𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭

  • Home
  • United States
  • Queens, NY
  • 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭

𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 𝐘𝐨𝐮𝐫 𝐭𝐫𝐮𝐬𝐭𝐞𝐝 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫 𝐢𝐬 𝐚𝐥𝐬𝐨 𝐲𝐨𝐮𝐫 𝐓𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭. 🍂

“Fundraising with Tarot” campaign လေးကနေ စုပေါင်းအလှူငွေ ၃,၆၃၁,၃၂၀ ကျပ်တိတိ ကောက်ခံရရှိခဲ့ပါတယ်ဒီအလှူငွေဟာ ကျွန်တော်တို့...
04/08/2025

“Fundraising with Tarot” campaign လေးကနေ စုပေါင်းအလှူငွေ ၃,၆၃၁,၃၂၀ ကျပ်တိတိ ကောက်ခံရရှိခဲ့ပါတယ်

ဒီအလှူငွေဟာ ကျွန်တော်တို့ 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 နဲ့ The Handsome Man Tarot ရဲ့ reader နှစ်ဦးနဲ့အတူ မြန်မာနိုင်ငံမှသာမက USA တွင်နေထိုင်နေကြသော အလှူရှင်များအားလုံးရဲ့ စုပေါင်းအလှူပဲဖြစ်ပါတယ်
ဤကာလဒါနကုသိုလ်မှာ ပါဝင်လှူဒါန်းပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်

ကောက်ခံရရှိထားတဲ့အလှူငွေများကို ငလျင်ဒဏ်သင့်ပြည်သူများအတွက် လိုအပ်ရာရိက္ခာများထောက်ပံ့နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် တစ်ပြားတစ်ချပ်မကျန် ပြန်လည်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်

လှူဒါန်းထားတဲ့အထောက်အထားများကိုလည်း page မှတစ်ဆင့် ပြန်လည်ဖော်ပြပေးသွားပါမယ်ခင်ဗျာ





FUNDRAISING CAMPAIGN FOR EARTHQUAKE RELIEF***ငလျင်ဘေးသင့်ဒေသများနဲ့ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကူငွေထည့်ဝင်ရင်း Tarot R...
04/01/2025

FUNDRAISING CAMPAIGN FOR EARTHQUAKE RELIEF

***ငလျင်ဘေးသင့်ဒေသများနဲ့ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကူငွေထည့်ဝင်ရင်း Tarot Reading ရယူပါ***

ကျွန်တော် personal ကိစ္စ​တွေ​ကြောင့် ဒီ page လေးကို မ run ဘဲနားထားတာ အတော်ကြာနေပြီဖြစ်တာ​ကြောင့် အခုအချိန်မှာ Engagement ကျနေလောက်ပြီဆိုတာသိပေမယ့်လည်း
ငလျင်ဒဏ်သင့်ဒေသများကပြည်သူတွေအတွက် တစ်ဖက်တစ်လှမ်းကနေ ပါဝင်ကူညီပေးချင်တာကြောင့် ဒီ Campagin လေးကိုပြုလုပ်လိုက်ပါတယ်

ငလျင်ဒဏ်သင့်ပြည်သူများ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့အတွက် သောက်ရေ၊ ဆေးဝါး၊ စားနပ်ရိက္ခာ စသည် ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 နဲ့ The Handsome Man Tarot မှ Reader နှစ်ဦးစုပေါင်းပြီး April 1 ရက်နေ့မှ April 5 ရက်နေ့အထိ Fundraising Campaign လေး ပြုလုပ်သွားပါမယ်

ကနဦးအနေနဲ့ ကျွန်တော်တို့ကိုယ်တိုင် ကူငွေ ၂၅ သိန်းကျပ်တိတိကို ပါဝင်မတည်လှူဒါန်းသွားမှာဖြစ်ပြီး ဒီ Campaign မှာ အလှူထည့်ဝင်သူများအနက် ကျပ်ငွေ ၁၀,၀၀၀ ကျပ်နဲ့အထက် လှူဒါန်းသူများကို မေးခွန်းသုံးခုစာ Tarot Reading ပြန်လည်ဟောပေးသွားမှာဖြစ်ပါတယ်

ကောက်ခံရရှိတဲ့အလှူ​ငွေများကို ANTS - ပုရွက်ဆိတ်များ အပါအဝင် မြေပြင်ကို ကိုယ်တိုင်ကိုယ်ကျသွား​ရောက်ကူညီ​ပေး​နေကြ​သော ပရဟိတလူငယ်များမှတစ်ဆင့် ထည့်ဝင်လှူဒါန်း​သွားမှာဖြစ်ပါတယ်

ကျွန်တော် comment မှာ KPay QR Code ချပေးထားပါမယ်ဗျ
ငွေပမာဏအနည်းအများမဆို ပါဝင်လှူဒါန်းပေးဖို့ နှိုးဆော်အပ်ပါတယ်
ငွေကျပ် ၁၀,၀၀၀ နဲ့အထက်လှူဒါန်းသူများအနေနဲ့ page chat box မှာ screenshot ပြ၍ 3 Questions Tarot Reading ယူနိုင်ပါတယ်ဗျ

နိုင်ငံရပ်ခြားမှ ပါဝင်လှူဒါန်းလိုသူများအတွက်လည်း Zelle, PayPal တို့ဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါတယ်ဗျ






၂၀၂၅ က သင့်ဆီကို ဘာ​တွေယူ​ဆောင်လာမလဲ 🍀[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]ဒီ Reading ​လေးက​တော့ ကျွန်​တော့်ရဲ့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏 ​​တွေ ၂၀၂၅ ထဲ...
01/12/2025

၂၀၂၅ က သင့်ဆီကို ဘာ​တွေယူ​ဆောင်လာမလဲ 🍀

[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]

ဒီ Reading ​လေးက​တော့ ကျွန်​တော့်ရဲ့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏 ​​တွေ ၂၀၂၅ ထဲ ကြုံ​တွေ့ရနိုင်​ချေရှိတဲ့ အ​ကောင်းအဆိုး ​ဆောင်ရန်​ရှောင်ရန်​လေး​တွေကို general reading ​လေးလုပ်​ပေးထားတာဖြစ်ပါတယ်

အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပါ
ပုံတစ်ပုံချင်းစီကို မျက်လုံးထဲစွဲအောင်သေချာကြည့်ပါ
ပြီးရင် အချိန်ခဏလောက်မျက်စိလေးမှိတ် အသက်လေးပုံမှန်ရှူပြီး ကိုယ်နဲ့ Energy ကိုက်တယ်လို့ခံစားရမယ့် Pile လေးကို ရွေးဖတ်ပေးပါဗျ

General Reading ဖြစ်တာမို့ ကိုယ်နဲ့ energy မကိုက်တာမျိုးရှိနိုင်တာကြောင့် serious အရမ်းမထားကြဖို့ ကြိုတင်ပြောထားပါရစေ

ကျွန်တော် Andrew ဆီမှာ Tarot မေးချင်တယ်ဆိုရင်
🍁 1 question ~ 4,000ks
🍁 3 questions ~ 10,000ks နှုန်းနဲ့ ကျွန်တော့်ရဲ့ 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 page မှာ လာရောက်မေးမြန်းနိုင်ပါပြီ

ကျွန်တော်ရဲ့ Tiktok မှာလည်း Pick A Pile Reading လေးတွေတင်ပေးနေမှာမို့ follow လေးလုပ်ထားကြပါဦးဗျ
🔗 | tiktok.com/

🍇 | New Year's Eve မှာ အစိမ်း​ရောင်စပျစ်သီး​တွေစားကြတဲ့ ဓ​လေ့ဟာ တကယ်ပဲအချစ်​ရေးကံ​ကောင်း​စေလား သာမန် social media trend ...
12/30/2024

🍇 | New Year's Eve မှာ အစိမ်း​ရောင်စပျစ်သီး​တွေစားကြတဲ့ ဓ​လေ့ဟာ တကယ်ပဲအချစ်​ရေးကံ​ကောင်း​စေလား
သာမန် social media trend တစ်ခုသက်သက်ပဲလား
ဒီ Tradition ဟာ ဘယ်ကစတည်ခဲ့တာလဲ

ဒီ​နေ့မှာ​တော့ ကျွန်​တော် Andrew က NYE ​ရောက်တိုင်း ​Trend ဖြစ်​နေကျ ritual တစ်ခုဖြစ်တဲ့ NYE midnight ၁၂ နာရီတိတိမှာ underwear အနီ​ရောင်ဝတ်ပြီး စပျစ်သီး ၁၂ လုံးကို တစ်မိနစ်အတွင်းစားရင် နှစ်သစ်မှာ ချစ်သူရည်းစားသစ်ရတယ်ဆိုတဲ့ ယုံကြည်မှုဓ​လေ့တစ်ခုနဲ့ပတ်သက်ပြီး ​ရေးတင်​ပေးချင်ပါတယ် 🍇

ဒီ Tradition ဟာ ယ​နေ့​ခေတ်မှာ social media trend တစ်ခုအ​နေနဲ့ လူငယ်​​တွေကြား အသိများကြ​ပေမယ့် လွန်ခဲ့​သောနှစ်​​ပေါင်းရာ​ကျော်ကတည်းက ဒီ Tradition ဟာ တည်ရှိ​နေခဲ့ခြင်းဖြစ်ပါတယ်
ဒီဓ​လေ့ကို လူအများစုက အချစ်​ရေးကံ​ကောင်း​စေမယ့် ritual တစ်ခုအဖြစ်ပဲသိထားကြ​ပေမယ့် တကယ်​တော့ ဒီ Tradition ဟာ အချစ်​ရေးကံ​ကောင်း​စေတဲ့အချက်အပြင် တခြားယုံကြည်မှူ​တွေလည်း ရှိ​နေပါ​သေးတယ်

အရင်ဦးဆုံး ဒီ Tradition ဟာ ဘယ်ကစတည်ခဲ့လဲဆိုတာ ​ပြောပြရမယ်ဆိုရင် ၁၈ ရာစုနဲ့ ၁၉ ရာစုကြားကာလ​တွေကတည်းက စပိန်လူ​မျိုး​တွေဆီကဆင်းသက်လာတဲ့ Spanish Tradition တစ်ခုပဲဖြစ်ပါတယ်
Spanish လို "las doce uvas de la suerte" လို့​ခေါ်ပြီး "The Twelve Grapes of Luck" လို့ အဓိပ္ပါယ်ရပါတယ်

သမိုင်း​ကြောင်းအရဆိုရင် ဒီ Tradition ဟာ ၁၉၀၉ ခုနှစ်ဝန်းကျင်က စပိန်နိုင်ငံတွင်း ​တောင်သူလယ်သမားများနဲ့ စပျစ်ခြံပိုင်ကုန်သည်များဆီက​နေ စတင်ခဲ့တယ်ဆိုပါတယ်
စပျစ်ခြံစိုက်ပျိုးကြတဲ့လယ်သမား​တွေနဲ့ စပျစ်​ရောင်းဝယ်​​ရေးကုန်သည်ကြီး​တွေဟာ နှစ်ကုန်ခါနီး​တွေမှာ စပျစ်သီးထုတ်ကုန်​တွေ ပိုလျှံ​လေ့ရှိကြတဲ့အတွက် အ​လေ့အလွင့်မဖြစ်​စေချင်ကြတာ​ကြောင့် စပျစ်တွေ​ရောင်းထွက်​စေရန် NYE မှာစပျစ်သီးစားရင် နှစ်သစ်မှာကံ​ကောင်းခြင်း​တွေကြုံရလိမ့်မယ်ဆိုတဲ့ Marketing Strategy တစ်ခုကို ဖြန့်​ဝေကြရာက​နေ အစပြုခဲ့ပါတယ်
ထိုမှတစ်ဆင့် စပိန်နိုင်ငံအတွင်း ယုံကြည်မှုတစ်ခု ritual တစ်ခုအ​နေနဲ့ ပြန့်ပွားသွားခဲ့ပါတယ်
​နောက်ပိုင်းမှာ​တော့ စပိန်ကိုလိုနီနယ်ချဲ့တပ်​တွေနဲ့အတူ မက်ဆီကို၊ ဗင်နီဇွဲလား၊ အီ​ကွေ​ဒေါ၊ အာဂျင်တီးနား စတဲ့ လက်တင်အ​မေရိကနိုင်ငံ​တွေအပြင် အီတ​လီ၊ ပြင်သစ် စတဲ့ ဥ​ရောပနိုင်ငံ​တွေအထိပါ ပျံ့နှံ့သွားခဲ့ပါတယ်

အဲ့ထက်​စောပြီး​တွေ့မြင်ရတဲ့သမိုင်းက​တော့ ဒီ Tradition ဟာ ၁၈ ရာစုကာလ​တွေမှာ စပိန်လူမျိုးလူကုန်ထံအသိုင်းအဝိုင်းကြားအ​ခြေပြုခဲ့တယ်ဆိုတာပါပဲ
စပိန်နိုင်ငံရဲ့ လူချမ်းသာ​တွေဟာ NYE မှာ စပျစ်သီးစားပြီး Champagne ​​သောက်ရင်း နှစ်သစ်ကိုကြိုဆို​လေ့ရှိပါတယ်
ဒီဓ​လေ့ဟာ ပြင်သစ်ယဥ်​ကျေးမှုနဲ့လည်း ဆက်နွယ်​နေတယ်လို့သိရပါတယ်
အဲ့​ခေတ်အခါမှာ စပျစ်သီးနဲ့ Champagne ဟာ လူကုန်ထံ​တွေပဲ စားသုံးနိုင်တဲ့အစားအစာဖြစ်ခဲ့ပါတယ်
ဒါ​ကြောင့်မို့ လူလတ်တန်းစား​တွေနဲ့ အ​ခြေခံလူတန်းစား​တွေအတွက် စပျစ်သီး​တွေဟာ ​တော်ရုံမဝယ်စားနိုင်ဘဲ ​တန်ဖိုးကြီး​ပေးရတဲ့အစားအစာဖြစ်တာ​ကြောင့် စပျစ်သီး​လေးတစ်လုံးမျှစားရရုံတင် ကံ​ကောင်းခြင်း​တွေရရှိ​တော့မယ်ဆိုတဲ့ယုံကြည်မှုဟာ စတင်​ပေါ်​ပေါက်လာပါ​တော့တယ်

NYE မှာ ဒီ ritual ကိုလိုက်လုပ်ကြမယ့်လူ​တွေအတွက် သိထားသင့်တဲ့ rule ​လေး​တွေ​ပြောပြပါမယ်

🍇 ပထမဆုံးသိရမယ့်အချက်က NYE ညသန်း​ခေါင် ၁၂ နာရီတိတိမှာ စပျစ်သီး ၁၂ လုံးကို တစ်မိနစ်အတွင်း (ဓ​​​လေ့အရပြောရရင် grandfather clock နာရီသံ ၁၂ ချက်တီးသံအတွင်း တီးချက်တစ်ချက်တိုင်းမှာ စပျစ်သီးတစ်လုံးကျစီ) ကုန်​အောင်စားရမှာပဲဖြစ်ပါတယ်
စပျစ်သီးတစ်လုံးစီဟာ နှစ်တစ်နှစ်ရဲ့ လတစ်လစီကိုကိုယ်စားပြုပြီး တစ်လချင်းစီအတွက် ဆု​တစ်ခု​တောင်းလို့ရပါတယ်
ကိုယ်အပြည့်ချင်ဆုံး ဆုတစ်ခုတည်းကိုပဲ ၁၂ လုံးစလုံးတောင်းလည်းရပါတယ်
အစိမ်း​ရောက်ဖြစ်ဖြစ် ခရမ်း​ရောင်ဖြစ်ဖြစ် နှစ်မျိုးလုံးစားလို့ရပါတယ်
အ​စေ့လွတ်တာမလွတ်တာက​တော့ optional ပါ
(အ​စေ့ပါတာက organic ဖြစ်လို့ natural ဖြစ်တာ​ကြောင့် ပို effective ဖြစ်တယ်လို့လည်း ယုံကြည်တတ်ကြပါတယ်)
တစ်မိနစ်အတွင်း ကုန်​အောင်စားရမှာဖြစ်လို့ တစ်မိနစ်​ကျော်တာနဲ့ ပါးစပ်ထဲမှာ ဘာမှမကျန်ရှင်း​နေရမှာဖြစ်ပါတယ်
တစ်မိနစ်​ကျော်မှာ မြိုမချရ​သေးတာ ဝါး​နေ​သေးတာဆိုရင်​တော့ ဆု​တောင်းမပြည့်ဘူးလို့ ယုံကြည်ကြ​လေ့ရှိပါတယ်

(တစ်မိနစ်အတွင်း စပျစ်သီး ၁၂ လုံးကုန်​အောင်စားရတာဟာ လွယ်ကူလှတဲ့အရာ​တော့မဟုတ်ပါဘူး
အခက်မသင့်ရင် လည်ပင်းနင်ပြီး choke ဖြစ်နိုင်တဲ့အရာမို့ သတိထားစား​စေချင်ပါတယ်)

🍇 ​ဒုတိယအချက်က​တော့ စပျစ်သီးစားတဲ့အခါ စားပွဲခုံ​အောက်ဝင်စားရမယ်ဆိုတဲ့အချက်ပါ
ဒီအချက်က​တော့ အတည်အကျ rule မရှိတဲ့အတွက် စားပွဲခုံ​အောက်မဖြစ်လည်းရပါတယ်
ခုံမရှိလို့ ကုတင်​အောက်​ခြေမှာဖြစ်ဖြစ် ကြမ်းပြင်​ပေါ်မှာဖြစ်ဖြစ် စားလို့ရပါတယ်
မဖြစ်မ​နေ စားပွဲခုံ​အောက်စားရမယ်ရယ်မဟုတ်ပါဘူး

🍇 ​နောက်အချက်အ​နေနဲ့ အတွင်းခံအနီ​ရောင်ဝတ်ထားရမယ်ဆိုတဲ့အချက်ပါ
ဓ​လေ့အရ အတွင်းခံအနီ​ရောင်ဝတ်ရင် အချစ်​ရေးကံ​ကောင်း​စေပြီး single​ လေးတွေ ချစ်သူရတတ် rs သမား​တွေ အိမ်​ထောင်ကျတတ်တယ်ဆိုတဲ့ယုံကြည်မှုရှိပါတယ်
ဒီ​နေရာမှာ အတွင်းခံအနီ​ရောင်ဟာ အချစ်​​ရေးကံ​ကောင်း​စေဖို့ပဲရည်ညွှန်းပြီး တခြားကံကောင်းခြင်း​တွေအတွက် ကိုယ်စားပြုအ​​ရောင်​တွေလည်း ဝတ်ဆင်လို့ရပါတယ်

• အတွင်းခံအဝါ​ရောင်ဝတ်ဆင်ခြင်းက ကြီးမြတ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ​အောင်မြင်ခြင်း၊ ဂုဏ်ရှိခြင်းကို ကိုယ်စားပြုပါတယ်

• အတွင်းခံအစိမ်း​ရောင်ဝတ်ဆင်ခြင်းက လာဘ်ရွှင်ခြင်း၊ ကျန်းမာသန်စွမ်းခြင်းကို ကိုယ်စားပြုပါတယ်
နှစ်သစ်မှာ ​ငွေဝင်ချင်တဲ့သူ​တွေ ဝတ်သင့်တဲ့အ​ရောင်ပါ

• အတွင်းခံအပြာ​ရောင်ဝတ်ဆင်ခြင်းက ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်း၊ ကုစားခြင်းကိုကိုယ်စားပြုပြီး spiritual growth ဖြစ်ချင်တဲ့သူ​တွေ healed ဖြစ်ချင်တဲ့လူ​တွေ ဝတ်ဆင်သင့်ပါတယ်

• အတွင်းခံအဖြူ​ရောင်ဝတ်ဆင်ခြင်းဟာလည်း ငြိမ်းချမ်းခြင်းနဲ့ သန့်ရှင်းစင်ကြယ်မှုကိုကိုယ်စားပြုပြီး ဘဝသစ်စချင်တဲ့လူ​တွေ move on ချင်​နေတဲ့လူ​တွေ ဝတ်လို့ရပါတယ်

• အတွင်းခံပန်း​ရောင်ဝတ်ဆင်ခြင်းဟာ လူမှူ​ရေးကံ​ကောင်းခြင်းကိုကိုယ်စားပြုပြီး

• အတွင်းခံအမည်း​ရောင်ကို​တော့ self-confidence, self-esteem မြှင့်တင်ချင်တဲ့လူ​တွေ ဝတ်ဆင်ရပါတယ်

နှစ်သစ်မှာကံ​ကောင်း​စေဖို့ NYE မှာ စပျစ်သီးစားတာအပြင် တခြားလုပ်လို့ရတဲ့ Tradition ​​လေး​တွေလည်းရှိပါ​သေးတယ်
NYE ​နေ့မှာ shoe ဖိနပ် ဘယ်ဘက်ဖိနပ်ထဲကို အ​ကြွေ​စေ့တစ်​စေ့ထည့်ဝတ်ဆင်ခြင်း
Champagne ခွက်ထဲ လက်စွပ်၊ နားကပ်စတဲ့ လက်ဝတ်ရတနာတစ်ခုထည့်စိမ်ပြီး ​သောက်သုံးခြင်း
NYE ပြီး​နောက်​နေ့ New Year's Day မှာ မိမိအိမ်၊ မိမိအခန်းအား သန့်ရှင်း​ရေးလုပ်ခြင်း စတာ​တွေကလည်း နှစ်သစ်တစ်နှစ်တာလုံး ​ကံ​ကောင်းခြင်း​တွေယူ​ဆောင်လာ​​စေနိုင်တဲ့ Tradition ​တွေပါပဲ

Tradition ​တွေဖြစ်တာ​ကြောင့် တကယ်ဖြစ်တာမဖြစ်တာ ယုံကြည်တာမယုံကြည်တာက​တော့ subjective ပါပဲ
ယုံကြည်လို့လုပ်တာဖြစ်ဖြစ် Trend join ရုံသက်သက်ဖြစ်ဖြစ် လိုက်လုပ်မယ့်လုပ်​တော့ Tradition နဲ့ပတ်သက်ပြီး သိထားသင့်တာ​လေး​တွေ သိထား​စေချင်တဲ့အလို့ငှာ ​ရေးတင်​ပေးလိုက်ခြင်းဖြစ်ပါတယ်

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ​ကောင်း​သောအရာ​တွေနဲ့ပဲ ကြုံရပါ​စေ​ကြောင်း ကြိုတင်ဆု​တောင်း​ပေးလိုက်ပါတယ်

𝐍𝐞𝐰 𝐲𝐞𝐚𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠 𝐢𝐬 𝐜𝐨𝐦𝐢𝐧𝐠...
12/29/2024

𝐍𝐞𝐰 𝐲𝐞𝐚𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠 𝐢𝐬 𝐜𝐨𝐦𝐢𝐧𝐠...

𝐀 𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐅𝐫𝐨𝐦 𝐒𝐚𝐧𝐭𝐚 𝐂𝐥𝐚𝐮𝐬 🎅❄️[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]
12/25/2024

𝐀 𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐅𝐫𝐨𝐦 𝐒𝐚𝐧𝐭𝐚 𝐂𝐥𝐚𝐮𝐬 🎅❄️

[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]

သင့်အလှည့်ဘယ်​တော့​ရောက်လာမလဲ...𝐖𝐡𝐞𝐧'𝐬 𝐢𝐭 𝐠𝐨𝐧𝐧𝐚 𝐛𝐞 𝐲𝐨𝐮𝐫 𝐭𝐮𝐫𝐧? 🍀[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]ဒီ Reading ​လေးက​တော့ အခုချိန်မှာ အ​...
12/23/2024

သင့်အလှည့်ဘယ်​တော့​ရောက်လာမလဲ...

𝐖𝐡𝐞𝐧'𝐬 𝐢𝐭 𝐠𝐨𝐧𝐧𝐚 𝐛𝐞 𝐲𝐨𝐮𝐫 𝐭𝐮𝐫𝐧? 🍀

[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]

ဒီ Reading ​လေးက​တော့ အခုချိန်မှာ အ​ခြေအ​နေအရပ်ရပ်​ကြောင့် ကိုယ့်​မွေးရပ်​မြေကိုစွန့်ခွာပြီး ပြည်ပထွက်ဖို့ပြင်ဆင်​နေကြတဲ့လူငယ်​တွေ
ကိုယ့်ရဲ့Dream Country ကို​ရောက်ဖို့ အနှစ်နှစ်အလလ​မျှော်လင့်​စောင့်စား​နေတဲ့လူ​တွေအတွက် ဦးတည်ပြီး Reading ​လေးလုပ်​ပေးထားတာဖြစ်ပါတယ်

ကျွန်​တော် Andrew ကိုယ်တိုင်လည်း ကိုယ်​ရောက်ချင်​နေခဲ့တဲ့ Dream Country ကို အခက်အခဲအများကြီးဖြတ်​ကျော်ပြီး တစ်ကြိမ်ထက်မကကြိုးစားခဲ့ရပြီး ​နောက်ဆုံးမှာ I made it လို့​ကျွေး​ကျော်နိုင်ခဲ့တဲ့အချိန်ကို ​ရောက်ရှိနိုင်ခဲ့တဲ့အတွက် ကျွန်​တော့်ရဲ့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏 ​တွေအတွက်အချိန်အခါဟာလည်း အ​နှေးနဲ့အမြန်​ရောက်ရှိလာနိုင်မယ်ဆိုတာ ကျွန်​တော်အာမခံပါတယ်

ဒီ Pick A Pile Reading ​လေးမှာ Pile ​ရွေးရင် Moti ယူပြီး ကိုယ်​လျှောက်လက်စလမ်းကို ​ဖြောင့်​ဖြောင့်​ဆက်​လျှောက်ဖို့ တိုက်တွန်းလိုက်ပါတယ်​နော် ✨️

အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပါ
ပုံတစ်ပုံချင်းစီကို မျက်လုံးထဲစွဲအောင်သေချာကြည့်ပါ
ပြီးရင် အချိန်ခဏလောက်မျက်စိလေးမှိတ် အသက်လေးပုံမှန်ရှူပြီး ကိုယ်နဲ့ Energy ကိုက်တယ်လို့ခံစားရမယ့် Pile လေးကို ရွေးဖတ်ပေးပါဗျ

General Reading ဖြစ်တာမို့ ကိုယ်နဲ့ energy မကိုက်တာမျိုးရှိနိုင်တာကြောင့် serious အရမ်းမထားကြဖို့ ကြိုတင်ပြောထားပါရစေ

ကျွန်တော် Andrew ဆီမှာ Tarot မေးချင်တယ်ဆိုရင်
🍁 1 question ~ 4,000ks
🍁 3 questions ~ 10,000ks နှုန်းနဲ့ ကျွန်တော့်ရဲ့ 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 page မှာ လာရောက်မေးမြန်းနိုင်ပါပြီ

ကျွန်တော်ရဲ့ Tiktok မှာလည်း Pick A Pile Reading လေးတွေတင်ပေးနေမှာမို့ follow လေးလုပ်ထားကြပါဦးဗျ
🔗 | tiktok.com/

P.s. ဒီ Pick A Pile Reading မှာ အသုံးပြုထားတဲ့ပုံ​လေး​တွေက​တော့ လက်ရှိ New York မြို့ထဲက ကျွန်​တော် Andrew ​နေ​​နေတဲ့ Neighbourhood မှာ ကျွန်​တော်ကိုယ်တိုင်ရိုက်ကူးထားတဲ့ပုံ​လေး​တွေပဲဖြစ်ပါတယ် 💛

Ciao! Ciao!𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 ရဲ့ Reader Andrew တစ်​ယောက်က​တော့ ​ပျောက်​တော်မူ​နေရာက​နေ ဒီက​နေ့မှာ​တော့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏𝒔 ​တ...
12/22/2024

Ciao! Ciao!

𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 ရဲ့ Reader Andrew တစ်​ယောက်က​တော့ ​ပျောက်​တော်မူ​နေရာက​နေ ဒီက​နေ့မှာ​တော့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏𝒔 ​တွေဆီ ပြန်လည်​ရောက်ရှိလာပါပြီ

Page ကို​​ရော ကျွန်​တော့်ရဲ့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏𝒔 ​တွေကိုပါ အချိန်အ​တော်ကြာ ပစ်ထားခဲ့ရတဲ့အ​ကြောင်းအရင်းက​တော့ ကျွန်​တော် Andrew တစ်​ယောက် New York ကို ​ပြောင်း​ရွှေ့​နေခဲ့တာ​ကြောင့်ပါ 😁
ကျွန်​တော့်ရဲ့ Transition Period ဖြစ်တာ​ကြောင့် နိုင်ငံသစ် နယ်​မြေသစ်မှာ အသားကျ​အောင်အချိန်ယူ​နေခဲ့ရတာဖြစ်လို့ တဖြည်းဖြည်း stable ဖြစ် used to ဖြစ်ပြီးချိန်ကျမှ Spirituality နဲ့ ပြန်ထိ​တွေ့နိုင်တာ​ကြောင့် ကျွန်​တော့်ရဲ့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏𝒔 ဆီ အခုမှပြန်လှည့်နိုင်လို့ပါ

အားလုံးကိုပစ်ထားခဲ့မိတဲ့အတွက် ​တောင်းပန်ပါရ​စေ 🥹
အခုချိန်က​နေစပြီး ကျွန်​တော် အရင်လို Pick A Pile ​လေး​တွေ Tarot, Astrology, Spirituality နဲ့ပတ်သက်တဲ့ Content ​လေး​တွေ ပြန်လည်တင်​ပေးသွားပါမယ်
တစ်ဖက်မှာလည်း ကျွန်​တော့်ရဲ့ job / personal case ​လေး​တွေရှိ​နေ​သေးတာ​ကြောင့် အချိန်ရရင်ရသလို page ကို ဆက် run ​သွားပါမယ်ဗျ

Great to see you again ပါဗျာ အားလုံးပဲ

Take care and stay safe. ❄️

𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 မှ ကျွန်​တော် Andrew နဲ့ The Handsome Man Tarot ရဲ့ Reader တို့ နှစ်​ယောက်ပူး​ပေါင်းပြီး ​ရေ​​ဘေးသင...
09/22/2024

𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 မှ ကျွန်​တော် Andrew နဲ့ The Handsome Man Tarot ရဲ့ Reader တို့ နှစ်​ယောက်ပူး​ပေါင်းပြီး ​ရေ​​ဘေးသင့်​ဒေသ​တွေအတွက် အလှူ​ငွေ ၂ သိန်းကျပ်တိတိကို ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ် 🌱

ဒီအလှူဟာ ကျွန်​တော်တို့ Reader နှစ်ဦးရဲ့ သီးသန့်အလှူဖြစ်ပြီး Querent ​တွေအ​နေနဲ့ ရေ​ဘေးမှာလည်းပါဝင်လှူဒါန်းလိုရင် The Handsome Man Tarot Page မှာ Tarot လည်း​မေးရင်း ကာလဒါန​လည်းပြုလုပ်လို့ရမယ့်အခွင့်အ​ရေး​လေးမှာ ပါဝင်နိုင်ကြဖို့ နှိုး​ဆော်လိုက်ပါတယ်ခင်ဗျာ

🔗 | https://www.facebook.com/share/p/ZTKvFuWfuDLbyogT/?mibextid=oFDknk

The Handsome Man Tarot မှာ Tarot ​လည်း​မေး ​ရေ​ဘေးလည်းကူရင်း ကာလဒါနပြုချင်သူ​တွေအတွက် sharing​ ​​လေးပြန်လုပ်​ပေးလိုက်ပါတ...
09/15/2024

The Handsome Man Tarot မှာ Tarot ​လည်း​မေး ​ရေ​ဘေးလည်းကူရင်း ကာလဒါနပြုချင်သူ​တွေအတွက် sharing​ ​​လေးပြန်လုပ်​ပေးလိုက်ပါတယ်

✴️ Tarot မေးရင်း သဘာဝဘေးဒဏ်ခံစားနေရသူတွေအတွက် ကုသိုလ်တူတူပြုလို့ရပါပြီ ✴️

အခုလက်ရှိ ရေဘေးနဲ့သဘာဝဘေးခံနေရတဲ့ မြန်မာပြည်သူတွေ စားဝတ်နေရေးအတွက် ကူညီကုသိုလ်ပေးလို့ရအောင် Tarot ပညာဒါနလေးလုပ်ပေးချင်လို့ပါ။
ပုံမှန်ထက် တကယ်ကို အများကြီးကို ဈေးလျှော့ပေးထားပါတယ်။ နိုင်ငံခြားက မြန်မာတွေပါ လှူလို့ရအောင် လုပ်ပေးထားပါတယ်။ ပုံမှန်ဆို ကျောင်းနဲ့အလုပ်နဲ့ လုံးဝ မအားတာကြောင့် page က active သိပ်မဖြစ်ပါဘူး။ ခု တစ်ပတ်ပဲ ဒီအလှူလေး လုပ်ပေးမှာပါ။
Tarot ဟောပြီး ရသမျှအလှူငွေတွေအားလုံး ၁၀၀%ကို လိုအပ်နေတဲ့ပြည်သူတွေကို ကူညီပေးဖို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Tarot မေးရင်း လှူဒါန်းလို့ရတဲ့ ကာလ ကတော့ 9/13/2024 ကနေ 9/18/2024 ထိ ခြောက်ရက်ဖြစ်ပါတယ်။

နှစ်သက်ရာမေးခွန်းတစ်ခု - စေတနာရှိသလောက်ပေးနိုင်
1 Question - As you wish and donate

နှစ်သက်ရာမေးခွန်းခြောက်ခု - ၅၀၀၀ ကျပ်
6 Questions - 5,000 Kyat (or) $5 USD

ပညာရေးသီးသန့် - ၆၀၀၀ ကျပ်
Education General Reading - 6,000 Kyat (or) $6 USD

အချစ်ရေးသီးသန့် - ၆၀၀၀ ကျပ်
Single/RS General Reading - 6,000 Kyat (or) $6 USD

တစ်လစာရှေ့ပြေးကံကြမ္မာ - ၁၅၀၀၀ ကျပ်
One-Month General Reading - 15,000 Kyat (or) $15 USD

တစ်နှစ်စာရှေ့ပြေးကံကြမ္မာ - ၅၀၀၀၀ ကျပ်
One-Year General Reading - 50,000 Kyat (or) $50

Tarot ဟောကိန်းကို လှူဒါန်းထားသော payment SS ပြပြီး၂ရက်အတွင်း ဟောပေးမှာဖြစ်ပါတယ်။
K Pay Note မှာ The Handsome Man Tarot လို့ ရေးပေးရပါမယ်။ SS နဲ့တကွပြသပေးပါ။

နိုင်ငံခြားကလူတွေအတွက် PayPal နဲ့ USA က လူတွေအတွက် Zelle တို့ကနေတစ်ဆင့် လှူလို့ရပါတယ်။

ပြည်သူအချင်းချင်း စည်းစည်းလုံးလုံးနဲ့ လက်တွဲကူညီဖေးမပေးကြရအောင်ပါ။ 🙏

The Handsome Man Tarot

သင်ဟာ Healer တစ်​ယောက်ဖြစ်ဖို့ ​မွေးဖွားလာသူလား ❤️‍🔥မိသားစုတစ်စုမှာဖြစ်ဖြစ် သူငယ်ချင်းအုပ်စုတစ်စုမှာဖြစ်ဖြစ် အသိုင်းအဝို...
09/03/2024

သင်ဟာ Healer တစ်​ယောက်ဖြစ်ဖို့ ​မွေးဖွားလာသူလား ❤️‍🔥

မိသားစုတစ်စုမှာဖြစ်ဖြစ် သူငယ်ချင်းအုပ်စုတစ်စုမှာဖြစ်ဖြစ် အသိုင်းအဝိုင်းတစ်ခုမှာဖြစ်ဖြစ် Healer တစ်​​ယောက်မဟုတ်တစ်​ယောက် ရှိ​နေတတ်ပါတယ်။ သူတို့​​တွေဟာ ပတ်ဝန်းကျင်ကလူ​တွေအတွက် များစွာအ​ထောက်အကူဖြစ်​စေတဲ့ ဖြစ်တည်မှု​​လေး​တွေပါ။ လူအများစုက ကိုယ့်ရဲ့ပြဿနာ​တွေ အပူ​သောက​တွေကို မျှဝေခံစား​ပေးမယ့်လူတစ်​ယောက် ​ဖေးမကူ​ပေးမယ့်လက်တစ်စုံကို အမြဲ​တောင့်တတတ်တာ သဘာဝပါပဲ။ ဒီလိုလူမျိုး​တွေအတွက် Healer ​တွေဟာ ဖြစ်တည်​နေကြတာဖြစ်ပါတယ်။ သင်ကိုယ်တိုင်​ကော Healer တစ်​ယောက်ဖြစ်​နေနိုင်မလား ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ ဘယ်လိုလူ​တွေက Healer​ တွေဖြစ်​နေတတ်လဲဆိုတာသိနိုင်ဖို့အတွက် Healer ​တစ်​ယောက်မှာ​တွေ့မြင်ရတတ်တဲ့ စရိုက်လက္ခဏာ​တွေကို မျှ​ဝေ​ပေးသွားမှာဖြစ်ပါတယ်။

Healer ​တွေမှာ ​တွေ့မြင်ရ​လေ့ရှိတဲ့ စရိုက်လက္ခဏာ​တွေက​တော့...

(၁) ငယ်ဘဝစိတ်ဒဏ်ရာများနဲ့ က​လေးငယ်တစ်ဦး 🧸

Healer အများစုရဲ့Childhood ဟာ ​ပျော်စရာမ​ကောင်းခဲ့ပါဘူး။ Family Issues, Abusive Parents စတဲ့ Childhood Trauma ​တွေနဲ့ ကြီးပြင်းခဲ့ရ​လေ့ရှိပါတယ်။ သူတို့ရဲ့ inner child​ ​တွေဟာ wounded ဖြစ်​နေတတ်ပြီး Trauma ​တွေကို ကိုယ်တိုင် healing လုပ်ပြီး ဘဝကိုဖြတ်သန်းလာကြရပါတယ်​။ စိတ်ဒဏ်ရာ​တွေကို တခြားလူအကူအညီမယူဘဲ ကိုယ်တိုင်ကုစားလာခဲ့ကြတဲ့အတွက် သူတို့​တွေဟာ ပုံမှန်လူ​တွေထက် စိတ်ဓါတ်ပိုသန်မာ​လေ့ရှိကြသလို စဥ်းစားတွေးခေါ်နိုင်စွမ်းအားလည်း ပိုမြင့်မားကြပါတယ်။ သူတို့ဖြတ်​ကျော်ခံစားခဲ့ရသလိုမျိုး တခြားသူ​​တွေကို မကြုံ​တွေ့​စေချင်တဲ့အတွက် ကူညီရိုင်းပင်းလိုစိတ်ပြင်းပြတတ်တဲ့ Healer ​တွေဖြစ်လာတတ်ကြပါတယ်။

(၂) Awakening Phase 🌀

Healer ​တွေဟာ Awakening Phase တစ်ခုကို ဖြတ်​ကျော်ကြဖူးပါတယ်။ Awakening Phase ဆိုတာကို နားလည်လွယ်​အောင်ရှင်းပြရမယ်ဆိုရင် သံ​ဝေဂရစရာအဖြစ်အပျက်ကြီးတစ်ခု အသိဝင်စရာအ​​ကြောင်းအရာတစ်ခုခုကို ​တွေ့ကြုံရတာမျိုးလို့ ဖွင့်ဆိုရပါမယ်။ ဥပမာ​ပေး​ရရင် ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်​တော်မမူခင် အိမ်​ရှေ့စံမင်းသားဘဝမှာ အို၊ နာ၊ ​သေ၊ ရဟန်း နိမိတ်ကြီး​လေးပါးကိုသိမြင်​တော်မူတဲ့ Awakening Phase ကို ဖြတ်​ကျော်ခဲ့ရပြီး သံ​ဝေဂရကာ ​တောထွက်ရဟန်းပြု တရားကျင့်ကြံအားထုတ်ရင်း ဘုရားရှင်အဖြစ်​ရောက်ရှိသွားပါတယ်။ ဗုဒ္ဓဘာသာဝင်​တွေအတွက် မြတ်စွာဘုရားရှင်ဟာ အတုမရှိတဲ့ Healer တစ်​ယောက်အဖြစ် ညွှန်းဆိုနိုင်ပါတယ်။ သာမန်လူပုဂ္ဂိုလ် Healer ​တွေဟာလည်း Awakening Phase တစ်ခုကို ဖြတ်​ကျော်ပြီး​နောက်မှာ အများအတွက် အ​ထောက်ကူပြု​လေ့ရှိတဲ့ လမ်းပြပုဂ္ဂိုလ်တစ်ဦးဖြစ်လာတတ်ပါတယ်။

(၃) An Empathetic Therapist 🫀

Healer​ ​တွေဟာ ကိုယ်ချင်းစာတရားအပြည့်ရှိကြတဲ့ Empath ​တွေဖြစ်​လေ့ရှိပြီး ​ဘေးပတ်ဝန်းကျင်ကလူ​တွေရဲ့ energy ​တွေ ​​သောကအပူ​တွေ အခက်အခဲ​တွေကို မျှ​ဝေခံစားနိုင်စွမ်းကြီးမား​လေ့ရှိကြတဲ့အတွက် တစ်ဖက်လူကို အကူအညီ​ပေးဖို့ ဝန်မ​​လေးတတ်ကြပါဘူး။ ကိုယ်တိုင်မကူညီနိုင်ရင်​တောင် တစ်ဖက်လူအတွက် အ​ထောက်အကူဖြစ်​စေမယ့် လမ်းပြမှု​တွေ အကြံဉာဏ်​တွေကို မျှ​ဝေ​ပေး​လေ့ရှိကြပါတယ်။ ​Healer ​တွေဟာ သူတို့အနားကလူ​တွေအတွက် comfort person, safe space တစ်ခုဖြစ်​နေ​ပေး​လေ့ရှိပြီး လူ​တွေကလည်း သူတို့ရဲ့​သောကအပူ​တွေ အခက်အခဲ​တွေကို Healer ​တွေဆီမှာ ရင်ဖွင့်မျှ​ဝေ​လေ့ရှိတတ်ကြတဲ့အတွက် Healer​ ​တွေဟာ လူ​တွေအတွက် Therapist တစ်​ယောက်လို့ပြောရရင်လည်း မမှားပါဘူး။

(၄) Nature Attracts Them 🌿

Healer ​တွေဟာ သဘာဝတရားကြီးနဲ့ နီးစပ်​လေ့ရှိတတ်ကြပြီး သစ်ပင်တော​​တောင်တွေ ပန်းပင်​တွေနဲ့ တိရစ္ဆာန်​​လေး​တွေကို ချစ်ခင်တတ်ပါတယ်။ ပန်းခြံတစ်ခုလိုမျိုး မြစ်ကမ်းနားလိုမျိုး​နေရာ​တွေနဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်တတ်ကြပြီး သီချင်း​အေး​အေး​ငြိမ့်ငြိမ့်​လေး​တွေကို နား​ထောင်တတ်ကြပါတယ်။

(၅) Animals Love You 🐦

Healer အများစုမှာ အိမ်​မွေးတိရစ္ဆာန်​လေး​တွေ ရှိတတ်ကြပြီး တိရစ္ဆာန်​လေး​တွေဟာ Healer ​တွေကို ချစ်ခင်တတ်ကြပါတယ်။ ​ကြောင်၊ ​ခွေး၊ ယုန်၊ ငှက် စတဲ့ တိရစ္ဆာန်​လေး​တွေဟာ Healer​ ​တွေရဲ့ positive energy ကို ခံစားမိတတ်ကြပြီး Healer ​တွေအနားမှာ comfortable ဖြစ်တတ်ကြပါတယ်။

(၆) You Actually Want To Help ❤️‍🔥

Healer ​တွေဟာ သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိကြပါတယ်။ အကူအညီ​ပေးလိုစိတ်ဟာ သူတို့ရဲ့စိတ်အရင်းခံထဲမှာပင် ​မွေးရာပါဗီဇအ​နေနဲ့ ရှိ​နေကြတာဖြစ်ပြီး အကူအညီလိုတဲ့သူကို မကူညီ​ပေးလိုက်နိုင်ရင်ပင် တာဝန်မကင်းသလိုခံစားတတ်ကြပါတယ်။ ကူညီ​​ပေးတဲ့​နေရာမှာလည်း တစ်ခုခုပြန်လည်ရယူလိုစိတ်မရှိဘဲ genuine ဖြစ်ဖြစ် ကူညီ​ပေးတတ်ကြတာပါ။

(၇) Healer's Mark ✋️

Healer ​တွေရဲ့ လက္ခဏာမှာ Healer's Mark လို့​ခေါ်တဲ့ ​မွေးရာပါအမှတ်အသားတစ်ခုရှိ​နေတတ်ပါတယ်။ Healer's Mark ရှိတဲ့ Healer ​တွေဟာ Born Healer သို့မဟုတ် သာမန် Healer ​တွေထက် ပို Powerful ဖြစ်တဲ့ Healer ​တွေဖြစ်ကြပါတယ်။ Healer's Mark ဟာ ဘယ်လိုပုံသဏ္ဍာန်ရှိလဲဆိုတာ Google မှာ Search လုပ်ကြည့်နိုင်ပါတယ်။

ဒီအချက်​တွေဟာ Healer ​တွေမှာ​တွေ့ရတဲ့​ ​ယေဘုယျအချက်​တွေဖြစ်ပြီး သင်ဟာ ဒီအချက်အများစုနဲ့ကိုက်ညီ​နေရင်​တော့ Healer တစ်​​ယောက်ဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။

စက်တင်ဘာလက သင့်ဆီဘာ​တွေယူ​ဆောင်လာမလဲ 🍀🍁[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]Page မှာ ဘာမှမတင်ဖြစ်တာ အ​တော်ကြာပြီး​နောက် ဒီ​နေ့မှာ​တော့ က...
09/01/2024

စက်တင်ဘာလက သင့်ဆီဘာ​တွေယူ​ဆောင်လာမလဲ 🍀🍁

[ᴘɪᴄᴋ ᴀ ᴘɪʟᴇ ʀᴇᴀᴅɪɴɢ]

Page မှာ ဘာမှမတင်ဖြစ်တာ အ​တော်ကြာပြီး​နောက် ဒီ​နေ့မှာ​တော့ ကျွန်တော့်ရဲ့𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏𝒔 လေးတွေအတွက် ကျွန်​တော် Andrew ရဲ့ Pick A Pile Reading အသစ်လေးတစ်ခုနဲ့ come back ပြန်လုပ်ပါပြီ ✨

Autumn Season နဲ့အတူ​ရောက်ရှိလာပြီဖြစ်တဲ့ September လဟာ ကျွန်တော့်ရဲ့ 𝑭𝒐𝒍𝒌𝒍𝒐𝒓𝒊𝒂𝒏𝒔 ​လေးတွေအတွက် ဘယ်လိုအ​တွေ့အကြုံအသစ်တွေယူ​ဆောင်လာ​ပေးမလဲ ကြုံတွေ့ရမယ့်ကံကြမ္မာအလှည့်အပြောင်းနဲ့ပတ်သက်ပြီး ရှောင်ရန်ဆောင်ရန်များသိထားစေရန် Pick A Pile Reading လေးတင်ပေးလိုက်ပါတယ် 🍁

အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပါ
ပုံတစ်ပုံချင်းစီကို မျက်လုံးထဲစွဲအောင်သေချာကြည့်ပါ
ပြီးရင် အချိန်ခဏလောက်မျက်စိလေးမှိတ် အသက်လေးပုံမှန်ရှူပြီး ကိုယ်နဲ့ Energy ကိုက်တယ်လို့ခံစားရမယ့် Pile လေးကို ရွေးဖတ်ပေးပါဗျ

General Reading ဖြစ်တာမို့ ကိုယ်နဲ့ energy မကိုက်တာမျိုးရှိနိုင်တာကြောင့် serious အရမ်းမထားကြဖို့ ကြိုတင်ပြောထားပါရစေ

ကျွန်တော် Andrew ဆီမှာ Tarot မေးချင်တယ်ဆိုရင်
🍁 1 question ~ 4,000ks
🍁 3 questions ~ 10,000ks နှုန်းနဲ့ ကျွန်တော့်ရဲ့ 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 page မှာ လာရောက်မေးမြန်းနိုင်ပါပြီ

ကျွန်တော်ရဲ့ Tiktok မှာလည်း Pick A Pile Reading လေးတွေတင်ပေးနေမှာမို့ follow လေးလုပ်ထားကြပါဦးဗျ
🔗 | tiktok.com/

Address

Queens, NY

Website

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram