04/04/2026
အီရန်ကို မြေပြင် စစ်ဆင်ရေး ၀င်တော့မှာလား ???
- C-17 လေယာဥ်တွေ တော့ တန်းစီ ပြီး Middle East ဘက်ကို သွားနေကြပြီ။ UK ဘက်ကလည်း သွားနေတာတွေ တစီ ကြီးပဲ။
- C17 က လူတွေ၊ တင့်ကားတွေ၊ heavy ပစ္စည်းတွေ သယ်တဲ့ လေယာဥ်ပါ။ တခုခု တော့ တခုခုပဲ 🙂
- Trump ကြီးက အီရန် မှာရှိနေတဲ့ သန့်စင်ပြီးသား Uranium တွေကို ၀င်သယ် မယ် ပြောပြောနေပါတယ်။
- Rumour လိုလို အမှန်လိုလို သတင်းတွေ အရ ၈၂ လေထီးခုန် တပ်က ခုန်၀င်မယ်၊ ကြိုလွှတ်ထားတဲ့ Marine တွေကလည်း ၀င်မယ်၊ မြေပြင် ရှင်းလင်း မယ်၊ Nuclear Site တွေအောက်က Uranium တွေကို မြေသယ်ကားကြီးတွေ နဲ့ တူးထုတ်မယ်။ ပြီးရင် အဲ့နားမှာပဲ လေယာဥ် ပြေးလမ်း တစ်ခု ဆောက်ပြီး သယ်ယူပို့ဆောင်ရေး လေယာဥ်တွေ နဲ့ သယ်ထုတ် မယ် ဆိုတဲ့ Hollywood ရုပ်ရှင် ဆန်ဆန် အကွက် တွေ လုပ်မယ် ဆိုပြီး သတင်းတွေ ထွက်နေတာပါ။
- စစ်ရေး သတင်းဆိုတာ အတိအကျ ဘယ်လိုမှ မသိရနိုင်ပေမယ့် ဒီအကွက်ကြီးက ကြမ်းလွန်းလို့ တင်လိုက်တာပါ။
- Uranium သိမ်းချင်တာတော့ အမှန်ပဲ ဘယ်လို တွေ ဖြစ်လာမယ် မသိ။ 🙃🙃
- သေချာတာကတော့ Energy Crisis ထပ် ကြာနေမယ်ဆိုရင် အစားအသောက်တွေ ရှားပါးလာပြီး ကပ်တွေ ဆပ်လိုက်နိုင်ပါတယ်။