ်ရတယ်။

အစကတော့ အဲ့လို ကြင်နာမှုပါတဲ့ စကားတွေရွေးချယ်ပြောရတာကို အတင်းလုပ်ပြီးပြောနေရသလိုမျိုး၊ natural မဖြစ်သလိုမျိုး ခံစားရတာမို့ ကျွန်တော့်အတွက် ခက်တယ်။ ဒါပေမဲ့ နေ့စဉ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ ဓလေ့ထုံးစံတွေရဲ့ အားပေးထောက်ပံ့မှု ကျေးဇူးတွေကြောင့် ကြာတော့ ယဉ်ကျေးချိုသာတဲ့၊ ကြင်နာမှုပါတဲ့စကားတွေပြောရတာ လိုအပ်ချက်တစ်ခုလို၊ norm တစ်ခုလိုဖြစ်လာတယ်။ အတင်းလုပ်ယူနေရတာမျိုး မဟုတ်တော့ဘဲ second nature ဖြစ်လာတယ်၊ muscle memory ဖြစ်လာတယ်။ ဒါကတော့ ဘယ်အလုပ်၊ ဘယ်အပြုအမူမဆို ကြိမ်ဖန်များစွာ နေ့စဉ်လုပ်ရင်း exposure များများရပြီး ကျင့်သားရလာရင် ဒီလိုဖြစ်လာတာပါပဲ။ ရိုင်းစိုင်းစွာ၊ မကြင်နာစွာ ပြောတတ်ကြတာက ကျင်လည်ရာ ဘေးပတ်ဝန်းကျင်က​နေ သင်ယူတတ်​မြောက်လာတဲ့အကျင့်ဆိုရင် သူ့ရဲ့ဆန့်ကျက်ဘက်ကို လုပ်ယူရတာကလည်း အလေ့အကျင့်ပဲ။ လုပ်ကိုလုပ်နိုင်တယ်။ ပြောင်းလဲလို့ရတယ်။

ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်ကောင်းမွန်အောင် လေ့ကျင့်သင်ယူတဲ့အထဲမှာ စကားလုံး အသုံးအနှုန်းတွေကို ယဉ်ကျေး၊ ကြင်နာပြီး ထိရောက်/သက်ရောက်အောင် ရွေးချယ်ပြောဆိုတတ်ဖို့က (သူများတွေအတွက်တော့ မသိပေမဲ့) ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။ အဲ့ဒါက ကျွန်တော့်တစ်သက်လုံး ဆက်လက်လေ့ကျင့်ပျိုးထောင်သွားရမယ့် skill တစ်ခု ဖြစ်မယ်ထင်တယ်။ ၁၀၀% perfect ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် မသေမချင်း ဆက်လက်အားထုတ်နေရဦးမယ်။ ဒါပေမဲ့ အဲ့ဒီအတွက်လည်း ကျွန်တော့်စိတ်ထဲ အဆင်ပြေနေတယ်။

I’m okay with accepting and saying that I am not (and will never be) perfect and with putting in consistent efforts to better myself. It’s not for perfection but for the sake of being a decent human being.

Counseling with Craton

03/04/2026

တခါတလေကျရင် ကိုယ် control လုပ်မရတဲ့အရာတွေ၊ ကိုယ်နဲ့ ၁၀၀% ဆိုင်မနေတဲ့အရာတွေ၊ အဖြေတိတိကျကျရှိမနေတဲ့အရာတွေဖြစ်လာရင် ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်တာက ပိုလွယ်ကူနေတတ်တာမို့ ကျွန်တော်တို့ self-blame တွေလုပ်၊ အတင်းတွေ တာဝန်ဝင်ယူ၊ တာဝန်ဝင်ခံပြီး အပြစ်ရှိတယ်လို့ မြန်မြန်ဆန်ဆန်ပဲ ခံစားလိုက်ကြတယ်။ အဲ့ဒါမျိုးက တကယ်ကြုံဖူး၊ ခံစားဖူးတဲ့သူတွေမှ နားလည်မယ်ထင်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့ client တစ်ယောက်နဲ့ပတ်သက်ပြီး အရမ်းကို စိတ်ထိခိုက်ကြေကွဲရတဲ့ကိစ္စတစ်ခု ဖြစ်လိုက်တာမို့ သူနဲ့အလုပ်လုပ်လာတာ တစ်နှစ်ကျော်လောက်ရှိပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကို အရင်ဆုံး အပြစ်မြင်မိတယ်။ “ငါ ဘယ်လိုလုပ်ပေးခဲ့လိုက်ရင်ကောင်းသား။ ငါ warning signs တွေကို ဘာလို့မမြင်ခဲ့ရတာလဲ။ အဲ့ထက် ငါ ပိုကြိုးစား ပိုအားထုတ်ခဲ့သင့်တာ” စသဖြင့် feeling responsible and guilty စိတ်တွေ အရင်ဝင်လာတယ်။ ဝင်လာတာကို ဦးနှောက်က သတိထားမိနေတာမို့ ခံစားချက်တွေကို တစ်ခုချင်း တန်းစီပြီးခံစားဖြစ်တယ်။

နေလို့ထိုင်လို့ သိပ်မကောင်းပေမဲ့ thoughts and emotions တွေကို သေချာ allow လုပ်ပြီး process လုပ်တယ်။ Negative ဘက်တွေချည်းမရောက်အောင်လို့ ကိုယ့်အတွေးကို မျှတဖြန့်ကျက်ပြီး တွေးရတယ်။

တကယ်တော့ တခြားလူတစ်ယောက်ရဲ့ဘဝမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်ခွင့်၊ မျှဝေခံစားခွင့်ဆိုတာ နည်းနည်းလေးပါပဲ။ အချိန်ဆိုလည်း ခဏလေးရယ်ပါ။ ကျွန်တော်တို့ ပါဝင်မနေတဲ့ သူများရဲ့ ဘဝအစိတ်အပိုင်းအများစုမှာ သူ့ဟာသူ ဖြစ်ပျက်နေတဲ့အရာတွေအတွက် ကျွန်တော်တို့မှာ တာဝန်မရှိသလို အပြစ်လည်း မရှိပါဘူး။

သူတို့ဘဝထဲ ကျွန်တော်တို့ ပါဝင်ပတ်သက်ခွင့်ရနေတဲ့ ရာခိုင်နှုန်း အနည်းအကျဉ်းလေးမှာပဲ သူတို့အတွက် အကောင်းဆုံး ကြိုးစားပေးလိုက်တာ၊ ကူညီထောက်ပံ့ပေးလိုက်တာ၊ ကြင်နာစွာဆက်ဆံပေးလိုက်တာ၊ သူတို့မျှဝေသလောက်လေး နားထောင်ပေး မြင်ကြည့်ပေးလိုက်တာဆိုတာနဲ့တင် လုံလောက်သင့်ပါတယ်။

တခြား သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေတွေးနေလဲ၊ ဘယ်လိုတွေခံစားနေလဲ၊ နောက်ကွယ်မှာ ဘာတွေလုပ်မလဲ၊ ဘာတွေရွေးချယ်သွားမလဲဆိုတာ ကျွန်တော်တို့ ထိန်းချုပ်လို့မရသလို ကျွန်တော်တို့နဲ့လည်း တကယ်တော့ မဆိုင်ပါဘူး။ သူတို့ကိုယ်ပိုင် ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်တွေနဲ့ သူတို့ဟာသူတို့လုပ်သွားတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေ၊ guilty ဖြစ်နေရင် ဒါကြီးက သိပ်မှ တရားမ​နေဘဲ။ တခါတလေ လူသားဆန်ခြင်းကလည်း စိတ်ကိုပင်ပန်းစေတတ်တယ်။ ကိုယ်ချင်းစာစိတ်၊ မေတ္တာကရုဏာစိတ် အတန်အသင့်ရှိသူတစ်ယောက်အနေနဲ့ ဒီအချက်လေးတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ပြန်ဆုံးမနေရတယ်။

“ကျွန်​တော် လူ​တွေအများကြီးကို ကူညီ​ပေးခဲ့၊ ပေး​နေနိုင်တာကပဲ blessing တစ်ခုပါ။ ကျွန်​တော် သူ့အတွက် အ​ကောင်းဆုံး စဉ်းစား​ပေးခဲ့၊ အကြံဉာဏ်​ပေးခဲ့၊ သူ​ပြောတာ​တွေကို judge မလုပ်ဘဲ မျှ​ဝေခံစား​ပေးခဲ့ပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စိတ်ကု​ပေးခဲ့ပါတယ်” လို့ ဒီ​နေ့ ခဏခဏ ရေရွတ်​နေမိတယ်။

မနေ့ကပဲ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ကျွန်တော့်ရဲ့ client တစ်ယောက်အတွက် ကျွန်တော် ဒီစာလေးကို ကြေကွဲစိတ်ထိခိုက်စွာနဲ့ရေးပါတယ်။ Therapist တစ်ယောက်အတွက် အခက်ခဲဆုံး သတင်းပါပဲ။ May you rest in peace!

Counseling with Craton

03/03/2026

ဒီနေ့ ကျွန်တော့် supervisor ဟောင်းတစ်ယောက် (အခုတော့ သူငယ်ချင်းတွေ) ရဲ့ဖိတ်ခေါ်မှုနဲ့ တက္ကသိုလ်တစ်ခုမှာ Social Work ဘာသာရပ်နဲ့ မဟာတန်းတက်နေတဲ့ကျောင်းသားတွေကို စကားသွားပြောခွင့်၊ အတွေ့အကြုံမျှ​ဝေခွင့် ရခဲ့တယ်။ ကျွန်တော့် ဒီသူငယ်ချင်းက လက်ရှိ health care အဖွဲ့အစည်းတစ်ခုမှာ ပရိုဂရမ် ဒါရိုက်တာ ဖြစ်နေပေမဲ့ တက္ကသိုလ်မှာလည်း အချိန်ပိုင်းစာသင်တယ်။ ကျွန်တော့်ကို psychotherapist တစ်ယောက် ဖြစ်လာအောင် ပထမဆုံး စတင်လေ့ကျင့်သင်ကြားပေးခဲ့သူ၊ ထရိန်နင်တွေ ပေးခဲ့သူပေါ့။ အရမ်းထက်ပြီး အရမ်းတော်တဲ့ အမျိုးသမီး။

အဲ့ဒါနဲ့ မရောက်တာကြာပြီဖြစ်တဲ့ တက္ကသိုလ်ဝန်းထဲပြန်ရောက်ရင်း ကျောင်းသားတွေရဲ့ နုပျိုတက်ကြွနေတဲ့ အားအင်တွေကို မြင်​တွေ့ခံစားလိုက်ရတယ်။ အဓိက သွားပြောဖြစ်တာကတော့ ….. ကျွန်တော် social work နဲ့ မာစတာရပြီးတော့ counseling/therapy လောကထဲကို ဘယ်လိုဘယ်ပုံဝင်လာတယ်၊ ဘာထရိန်နင်တွေ ဘယ်လိုယူခဲ့တယ်၊ ဘယ်လိုအခက်အခဲတွေ ရှိခဲ့တယ်၊ ဘယ်လိုကျော်ဖြတ်ခဲ့တယ်၊ social work ရဲ့ ကျယ်ပြန့်ပြီး versatile ဖြစ်ပုံ၊ လက်ရှိ ကျွန်တော့်ရဲ့ full time အလုပ်မှာ ဘယ်လို client case တွေ တာဝန်ယူရတယ်၊ ဘာ treatment interventions တွေသုံးတယ်၊ ဒီအလုပ်အပြင် ကျွန်တော် စာတွေသင်တာ၊ counselor အသစ်တွေရော general public ကိုရော psychoeducation တွေ ဘယ်လိုပေးတာ၊ ကိုယ်ပိုင် private practice ကိုလည်း ဘယ်လို run တာ… စသဖြင့် ကျွန်တော့်ရဲ့ career journey ကို ပြောပြမျှဝေတဲ့ သဘောပါပဲ။

ပြောပြီး သူတို့က မေးခွန်းတွေပြန်မေး၊ ပြန်ဆွေးနွေးကြတဲ့ တစ်နာရီခွဲစာ အချိန်လေးပေါ့။ သူတို့ကိုယ်တိုင်ကလည်း လက်ရှိ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်ကိုယ်စီနဲ့အပြင် social work မဟာတန်းအတွက် မဖြစ်မနေလုပ်ရတဲ့ practicum တွေကလည်း လုပ်ကြရသေးတာဆိုတော့ time management ပိုင်း၊ self-care ပိုင်း၊ stress and burnout ကို ဘယ်လိုဂရုစိုက်ပြီး ဖြေရှင်းတဲ့အပိုင်းတွေပါ ဆွေးနွေးဖြစ်ကြတယ်။

ကျွန်တော့် supervisor ဟောင်းက သူ့လုပ်ဖော်ကိုင်ဘက်ဟောင်းတချို့၊ ကျောင်းသားဟောင်းတချို့ထဲက Master of Social Work (MSW) ဘွဲ့ရပြီး လက်ရှိ နယ်ပယ်အသီးသီးမှာ အလုပ်လုပ်နေသူတွေကို ရွေးချယ်ပြီး semester တစ်ခုကို ကျွန်တော့်လို guest speaker တစ်ယောက်ဖိတ်ပြီး ကျောင်းသားတွေကို စကားပြောခိုင်း၊ ဆွေးနွေးဖလှယ်ခိုင်းလေ့ရှိတယ်။ ကျွန်တော် undergrad အတွက် စိတ်ပညာတက်ခဲ့တုန်းကလည်း ပရော်ဖက်ဆာနှစ်ယောက်က အဲ့လိုပဲ စိတ်ပညာနယ်ပယ်ထဲက ပရော်ဖက်ရှင်နယ်တွေကိုဖိတ်ပြီး စကားပြောခိုင်းတာမျိုး လုပ်ဖူးတယ်။ သိပ်ကောင်းတဲ့ အစီအစဉ်လေးတွေ။

အဲ့လိုစကားဝိုင်းလေးတွေက လိုကိုလိုအပ်တယ်။ ကျောင်းသားတွေ ကျောင်းပြီးတော့မှ အလုပ်ရဖို့၊ supervision ဝင်ရဖို့၊ ဘယ်လိုစာရွက်စာတမ်း ပြင်ဆင်ရဖို့… အကုန် အစကနေအဆုံး လိုက်စုံစမ်း၊ လိုက်ရှာဖွေ၊ အခက်အခဲတွေတသီကြီးနဲ့ သိပ်မကြုံရတော့ဘူးပေါ့။ အခုလို စီနီယာတွေက သူတို့ကြုံခဲ့ဖူးတာတွေရော၊ လုပ်ငန်းခွင်က အတွေ့အကြုံတွေပါ အကုန်ပြောပြသွားတော့ ကျောင်းသားတွေအတွက် အများကြီးအထောက်အကူဖြစ်တဲ့ information မျိုး ရတယ်။ ပြင်ဆင်သင့်တာတွေလည်း ပြင်ဆင်ချိန် အများကြီးရတယ်။

ကျွန်တော်လည်း အနာဂတ်မှာ အချိန်ပိုလေးများရှိမယ်ဆိုရင် တက္ကသိုလ်မှာ အချိန်ပိုင်းစာသင်တာမျိုး လုပ်ရင်ကောင်းမလား စဉ်းစားမိသေးတယ်။ Adjunct professor တွေက လစာနည်းတယ်ဆိုပေမဲ့ စာသင်ပေးရတာကို ဝါသနာပါသူဆိုတော့ အဆင်ပြေမလားပဲ။ သင်ဖြစ်ရင်တော့ အခု ဒီအတန်းကိုစာသင်​နေတဲ့ ကျွန်​တော့်သူငယ်ချင်းကိုပဲ မေးခွန်းတွေမေးပြီး သူ့ဆီက နည်းနာယူရမယ်။

Counseling with Craton

Address

Portland, OR

Website

Alerts

Be the first to know and let us send you an email when Counseling with Craton posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram