Crystal Water Myanmar

Crystal Water Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crystal Water Myanmar, Health & Wellness Website, No.76/77, Yadana Theik Pan Street, Thingangyun Township, Yangon Division., Thingangyun.

မြန်မာ နိုင်ငံသားများကို စိတ်ရောကိုယ်ပါကျန်းမာရေးကို အထောက်အကူဖြစ်တဲ့ ကျောက်မျက်ရေကို သောက်သုံးစေချင်တဲ့ စေတနာနဲ့ထုတ်လုပ်ဖြစ်ခဲ့ပါတယ်။

ဖန်သားနဲ့ပြုလုပ်ထားတဲ့ ကျောက်မျက်ဖန်ပုလင်းကို အသုံးပြုပီး ကမ္ဘာမြေကြီးနဲ့ လူသားတွေကျန်းမာရေး အတွက် ပလတ်စတစ် သုံးစွဲမှုကို တစ်ဘက်တစ်လမ်းကနေ လျော့ချပီးတော့ မတူညီတဲ့ကျောက်မျက် အမျိုးအစားတွေရဲ့ အာနိသင်တွေ အလိုက်အကျိုးကျေးဇူးတွေကိုလည်း ရရှိခံစားနိုင်ပီးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

🌕တပေါင်းလပြည့် (ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့)🌕🙏 တပေါင်းလသည် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီအတွင်း နောက်ဆုံးလဖြစ်ပြီး အဓိပ္ပါယ...
02/03/2026

🌕တပေါင်းလပြည့် (ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့)🌕

🙏 တပေါင်းလသည် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီအတွင်း နောက်ဆုံးလဖြစ်ပြီး အဓိပ္ပါယ်ရှိသော အခါသမယတစ်ခုဖြစ်ပါတယ်။ ဒီလပြည့်နေ့ဟာ ဗုဒ္ဓအရှင်မြတ်က ဖခမည်းတော်သုဒ္ဓေါဒန မင်းကြီး နေထိုင်ရာ ကပိလဝတ်ပြည်သို့ ပထမဆုံး ပြန်လည်ကြွချီတော်မူသည့် မင်္ဂလာရှိသော နေ့တော်ဖြစ်သောကြောင့် “ဗုဒ္ဓပည်တော်ဝင် အခါတော်နေ့” ဟု သတ်မှတ်ကာ အထူးဂုဏ်ပြုကျင်းပသောနေ့ဖြစ်ပါတယ်။

🙏 ယနေ့ တပေါင်းလပြည့်နေ့မှ စတင်ကာ ကုသိုလ်တရားများ တိုးပွားကြပါစေ။ စိတ်ကူးထားသော လိုအင်ဆန္ဒများလည်း ပြည့်ဝအောင်မြင်ကြပါစေကြောင်း မေတ္တာပို့ဆုတောင်းအပ်ပါတယ် ခင်ဗျ။

🌸 ဘေးဘယာအန္တရာယ်များမှ ကင်းလွတ်ကြပါစေ။
🍀 ရင်ဆိုင်နေရသော အခက်အခဲများကိုလည်း အမြန်ဆုံး ကျော်လွှားအောင်မြင်နိုင်ကြပါစေ။
✨ ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသာယာသော ဘဝခရီးလမ်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

💁🏻‍♂️ တပေါင်းလသည် ရာသီအကူးအပြောင်းကာလဖြစ်တာကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လဲမမေ့ဖို့အသိပေးပါရစေခင်ဗျ။

💚 ပူအိုက်သည့်ကာလဖြစ်သောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ရေဓာတ်ပြည့်ဝစေရန် သန့်ရှင်းသော ရေကို ပုံမှန်သောက်သုံးပေးဖို့လည်း သတိပေးလိုက်ပါတယ်ခင်ဗျ။

🙏အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ 🙏


#တပေါင်းလပြည့်
#ကျောက်မျက်ရေပုလင်း

🍃𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ဆိုတာဘာလဲ? ရိုးရိုးလေးနားနည်ကြရအောင်🥳🌿𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ဆိုတာ “နေကောင်းကျန်းမာနေတယ်” ဆိုတာပဲမဟုတ်ပါဘူးဗျာ…ကိုယ်ရော စိတ်...
25/02/2026

🍃𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ဆိုတာဘာလဲ? ရိုးရိုးလေးနားနည်ကြရအောင်🥳

🌿𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ဆိုတာ “နေကောင်းကျန်းမာနေတယ်” ဆိုတာပဲမဟုတ်ပါဘူးဗျာ…ကိုယ်ရော စိတ်ပါ 𝐛𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်နေတာကို ဆိုလိုတာပါ။

🌿နောက်ပြီး 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ဆိုတာက
✨ကိုယ်ခန္ဓာကျန်းမာရေးကောင်းခြင်း.......
✨စိတ်အေးချမ်းမှုရရှိခြင်း.......
✨စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ခြင်း.......
✨နေ့စဉ်ဘဝမှာ 𝐛𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်နေတာကို ဆိုလိုတာပါ။

🙆🏻‍♂️လူတော်တော်များများက 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ဆိုရင်
𝐆𝐲𝐦 သွားတာ၊ 𝐃𝐢𝐞𝐭 လုပ်တာလို့ပဲ ထင်တတ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း နေ့စဉ် ရေပုံမှန် သောက်ပေးတာကလဲ 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ရဲ့ အခြေခံအချက်တစ်ခုပါပဲ။

💧ရေက ကိုယ်ခန္ဓာကို 𝐃𝐞𝐭𝐨𝐱 လုပ်ပေးတယ်၊ အသားအရေကို လန်းဆန်းစေတယ်၊ စိတ်ပိုင်းဆိုင်ရာကို 𝐚𝐥𝐞𝐫𝐭 ဖြစ်စေတယ် ဒါကြောင့် 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို စချင်ရင် အရင်ဆုံး ရေပုံမှန်သောက်တဲ့အလေ့အထလေးကနေ စတင်လိုက်ပါ။

✨ကျွန်တော်တို့ဘဝရဲ့ နေ့စဉ်ရေသောက်ပုံကို
ပိုပြီး 𝐦𝐢𝐧𝐝𝐟𝐮𝐥 ဖြစ်စေဖို့ ကျောက်မျက်ရေပုလင်းလေးနဲ့အတူ 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 ကို စတင်လိုက်ပါ 🌿✨

💧နေ့စဉ်သောက်လိုက်တဲ့ ရေတစ်ခွက်ချင်းစီက ကျွန်တော်တို့ရဲ့ ဘဝကို 𝐛𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်စေတဲ့ ခြေလှမ်းတစ်လှမ်းစီပါပဲဗျာ........



💧 ရေလုံလုံလောက်လောက်မသောက်ထားရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်လဲ❓💧တစ်ခါတလေ ရေသောက်ဖို့ အာရုံမထားမိပေမယ့် ခန္ဓာကိုယ်ကတော့ ...
22/02/2026

💧 ရေလုံလုံလောက်လောက်မသောက်ထားရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်လဲ❓

💧တစ်ခါတလေ ရေသောက်ဖို့ အာရုံမထားမိပေမယ့် ခန္ဓာကိုယ်ကတော့ တိတ်တိတ်လေး သတိပေးနေပါတယ်။

🚶🏻လူ့ခန္ဓာကိုယ်ရဲ့ ၆၀% ကျော်ဟာ ရေဓာတ်ပမာဏ ဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ်မလုံလောက်တာဟာ ကျန်းမာရေးအတွက် သက်ရောက်မှုကြီးမားပါတယ်။

👄ပါးစပ်ခြောက်၊ နှုတ်ခမ်းကွဲ.......
ရေဓာတ်နည်းလာတာနဲ့ ပထမဆုံးတွေ့ရတာက ပါးစပ်ခြောက်ခြင်းပါ။ နှုတ်ခမ်းလည်း လွယ်လွယ်ကူကူ ကွဲတတ်ပါတယ်။

🙎🏻‍♂️မောပန်းနွမ်းနယ်ခြင်း.......
ရေပုံမှန်မသောက်တဲ့အခါ သွေးလည်ပတ်မှုအားနည်းသွားပြီး ကိုယ်ခန္ဓာကအားလျော့နည်းသလို ခံစားရတတ်ပါတယ်။

🤯ခေါင်းကိုက်ခြင်း.......
𝐃𝐞𝐡𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧 ကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတွေ ဖြစ်တတ်ပါတယ်။ အလုပ်လုပ်ရာမှာလည်း အာရုံစူးစိုက်မှု လျော့နည်းလာနိုင်ပါတယ်။

👱🏻‍♀️အသားအရေခြောက်သွေ့ခြင်း.......
ရေဓာတ်မလုံလောက်ရင် အသားအရေတွေခြောက်လာပြီး ကြည်လင်မှုမရှိတော့ပါဘူး။ အသားအရေပြဿနာများလည်း ပိုမို ဖြစ်ပေါ်နိုင်ပါတယ်။

☺️ဆီးရောင်ပြင်းခြင်း.......
ဆီးရောင်ပြောင်းလာခြင်းက ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေကြောင်း အချက်ပြလက္ခဏာတစ်ခုဖြစ်ပါတယ်။

✨ဝမ်းချုပ်ခြင်း.......
ရေမလုံလောက်ရင် အစာခြေစနစ် လျော့နည်းပြီး ဝမ်းချုပ်တတ်ပါတယ်။

😡စိတ်တိုလွယ်ခြင်း.......
ရေမလုံလောက်ရင် ဦးနှောက်လုပ်ဆောင်မှု လျော့နည်းသွားပြီး စိတ်မကြည်လင်တာ၊ စိတ်တိုလွယ်တာတွေ ဖြစ်တတ်ပါတယ်။

🫀နှလုံးခုန်မြန်ခြင်း.......
သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ ရေလိုအပ်ပါတယ်။ ရေဓာတ်အားနည်းရင် နှလုံးခုန်နှုန်း တက်လာနိုင်ပါတယ်။

💪ကြွက်သားတင်းခြင်း.......
ရေဓာတ်မပြည့်ဝရင် ကြွက်သားများ လွယ်လွယ်ကူကူ တင်းလာနိုင်ပါတယ်။

💧အရမ်းရေငတ်ခြင်း.......
ရေငတ်မှ သောက်မယ်ဆိုရင် နောက်ကျနေပါပြီ။ ရေငတ်ခြင်းက ခန္ဓာကိုယ်က ပေးတဲ့ နောက်ဆုံးသတိပေးချက်တစ်ခုပါ။

🌿ဒါကြောင့် နေ့စဉ် အနည်းဆုံး ၆–၈ ခွက်ခန့် သောက်ဖို့ မမေ့ပါနဲ့။ အလုပ်သွားရာ၊ အပြင်ထွက်ရာ၊ 𝐆𝐲𝐦 သွားရာ ရေသောက်ဖို့ လက်ထဲမှာ အမြဲရှိနေဖို့လိုပါတယ်။

💎 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 လေးနဲ့အတူ
ရေသောက်တဲ့ အလေ့အထကို ဒီနေ့ကစပြီး စတင်လိုက်ပါ။

💙ကျန်းမာရေးကောင်းဖို့ အခြေခံဆုံးအဆင့်က “ရေသောက်ခြင်း” ပဲ ဖြစ်ပါတယ် 💙



💙 မိန်ရာသီဖွား (𝐏𝐢𝐬𝐜𝐞𝐬) လေးတွေ အတွက် 𝐒𝐭𝐢𝐥𝐥 𝐭𝐡𝐞 𝐁𝐞𝐬𝐭 𝐂𝐡𝐨𝐢𝐜𝐞 💙🙆🏻‍♂️နူးညံ့ပြီး ခံစားချက်နက်ရှိုင်းတဲ့ Pisces လေးတွေဟာ 𝐎𝐯𝐞𝐫𝐭...
19/02/2026

💙 မိန်ရာသီဖွား (𝐏𝐢𝐬𝐜𝐞𝐬) လေးတွေ အတွက် 𝐒𝐭𝐢𝐥𝐥 𝐭𝐡𝐞 𝐁𝐞𝐬𝐭 𝐂𝐡𝐨𝐢𝐜𝐞 💙

🙆🏻‍♂️နူးညံ့ပြီး ခံစားချက်နက်ရှိုင်းတဲ့ Pisces လေးတွေဟာ 𝐎𝐯𝐞𝐫𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠 နဲ့ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐫𝐞𝐬𝐬 ကို မကြာခဏ ကြုံရတတ်ပါတယ်။ ဒီလို 𝐄𝐧𝐞𝐫𝐠𝐲 မျိုးအတွက် အသင့်တော်ဆုံး 𝐂𝐫𝐲𝐬𝐭𝐚𝐥 လေးကတော့ 💙𝐀𝐪𝐮𝐚𝐦𝐚𝐫𝐢𝐧𝐞 𝐂𝐫𝐲𝐬𝐭𝐚𝐥 လေးပါ။

✨ စိတ်အေးချမ်းစေတယ်
✨ 𝐒𝐭𝐫𝐞𝐬𝐬 လျော့ချပေးတယ်
✨ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 & 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 ကို မြှင့် တင်ပေးတယ်.....

💞𝐇𝐞𝐚𝐫𝐭 နဲ့ 𝐕𝐨𝐢𝐜𝐞 𝐄𝐧𝐞𝐫𝐠𝐲 ကို 𝐁𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်စေတယ်လို့ ယုံကြည်ကြတဲ့အတွက် ကိုယ့်ခံစားချက်ကို သဘာဝကျကျ ထုတ်ဖော်နိုင်စေပါတယ်။

💧 𝐂𝐚𝐥𝐦. 𝐂𝐥𝐞𝐚𝐫. 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭 ဖြစ်စေဖို့ 𝐏𝐢𝐬𝐜𝐞𝐬 လေးတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ 𝐂𝐫𝐲𝐬𝐭𝐚𝐥 လေးတစ်ခုပါ။

🙆🏻‍♂️လောလောဆယ်တော့ "𝐅𝐥𝐨𝐰𝐞𝐫 𝐨𝐟 𝐥𝐢𝐟𝐞" ပုလင်းလေးနဲ့ပဲ 𝐎𝐫𝐝𝐞𝐫 တင်လို့ရပါမယ် ခင်ဗျ။




💖𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲! 💖💕 ဒီနေ့ကျရောက်တဲ့ ချစ်သူများနေ့လေးမှာ ကိုယ်ချစ်ရသူတွေနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေ...
14/02/2026

💖𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲! 💖

💕 ဒီနေ့ကျရောက်တဲ့ ချစ်သူများနေ့လေးမှာ ကိုယ်ချစ်ရသူတွေနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပိုင်ဆိုင်ကြပါစေဗျာ။

🌹 ချစ်ခြင်းမေတ္တာ ဟာ ဘဝမှာပေါ်လာတဲ့ အကောင်းဆုံးအရာထဲက တစ်ခုပါ။ ဒါကြောင့် ချစ်ရသူတွေနဲ့အတူ အချိန်လေးပေးပြီး စိတ်ကြည်နူးပျော်ရွှင်စရာတွေကိုဖန်တီးလိုက်ကြရအောင်ဗျာ။

👻ဒီတစ်ခါ 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 မှာ ကိုယ်က ဘယ်အဖွဲ့ထဲမှာ ပါနေလဲ❓

💞 𝐌𝐚𝐲 𝐥𝐨𝐯𝐞 𝐬𝐮𝐫𝐫𝐨𝐮𝐧𝐝 𝐲𝐨𝐮 𝐭𝐨𝐝𝐚𝐲 𝐚𝐧𝐝 𝐚𝐥𝐰𝐚𝐲𝐬. ကိုယ့်ကိုယ်ကိုယ်အတွက်လဲ တစ်နေကုန် ပျော်ရွှင်မှု နှင့် အချစ်ရဲ့ အေးချမ်းမှုတွေ ပေးဖို့ ထိုက်တန်တဲ့နေ့တစ်နေ့ပါ။

🎉 𝐌𝐚𝐲 𝐲𝐨𝐮𝐫 𝐝𝐚𝐲 𝐛𝐞 𝐚𝐬 𝐛𝐫𝐢𝐠𝐡𝐭 𝐚𝐧𝐝 𝐣𝐨𝐲𝐟𝐮𝐥 𝐚𝐬 𝐲𝐨𝐮 𝐚𝐫𝐞! 𝐒𝐞𝐧𝐝𝐢𝐧𝐠 𝐲𝐨𝐮 𝐥𝐨𝐚𝐝𝐬 𝐨𝐟 𝐥𝐨𝐯𝐞 𝐚𝐧𝐝 𝐡𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬. 😊💕



🍃တကယ်ချစ်ရင်…💚✨မနက်ခင်းအလုပ်သွားတဲ့အချိန် အလောတကြီးနဲ့ ရေတောင် မသောက်ဖြစ်ဘဲ ထွက်သွားတဲ့သူတွေ ရှိပါတယ်။🌞နေ့လည်ရောက်တော့လဲ...
10/02/2026

🍃တကယ်ချစ်ရင်…💚

✨မနက်ခင်းအလုပ်သွားတဲ့အချိန် အလောတကြီးနဲ့ ရေတောင် မသောက်ဖြစ်ဘဲ ထွက်သွားတဲ့သူတွေ ရှိပါတယ်။

🌞နေ့လည်ရောက်တော့လဲ အလုပ်တွေကြားထဲ မောပန်းနေပေမယ့် ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။

🌝ညနေခင်းရောက်တော့ “ဒီနေ့ ရေဘယ်လောက်သောက်ခဲ့လဲ” လို့ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိတဲ့အချိန်တွေကြုံဖူးလား။

💧အဲ့ဒီလိုနေ့တွေမှာ ဖုန်းထဲက Message တစ်ကြောင်း— “ကိုကို ရေသောက်ဖို့မမေ့နဲ့နော်” ဆိုတဲ့ စာလေးက ရေတစ်ခွက်ထက်တောင် စိတ်ကို ပိုအေးစေတတ်ပါတယ်။

🌸တကယ်ချစ်ရင် အချစ်စကားအကြီးကြီးတွေ မလိုပါဘူး။ နေ့တိုင်း လိုအပ်တဲ့ အလေ့အကျင့်လေးကို မမေ့ဘဲ သတိရပေးနိုင်ရင် အဲ့ဒါကပဲ ချစ်ခြင်းပါ။

✨အဲ့ဒီချစ်ခြင်းကို စာတစ်ကြောင်းနဲ့ပဲ မကဘဲ
လက်ထဲမှာ အမြဲပါနေနိုင်တဲ့ ကျောက်မျက်ရေပုလင်းလေး 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 တစ်လုံးနဲ့ နေ့တိုင်း သတိပေးလိုက်ရအောင်။

🙆🏻‍♂️အလုပ်မှာဖြစ်ဖြစ်၊ ခရီးသွားနေရင်းဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်နေရင်းဖြစ်ဖြစ် ရေသောက်တဲ့အချိန်တိုင်း ကျွန်တော်တို့ရဲ့ ဂရုစိုက်မှုကို သူ့အနားမှာ ခံစားစေပါစေ။

🤍ချစ်ခြင်းဆိုတာ တစ်ခါတစ်လေ “ချစ်တယ်” လို့ ပြောတာထက် “ရေသောက်ဖို့မမေ့နဲ့နော်” လို့ သတိပေးနိုင်တာက ပိုပြီး တန်ဖိုးရှိတတ်ပါတယ်

💞တကယ်ချစ်ရင် နေ့တိုင်း ကျန်းမာစေဖို့ တိတ်တိတ်လေး ဂရုစိုက်လိုက်ပါ။ ကျောက်မျက်ရေပုလင်းလေးနဲ့အတူ… ချစ်သက်သေပြလိုက်ရအောင်ဗျာ။



🍃𝐃𝐚𝐲 𝐁𝐫𝐞𝐚𝐤 𝐀𝐡𝐞𝐚𝐝: နေ့သစ်ကို ပေါ့ပေါ့ပါးပါး စတင်ပါ.....🍃🍃မနေ့က ဘယ်လောက်ပင်ပန်းခဲ့ပါစေ…မနက် မိုးလင်းလာတာနဲ့ ကျွန်တော်တို့မ...
07/02/2026

🍃𝐃𝐚𝐲 𝐁𝐫𝐞𝐚𝐤 𝐀𝐡𝐞𝐚𝐝: နေ့သစ်ကို ပေါ့ပေါ့ပါးပါး စတင်ပါ.....🍃

🍃မနေ့က ဘယ်လောက်ပင်ပန်းခဲ့ပါစေ…
မနက် မိုးလင်းလာတာနဲ့ ကျွန်တော်တို့မှာ အားလုံးကို ပြန်စနိုင်တဲ့ အခွင့်အရေး ရှိနေပါပြီ။

💁🏻‍♂️ဒါကြောင့် နေ့သစ်တစ်နေ့ကို ရေတစ်ခွက်နဲ့ စမလား❓မနေ့ကပင်ပန်းမှုတွေကို ဆက်ပြီးသယ်မလား❓

💁🏻‍♂️မနက်အစကို ဖုန်းစကိုင်တာနဲ့ စမလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့ အလေ့အကျင့်လေးတစ်ခုနဲ့ စမလား❓

💧ရေတစ်ခွက်သောက်ပေးတာက ကိုယ့်ခန္ဓာကိုယ်ကို နိုးထလာစေတယ်။ ကိုယ့်စိတ်ကို တည်ငြိမ်လာစေတယ်။ နေ့သစ်ကို သဘောထားအသစ်နဲ့ စတင်နိုင်စေတယ်။

✨ကျောက်မျက်ရေပုလင်းလေးနဲ့ဆိုရင် ရေသောက်ခြင်းက ရိုးရိုးအလေ့အကျင့်တစ်ခု ထက်ပိုပါတယ်။

🙆🏻‍♂️ဒါကြောင့် 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 လေးနဲ့ ရေပုံမှန်သောက်ခြင်းက......
✨ ကိုယ့်ကိုယ်ကို ဂရုစိုက်နေတယ်ဆိုတဲ့ သတိပေးချက်.....
✨ 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို နေ့တိုင်း လက်တွေ့လုပ်နေတာ..... နဲ့
✨ 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐄𝐧𝐞𝐫𝐠𝐲 နဲ့ မနက်တိုင်းကို ကြိုဆိုနေတာပါ။

👻မနက်အစကောင်းရင် တစ်နေ့တာလုံးကို ကောင်းမွန်လာစေပါတယ်။

🌿𝐃𝐚𝐲 𝐁𝐫𝐞𝐚𝐤 𝐀𝐡𝐞𝐚𝐝 🌿

✨နေ့သစ်ကို ပြောင်းချင်ရင် မနက်အစကို အရင်ပြောင်းပါ။✨

🙆🏻‍♂️ဒါကြောင့်ကိုယ့်ရဲ့မနက်ကို ရေတစ်ခွက်နဲ့ စလိုက်ပါ....
နောက်ပြီးနေ့သစ်ကို 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 လေးနဲ့အတူ အဓိပ္ပါယ်ရှိရှိ ကြိုဆိုလိုက်ရအောင်ဗျာ✨



🙆🏻‍♂️ကျန်းမာသောဘဝအတွက် ရေပုံမှန်သောက်ခြင်းကို ဦးစားပေးပါ.....🙆🏻‍♂️✨𝐆𝐥𝐨𝐰 ဖြစ်နေတဲ့ 𝐬𝐤𝐢𝐧၊ 𝐜𝐥𝐞𝐚𝐫 ဖြစ်နေတဲ့ 𝐦𝐢𝐧𝐝၊ ပေါ့ပါးတဲ့...
06/02/2026

🙆🏻‍♂️ကျန်းမာသောဘဝအတွက် ရေပုံမှန်သောက်ခြင်းကို ဦးစားပေးပါ.....🙆🏻‍♂️

✨𝐆𝐥𝐨𝐰 ဖြစ်နေတဲ့ 𝐬𝐤𝐢𝐧၊ 𝐜𝐥𝐞𝐚𝐫 ဖြစ်နေတဲ့ 𝐦𝐢𝐧𝐝၊ ပေါ့ပါးတဲ့ 𝐛𝐨𝐝𝐲 ဆိုတာ မနက်တိုင်း 𝐬𝐩𝐞𝐜𝐢𝐚𝐥 𝐫𝐨𝐮𝐭𝐢𝐧𝐞 ကြီးတွေ လုပ်ထားလို့ မဟုတ်ပါဘူး။

💧အများစုက ရေကို လုံလောက်အောင် သောက်ပေးနိုင်တဲ့ အလေ့အကျင့်ကနေ စလာတာပါ။

💧ရေသောက်ခြင်းက 𝐭𝐫𝐞𝐧𝐝 တစ်ခုမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကို အတွင်းကနေ 𝐫𝐞𝐬𝐞𝐭 လုပ်ပေးတဲ့ 𝐝𝐚𝐢𝐥𝐲 𝐡𝐚𝐛𝐢𝐭 တစ်ခုပါပဲ။

💧ရေလုံလောက်စွာသောက်ပေးတဲ့အခါ
ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး ခန္ဓာကိုယ်က ပေါ့ပါးလာသလို ခံစားရစေပါတယ်။ ဒါကြောင့် 𝐛𝐥𝐨𝐚𝐭𝐞𝐝 ဖြစ်တာ၊ မောပန်းလွယ်တာတွေကို တဖြည်းဖြည်း လျော့နည်းလာပါတယ်။

☺️အသားအရေကလည်း ပြင်ပ 𝐩𝐫𝐨𝐝𝐮𝐜𝐭 တွေထက် ရေကို အရင်လိုအပ်ပါတယ်။ 𝐇𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧 ပြည့်ဝလာတဲ့အခါ 𝐒𝐤𝐢𝐧 က မိတ်ကပ်မပါတောင် 𝐟𝐫𝐞𝐬𝐡 ဖြစ်နေပြီး 𝐆𝐥𝐨𝐰 ဆိုတာ 𝐞𝐟𝐟𝐨𝐫𝐭 မလိုဘဲ ရလာပါတယ်။

🧠ပြီးတော့ 𝐟𝐨𝐜𝐮𝐬 ပါ။ ရေမလုံလောက်တဲ့နေ့တွေမှာ စိတ်ရှုပ်၊ အာရုံမစုနိုင်၊ အလုပ်လုပ်ရတာအဆင်မပြေဘူးလို့ ခံစားရတာ ကျွန်တော်တို့အများစု ကြုံဖူးကြမှာပါ။ 𝐇𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧 ပြည့်ဝတဲ့နေ့တွေမှာတော့ စိတ်က 𝐜𝐥𝐞𝐚𝐫 ဖြစ်ပြီး ကိုယ်လုပ်ချင်တဲ့အရာတွေကို သေချာအာရုံစိုက်လာနိုင်ပါတယ်။

🍃ဒါကြောင့် 𝐒𝐞𝐥𝐟-𝐜𝐚𝐫𝐞 ဆိုတာ အကြီးအကျယ်လုပ်မှ မဟုတ်ပါဘူး။ နေ့စဉ် ရေတစ်ခွက်ချင်း သောက်ပေးနိုင်တာက 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 တစ်ခုရဲ့ အစပဲ ဖြစ်ပါတယ်။



🌿 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ အချိန်ပါ 🌿💁🏻‍♂️နေ့စဉ်အလုပ်တွေမှာ မနက်စောစောထ၊ ညနောက်ကျအောင် အလုပ်...
05/02/2026

🌿 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ အချိန်ပါ 🌿

💁🏻‍♂️နေ့စဉ်အလုပ်တွေမှာ မနက်စောစောထ၊ ညနောက်ကျအောင် အလုပ်တွေလုပ်၊ ဖုန်း၊ ကွန်ပျူတာနဲ့ ပြဿနာတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ဂရုမစိုက်မိလဲဆိုတာ တခါတရံ မေ့သွားတတ်ပါတယ်။

🥳ဒီ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လလေးမှာ 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐑𝐞𝐥𝐚𝐱 အတွက် ပိတ်ရက်လေးရှိနေပါတယ်။

🍃ဒါကြောင့် 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 ရောက်လာတဲ့အခါ ခရီးသွားဖို့ စီစဉ်ကြသူလည်းရှိမယ်။
အိမ်မှာပဲ နားပြီး 𝐑𝐞𝐜𝐡𝐚𝐫𝐠𝐞 လုပ်မယ့်သူလည်းရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကို အနားပေးဖို့ မမေ့ပါနဲ့ဗျာ 💙

🏕ခရီးသွားနေတဲ့အချိန်တွေမှာ နေပူတာ၊ လမ်းခရီးပင်ပန်းတာ၊ အချိန်မှန်မစား၊ မအိပ်ရ ဖြစ်ရတတ်တယ်။ အဲဒီအချိန်တွေမှာ ရေဓာတ်မလုံလောက်ရင် ပင်ပန်းလွယ်တာ၊ ခေါင်းကိုက်လွယ်တာ၊ 𝐌𝐨𝐨𝐝 ကျလွယ်တတ်တာပါ ဖြစ်တတ်ပါတယ်။

📱အိမ်မှာပဲ နားနေသူတွေအတွက်လည်း ဇာတ်လမ်းတွဲကြည့်ရင်း၊ ဖုန်းသုံးရင်း ရေသောက်ဖို့ မေ့သွားတတ်တာတွေ ဖြစ်လာတတ်ပါတယ်။

💧 ဒါကြောင့် 𝐇𝐲𝐝𝐫𝐚𝐭𝐞𝐝 ဖြစ်အောင်နေဖို့ အသိပေးချင်ပါတယ်။ 𝐇𝐲𝐝𝐫𝐚𝐭𝐞𝐝 ဖြစ်နေမယ်ဆိုရင်
🍃ခန္ဓာကိုယ်ကို သက်သာစေတယ်.....
🍃စိတ်ကို ကြည်လင်စေတယ်....
🍃ခရီးသွားရတာ၊ အနားယူရတာကို ပိုပျော်စေတယ်.....

✨ဒီလိုအချိန်တွေမှာ 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 လေးတစ်လုံးရှိနေမယ်ဆိုရင် ရေသောက်ဖို့ သတိရစေတယ်။ ကိုယ့်ရဲ့ 𝐌𝐨𝐨𝐝 ကို 𝐜𝐚𝐥𝐦 ဖြစ်အောင် ကူညီပေးတယ်။ 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 ကို အပြည့်အဝ 𝐄𝐧𝐣𝐨𝐲 လုပ်နိုင်အောင် ပံ့ပိုးပေးပါတယ်။

🌈 ဒါကြောင့် ဒီ 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 မှာ ကိုယ့်အတွက် အချိန်နည်းနည်းပေးလိုက်ပါ။

💧ခရီးသွားရင်းဖြစ်ဖြစ်၊ အိမ်မှာနားရင်းဖြစ်ဖြစ် ရေတစ်ခွက်ကို မမေ့ပါနဲ့ခင်ဗျ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မှ နေ့ရက်တိုင်းက ပိုလှလာပါလိမ့်မယ် ✨

🥳ဒါကြောင့် 𝐋𝐨𝐧𝐠 𝐖𝐞𝐞𝐤𝐞𝐧𝐝 ကို ရေတစ်ခွက်နဲ့ 𝐄𝐧𝐣𝐨𝐲 လိုက်ရအောင်ဗျာ။




🍃 ဖေဖော်ဝါရီလရဲ့ အချစ်နဲ့ အေးချမ်းမှုကို𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ရေတစ်ခွက်နဲ့ စတင်လိုက်ပါ 🍃🍀ဒီနေ့လေးဟာ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လရဲ့အစ ...
01/02/2026

🍃 ဖေဖော်ဝါရီလရဲ့ အချစ်နဲ့ အေးချမ်းမှုကို
𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ရေတစ်ခွက်နဲ့ စတင်လိုက်ပါ 🍃

🍀ဒီနေ့လေးဟာ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လရဲ့အစ ဖြစ်သလို တပို့တွဲလပြည့်နေ့လေးလဲ ဖြစ်ပါတယ်။တပို့တွဲလပြည့်ဆိုတာ စိတ်ကို သန့်စင်ဖို့၊ အတွင်းစိတ်ကို ပြန်လည်သုံးသပ်ဖို့ သင့်တော်တဲ့နေ့တစ်နေ့ပါ......

🤍 ဖေဖော်ဝါရီလကတော့ အချစ်အကြောင်းပြောတတ်ကြတဲ့လဖြစ်ပါတယ်။ ဒါပေမယ့် အခြားသူကိုချစ်ခင်တာထက် ကိုယ့်ကိုယ်ကို ပေးတဲ့ အချစ်နဲ့အေးချမ်းမှုက အရင်ဆုံးလိုအပ်ပါတယ် 💧

🍀တနေ့တာမှာ အလုပ်များလာတဲ့အခါ၊
ကိုယ့်ကိုယ်ကို အနားမပေးနိုင်တဲ့အခါ ရေတစ်ခွက်ကို အာရုံစိုက်ပြီး သောက်လိုက်တာတောင် စိတ်ကို နည်းနည်းတော့ ပြန်တည်ငြိမ်လာစေပါတယ်။

✨ ကျောက်မျက်စွမ်းအားပါတဲ့ ရေတစ်ခွက်က
ရေသောက်ရုံထက်ပိုပြီး ကိုယ့်အတွေးတွေကို သန့်စင်ပေးတဲ့ အလေ့အကျင့်လေးတစ်ခုလိုပါပဲ

✨𝐂𝐫𝐲𝐬𝐭𝐚𝐥 လေးတွေရဲ့ 𝐄𝐧𝐞𝐫𝐠𝐲 ပါတဲ့ 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ရေတစ်ခွက်က......
💧ကျွန်တော်တို့ရဲ့ စိတ်ကို အေးချမ်းစေတယ်..
💧ကျွန်တော်တို့ရဲ့အတွေးတွေကို သန့်စင်စေတယ်..
💧ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကို ထပ်တူကျစေတယ်..

🌕 ဒါကြောင့် ဒီလပြည့်နေ့မှာ မလိုအပ်တော့တဲ့ စိတ်ပူပန်မှုတွေကို လွှတ်ချ ကိုယ့်ကိုယ်ကို နူးညံ့စွာ ဂရုစိုက်ပြီး ဖေဖော်ဝါရီကို အေးအေးဆေးဆေး စတင်လိုက်ရအောင် 🍀

💬 ဒီ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လေးမှာ ကျွန်တော်တို့ အေးချမ်းချင်တဲ့ အရာတစ်ခုက ဘာလဲ…ဆိုတာ comment မှာ တစ်ခွန်းလောက် မျှဝေလိုက်ရအောင်ဗျာ 🤍




🌕တပို့တွဲလပြည့် (ဩဝါဒပါတိမောက် အခါတော်နေ့) အထူးဆုတောင်း 🌕🌕ဒီနေ့ဟာ တပို့လပြည့်နေ့ဖြစ်တဲ့အတွက်လပြည့်ညရဲ့ အလင်းတောက်ပမှုနဲ့...
01/02/2026

🌕တပို့တွဲလပြည့် (ဩဝါဒပါတိမောက် အခါတော်နေ့) အထူးဆုတောင်း 🌕

🌕ဒီနေ့ဟာ တပို့လပြည့်နေ့ဖြစ်တဲ့အတွက်
လပြည့်ညရဲ့ အလင်းတောက်ပမှုနဲ့ စိတ်အေးချမ်းမှုတွေကို ခံစားရစေချင်ပါတယ်ခင်ဗျ။ နောက်ပြီး ကောင်းမွန်တဲ့ကြယ်တာရာနက္ခတ်တွေစုံညီတဲ့ နေ့ရက်ကလေးဖြစ်တဲ့အတွက် မကောင်းတဲ့အကုသိုလ်တရားတွေကို ရှောင်ကြဉ်ပြီး ကုသိုလ်တရာများပွားများကြဖို့ကိုလဲ တိုက်တွန်းလိုက်ပါရစေ ခင်ဗျ။

✨𝐂𝐫𝐲𝐬𝐭𝐚𝐥 ချစ်သူများလဲ ကျွန်တော်တို့ရဲ့ 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 လေးနဲ့ လရဲ့အလင်း၊ သဘာဝရဲ့အေးမြစေမှုနဲ့အတူ 𝐌𝐨𝐨𝐧 𝐖𝐚𝐭𝐞𝐫 လေးလုပ်လိုက်ကြရအောင်ဗျာ💧✨

🙏တပို့တွဲလပြည့်ညရဲ့အလင်းရောင်နဲ့အတူ စိတ်အေးချမ်းမှုများစွာနဲ့ ပြီးပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🌕



🍃𝐉𝐚𝐧𝐮𝐚𝐫𝐲 လလေးက မသိမသာနဲ့ ကုန်ဆုံးတော့မယ်နော်🍃🍃𝟐𝟎𝟐𝟔 နှစ်အစမှာ “ဒီနှစ်တော့ ဒါလုပ်မယ်”“ဒီအလေ့အကျင့်ကိုတော့ မဖြစ်မနေ ပြောင်း...
30/01/2026

🍃𝐉𝐚𝐧𝐮𝐚𝐫𝐲 လလေးက မသိမသာနဲ့ ကုန်ဆုံးတော့မယ်နော်🍃

🍃𝟐𝟎𝟐𝟔 နှစ်အစမှာ “ဒီနှစ်တော့ ဒါလုပ်မယ်”
“ဒီအလေ့အကျင့်ကိုတော့ မဖြစ်မနေ ပြောင်းမယ်”ဆိုပြီး ကိုယ်တိုင် ကိုယ်ကြွေးကြော်ခဲ့တဲ့အရာတွေ… တကယ်ရော လုပ်ဖြစ်ခဲ့လား။

🙅🏻မလုပ်ဖြစ်ခဲ့ဘူးဆိုရင် ပျင်းလို့လား၊ အချိန်မရလို့လား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိနေလို့လား..... ကိုယ့်ကိုယ်ကိုတော့ အပြစ်မတင်ပါနဲ့........🤍

💁🏻‍♂️တချို့အရာတွေက မလုပ်ဖြစ်တာ ကိုယ်မကောင်းတာမဟုတ်ပါဘူး၊ ကိုယ်ကအဆင်သင့် မဖြစ်သေးတာပဲ၊ တစ်ခါတစ်လေဖြစ်တတ်ပါတယ်။

🙆🏻‍♂️လုပ်ဖြစ်ခဲ့တယ်ဆိုရင်ရော စိတ်ကျေနပ်ရဲ့လား၊ ကိုယ်မျှော်လင့်ထားတဲ့ ကိုယ့်ကိုယ်ကိုနဲ့ နီးစပ်လာပြီလား။ တကယ်လုပ်ဖြစ်ခဲ့တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို နည်းနည်းလေး ချီးကျူးလိုက်ပါဗျာ။

🍃ဘယ်လိုပဲဖြစ်ဖြစ် 𝐉𝐚𝐧𝐮𝐚𝐫𝐲 ကို မနှမြောတော့ပဲ ပြန်မရတော့တဲ့အချိန်တွေကို စိတ်မပူပဲနေလိုက်ရအောင်။ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 အတွက် ကိုယ့်ကိုယ်ကို နည်းနည်းပိုနားလည်လာတဲ့ သူအနေနဲ့ ပြန်စတင်လိုက်ရအောင်။

💧တစ်နေ့တစ်ခါ ရေတစ်ခွက် သောက်သလိုပဲ
ကိုယ့်စိတ်ကိုလည်း သန့်ရှင်းအောင် အေးအေးဆေးဆေး ပြန်စိုက်ပျိုးလိုက်ကြရအောင်ဗျာ။

🍀အခုရော...... ပြန်စတင်မှာလား၊ အပြစ်တင်နေမှာလား🍀




Address

No.76/77, Yadana Theik Pan Street, Thingangyun Township, Yangon Division.
Thingangyun

Telephone

+959424634362

Website

Alerts

Be the first to know and let us send you an email when Crystal Water Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Crystal Water Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram